← Chapters

ဘီလ်.. မင်္ဂလာပါ…

Vol. 50 Ch. 750

ဘီလ်.. မင်္ဂလာပါ…

Vol. 50 Ch. 750

ယနေ့ ဖုန်းယွီသည် မိုက္ခရိုဆော့ ရုံးချုပ်သို့ ပထမဆုံး အကြိမ် လာရောက် လည်ပတ်ခြင်းဖြစ်သည်။ ဝါရှင်တန်ရှိ Redmond တွင် ရှိနေခြင်းဖြစ်ပြီး မိုက္ခရိုဆော့ဖ်ကြောင့် ထိုမြို့ငယ်လေးမှာ နာမည် ကြီးလာခြင်းပင်။

ဖုန်းယွီ ဤနေရာနှင့် မရင်းနှီးချေ။ ဤသည်မှာ သူ့ဘဝ(၂)ခုစလုံးအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။

မိုက္ခရိုဆော့ဖ်သည် ၎င်းတို့ပိုင်ဆိုင်သည့် မြေကို ကဏ္ဍများစွာ ပိုင်းခြားထားသည်။ (၃)ထပ်၊ (၄)ထပ် အဆောက်အဦးများ ဒါဇင်နှင့်ချီ ရှိကာ ဘီလ်ဂိတ်၏ ရုံးခန်းသည် အဆောက်အဦအမှတ်(၃၄)၏ အပေါ်ဆုံး ထပ်တွင် ရှိပေသည်။

ဖုန်းယွီသည် ဘီလ်ဂိတ်အား မရောက်မှီကပင် ကြို၍ ဖုန်းဆက်ထားသဖြင့် ဘီလ်ဂိတ်သည် ဖုန်းယွီအား စောင့်နေပေသည်။ ယခု ဇူလိုင်လအတွင်း မိုက္ခရိုဆော့ဖ်တွင် ဘီလ်ဂိတ်၏ ရှယ်ယာများကို ဖော်ပြပြီး ကမ္ဘာ့ ဘီလီယံနာ အဆင့် ကြေငြာခဲ့သည်။ မိုက္ခရိုဆော့ဖ်၏ မဲပေးပိုင်ခွင့် (၆၀)ရာခိုင်နျုန်းကျော် ပိုင်ဆိုင်ထားသည်။

လူတော်တော်များများမှာ မိုက္ခရိုဆော့ဖ် ကောင်းကောင်း လုပ်ဆောင်နိုင်မည်ဟု ခံစားရ၍ ရှယ်ယာများ ဝယ်ယူခဲ့သည်။ သို့ရာတွင် ဘီလ်ဂိတ်၏ သူငယ်ချင်း တစ်ယောက်သာ မိုက္ခရိုဆော့ဖ်၏ ရှယ်ယာ တစ်ခုတစ်လေမှ မဝယ်ခဲ့ချေ။ ထိုသူငယ်ချင်းမှာ ကမ္ဘာ့ထိပ်တန်း ဘီလီယံနာ ဝါရန် ဘတ်ဖက် ပင် ဖြစ်တော့သည်။

ဝါရန်ဘတ်ဖက်သည် နည်းပညာများကို မကြိုက်ချေ။ မိုက္ခရိုဆော့ဖ်သည် လာမည့် (၁၀)နှစ်အတွင် အမြတ်အစွန်း မြင့်မြင့်မားမား ခံစားနိုင်မည်ဟု ယုံကြည်သော်လည်း ထိုလုပ်ငန်းနှင့် မရင်းနှီးချေ။ သို့အတွက် ရင်းနှီးမြုပ်နှံရန် မရွေးချယ်ခဲ့ချေ။ နောက်တစ်ချက်မှာ သူ့အနေဖြင့် မိုက္ခရိုဆော့ဖ် ရှယ်ယာများ ဝယ်ယူလျှင်ပင် ဘီလ်ဂိတ်သည် ဘတ်ဖက်ကို ဘုတ်အဖွဲ့ဝင် ဖြစ်ခွင့် ပေးမည် မဟုတ်ချေ။ ဘတ်ဖက်သည် ကုမ္ပဏီအား ချုပ်ကိုင်မည်ကို စိုးရိမ်မိ၍ ဖြစ်သည်။ နောက်ဆုံးတွင် ဘတ်ဖက် ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီမှာ ထိုသို့ဖြင့်ပင်လျှင်….။

