ကောချင်နှင့်ပြိုင် ... ဘယ်သူနိုင်။
Vol. 28 Ch. 331
“ မင်း ထွက်မလာသေးဘူးလား။ ”
စုရီအသံ ထပ်မံ ထွက်ပေါ်လာသော အခါတွင် ကောချင်က အံကြိတ်လျက် လျှို့ဝှက် အကာအကွယ်များကို ထုတ်ယူလိုက်၏။
လက်ပတ်၊ ရင်ကာ၊ ဝမ်းဗိုက်ကာ၊ ပေါင်အစွပ်၊ ကျောအကာနှင့် အခြားသော အကာအကွယ်များကို ခန္ဓာကိုယ်အနှံ့ တပ်ဆင်လိုက်သည်။
သို့တိုင် မသက်မသာဖြစ်နေဆဲဖြစ်ရာ ရင်ကာသံချပ်အင်္ကျီတစ်ထည်ကို ထုတ်ယူလျက် ရင်ဘတ်ပေါ်တွင်တင်ပြီး ကျောက်စိမ်းခါးပတ် ပတ်ထားလိုက်သည်။
ဤသည်မှာ အမျိုးမျိုးသော အသက်ကယ်နည်းစနစ်များ ပါရှိနေခဲ့သည့် သိုလှောင်ခါးပတ်ပေပင်။
ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးနှင့်တွေ့လျှင်ပင် ဤခုခံကာကွယ်မှုများ အကူအညီဖြင့် ကောင်းစွာ ရှင်သန်နိုင်မည်။
သို့သော် စုရီနှင့် ရင်ဆိုင်ရာတွင် အကြောင်းတစ်ခုခုကြောင့် မလုံလောက်သေးဟု ခံစားနေရဆဲဖြစ်ချေ၏။
“ မေ့လိုက်ပါ ကန့်သတ်ချက်ထဲ တွန်းပို့ခံရရင် ခန္ဓာစွန့်ပြီး ... ငါ့ရဲ့ အသိစိတ် ပင်လယ်ထဲမှာ ဝင်နေနိုင်မယ်။ ”
“ ဗွမ်း ... ။ ”
အတွေးဆုံးသည်နှင့် ပင်လယ် ရေမျက်နှာပြင်အပေါ် ကူခတ်လာခဲ့လေသည်။ လှိုင်းလုံးများ လှုပ်ခတ်သွား၏။ ကောချင်က ရေမျက်နှာပြင်ပေါ် ရောက်သည်နှင့် စုရီကို လေးလေးနက်နက် ဦးညွှတ်သည်။
“ စီနီယာစုမှာ ... ထက်မြက်တဲ့ မျက်လုံးတွေ တကယ်ရှိတယ် ငါပုန်းနေတဲ့နေရာကို တစ်ချက်ပဲ လှမ်းကြည့်ပြီး မြင်နိုင်တာ အံ့အားသင့်စရာပါပဲ။ ”
သူ၏ အလွန်နှိမ့်ချသော အသွင်အပြင်နှင့် စကားများသည် ချီးမွမ်းခြင်းများပြည့်နှက်နေ၏။
“ မင်းက ရှန်ရှင်းအဆင့်က တစ်စုံတစ်ယောက်ဆိုပေမယ့် ဝိညာဉ်အပေါ် ဖုံးကွယ်ထားနိုင်တဲ့ နည်းလမ်းတွေရှိနေတယ် ...
