← Chapters

တောင်ငါးလုံး အိမ်တော်စောင့် အမိန့်။

Vol. 28 Ch. 334

တောင်ငါးလုံး အိမ်တော်စောင့် အမိန့်။

Vol. 28 Ch. 334

အဝါရောင် တာအိုဝတ်လုံဖြင့် ထူထဲသော ကြေးနီရောင် အရေခွံတွင် ရွှေရောင်အလင်းများ တောက်ပနေသည့် ယွမ်ဟမ့်ဖြစ်သည်။

သို့သော် သေခြင်းမှ ကယ်တင်ခြင်း ခံလိုက်ရသော မောင်နှမနှစ်ဦးအတွက်မူ နတ်ဘုရားနှင့် မခြားခဲ့ချေ။

ယွမ်ဟမ်က ရွှေရောင်ဓားမြှောင်ကို ပါးစပ်ဖွင့်ပြီး မျိုချလိုက်ရာ ဓားမြှောင်သည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားတော့၏။

ထိုအချိန်တွင် စုရီက မီးခိုးရောင် ပုတီးစေ့တစ်စေ့ကို မြောက်ဆော့ကစားလျက် အမှောင်ထဲမှ လှမ်းထွက်လာသည်။

အဆင့်နိမ့် ယင်ဝိညာဉ်ပုလဲဖြစ်၏။ စပျစ်နွယ်သစ်ပင်မိစ္ဆာကို သတ်ပစ်ပြီးနောက် ပြုတ်ကျလာခြင်းပေပင်။

ရှားရှားပါးပါး မဟုတ်သော်လည်း ၎င်းကိုဖွဲ့စည်းရန် အပင့်မိစ္ဆာများအတွက် မလွယ်လှချေ။

ယေဘူယျအားဖြင့် ဝိညာဉ်ရေး ကျင့်ကြံမှုများကို အနည်းငယ်တတ်ကျွမ်းသော အပင်မိစ္ဆာအချို့သည်သာ ဝိညာဉ်အဆင့် အမြုတေကို သန့်စင်ပေးနိုင်သည်။

ဤသို့ဆိတ်ညံသော တောင်နှင့် တောအုပ်အတွင်း ကျင့်ကြံမှုနည်းစနစ်များကို သိနိုင်သည့် သရဲတစ္ဆေများ ရှိနေသည်မှာ ပုံမှန်မဟုတ်ချေ။

“ သခင်လေး ... ။ ”

ယွမ်ဟမ့်က သူ့ကို နှုတ်ဆက်ရန် ရှေ့တိုးလာသည်။ မောင်နှမ နှစ်ယောက်က စုရီထံ မော့ကြည့်၏။ နတ်ဘုရားဟု ထင်မိသော ထိုလူငယ်သည် ဤလူငယ်၏ ကျွန်တစ်ဦးမျှသာ ဖြစ်နေခဲ့ချေသည်။ စုရီ ခေါင်းညိတ်ပြ၏။

“ ငါ့အစ်ကိုနဲ့ ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ”

ကောင်မလေးက ချက်ချင်းထရပ်ပြီး သွက်လက်စွာဖြင့် ကျေးဇူးတင်စကားများ ပြောကြားလာသည်။

“ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

စုရီက ကောင်မလေးထံသို့ လျှောက်လှမ်းသွားကာ သူမလည်ပင်းရှိ မဟူရာ ကျောက်စိမ်းဆွဲသီးထံ ညွှန်ပြပြီး၊

“ ဒီဆွဲသီးကို ဘယ်သူပေးတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ကောင်မလေးက မဝံ့မရဲဖြင့်၊

“ ငါ့အစ်ကို ပေးထားတာ။ ”

-ဟု ပြန်ဖြေသည်။

စုရီက ကောင်လေးထံ လှည့်ကြည့်ပြီး၊

“ ဒီပစ္စည်းကို မင်းဘယ်ကနေ ရလာတာလဲ။ ”

-ဟု ထပ်မေး၏။

“ သခင်လေး ... လွင့်မျောနေသော အင်မော်တယ် ချောက်ကမ်းပါး တောင်ပေါ်မှာ ရှိတဲ့ တောင်နတ်ဘုရား ဘုံကျောင်းကနေ ငါရလာတာပါ ... အဆောင်လက်ဖွဲ့အဖြစ် သုံးရင် ငြိမ်းချမ်းစေတယ် ညီမလေးကို ဝတ်ခိုင်းထားပါလို့ ပြောတယ်။ ”

စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ ထိုအမူအရာကြောင့် ထူးဆန်းသော အရာတစ်ခု ရှိရမည်ဟု ယွမ်ဟမ်မှ ကောက်ချက်နိုင်သည်။

