← Chapters

တောင်ခြေရွာမှ တစ္ဆေပွဲတော် ... ။

Vol. 28 Ch. 333

တောင်ခြေရွာမှ တစ္ဆေပွဲတော် ... ။

Vol. 28 Ch. 333

နောက်တစ်နေ့ မနက်စောစောတွင် စုရီနှင့်ယွမ်ဟမ်တို့သည် ကောင်းကင်မူလ အကယ်ဒမီမှ ထွက်ခွာလာခဲ့သည်။

ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်၏ အရိုးဖြူတံဆိပ်ကို နင်စစ်ဟွာထံ လွှဲပေးခဲ့၏။ အန္တရာယ်များနှင့် ကြုံလာပါက လူတိုင်းကို ဉာဏ်ပညာဂိုဏ်းကနေ ခေါ်ထုတ်ကာ ဝိညာဉ်ပင်လယ်၌ ခိုလှုံနေနိုင်မည်။

သည့်ပြင် ကောင်းကင်ဘုံအကယ်ဒမီနှင့် မိုင်တစ်ရာအကွာတွင် ဒြပ်စင်ငါးပါးဝင်္ကပါကို ခင်းထားပေးခဲ့၏။ ဝိညာဉ်စုစည်းခြင်း အစီရင်တို့လည်းရှိသည်။

ထိုဝင်္ကပါသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ခိုက်ခြင်းမှ တားဆီး ပေးနိုင်၏။

ဤသည်မှာ ကောက်ကျစ်သော ယုန်တစ်ကောင်တွင် တွင်းသုံးပေါက်ရှိသည် ဟူသော အဓိပ္ပါယ်မျိုး ပေပင်။

အရေးကြီးသည်မှာ အရိုးဖြူတံဆိပ်တွင် တန်ခိုးရှင်ဓားမျှော်စင်၏ အမြင့်မြတ်ဆုံးအမွေ ပါရှိသည်။

ထိုအမွေသည် ဉာဏ်ပညာဂိုဏ်းအတွက် အမွေအဖြစ်မှတ်ယူနိုင်ပြီး ဂိုဏ်းသားများအပေါ် သင်ကြားပေးနိုင်၏။ ဤနည်းဖြင့် တန်ခိုးရှင် ဓားမျှော်စင်၏အမွေမှာ ပြန်၍ထွန်းတောက် လာပေမည်။

စင်စစ်သော်ကား ဉာဏ်ပညာဂိုဏ်းသည် ဂိုဏ်းဆိုသည်ထက် သူနှင့် သက်ဆိုင်သူများ စုဝေးရာအရပ် ဖြစ်သည်။

ဝမ်လင်ရွယ်၊ ချာကျင်၊ နင်စစ်ဟွာ၊ ဟွမ့်ချမ့်ကြွယ်၊ ဖန်ရှောင်ဖုန်းနှင့် ဖန်ရှောင်ရန် တို့သည် သူ့ထံမှ ဓားသုတ္တန်များ ရရှိထားရာ ဤအမွေကို မလိုအပ်ချေ။

ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်၏ ဆန္ဒအပေါ် ကူညီပေးခြင်းမျှသာ ဖြစ်လေသည်။ တစ်ဖက်တွင် သူ့အတွက် မဟာရှခရီးစဉ်သည် စိတ်ဝင်စားစရာ ကောင်းချေသည်။

သုံးနိုင်ငံအတွင်း အရင်းအမြစ်များသည် သူ့ကျင့်ကြံမှုကို ကျေနပ်မှု မပေးနိုင်တော့ချေ။ ကျိုးကျစ်လီသည်ပင် လက်ဆောင်ပေးရန် အခက်တွေ့နေပြီဖြစ်၏။

အတွင်းပိုင်းသန့်စင်ခြင်းသည် အခြေခံ အုတ်မြစ်ဖြစ်ရာ အရင်းအမြစ် မလုံလောက်ပါက ကျင့်ကြံမှုမှာ ရပ်တန့်သွားမည်ဖြစ်သည်။

ထို့ပြင် မဟာရှတွင် သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို လအနည်းငယ်အတွင်း စတင်တော့ပေမည်။

၎င်းတို့၏ စကြဝဠာကျွန်းဟူသည် အမှောင်တားမြစ်စွမ်းအင် ထွက်ပေါ်လာသော ဖြစ်စဉ် စတင်ရာနှင့် ဆက်စပ်နေနိုင်မည်။