ထိုအချိန်၌ လျှို့ဝှက်ဆန်းကြယ်သော သူဌေးကြီး တစ်ယောက်သည် မိုက္ခရိုဆော့ဖ်၏ ရှယ်ယာများကို ဝယ်ယူနေပေသည်။ ထို လျှို့ဝှက်ဆန်းကြယ် သူဌေးကြီးသည် ရှယ်ယာများအတါက် ဈေးကွက် တန်ဖိုးထက်ပင် ပိုပေးခဲ့ပြီး ဘီလ်ဂိတ်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သွားသည်။

ဘီလ်ဂိတ်သည် သူ့ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူသည့် ငွေကြေးများသည် ဟောင်ကောင်မှ ဖြစ်ကြောင်း တွေ့ရှိထားသည်။ ယမန်နှစ် နှစ်လယ်ပိုင်းက ဘီလ်ဂိတ်သည် ဖုန်းယွီနှင့် ခဏတာ တွေ့ဆုံခဲ့သည်။ သူတို့ တွေ့ဆုံပြီး ကတည်းမှ ထိုတရုတ်လူငယ်ကို စိတ်ဝင်စားနေခဲ့မိသည်။

ဘီလ်ဂိတ်သည် ထိုတရုတ်သူဌေးကြီးအား ပိုမိုစိတ်ဝင်စားစေသည့် အချက်မှာ တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်ပျူတာ ထုတ်လုပ်သည့် ကုမ္ပဏီတွင် သူ၏ ရှယ်ယာများ ပါဝင်နေပေသည်။ ထိုအချက်က မိုက္ခရိုဆော့ဖ်သည် တရုတ်ဆေးကွက်သို့ ဝင်ရောက်ကာ ဈေးကွက်ဝေစုကို သိမ်းပိုက်ရန် ကူညီပေးမည် ဖြစ်သည်။

ခဏတာ တွေ့ဆုံမှုအတွင်း အချိန်အတန်ကြာ စကားစမြည် ပြောခဲ့ကြသော်လည်း ဆုံးဖြတ်ချက်များ မချခဲ့ချေ။ ယမန်နှစ် နှောင်းပိုင်းတါင် ထိုတရုတ်သူဌေးကြီးသည် မိုက္ခရိုဆော့ဖ် ရှယ်ယာ အနည်းငယ် စတင် ရောင်းချခဲ့သဖြင့် ဘီလ်ဂိတ် အနည်းငယ် အံ့ဩခဲ့ရသည်။

ဘီလ်ဂိတ်က သူတို့၏ ပူးပေါင်းဆောင်ရွက်မျုအတွက် ဖုန်းယွီကို အဖြေတစ်ခုခု မပေးခဲ့ခြင်းအပေါ် ဖုန်းယွီ ဒေါသ ထွက်ခြင်း၊ သို့တည်းမဟုတ် ဖုန်းယွီသည် Apple သို့တည်းမဟုတ် IBM ကဲ့သို့ လက်တွဲဖော်အသစ် ရှာတွေ့သွား ခြင်းကြောင့်ဟု ထင်ခဲ့မိသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီများနှင့် ပူးပေါင်းကာ တရုတ်ဈေးကွက်ကို လက်ဝါးကြီးအုပ် လိုက်ပါက မိုက္ခရိုဆော့ဖ်သည် အမြတ်ငွေ တော်တော်များများ ဆုံးရှုံးသွားပေလိမ့်မည် မည်သည်။