“ သခင်လေး၊ ဒီအဆောင်မှာ တစ်ခုခုမှားနေပြီလား။ ”

“ ဒါက ပြဿနာကြီး မဟုတ်ပါဘူး နောက်ကျနေပြီ ငါတို့ခဏလောက် အနားယူဖို့ မင်းအိမ်ကို လိုက်လို့ရမလား။ ”

“ ရပါတယ် ကျေးဇူးပြုပြီး ... ငါ့နောက်ကို လိုက်ခဲ့ပါ။”

ကောင်လေးက ခေါင်းညိတ်လျက် သူ့ညီမလက်ကို ကိုင်ကာ ရှေ့မှဦးဆောင်လမ်းပြ ပေးတော့သည်။

ကောင်လေးနှင့် ကလေးမလေးတို့ နေထိုင်သည့်ရွာသည် သူတို့မြင်နေခဲ့ရသော တောင်ခြေရှိ ရွာလေးဖြစ်၏။ မြက်ခင်းပြင် ချောင်းကလေးဟု အမည်တွင်သည်။

လမ်းခရီးတွင် ကောင်လေး၏ အမည်မှာ ချောင်ဖျင်ဖြစ်ပြီး ၎င်းညီမအမည်မှာ ချောင်အန်း ဖြစ်ကြောင်း မိတ်ဆက်လာ၏။

ငြိမ်းချမ်းမှုနှင့် ဘေးကင်းမှုဟု အဓိပ္ပါယ်သက်ရောက်သည်။ ငယ်စဉ်အရွယ် ကပင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသဖြင့် ရွာမှ ဝိုင်းဝန်းကျွေးမွေးပေးခဲ့ကြသည်။

ချောင်ဖျင် အရွယ်ရောက်လာချိန်၌ သူ့ညီမကို ကာကွယ်စောင့်ရှောက်လာနိုင်သဖြင့် မောင်နှမနှစ်ဦး ရပ်တည်နေသည်မှာ မကြာသေးချေ။

သူတို့မောင်နှမနေထိုင်သော အရပ်သည် မိဘများချန်ထားခဲ့သော ရွာအနောက်ဘက်မှ ခြံဝင်းလေးဖြစ်၏။

သက်ကယ်အိမ်သုံးလုံး၊ နွားတင်းကုပ်နှင့် ဟင်းသီးဟင်းရွက်များပါသည့် စိုက်ခင်းတစ်ခု ရှိနေသည်။ အလွန်ရိုးရှင်းသော ခြံဝင်းတစ်ခု ပေပင်။

ညဉ့်နက်ပြီး တစ္ဆေပွဲတော်ည ဖြစ်သောကြောင့် ရွာသူရွာသားများသည် တံခါးများပိတ်ကာ အိပ်စက်နေကြချေပြီ။

သက်ကယ်အိမ်ထဲသို့ ရောက်သည်နှင့် ချောင်ဖျင်သည် ဆီမီးခွက်များ ထွန်းညှိပေးကာ ရေနွေးတည်တော့၏။

ချောင်အန်းက မဝံ့မရဲဖြင့် ခွေးခြေခုံလေးပေါ်တွင်ထိုင်လျက် စုရီတို့ထံ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။

သက်ကယ်အိမ်သည် အလွန်ရိုးရှင်းပြီး နေရာတိုင်းတွင် အပေါက်အပြဲများ ရှိနေ၏။ စုရီက တစ်ခုတည်းသော လက်တင်ကုလားထိုင် ပေါ်တွင် ပေါ့ပေါ့ပါးပါးထိုင်ကာ၊

“ ခြံအပြင်ဘက်မှာ သွားစောင့်ပါ။ ”

-ဟု ယွမ်ဟမ်ကို အမိန့်ပေးလိုက်သည်။

ထို့နောက် ချောင်အန်းထံ ပြန်ကြည့်ပြီး၊

“ ညီမလေး ... မင်းလည်ပင်းက အဆောင်ကို ငါ့ပြနိုင်မလား။ ”

-ဟု တောင်းဆိုလိုက်သည်။

ချောင်အန်းက ခေါင်းညိတ်ကာ ချွတ်ပေးလိုက်၏။

“ စိတ်မပူပါနဲ့ ... မင်းရဲ့အစ်ကိုကြီးဆိုတဲ့ နာမ်စားက မင်းတို့မောင်နှမဘေးကင်းအောင် ငါဆောင်ရွက်ပေးခဲ့ပါမယ်။ ”

စုရီက ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးပြီးကတိပေး၏။ ဆွဲသီးသည် မဟူရာကျောက်စိမ်းဖြစ်သည်။