အဆုံးတွင် မျိုးနွယ်စုတစ်စုသည် ၎င်းတို့၏ အမှတ်အသားကို နတ်သားရဲ နဂါးစာကလေး သင်္ကေတဖြင့် ရေးထွင်းထားသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။

ခရီးစဉ်သည် အလွန်ရှည်လျားလှ၏။ မိုးပြာတိုက်ကြီးအနှံ့ ပြန့်ကျဲနေသော နိုင်ငံပေါင်း ဒါဇင်ခန့်ကို ဖြတ်ကျော်ရပေဦးမည်။

သို့သော် စုရီအတွက် ပျင်းစရာ မရှိချေ။ တောင်တန်းနှင့် မြစ်ကြောင်းများ တစ်လျှောက် အေးအေးလူလူ ဖြတ်သန်းပြီး သဘာဝတရားကို ခံစားနိုင်သည်။

ကောင်းကင်ကို ကြည့်၏။ မြေကြီးကိုကြည့်၏။ သက်ရှိ သတ္တဝါများကို ကြည့်၏။ ဤသည်မှာ ခရီးတစ်ခု၏ အဓိပ္ပါယ်ပေပင်။

ကွန်ဖြူးရှပ်ဝါဒတွင် ‘မိုင်ထောင်ချီ ခရီးထွက်ခြင်း’ဟူသော ဒသနရှိပြီး၊ ဗုဒ္ဓတွင် စကြာဝဠာကို တိုင်းတာမည့်ခရီး ဟူ၍ ဟောကြားထားသည်။

တာအိုဘာသာ အတွက်မူ ကမ္ဘာအရပ်ရပ်ဆီသို့ ခရီးဆက်ခြင်းဟူသည့် အယူဝါဒရှိ၏။

နတ်ဆိုး ကျင့်ကြံသူများတွင် သက်ရှိအားလုံး၏ ဆန္ဒခုနစ်ပါးနှင့် တပ်မက်ခြင်း ခြောက်ပါးတို့အပေါ် နှိုးဆွခြင်းဟူသော အယူဝါဒကို အလေးပေးသည်။

ဤအရာအားလုံးသည် စိတ်ဝိညာဉ်ကို သန့်စင်ရန် ရည်ရွယ်ထားကာ နှလုံးသားအပေါ် တည်ငြိမ်လာစေသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်း လမ်းစဉ်သည် လောက၌ ဖြစ်ခြင်း-ပျက်ခြင်း အပေါ် ရှုမှတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် လမ်းခရီးတွင် စုရီသည် လတ်ဆက်သောလေကို ရှူရှိုက်ပြီး တောင်များ၊ မြစ်များ၊ မြေကြီးနှင့် ကောင်းကင်တို့၏ ဖြစ်တည်မှုအပေါ် ခံစားလာခဲ့၏။

လမ်းတစ်လျှောက်တွင် ယွမ်ဟမ်သည် အသေးအဖွဲကိစ္စများမှစကာ ကျွန်တစ်ဦးကဲ့သို့ သူ့နောက် အမြဲလိုက်ခဲ့သည်။

သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် ဟန့်တား နှောက်ယှက်သူအနည်းငယ်မျှ ကြုံရသော်လည်း ယွမ်ဟမ်မှ အလွယ်တကူ ဖြေရှင်းနိုင်၏။

ဤသို့ဖြင့် ဆယ်ရက်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်လွန်သွား ချေပြီ။ သခင်နှင့်ကျွန်သည် နိုင်ငံပေါင်း ခုနစ်နိုင်ငံကို ဖြတ်ကျော်လာခဲ့သည်။

တောင်နှင့်မြစ်များ အတွက်မူ မရေမတွက်နိုင်ခဲ့ချေ။ ယနေ့တွင် မဟာလျန့် မင်းဆက် လွင့်မျောနေသော အင်မော်တယ် တောင်ထွတ်ပေါ် ရောက်ရှိလာသည်။

တောင်ခြေတွင် တောင်ပေါ်၌ မြစ်ဖျားခံထားသော မြစ်လေးတစ်စင်း စီးဆင်း နေသည်။ မြစ်နှင့် မဝေးသော အရပ်တွင် တောင်ပေါ်ရွာလေးတစ်ရွာရှိ၏။

ညအချိန်ဖြစ်သဖြင့် မြစ်ရေသည် တဟုန်ထိုးစီးဆင်းနေပြီး ကောင်းကင်ပေါ်မှ အလင်းရောင်များ ရောင်ပြန်ဟပ်နေသည်။