မိုက္ခရိုဆော့ဖ်သည် တရုတ်ဈေးကွက်အား လေ့လာ ဆန်းစစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ လျင်မြန်သော စီးပွားရေး တိုးတက်မှုကို အခြေခံကာ တရုတ်နိုင်ငံတွင် ကွန်ပျူတာ သုံးဆွဲသူ အရေအတွက်သည် နောင်လာမည့် (၅)နှစ်အတွင်း ရုတ်တရက် တိုးလာပေလိမ့်မည်။ ကွန်ပျူတာ အားလုံးသည် မိုက္ခရိုဆော့ ထိန်းချုပ်မှု စနစ်များနှင့် ဆော့ဖ်ဝဲလ်များ အသုံးပြုပါက အမြတ်အစွန်းသည် ကြီးမားလာမည် ဖြစ်သည်။ မြောက်အမေရိက တစ်ခုလုံး ထက်ပင် မြင့်မားနိုင်ပေသည်။ နောက်တစ်ချက်မှာ တရုတ်နိုင်ငံတွင် လူဦးရေး များလွန်းပေသည်။

ထိုအချိန်၌ ဘီလ်ဂိတ်သည် ဖုန်းယွီအား ဆက်သွယ်ခဲ့စဉ် ဖုန်းယွီမှ ငွေအနည်းငယ် လို၍ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများ ပြန်လည် ဝယ်ယူမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် မိုက္ခရိုဆော့ဖ်ကို စိတ်ဝင်စား မြဲဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မတ်လမှ စတင်၍ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများကို ထပ်မံဝယ်ယူခဲ့ပြီး ထိုရှယ်ယာများကို (၁၃)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိ မြင့်တက်စေခဲ့သည်။

သို့ရာတွင် ဖုန်းယွီသည် နှိမ့်ချနေထိုင်ကာ သူ့ကိုသူ ရုပ်လုံးထွက်မပြချေ။ မိုက္ခရိုဆော့ဖ်၏ တတိယ အကြီးဆုံး အစုရှယ်ယာဝင် မည်သူဖြစ်သည်ကို မီဒီယာများစွာမှ စိတ်ဝင်စားခဲ့ကြသည်။ သို့ရာတွင် ဖုန်းယွီနှင့် ပတ်သက်သည့် အချက်အလက်များ ၎င်းတို့ မရခဲ့ကြချေ။

ယနေ့တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော သူဌေးကြီးသည် ဘီလ်ဂိတ်ထံ လာရောက် လည်ပတ်မည် ဖြစ်သည်။

ဘီလ်ဂိတ်မျာ လွတ်လပ်မှုကို နှစ်သက်ကြောင်း လူတစ်ယောက်မှ ပြောခဲ့ဖူးကာ သူ၏ အင်ဂျင်နီယာများအတွက်ပင် လွတ်လပ်၍ သက်တောင့်သက်သာရှိသည့် လုပ်ငန်းခွင်တစ်ခု တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဘီလ်ဂိတ်သည် လောဘကြီးသူဟု လူတစ်ယောက် ပြောဖူးပေသည်။ မိုက္ခရိုဆော့ဖ် စတင်စဉ်က ပေါအယ်လင်သည် ဘီလ်ဂိတ်ထက် သာလွန်ပေသည်။ သို့ရာတွင် ပေါအယ်လင်မှာ မိသားစု မရှိသဖြင့် ဘီလ်ဂိတ်၏ မိသားစုသည် ပိုမို ချမ်းသာသဖြင့် ဘီလ်ဂိတ်သည် ကုမ္ပဏီ၏ ရှယ်ယာ (၆၀)ရာခိုင်နှုန်း ရခဲ့ပြီး ပေါအယ်လင်မှာ (၄၀)ရာခိုင်နှုန်းသာ ရခဲ့သည်။

ဘီလ်ဂိတ်သည် ဒေါသထါက်နေကြောင်း ကောလာဟလများ ရှိခဲ့ဖူးပေသည်။ သူ၏ ပရိုဂရမ်မာများကိုပင်..