လက်ထဲတွင် နွေးထွေးပြီး အေးမြ၏။ အနီးကပ်ကြည့်လျှင် သစ်ရွက်အကြောများနှင့် တူသော တိမ်တိုက်ပုံစံများ ပါရှိသည်။

“ တကယ့် ... ယင်စုစည်းခြင်း ကျောက်စိမ်းပဲ။ ”

ဤသည်မှာ ကမ္ဘာမြေကြီး၏ ယင်သွေးပြန်ကြောများမှ မွေးဖွားလာသော ဝိညာဉ်ကျောက်စိမ်းတစ်မျိုးပေပင်။

သို့သော် သာမန်မိန်းကလေးတစ်ဦး ဝတ်ဆင်ပါက ကျောက်စိမ်းအတွင်းမှ ယင်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စုပ်ယူပေးပေမည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်သည် အေးစက်လာကာ အဆုံးတွင် ပျက်စီးသေဆုံးသွားမည်ဖြစ်၏။

များမကြာခင် ချောင်ဖျင်တစ်ယောက် ရေနွေအိုးဖြင့် ရောက်ရှိလာ၏။ စုရီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးသည်။

စုရီက နှင်းဂျင်ဆင်းတစ်ပိုင်းထုတ်ယူကာ ဂျင်ဆင်းမုတ်ဆိတ်အချို့ ဆွတ်ယူလျက် အိုးထဲ ခတ်ပေးလိုက်၏။

“ မင်းတို့မောင်နှမ နှစ်ယောက် တစ်ယောက် တစ်ခွက်သောက်ပါ။ ”

နှင်းဂျင်ဆင်းအမြစ်သည် အနံ့မွှေးပျံ့လွန်းကာ လူအများကို စိတ်နှလုံး အေးချမ်းပျော်ရွှင်စေသည်။

ခဏလေးအတွင်းမှာပင် ချောင်အန်းတစ်ယောက် မျက်နှာနီရဲလာပြီး ပူထူလျက် အိပ်ပျော်သွား၏။

ချောင်ဖျင်အတွက်မူ ခန္ဓာကိုယ်ထဲရှိ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပြေပျောက်ကာ သက်တောင့်သက်သာ ဖြစ်လာသည်။

“ မှတ်ထားပါ ... ဒီအိုးထဲက ဂျင်ဆင်းလက်ဖက်ရည်ကို တစ်နေ့တစ်ကြိမ်ပဲ မင်းတို့သောက်နိုင်တယ် မှတ်မိလား။ ”

“ ဟုတ်ကဲ့ ... ။ ”

“ မင်းညီမလေး ခန္ဓာကိုယ်ထဲမှာ ... ယင်စွမ်းအင်တွေ အများကြီး ရှိနေတယ် ဒီဂျင်ဆင်းလက်ဖက်ရည်ကို နေ့တိုင်းတစ်ခွက် သောက်ခိုင်းဖို့ မမေ့နဲ့ ... ခုနစ်ရက်အတွင်း အရှင်းပျောက်သွားလိမ့်မယ်။ ”

“ ကျေးဇူး အများကြီးတင်ပါတယ် သခင်လေး ... ငါချောင်ဖျင် မင်းရဲ့ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး အနာဂတ်မှာ မင်းကို ပြန်ဆပ်ပါ့မယ်။ ”

“ မင်းငါ့ကို ပြန်ဆပ်စရာ မလိုပါဘူး ... နောင်မှာ မင်းညီမလေးကို ကောင်းကောင်း ဂရုစိုက်ပါ။ ”

စုရီက ဖန်ရှောင်ဖုန်းတို့ မောင်နှမကို သတိရလာသည်။ အသက်ရှင် ရပ်တည်ရေး အတွက် တစ်ဦးပေါ်တစ်ဦး မှီခိုခဲ့ရ၏။ ထို့ကြောင့် ချောင်မောင်နှမကို မြင်ချိန်၌ သူ့နှလုံးသားကို ထိမိသွားစေသည်။

“ ဟမ့် ... မင်းဝံ့သလား။ ”

ရုတ်တရက် ခြံအပြင်ဘက်တွင် ဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားသံများ ရောထွေးလာ၏။

“ သခင်လေး ဒီတစ္ဆေက နည်းနည်း အစွမ်းထက်တယ် အနိမ့်ဆုံး ရှန်ရှင်းအဆင့်နဲ့ ညီမျှပါတယ်။ ”

များမကြာခင် ယွမ်ဟမ်က ခေါင်းပြတ်ကြီး တစ်လုံးကိုင်လျက် ပြန်လည် ဝင်ရောက်လာ၏။ ချောင်ဖျင်ခမျာ ထိတ်လန့်လွန်းသဖြင့် အသံမထွက်တော့ချေ။

