← Chapters

ကြောက်လွန်း၍ သေဆုံးသွားသူ ... ။

Vol. 28 Ch. 330

ကြောက်လွန်း၍ သေဆုံးသွားသူ ... ။

Vol. 28 Ch. 330

ရုတ်တရက် စုရီက လှည့်ကြည့်သဖြင့် မျောက်ဝံဖြူကြီးတစ်ကောင် အကြောအခြင်များ ရုတ်ချည်း တောင့်တင်းသွားသည်။

“ ကြက်သွေးရောင် မီးတောက်ဘုရင်လား။ ”

“ ဟမ့် ... မင်းငါ့ကို မှတ်မိလား တာအိုမိတ်ဆွေ။ ”

စုရီ၏ မေးခွန်းကြောင့် မျောက်ဝံဖြူ ပခုံးပေါ်တွင်ထိုင်နေသော အမျိုးသမီးသည် မျက်ခုံးပင့်လိုက်တော့၏။

“ မဟာကျိုးမှာ ကြောင်နက်တစ်ကောင်ထဲ ဝှက်ထားတဲ့ မင်းရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကို ငါသတ်ဖူးတယ် ... ဒါကြောင့် မင်းရဲ့ရနံ့ကို သဘာဝကျကျ ငါမှတ်မိပါတယ်။ ”

စုရီ အဖြေသည်။ ရိုးရှင်းချေ၏။ ထို့နောက် ပျံသန်းလျက် အနားသို့ ချဉ်းကပ်လာနေသဖြင့် မျောက်ဝံဖြူကြီး၏ မွေးညှင်းများ ထောင်မတ်လာခဲ့သည်။

အမျိုးသမီးက မျောက်ဝံဖြူကြီး ဦးခေါင်းအပေါ် ညင်သာစွာ ပွတ်သပ်ပေးနေကာ ‘မကြောက်နဲ့’-ဟု နှစ်သိမ့်ပေး၏။

“ မင်းမဟာရှပြန်သွားပြီလို့ လုယွင်က ပြောတယ်မဟုတ်လား ဒါဆို ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ။ ”

ရုတ်တရက် ဟွာရှင်းဖန်က စိတ်ဝင်စားစွာဖြင့် ဝင်ရောက်မေးမြန်းလိုက် လေသည်။

“ ဝှစ် ... ။ ”

အမျိုးသမီးမှ ဟွာရှင်းဖန်ထံ တစ်ချက်ပြန်လှည့်ကြည့်ကာ အနည်းငယ် တွေဝေသွားတော့၏။ ခဏအကြာတွင် မျောက်ဝံဖြူ ပခုံးပေါ်မှ ခုန်ချလိုက်သည်။

“ သခင်မလေး ... မင်းရဲ့ ရုပ်ဖျက် စွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ မင်းကို ငါတကယ် မမှတ်မိခဲ့ဘူး။ ”

“ သခင်မလေးလား ... ။ ”

စုရီက မျက်ဝန်းများ တောက်ပလျက် ဟွာရှင်းဖန်ထံ ပြန်ကြည့်၏။ စိတ်ဝင်စားစရာ ပေပင်။ ဟွာရှင်းဖန်မှ သက်ပြင်းချပြီး၊

“ သခင်လေး အထင်လွဲခံရမှာကို မစိုးရိမ်ဘူးဆိုရင် ... မင်းရှေ့မှာ ကိုယ့်ကိုကိုယ် ထုတ်ပြဖို့ အစပြုမှာ မဟုတ်ဘူး။ ”

-ဟု ဆိုလျက် စုရီကို ပြန်ကြည့်သည်။

“ သခင်လေး ... ငါတမင် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါဘူး ဒါပေမယ့် ဒီနေ့ ကြက်သွေးရောင် မီးတောက်ဘုရင်ကို တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး ... ။ ”

သူမအသံသည် အားကိုးရာမဲ့မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်သော အငွေ့အသက် ပါရှိနေသည်။ ကြက်သွေးရောင် မီးတောက်သခင်မှ၊

“ သခင်မလေး၊ မဟာရှကို ငါပြန်သွားတဲ့ သတင်း လုယွင်ပြောပြလိုက်တာ မဟုတ်လား တကယ်တော့ ...