“အဲ့ဒါ ငါကြားဖူးသမျှထဲ အမိုက်ဆုံးအကြံပဲ..”

ဟု ပြောဖူးပေသည်။

လူတစ်ယောက်ကမူ ဘီလ်ဂိတ်သည် ရူးကြောင်ကြောင် တစ်ယောက်ဟု ပြောဖူးပေသည်။ အခြားသူများ ရှေ့တွင် မိမိကိုယ်မိမိ ထပ်ကာထပ်ကာ ချီးမွမ်းခန်းဖွင့်ကာ သူ၏ ဆုံးဖြတ်ချက်များကိုမူ မည်သူမှ မေးခွန်းထုတ်ပိုင်ခွင့် မရှိချေ။

သို့ရာတွင် ထိုကောလာဟလများအားလုံးသည် ဘီလ်ဂိတ်သည် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ငြင်းဆန်၍ မရချေ။

ဖုန်းယွီမှာမူ ဘီလ်ဂိတ်အား လေးစားမှု အပြည့်ရှိပေသည်။ ဘီလ်ဂိတ်သာ မရှိပါက မိုက္ခရိုဆော့ဖ် ရှိတော့မည် မဟုတ်ချေ။ သူမရှိပါက ကွန်ပျူတာနှင့် အင်တာနက် အလွန်မြန်ဆန်မည် မဟုတ်ချေ။

ဖုန်းယွီသည် ဘီလ်ဂိတ် ရုံးခန်းအတွင်း ဝင်သွားသည့်အခါ အံ့ဩသွားသည်။ ထိုရုံးခန်းမှာ သူထင်ထားသည့်ထက် အလွန်ကျဉ်းပေသည်။ ဤသည်မှာ အခြားသော စီမံခန့်ခွဲရေး ဝန်ထမ်းများ၏ အခန်းအရွယ်အစား ဖြစ်ပြီး ဖုန်းယွီ မျှော်လင့်ထားသကဲ့သို့ မဟုတ်ချေ။ ဖုန်းယွီသည် ဘီလ်ဂိတ်မှာ အလွန်ကျယ်ဝန်းသည့် အဆောက်အဦကြီးတစ်ခု၌ ရုံးခန်း ဖွင့်ထားမည်ဟု ထင်ခဲ့မိသည်။

ဤရုံးခန်း၏ ဆင်ယင်ထားမှုများမှာ သာမာန် ပရိုဂရမ်မာ တစ်ယောက်၏ ရုံးခန်းနှင့်ပင် တူနေပေသည်။ ဘီလ်ဂိတ်သည် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာများ၏ အကြီးအကဲဖြစ်ခြင်းနှင့် ပတ်သက်၍မူ လိမ်ညာနေသကဲ့သို့ပင်။ ယနေ့အချိန်အထိ ဘီလ်ဂိတ်သည် ၎င်းတို့၏ ဆော့ဖ်ဝဲကို တီထွင်ခြင်း၊ စမ်းသပ်ခြင်းများတွင် ပါဝင်နေဆဲ ဖြစ်သည်။

“မစ္စတာဖုန်း… မင်းနဲ့ ထပ်တွေ့ခွင့်ရတာ ဝမ်းသာပါတယ်..”

ဘီလ်ဂိတ်သည် နှုတ်ဆက်ရင်း သူ့ညာလက် ဆန့်ထုတ်ပေးလိုက်သည်။

“ဘီလ်.. မင်္ဂလာပါ…”

ဖုန်းယွီ ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်စဉ် ဘီလ်ဂိတ်မှာ သူ့ကို ဆွဲဖက် ထွေးပွေ့လိုက်သည်။

“ဖုန်း… မင်း မိုက္ခရိုဆော့ဖ်ကို ဘယ်လိုထင်လဲ..”