... ဒါက သာမန်လူ မဟုတ်ဘူးဆိုတာ ပြနေတယ် ဒါဆို ဘာလို့ ဒီလောက်တောင် ကြောက်ပြနေရတာလဲ။ ”
ကောက်ချင်တစ်ယောက် နဖူးပေါ်ရှိ ချွေးများကိုလက်ဖြင့် အမြန်သုတ်လိုက်ပြီး၊
“ စီနီယာစုလို တစ်စုံတစ်ယောက် ရှေ့မှာတော့ ငါကြောက်တာ သဘာဝပါပဲ။ ”
“ မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
“ ကောချင်ပါ ... ။ ”
“ ဟမ့် ... ဒါဆို ပင်လယ်ဘုရင်ရဲ့ တစ်ဦးတည်းသော တပည့်ပဲ ... အံ့သြစရာတော့ မရှိပါဘူး။"
ကူချန်လင်တွင် အလွန်သတိကြီးပြီး ကြောက်တတ်သော တပည့်တစ်ဦး ရှိကြောင်း ပြန်သတိရလာ၏။
ယခု သူvမြင်လိုက်ရသည်မှာ ထိုဂုဏ်သတင်းဖြင့် အမှန်ပင်ထိုက်တန်ကြောင်း တွေ့ရှိလိုက်ရ၏။
“ မင်းနဲ့ ပတ်သတ်ပြီး … ထူးဆန်းတာတစ်ခုရှိတယ်လို့ သူပြောတယ် မင်း တစ်ခုခုကို ဖုံးကွယ်ချင်နေတယ်။ ”
ရုတ်တရက် ကောချင်တစ်ယောက် ချွေးများထွက်လာပြီး သူ့မျက်နှာ ဖြူဖျော့သွား တော့၏။
“ စီနီယာစု ... ငါ့ကို ကမ္ဘာခြားဝိညာဉ်လို့ မင်းသံသယ ရှိနေတာလား ။ ”
“ ဟုတ်တယ် ... အရင်က သံသယတွေ ရှိခဲ့တယ် ဒါပေမယ့် အခု မင်းကိုတွေ့လိုက်တော့ မဟုတ်ဘူးဆိုတာ သေချာသွားပြီ ငါမဟာကျိုး ပြန်မလို့ မင်းငါနဲ့ပြန်လိုက်ချင်လား။ ”
“ မလိုက်ချင်ဘူး။ ”
ကောချင်က ချက်ချင်းငြင်းသည်။ မည်သူသည် ဤလူနှင့်ခရီးအတူ သွားဝံ့သနည်း။ စုရီကို တွေ့ဆုံလိုခြင်း မရှိတော့ချေ။ အရမ်းအန္တရာယ်များ၏။
“ စီနီယာစု ကျေးဇူးပြုပြီး ... ငါ့ကို အထင်မလွဲပါနဲ့၊ ငါလုပ်စရာတစ်ခု ရှိသေးတယ် မဟာရှကိုသွားဖို့ ဆုံးဖြတ်ထားတယ် မဟာကျိုးကို မပြန်ချင်သေးဘူး။ ”
“ ကောင်းပြီ၊ မင်းစိတ်ကြိုက်လုပ်ပါ။ ”
ထိုစကားကို ပြောပြီးနောက် စုရီက ချက်ချင်းလှည့်ထွက်သွား၏။ တစ်ဖက်လူတွင် ထူးဆန်းသော တစ်စုံတစ်ရာ ရှိနေသည်ကို သဘာဝကျကျ သတိပြုမိသည်။
သို့သော် မိတ်ဆွေတစ်ယောက်၏ တပည့်ဖြစ်နေသဖြင့် သည့်ထက်ပို၍ဆက်ကာ စစ်ဆေးလိုခြင်း မရှိတော့ချေ။
ကောချင်က စုရီရုပ်သွင် ပျောက်ကွယ် သွားသည်ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူ လိုက်သည်။
“ ကံကောင်းတယ် ... ဒီတစ်ခါတော့ ငါ့သခင်ဆီကနေ အကူအညီတစ်ခုရခဲ့တယ်၊ မဟုတ်ရင် စုရီရဲ့စရိုက်ကြောင့် လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။ ”
သူ့တစ်ကိုယ်လုံး အေးစက်သော ချွေးများဖြင့် ရွှဲရွှဲစိုနေကာ၊