... သူ မသိလိုက်တာက ဒီသတင်းက မင်းကိုထွက်လာစေဖို့ ငါရဲ့လှည့်ကွက်လေး ဖြစ်နေတယ်ဆိုတာပဲ။ ”

“ နင် ... ။ ”

ဟွာရှင်းဖန်မှ မျက်ခုံးပင့်လိုက်၏။

“ သခင်မလေး ... မဟာချင်ကို ငါလာရတဲ့ အကြောင်းရင်းက ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အခွင့်အလမ်းတွေကို စူးစမ်းချင် ...

... နေတာထက် ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ် အဲဒါက မင်းကို အိမ်ပြန်ခေါ် လာပေးဖို့ မင်းအဖေကို ကတိပေးခဲ့တယ်။ ”

“ ဟမ့် ... ငါ နင်နဲ့လိုက်ဖို့ သဘောတူမယ် ထင်နေလား။ ”

“ သခင်မလေး၊ မင်းအိမ်က ထွက်သွားတာ ကိုးနှစ်ရှိပြီ ... ဟိုစဉ်အချိန်တုန်းကတော့ မင်းကို ဒီတိုက်ကြီးမှာ ကြိုက်တာ လုပ်ခွင့်ပေးနိုင်တယ် ဒါပေမယ့် အခုက မတူတော့ဘူး။ ”

“ ဘာမတူတာလဲ။ ”

ဟွာရှင်းဖန်မှ မျက်မှောင်ကြုတ်လိုက်၏။ ကြက်သွေးရောင် မီးတောက်သခင်မှ ပြုံးလျက်၊

“ မင်း ငါနဲ့အတူ အိမ်ပြန်လိုက်လာရင် သိပါလိမ့်မယ် ... မင်းငြင်းရင် ဒါမှမဟုတ် ဒီလိုပဲ မိုက်မဲနေဦးမယ်ဆိုရင် မင်းတစ်သက်လုံး နောင်တရနေရလိမ့်မယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်၏။ ဟွာရှင်းဖန်က အံ့အားသင့်သွားပြီး အဆုံးတွင်၊

“ သခင်လေးနဲ့ ငါစကားပြောချင်တယ်။ ”

-ဟု အမိန့်ပေးလိုက်၏။

ကြက်သွေးရောင် မီးတောက်သခင်မှ သဘောတူပြီး မျောက်ဝံဖြူကြီးကို သူမနှင့်အတူ ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

“ သခင်လေး ... ငါသွားတော့မယ်။ ”

ဟွာရှင်းဖန်တစ်ယောက် စုရီအကြည့်ကို ရင်မဆိုင်ဝံ့ဘဲ ခေါင်းငုံ့ကာ နှုတ်ဆက်လေသည်။ စုရီမှ ခေါင်းညိတ်ပြီး၊

“ မင်းဘာလို့ ... ဒီလောက် အပြစ်ရှိသူလို ခံစားနေရတာလဲ။ ”

“ မဟုတ်ဘူး ... ငါဘာအပြစ်မှ မလုပ်ခဲ့ဘူး နည်းနည်း စိတ်မကောင်းဖြစ်နေတာပါ။ ”

“ ကောင်းပြီ ... မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုသစ္စာမဖောက်ရင် အပြစ်မရှိပါဘူး ဒါကို ဟိုးအရင်တည်းက မင်းကို ပြောခဲ့ဖူးပါတယ် တခြားအရာတွေကို ငါဂရုမစိုက်ဘူး။ ”

သို့မှသာ ဟွာရှင်းဖန်တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့ပြီး မျက်ဝန်းများ မှေးစင်းလျက်၊

“ ကောင်းပြီ၊ ငါ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားလို့ မင်းငါ့ကို အပြစ်တင်မယ်လို့ ငါထင်နေတာ။ ”

“ ဟမ့် ... မင်းဟာ မဟာရှဧကရာဇ်ရဲ့ သမီးတော်ဖြစ်နေရင်တောင် ဘာဖြစ်သေးလဲ ... ဒါက အထောက်အထားလေး တစ်ခုပါပဲ။ ”

လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိ၏။ ပန်းပွင့်လေးများတွင်ပင် လေပြေရှိသည်။ သူစုရီ အနေဖြင့် အောက်စည်းကို မဖြတ်သရွေ့ အဆင်ပြေသည်။

“ သခင်လေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကို ငါဘယ်တော့မှ မမေ့နိုင်သလို နောင်မှာလည်း ပြန်ဆုံတွေ့ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။ ”

ဟွာရှင်းဖန်မှ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာပြီး အပြုံးများဖြင့် ပြော၏။