ဘီလ်ဂိတ်မှ စ၍ မေးလိုက်သည်။

ဖုန်းယွီ ပြုံးကာ….

“အရမ်းကောင်းတယ်.. ကျုပ် စိတ်ကူးထားတာထက် ပိုကောင်းတယ်.. အဲ့လိုမှ မဟုတ်ရင် မိုက္ခရိုဆော့ဖ် ရှယ်ယာတွေ ကျုပ်ဘယ်ဝယ်မှာလဲ.. ဒီအတိုင်းဆို ကျုပ်မမှားဘူးထင်တယ်.. ရှယ်ယာဈေးတွေတောင် ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တက်လာနေပြီ..”

“ဟား…. ဟား…. ဟား…. ဖုန်း.. ရေ… မင်း ငါတို့ မိုက္ခရိုဆော့ဖ် ရှယ်ယာတွေ ကိုင်ထားဖို့ ဆုံးဖြတ်ချက် အရမ်း မှန်သွားတယ်..”

ဘီလ်ဂိတ် ဂုဏ်စွာ အော်လိုက်သည်။

“အာ.. ကျုပ် မင်းကို ဂုဏ်ပြုဖို့ မေ့သွားတယ်.. မစ္စတာဘီလ်… ခင်ဗျားက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ယောက်ပါဗျာ..”

ဘီလ်ဂိတ် ပြုံးလိုက်သည်။ ဤသည်မှာ အသက်(၄၀)ဖြင့် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးဖြစ်လာသည်မှာ ပထမဆုံးလူ ဖြစ်သည်။ ဤသည်က သူ့အတွက် ဂုဏ်ယူစရာ မဟုတ်ပေလော။

သို့ရာတွင် သူ့ရှေ့မှ လူငယ်သည် အသက်(၂၀)ကျော်ခန့်သာ ရှိသေးသည်။ သူ့ပိုင်ဆိုင်မှုများအား ကြေငြာလိုက်ပါက အံ့ဩစရာ ဖြစ်ပေလိမ့်မည်။ သူပိုင်ဆိုင်ထားသည့် မိုက္ခရိုဆော့ဖ် ရှယ်ယာများသည်ပင် ကမ္ဘာ့သူဌေး ဘွဲ့ခံရန် လုံလောက် နေပေသည်။ ထိုလူငယ်နှင့် နှိုင်းယှဉ်ပါက ဘီလ်ဂိတ်သည် သူ့အောင်မြင်မှုမှ ဘာမှ မဟုတ်ကြောင်း ခံစား ရလိုက်သည်။

“ဖုန်း.. ကျုပ် အရမ်းသိချင်တာ တစ်ခုရှိတယ်.. တွေ့ဆုံ မေးမြန်းမှုတွေကို မင်းဘာလို့ ငြင်းနေတာလဲ.. မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို မင်းမသိဘူးလား.. မင်းသာ မီဒီယာရှေ့ ထွက်ချင်စိတ်ရှိရင် စတိတော့ ဝမ်းသာသွားမှာ အမှန်ပဲ..”

ဖုန်းယွီ ရယ်မောကာ ခေါင်းယမ်းလိုက်သည်။

“မီးရောင်တွေအောက် မနေတတ်ပါဘူးဗျာ…”

‘အာ.. စိတ်မကောင်းစရာပဲ.. တရုတ်တွေက နှိမ့်နှိမ့်ချချ နေရတာ ကြိုက်တဲ့ သဘောရှိတယ်..’ ဟု စိတ်အတွင်း တွေးရင်း ဘီလ်ဂိတ်မှာ ပုခုံးတွန့်ပြရုံသာ တတ်နိုင်တော့သည်။

“ဟုတ်သားပဲ.. မိုက္ခရိုဆော့က တရုတ်ဈေးကွက်ထဲ ဝင်ဖို့ အချိန်ရောက်ပြီလို့ မင်းပြောခဲ့တာ တကယ်ပဲလား..”

-------*****--------

All Chapters