“ ဒီလိုလုပ်ရပ်က အရှက်မဲ့ပေမယ့် အနည်းဆုံးတော့ ဒီနေ့ ငါ့ကိုအသက်ရှင်စေတယ် ဒါက ငါရှာနေတဲ့ လမ်းပဲ ... ကျော်ကြားမှုတွေ ငါ မလိုဘူး ... ရှင်သန်နေဖို့ပဲ လိုတယ် ... ။ ”
“ ဟမ့် ... ရွံစရာကောင်းလိုက်တာ ... ။ ”
ရုတ်တရက် အသိစိတ်ပင်လယ်ထဲမှ အဘိုးအို၏အသံ ထွက်ပေါ်လာ၏။ ကောချင်မှ ဒေါသထွက်သွားပြီး၊
“ အဖိုးကြီး မင်းမသေသေးဘူးလား။ ”
“ လူမိုက် ... ငါ့ရဲ့ရောင်ဝါကို ထိန်းမထားဘူးဆိုရင် သေချာပေါက် သတိထား မိလိမ့်မယ် ငါမရှိရင် မင်းကို ဘယ်သူ သင်ကြားပေးမှာလဲ။ ”
“ ကောင်းပြီ ... ဒီအကြောင်း ထားလိုက်ရအောင် မဟာရှသွားပြီး သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို တက်ဖို့ အခွင့်အရေး ရှိ-မရှိကြည့်ရမယ်။ ”
“ ဝိုး၊ မင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ဆန္ဒတွေ ရှိနေပြီလား။ ”
အဖိုးအိုက တအံ့တသြ ဖြစ်သွားသည်။
“ ဒီကမ္ဘာကြီးက ပိုပိုပြီး အန္တရာယ် များလာတယ် မဟာရှမှာ မရေတွက်နိုင်အောင် အရည်အချင်းရှိတဲ့ လူတွေအများအပြားပဲ ဒါကြောင့် ကောင်းကင်ကြီး ...
... ပြိုကျလာရင်တောင် ... သူတို့က ထိန်းထားပေးလိမ့်မယ် နိမ့်ကျစွာနေသရွေ့တော့ ကပ်ဘေးတွေကနေ ငါလွတ်မြောက်နိုင်မှာပါ ...
... သစ်ပင်ကြီးတစ်ပင်က ခိုလှုံသူအတွက် လေနဲ့မိုးဒဏ်ကနေ ပိုပြီးကာကွယ်ပေးနိုင်တယ် မဟုတ်လား။ ”
“ မင်း ... ။ ”
ကောချင်အဖြေကြောင့် လိပ်အိုကြီးမှာ အံ့အားသင့်လျက် စကားမပြောနိုင်တော့ချေ။ အဆုံးထိတိုင် သူရဲဘောကြောင် နေချေပြီ။
“ အတုမဲ့ သူရဲဘောကြောင်သူပဲ။ ”
အဘိုးကြီးက မှတ်ချက်ပြုလိုက်သည်။ ကောချင်တစ်ယောက် ထိုမှတ်ချက်များအပေါ် လျစ်လျူရှုလျက် လှည့်ထွက်လာခဲ့၏။
***
ထိုအချိန်တွင် စုရီသည် အဝတ်အစားများ တဖျပ်ဖျပ်ခတ်လျက် ပင်လယ်ပြင်ကို ဖြတ်ပျံနေ ခဲ့သည်။ မူလတာအိုနယ်ပယ်သို့ ဝင်ရောက် ပြီးနောက် လေကိုထိန်းချုပ်ကာ မိုးကို ဆင့်ခေါ်နိုင်၏။
လမ်းတလျှောက် ကျင့်ကြံသူများ၏ ရောင်ဝါအချို့ကို ခံစားရသော်လည်း ၎င်းတို့က သူ့အနား မချဉ်းကပ်ဝံ့ကြချေ။
သူ့တိုက်ပွဲကို အဝေးမှ မြင်ပြီးနောက် ထိတ်လန့်နေခြင်းဖြစ်ပေမည်။ ရုတ်တရက် စုရီက ကောချင်ကို ပြန်သတိရသွားသည်။
တစ်ဖက်လူ အသုံးပြုခဲ့သော ရောင်ဝါဖုံးကွယ်နည်းသည် ရွှမ်ဝူကျန်းချီသုတ္တန် ဖြစ်နိုင်သည်။