စုရီမှ အိပ်ပျော်နေသော ချောင်အန်းထံ လှမ်းကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက်၊

“ ယွမ်ဟမ်၊ စာရေးစုတ်တံ၊ မှင်၊ စက္ကူနဲ့ မှင်ကျောက် ပေးပါ။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ စာရွက်အနီပေး ... ။ ”

ထို့နောက်တွင် ဝါကျတစ်ကြောင်းကို ချရေးလိုက်၏။ ငြိမ်းချမ်းခြင်းသည် ကောင်းချီး တစ်ခု ဖြစ်သည်။

စကားလုံးတိုင်းသည် ရှေးကျပြီး သန်စွမ်းလွန်းသည်။ မြင်ရုံဖြင့် ချောင်ဖျင်စိတ်ကို တည်ငြိမ်သွားစေ၏။

“ ငြိမ်းချမ်းခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ”

ယွမ်ဟမ်အတွက်မူ ဤဝါကျတိုသည် ခမ်းနားပြီး အကန့်အသတ်မဲ့ အရှိန်အဟုန်နှင့် သဟဇာတဖြစ်မှုတို့ ပါဝင်၏။

ထိုစဉ်စုရီက အသက်ပြင်းပြင်းရှူကာ ရပ်လိုက်သည်။ ဤစာကြောင်းကို နေရာအနှံ့ မြင်နိုင်ချေပြီ။ အလွန်အသုံးများကြ၏။

နေအိမ်များအတွင်းရှိ အေးချမ်းပြီး လာဘ်ရွှင်စေရန် မကောင်းဆိုးရွားများအပေါ် နှိမ်နင်းပေးသည့် တာအိုအဆောင်ပေပင်။

‘တောင်ငါးလုံး အိမ်တော်စောင့် အမိန့်’ ဟုလည်းခေါ်၏။ စုရွှမ်ကြွယ်ဘဝ၌ ၎င်းအမိန့်ကို ဧကရာဇ်အမိန့်အဖြစ် သုံးခဲ့ဖူး၏။

အလွန်မှော်ဆန်ပြီး ကောင်းကင်နှင့် မြေကြီးကြား ကောင်းမြတ်သော စွမ်းအားများ အပေါ် ဆွဲငင်ချိတ်ဆက်ပေးသည်။

ဤအမိန့်တော်တွင် ပါရှိသော ကျက်သရေသည် ‘ငြိမ်းချမ်းခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်၏’ဟူသော စကားလုံးများတွင် ရှိနေသည်။

၎င်းတွင်ပါရှိသော တာအိုနိယာမသည် ထိုစဉ်ကထက် ဆယ်ပုံတစ်ပုံအောက်သာ ရှိချေ၏။

သို့တိုင် ထိုမျှရေးသားလိုက်ရုံဖြင့် စိတ်ဝိညာဉ်စွမ်းအင် (၃၀%)နီးပါး ကုန်ဆုံးသွား ရချေပြီ။

လောကီလောကရှိ သာမာန်လူများ၏ နေအိမ်များတွင် ဘေးကင်းရန်နှင့် ကောင်းချီး မင်္ဂလာများရရှိရန် ကူညီပေးနိုင်မည်။

အကယ်၍သာ စုရွှမ်ကြွယ်ဘဝ၏ တောင်ငါးလုံး အိမ်တော်စောင့်အမိန့် ရေးလိုက လက်ရှိခွန်အားဖြင့် မလုံလောက်ချေ။

“ ချောင်ဖျင်၊ မနက်ဖြန် မင်းရဲ့ အိမ်တံခါးရွက်ပေါ်မှာ ဒီစာရွက်ကို ကပ်လိုက်ပါ မင်းတို့မောင်နှမအတွက် ငါ့ရဲ့လက်ဆောင်ပဲ နောက်ကျနေပြီ ... ငါတို့သွားတော့မယ် နှုတ်ဆက်ပါတယ်။ ”

စုရီက ပြောပြီးသည်နှင့် အိမ်ငယ်အတွင်းမှ လှမ်းထွက်သွား၏။ ယွမ်ဟမ့်က တိတ်ဆိတ်စွာ လိုက်ပါလာလေသည်။

“ သခင်လေး၊ မင်းနာမည် မေးလို့ရမလား။ ”

သို့မှသာ ချောင်ဖျင်က သတိရလာပြီး သူတို့နောက်သို့ ကမန်းကတန်း ပြေးလိုက်လျက် မေးမြန်းလိုက်၏။

သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်လျက် တိတ်ဆိတ်ခြင်းသည်သာ သူ့ကို စောင့်မျှော်နေသည်။ သခင်နှင့်ကျွန်ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။

***

All Chapters