မြစ်ကမ်းနဘေးတွင် မီးပုံးများစွာ ထွန်းညှိထားကာ အမျိုးသား၊ အမျိုးသမီးများစွာ တို့သည် မြစ်ထဲသို့ ဆီမီးခွက်များ မျောနေကြ၏။

ညအမှောင်ထဲတွင် မြစ်ကြောင်း တစ်လျှောက် လင်းလက်လွင့်မျောနေသော မီးခွက်များမှာ နဂါးငွေ့တန်းအတွင်းမှ ကြယ်ပွင့်များအလား လှပနေချေပြီ။

“ ဒီနေ့ဟာ (၇)လပိုင်း (၁၅)ရက်နေမို့ ... နှစ်တစ်နှစ်တာအတွင်း ယင်စွမ်းအင်တွေဟာ အသိပ်သည်းဆုံးပါပဲ ဒါကြောင့် တစ္ဆေသရဲတွေ ဒီရက်မှာ လမ်းမတွေအပေါ် ...

.. မြူထူးသွားလာကြလိမ့်မယ် ... သေမျိုးတွေအတွက်တော့ တစ္ဆေပွဲတော်အဖြစ် ကျင်းပတဲ့ နေ့ရက်ကြီးပဲ။ ”

ဤနေ့တွင် သေသူများအတွက် ရည်ရွယ်သော မီးပူဇော်ပွဲများ ပြုလုပ်ကြသည်။ ငြိမ်းချမ်း​စေလိုသော မျှော်လင့်ချက်ဖြင့် စက္ကူပိုက်ဆံများကို မီးရှို့ပေးတတ်ကြ၏။

သို့သော် တာအိုဝါဒီ ပညာရှင်များ အမြင်တွင်မူ တစ်နှစ်တာအတွင်း ယင်စွမ်းအင် အသိပ်သည်းဆုံး နေ့မျှသာ ပေပင်။

ရုတ်တရက် ကြည်လင်နေသော ညကောင်းကင်တွင် အနက်ရောင်မြူအချို့ ချက်ချင်း ရစ်သိုင်းလာတော့သည်။

“ ဟေး ... သွား ... သွားကြတော့၊ အိမ်ပြန်ကြပါ ဒီညဘယ်သူမှ အပြင်မထွက်နဲ့ အသံတစ်ခုခု ကြားရင်တောင် ... တံခါးမဖွင့်နဲ့ မဟုတ်ရင် မင်းတို့ကို တစ္ဆေသရဲတွေ ကိုက်စားသွားလိမ့်မယ်။ ”

မြစ်ကမ်းနဖူးပေါ်ရှိ ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်က သူ့အဆုတ်တစ်ခုလုံး ပွင့်ထွက်သည်အထိ အော်ဟစ်တော့၏။

ခဏအကြာ မီးအိမ်များမှတပါး မည်သူမျှ မရှိတော့ချေ။ ကြယ်ရောင်များ ကင်းမဲ့သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားသည်။

ထိုစဉ် အမှောင်ထုအတွင်း မီးပုံးလေးနှစ်လုံး တလှုပ်လှုပ်ဖြင့် ရွေ့လျားလာသည်။ ဤသည်မှာ (၁၂)နှစ်အရွယ် ကောင်လေးနှင့် (၇)နှစ်အရွယ် ကောင်မလေးဖြစ်၏။

ကောင်လေးသည် ပိန်ပိန်ပါးပါးနှင့် သူ့ခါးတွင်အိတ်တစ်လုံးကို ချိတ်ထားသည်။ ကောင်မလေးသည် ဆံပင်များကို ခေါင်းပေါ်၌ စုစည်းလျက် ဖြူဖျော့ပိန်လှီနေ၏။

မောင်နှမ နှစ်ယောက်စလုံးသည် ဖာထေးစပ်ချုပ်ထားသော အဝတ်အဟောင်းများ ၀တ်ဆင်ထားကာ နွမ်းပါးမှုကို အတိုင်းသား မြင်နေရချေပြီ။

ရုတ်တရက် သစ်ပင်အောက်တွင် ရပ်နေသော သူတို့ကိုမြင်သောအခါ မောင်နှမ နှစ်ယောက်ခမျာ လန့်ဖျပ်သွားပြီး ချက်ချင်း နောက်ပြန်ဆုတ်သွား၏။

“ ဝှစ် ... ။ ”

ကောင်လေးက ဝါးရင်းတုတ်ကို မြောက်ကိုင်ကာ သူ့ညီမရှေ့သို့လှမ်းတက်ပြီး ကာကွယ်လိုက်၏။

“ မင်းတို့က လူလား ... တစ္ဆေလား။ ”