“ ရွှမ်နင်များလား။ ”
ရွှမ်နင်ဟူသည် ယခင်ဘဝ၌ သူလက်ခံခဲ့သော သတ္တမမြောက် တပည့်ဖြစ်၏။ ၎င်းသည် လိပ်နက်ဝိညာဉ်သားရဲဖြစ်သည်။ တောင်တံခါးကို စောင့်ကြပ်ပေးရ၏။
ရွှမ်ဝူကျန်းချီသုတ္တန်သည် ၎င်း၏ အသွေးအသားအပေါ် မူတည်ကာ သူကိုယ်တိုင် ဖန်တီးပေးထားသော နည်းစနစ်တစ်ရပ် ဖြစ်သည်။
သူနှင့် ရွှမ်နင်သာလျှင် ဤသုတ္တန်ကို သိရှိထားသည်။ သူ့ပတ်ဝန်းကျင်ရှိ အခြားသော တပည့်များပင်လျှင် မသိရှိချေ။
သို့သော် ဤကောချင်တွင် ရွှမ်ဝူကျန်းချီသုတ္တန်နှင့် ဆင်တူသည့် ရောင်ဝါကို အမှန်တကယ် ပြသနေခဲ့သည်။
“ ငါနည်းနည်းလေး သတိလက်လွတ် ဖြစ်သွားခဲ့တယ် ... မဟုတ်ရင် ကောချင်ကို ဒီထက်ပိုပြီး စူးစမ်းမိမှာ။ ”
စုရီတစ်ယောက် သက်ပြင်းချလိုက်သည်။ ကောချင်၏ သတိရှိသော သဘောသဘာဝအရ ယခုအချိန် ပြန်လှည့်လျှင်ပင် ပြန်တွေ့နိုင် တော့မည် မဟုတ်ချေ။
ထို့ပြင် ကောချင်အသုံးပြုသော အသက်ရှုနည်းစနစ်သည် ရွှမ်းဝူကျန်းချီသုတ္တန် ဟုတ်-မဟုတ် မသေချာသဖြင့် စဉ်းစားရန် အလွန်ပျင်းလာတော့သည်။
နောက်နှစ်ရက်ကုန်လွန်ပြီးနောက် ကောင်းကင်မူလအကယ်ဒမီသို့ စုရီ ပြန်ရောက် သွားချေပြီ။ ထိုကာလအတွင်း သူ၏တိုက်ပွဲ သတင်းသည် သုံးနိုင်ငံသို့ ပျံနှံ့ရိုက်ခတ်နေဆဲ ဖြစ်သည်။
သုံနိုင်ငံရှိ အင်အားစု အသီးသီးသည် ဤစုရီနှင့်ရန်ငြိုးများကိုထားခဲ့ရန် အလျင်စလို ဆုံးဖြတ်လိုက်ကြတော့၏။
ချန်ကျန့်သည် သူ့စိတ်ဝိညာဉ် ပင်လယ်အတွင်းမှ ဝိညာဉ်အကြွင်းအကျန်ကို အလုံးစုံသန့်စင်ပြီးဖြစ်ရာ အချက်အလက်အချို့ ပြန်လည်ဝေမျှရန် စုရီထံရောက်ရှိလာသည်။
ထိုဝိညာဉ်၏ အမည်မှာ လျူချုံးဖြစ်ပြီး ကျင့်ကြံမှုသည် ဝိညာဉ်တာအိုနယ်ပယ် ပေပင်။ ကောင်းကင်တိုက်ကြီးမှ လာသူဖြစ်သည်။
သူ့ဂိုဏ်းသည် ထိုတိုက်ကြီး၌ ထိပ်တန်းအဆင့် ဂိုဏ်းကြီးငါးဂိုဏ်းအဆင့် ဝင်ချေ၏။
ကောင်းကင်တိုက်ကြီးတွင် အလားတူ အာကာသအက်ကြောင်းသုံးခုရှိပြီး တစ်ခုစီကို သူတို့ကဲ့သို့ ကျန်ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ထိန်းချုပ်ထားသည်။
ထိုအာကာသ လမ်းကြောင်းများအနက် နှစ်ခုသည် မဟာကျိုးထံဦးတည်သွားသော ဝင်ပေါက်များဖြစ်၏။
အမှောင်တားမြစ်စွမ်းအားကြောင့် မိုပြားတိုက်ကြီးတွင် ထိုသို့သော အာကာသ အက်ကွဲကြောင်းများ များစွာရှိနေသည်။