“ မင်းရဲ့ မူလရုပ်သွင်ကို ငါမြင်ချင်တယ်။ ”

“ သခင်လေး ... မိန်းမတစ်ယောက်ရဲ့ အသွင်အပြင်ကို မင်းအရမ်း ဂရုစိုက်တာလား။ ”

“ မှန်တယ် ... ။ ”

“ နောက်တစ်ခါဆုံရင် ငါ့ရဲ့ မူလရုပ်သွင်နဲ့ စကားပြောမယ်။ ”

ထို့နောက် ခရမ်းရောင် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး၊

“ သခင်လေး၊ ဒါက ငါ့သင်္ကေတပဲ နောင်တစ်ချိန်မှာ မဟာရှရဲ့ ကိုးမီးဖိုမြို့တော်ကို ရောက်တဲ့အခါ တိမ်လွင်ပြင်ဆီသွားပြီး ကျောက်စိမ်းဆွဲသီး ပြလိုက်ပါ ...

... တစ်စုံတစ်ယောက်က မင်းကို ကူညီပါလိမ့်မယ် ပြီးတော့ ငါတို့ပြန်တွေ့ဖို့လည်း အသုံးဝင်ပါတယ်။ ”

-ဟု ဆိုကာ နှစ်ပိုင်းချိုးလျက် စုရီထံ ကမ်းပေးလိုက်တော့သည်။

ကျောက်စိမ်းဆွဲသီးတွင် အတောင်ပံ ဖြန့်ထားသော ထူးခြားသည့် စာငှက်တစ်ကောင် ရေးထွင်းထား၏။

၎င်းခန္ဓာကိုယ်သည် နဂါးနှင့်တူပြီး ဦးခေါင်းသည် ငှက်မျက်နှာဖြစ်ကာ မီးလျှံများ သိုင်းခြုံထားချေသည်။

“ နဂါးစာကလေး ... ။ ”

၎င်းသည် ကောင်းကင်၊ မြေကြီး၊ နေ၊လ၊တောင်နှင့်မြစ် စသည်တို့အပေါ် မျိုချ ပစ်နိုင်၏။ ရှေးအကျဆုံး စစ်မှန်သော နတ်ငှက် တစ်ကောင်ပေပင်။

ရုတ်တရက် စုရီသည် အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ အကယ်၍ ဤနဂါးစာကလေး ကျောက်စိမ်းဆွဲသီးသည် ဟွာရှင်းဖန်၏ သင်္ကေတဖြစ်သော် သူမ မိသားစုသည် ရိုးရှင်းမည်မဟုတ်ချေ။

“ မင်းထွက်လာလို့ရပြီ။ ”

ဟွာရှင်းဖန်က ကြက်သွေးရောင် မီးတောက်ဘုရင်ကို အော်ခေါ်လိုက်တော့၏။ မျောက်ဝံဖြူကြီးက လျင်မြန်စွာ ရွေ့လျား လာချေပြီ။

“ သခင်လေး ... ငါမသွားခင် ငါ့မှာပြောစရာရှိတယ် ဒါပေမယ့် ပြောသင့် မပြောသင့် ငါမသိဘူး။ ”

ကြက်သွေး‌ရောင် မီးတောက်ဘုရင်က စုရီထံဦးညွှတ်ကာ ချီတုံချတုံဖြင့် ပြောကြား လာချေပြီ။

“ ပြောပါ။ ”

စုရီမှ ခွင့်ပြုလိုက်၏။

“ မင်းရဲ့နောက်ခံနဲ့ ကျင့်ကြံမှုအရ မဟာကျိုးဟာ ရေအိုင်ငယ်လေး ဖြစ်နေပါတယ် မင်းအတွက် အလားအလာကောင်းတွေကို ဖြုန်းတီးရာရောက်လိမ့်မယ် ...

... အခုကနေ ရေတွက်ရင် ငါးလအတွင်း မဟာရှမင်းဆက် သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲ ကျင်းပလိမ့်မယ် ... မင်းပါဝင်ဖို့ ငါမျှော်လင့် နေပါတယ်။ ”

“ သစ်ခွခြံဝင်းတာအို ဆွေးနွေးပွဲလား။ ”

စုရီက ငှက်မွှေးဘုရင်ကို ပြန်သတိရလာ၏။

“ မှန်ပါတယ် မင်းစိတ်ဝင်စားရင် ကိုးမီးဖိုမြို့တော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ”

“ ကံကြမ္မာအပေါ် ထားလိုက်ရအောင်။”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“ သခင်လေး ... သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲအပေါ် မင်းမှာ စိတ်ဝင်စားမှု မရှိခဲ့ရင်တောင် စကြာဝဠာ အင်မော်တယ် ကျွန်းကို သွားလို့ရပါတယ် ...