“ ငါတို့က တစ္ဆေဖြစ်ခဲ့ရင် ... မင်းအခု သေသွားလိမ့်မယ် ... မင်းတို့ရွာက လူတိုင်း အိမ်ပြန်ကုန်ကြပြီ ... မင်းတို့နှစ်ယောက် ဘယ်သွားမလို့လဲ။ ”

ယွမ်ဟမ့်မှပြုံးလျက် ကောင်လေးထံ ကြည့်ကာ ပြောကြားလိုက်သည်။ ကောင်လေးမှ သတိကြီးစွာဖြင့်၊

“ ဘာလို့မေးခွန်းတွေ လာမေးနေတာလဲ။ ”

-ဟု ပြန်မေးတော့၏။

ကောင်မလေးက ကောင်လေး အနောက်ကနေပြီး သူတို့ရှေ့မှ မြင်ကွင်းထံ ချောင်းကြည့်ကာ၊

“ အစ်ကို၊ သူတို့က ရက်စက်လွန်းတဲ့ပုံ မပေါ်ပါဘူး၊ သူတို့သရဲတစ္ဆေတွေ မဟုတ်တာ သေချာပါတယ်။ ”

“ ညီမလေး ... မင်း နားမလည်ဘူး၊ အဲဒီ သရဲတစ္ဆေတွေက အသွင်ပြောင်းဖို့ လွယ်တယ်၊ မသိရင် သူတို့ကို လူကောင်းတွေလို့ထင်မိတယ် တကယ့်ကို ကြမ်းကြုတ်လွန်းတယ်။ ”

ကောင်လေးစကားကြောင့် ယွမ်ဟမ့်မှ တစ်ခုခုပြောခါနီးတွင် စုရီက လက်ဝှေ့ယမ်းပြီး၊

“ ငါတို့က ခရီးသွားတွေပါ ... ဆက်လုပ်ပါ။ ”

-ဟု ဝင်ပြောလိုက်သည်။

ယွမ်ဟမ်က တိတ်ဆိတ်စွာ ပြန်ဆုတ်လာခဲ့သည်။ ထိုမြင်ကွင်းကြောင့် မောင်နှမနှစ်ယောက်က သတိကြီးစွာဖြင့် ရှေ့ဆက်သွားတော့၏။

နာရီဝက်အကြာတွင် ကောင်လေးနှင့် သူ့ညီမသည် ပေါင်းပင်များ ဖုံးလွှမ်းနေသော အုတ်ဂူတစ်လုံးရှေ့၌ ရပ်နေ၏။

ကောင်လေးက ပေါင်းပင်များကို ရှင်းလင်းရေးလုပ်ကာ အထီးကျန်သော အုတ်ဂူ ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပေးသည်။

ထို့နောက် အိတ်ထဲမှ နံ့သာပေါင်းအိုးနှင့် ဖယောင်းတိုင်များ ထွန်းညှိလျက် ကိတ်မုန့်ကို ပြင်ဆင်ကာ ရှေ့တွင်ချထားပြီးနောက် မြေကြီးပေါ် ဒူးထောက်လိုက်သည်။

“ မေမေ၊ ညီမလေးနဲ့ ငါ မင်းကိုတွေ့ဖို့ ဒီကိုရောက်နေပါပြီ၊ ညီမလေး လာ ... အမေ့ကို ကန်တော့ပါ။ ”

ကောင်မလေးက ခေါင်းညိတ်ပြပြီး ဒူးထောက်ခါနီးတွင် အမှောင်ထဲမော့ကြည့်မိကာ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ ထို့နောက်၊

“ သရဲ ... သရဲ။ ”

-ဟု အော်ဟစ်လျက် ကောင်လေးအပေါ် ခုန်တက်တော့သည်။

အမှောင်ထဲတွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်မီးတောက်တစ်စုံကို မြင်လိုက်ရပြီး လွင့်ပျံနေသော အဖြူရောင်ဝတ်ရုံဖြင့် တစ္ဆေတစ်ကောင် ပေါ်လာခဲ့၏။

“ ထွက် သွား စမ်း ... ။ ”

ကောင်လေးက ကြောက်လန့်တကြား အော်ဟစ်ကာ ညီမဖြစ်သူ၏လက်ကို ချက်ချင်း ဆွဲလျက် လှည့်ပြေးတော့သည်။