အက်ကွဲကြောင်းများသည် ကောင်းကင်တိုက်ကြီးအပြင် အခြားသော တိုက်ကြီးများဆီသို့ ဦးတည်နေ၏။
ကံမကောင်းစွာဖြင့် ဤသည်မှာ လျုချုံးပြောပြနိုင်သော အချက်အလက်များသာ ဖြစ်သည်။ စုရီမှ ခေါင်းခါလိုက်၏။
အရိုင်းမြေကိုးပါးဖြင့် ယှဉ်သော် မိုးပြာတိုက်ကြီးနှင့် ကောင်းကင်တိုက်ကြီးသည် ပျက်စီးသွားသော ကုန်းမြေလေးမျှသာ ဖြစ်နေသည်။
ကောင်းကင်တိုက်ကြီး၏ အသန်မာဆုံး ကျင့်ကြံသူများသည် ဝိညာဉ်တာအိုနယ်ပယ် ဝိညာဉ်ပေါင်းစည်းခြင်း အထွတ်အထိပ်သာ ဖြစ်၏။ ဧကရာဇ်များပင် မရှိချေ။
ယင်းသည် အမှောင်တားမြစ်စွမ်းအားများ တိုက်စားခြင်းမခံရမီ မိုးပြာတိုက်ကြီးထက်ပင် နိမ့်ကျနေချေသည်။
ဤကာလအတွင်း ကျိုးကျစ်လီသည် ကောင်းကင်မူလအကယ်ဒမီသို့ ကိုယ်တိုင်လာ ရောက်ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်လာ၏။
ဆဋ္ဌမတန်း နတ်ကျောက်ဆယ်လုံးသည် အရေအတွက်အားဖြင့် နည်းပါးလှသော်လည်း တန်ဖိုးသည် အနှိုင်းမဲ့ချေသည်။
ထိုသို့သော ရတနာများသည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူအတွက်ပင် စိတ်လှုပ်ရှားပြီး မနာလိုဖြစ်စေရန် လုံလောက်သည်။
တစ်ရက်တွင် စုရီသည် ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် တာအိုမျိုးစေ့ သိပ်သည်းစေပြီးနောက် ထင်းရှူးပင်ကြီး အောက်တွင်ထိုင်ကာ လေးလေးနက်နက် တွေးတောနေခဲ့သည်။
လက်ရှိအခြေအနေ၌ သူ့အတွက် သင့်လျော်သော အရင်းအမြစ် အနည်းငယ်သာ ကျန်ရှိတော့ပြီး အနည်းဆုံး ခုနစ်ရက်ခန့်သာ လုံလောက်နိုင်၏။
မဟာကျိုးတစ်ခုလုံး မြေလှန်ရှာလျှင်ပင် အသုံးဝင်သော အရင်းအမြစ်များ ရှာတွေ့နိုင်ရန် ခက်ခဲနေချေပြီ။
ဤသည်မှာ သေမျိုးကမ္ဘာကြီး၏ အားနည်းချက်ဖြစ်သည်။ ကျင့်ကြံမှု မြင့်မားလာ သည်နှင့်အမျှ လိုအပ်ချက် များလာပေမည်။
အမှောင်တားမြစ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအင်ပါးလျမှုသည် ရတနာများ မွေးဖွားခြင်း အပေါ်လည်း သက်ရောက်မှုရှိစေသည်။
“ ကြည့်ရတာ ငါ ... မဟာရှကို သွားရတော့မယ် ထင်တယ်။ ”
အတွေးများဖြင့် သက်ပြင်းချကာ ညည်းညူလိုက်သည်။ ထိုစဉ် နင်စစ်ဟွာက ပြုံးလျက် ရောက်ရှိ၏။
“ တာအိုမိတ်ဆွေ ... ထောင်ချင်းရှန်နဲ့ သူ့မိတ်ဆွေ ချင်းလန်ရေဘုရင်က မင်းကိုတွေ့ဖို့ ရောက်ရှိနေပါတယ်။ ”
***