... အဲဒီကျွန်းက ငါသိရသလောက် ရှေးဟောင်းတားမြစ်နယ်မြေမို့ လျှို့ဝှက်ချက် အများကြီးရှိနေတယ် လွတ်သွားရင်တော့ နှမျောစရာပါပဲ။ ”

စုရီက မျက်ဝန်းများ မှေးစင်းလျက် ဟွာရှင်းဖန်ထံ ပြန်ကြည့်မိ၏။ ထို့နောက် ခေါင်းညိတ်ပြကာ၊

“ ငါနားလည်ပါတယ်။ ”

-ဟု မယုတ်မလွန် ပြန်ဖြေသည်။

“ ဒါဆို ... ငါတို့သွားတော့မယ်။ ”

ဟွာရှင်းဖန်က လက်ပြနှုတ်ဆက်ပြီး ကြက်သွေးရောင် မီးတောက် ဘုရင်နှင့်အတူ ထွက်ခွာသွားတော့၏။

ကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်တွင် ၎င်းတို့၏ပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ စုရီတစ်ယောက် ရပ်ကြည့်နေပြီးနောက်၊

“ ဒါဆို မဟာရှကို ငါသွားသင့်လား။ ”

-ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

မိုးပြာတိုက်ကြီး၏ အုပ်စိုးရှင်ဖြစ်သော ထိုအရပ်တွင် သန်မာသူများ မည်မျှ ရှိနေနိုင် မည်နည်း။ မဟာကျိုး၊မဟာဝေနှင့် မဟာချင် ဟူသည် ‌ကျေးတောရွာမျှသာပေပင်။

ခဏအကြာတွင် နဂါးစာကလေး ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းပြီး တန်ခိုးရှင် ဓားမျှော်စင်နန်းတော်အဝင်ဝကို လှည့်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်၏။

“ ဝှစ် ... ။ ”

နန်းတော်တံခါးဝသည် အငွေ့ပျံ ပျောက်ကွယ်သွားသကဲ့သို့ လွင့်ပါးသွားသည်။ သို့သော် အရိုးတံဆိပ်ဖြင့် ၎င်းတည်ရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားရစေ၏။

“ ဒီနေရာကို ... နောင်မှာ တံခါးပိတ်ကျင့်ကြံဖို့အတွက် ငါသုံးရမယ်။ ”

ထို့နောက် ပင်လယ်ရေမျက်နှာပြင်ထံ ငုံ့ကြည့်လိုက်၏။

“ ထွက်လာခဲ့ ... ။ ”

ပင်လယ်ကြမ်းပြင်အောက်တွင် ရွှမ်ဝူရောင်ဝါတံဆိပ် အသက်ရှူနည်းစနစ်ဖြင့် ရောင်ဝါကို သိမ်းထားသော ကောချင်ခမျာ ချက်ချင်းအေးခဲသွားသည်။

“ ဟမ့် ... သူ ငါ့ကို တကယ်ပဲ မြင်နေရတာလား ... အဘိုးကြီးထွက်သင့်လား ငါတို့ဘာလုပ်သင့်လဲ။ ”

အသိစိတ်ပင်လယ်ကြီးမှာ တိတ်ဆိတ်နေခဲ့၏။ အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရှိခဲ့ချေ။ ကောချင်ခမျာ အံ့ဩသွားပြီး ဒေါသတကြီး အော်ငေါက်လုနီးပါး ဖြစ်လာ၏။

ဤလူကြီးသည် အချိန်တိုင်း ကမ္ဘာပေါ်ရှိ သူရဲကောင်းများအပေါ် အထင်သေး နှိမ့်ချတတ် လေသည်။

သို့သော် စုရီနှင့်ဆုံချိန်တွင် အသံပင် မထွက်ဝံ့တော့သည်အထိ သူရဲဘောကြောင်စွာ ပုန်းလျှိုးနေချေပြီ။ သို့မဟုတ် ကြောက်လွန်း၍ သေသွားသည်လည်း ဖြစ်နိုင်၏။

***

All Chapters