သို့သော် သူ့လမ်းတွင် စပျစ်နွယ်ပင်များ တွန့်လိမ်လာကာ အနက်ရောင်အရိပ်တစ်ရိပ် ပေါ်လာခဲ့၏။

“ ဝှစ် ... ။ ”

ထိုအရိပ်က ကောင်လေးနှင့် ကလေးမလေးဆီသို့ အခိုးအငွေ့များဖြင့် ပစ်ခတ် လာတော့သည်။

ကောင်လေးခမျာ မျက်နှာသိသိသာသာ ပြောင်းသွားပြီး သူ့ညီမကိုပွေ့ချီလျက် အခြား တစ်ဖက်သို့ လှည့်ပြေးပြန်၏။

သို့သော် မကြာမီတွင် လွင့်ပျံနေသော အဖြူရောင် ဝတ်ရုံရှင် ပေါ်လာခဲ့ပြီး သူ့လမ်းကို ပိတ်ဆို့ထားပြန်သည်။

ဤတစ်​ကြိမ်တွင် ဆံပင်ဖြူဖြူဖြင့် တစ္ဆေမတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေပြီ။

သူမ၏ မျက်လုံးများတွင် အစိမ်းရောင် တစ္ဆေမီးတောက်တစ်စုံ ‌တောက်လောင်နေကာ မျက်နှာဖြူဖျော့ ကြည်လင်နေ၏။

“ ဝှစ် ... ။ ”

အဖြူရောင် ဝတ်ထားသော ထိုတစ္ဆေအမျိုးသမီးက မြန်ဆန်သောအရှိန်ဖြင့် ကောင်လေးထံသို့ ခုန်ဆင်းလာတော့သည်။

ကောင်လေးခမျာ အံကြိတ်လျက် သူ့ညီမရှေ့တွင်ရပ်လိုက်ပြီး၊

“ ညီမလေး မြန်မြန်ပြေး။ ”

-ဟု ဟစ်အော်လေသည်။

“ ဝှီး ... ။ ”

တစ်ဆက်တည်းမှာပင် မျက်စိစုံမှိတ်ပြီး ဝါးရင်းတုတ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ အားကုန်ရိုက်ချလိုက်၏။

“ ဘောင်း ... ။ ”

သို့သော် ဝါးရင်းတုန်မှာ ချက်ချင်း ပေါက်ကွဲပြီး ကောင်လေးခမျာအဝေးသို့ လွင့်ထွက်သွားတော့သည်။

“ ဝူး ... ။ ”

တစ္ဆေအမျိုးသမီးက ထိုကောင်လေးကို လျစ်လျူရှုလျက် ကောင်မလေးထံသို့ ဆက်၍ ရွေးလျားလာခဲ့၏။

“ အစ်ကို ... ငါ့ကိုကယ်ပါဦး။ ”

ကလေးလေးက ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်လဲကျလျက်မှ အော်ဟစ်လိုက်သည်။ မိဘနှစ်ပါးသေဆုံးပြီးနောက် သူမအစ်ကိုသည် အားကိုးရာဖြစ်၏။

ကောင်လေးအတွက်မူ သူ့ညီမသည် တစ်ဦးတည်းသော ဆွေမျိုးပေပင်။ ထို့ကြောင့် ဤမြင်ကွင်းသည် သူ့နှလုံးသားကို ကွဲကြေသွား စေသည်။ သူ တတ်နိုင်သည်များ မရှိတော့ချေ။

“ ဟမ့် ... တစ္ဆေတစ်ကောင်က လူသားတွေကိုနာကျင်အောင် ဘယ်လိုများ လုပ်ဝံ့နေတာလဲ။ ”

ရုတ်တရက် မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်သော အော်ငေါက်သံ ထွက်ပေါ် လာပြီး ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာသည်။

“ ဘုန်း ... ။ ”

တစ္ဆေအမျိုးသမီးခမျာ ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ မီးလုံးကြီးကဲ့သို့ ပေါက်ကွဲ ပျောက်ကွယ်သွားတော့သည်။

ကောင်လေးနှင့် ကလေးမလေးသည် တောက်ပသော ထိုရွှေရောင် အလင်းတန်းထံ အံ့အားသင့်စွာ ကြည့်နေမိကြ၏။

ရွှေရောင်အလင်းများ ပါးလျသွားချိန်၌ လူတစ်ယောက်အသွင် ဖြည်းညှင်းစွာ ထွက်ပေါ် လာချေပြီ။

မောင်နှမနှစ်ယောက် အမြင်တွင် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ ကြီးကျယ်ခမ်းနားနေတော့၏။

***

All Chapters