← Chapters

မတူကွဲပြားသော ချဉ်းကပ်မှု

Vol. 50 Ch. 736

မတူကွဲပြားသော ချဉ်းကပ်မှု

Vol. 50 Ch. 736

ဇူလိုင်လကုန်တွင် အစိုးရဌာနများ၌ လုပ်ငန်းများ ပြန်စကြသည်။ ဝမ်သောင်ကျင်းနှင့် ကျန်းဟန်တို့သည် ထိုအခွင့်အရေးကြောင်း အားလပ်ရက်ရသွားကြသည်။ ထိပ်တန်း ကျောင်းသားလျိုကန်သည် လီနနှင့် အတူတူပင်။ ဘွဲ့လွန်တန်း ဆက်လက် တက်ရောက်မည် ဖြစ်သည်။ ဤနွေရာသီ အားလပ်ရက်တွင် ပါမောက္ခများကို သုတေသန လုပ်ရန် အကူအညီ ပေးခဲ့ပြီး ဖုန်းယွီနှင့် လီနတို့သာ မွေးရပ်မြေသို့ ပြန်သွားကြသည်။

ဖုန်းယွီ၏ မိဘများသည် ပမ့်မြို့တော်၌ လီနနှင့် တွေ့ဆုံခဲ့သည်။ သူတို့၏ ချွေးမလောင်းအား အလွန်ချစ်ကြ ပေသည်။

လီနသည် ပညာတတ်ကာ နေတတ်ပေသည်။ ကျန်းမူဟွာသည် လီန၏ စာလုံး (၈)လုံးဖြင့် ဗေဒင်ဆရာထံ သွားခဲ့ကြောင်း ဖုန်းယွီအား လျှို့ဝှက် ပြောပြခဲ့သည်။ ဗေဒင်ဆရာမှ လီနသည် ဖုန်းယွီနှင့် အလွန်သင့်တော်ကြောင်း ဟောလိုက်သည်။ နောင်တွင် ခင်ပွန်းအား အကူအညီပေးနိုင်ပြီး သားသမီးများနှင့် ကြွယ်ဝချမ်းသာမည်ဟုလည်း ဟောလိုက်သည်။

တရုတ်နိုင်ငံ၏ သားဆက်ခြား ဥပဒေကို နည်းအနည်းငယ်ကြာအောင် ကျင့်သုံးခဲ့သော်လည်း ပြစ်ဒဏ်မှာ ငွေဒဏ်သာပင်။ ကျန်းမူဟွာသည် ဖုန်းယွီအား ဒဏ်ငွေသာ ဆောင်ခိုင်းစေလိုသည်။ မည်သို့ပင်ဖြစ်စေ ကလေး များများ မွေးရပေလိမ့်မည်။

လီကျစ်ရှင်းမှာ ချစ်စရာကောင်းသော်လည်း ကျန်းမူဟွာ၏ တူဖြစ်သည်။ ဖုန်းယွီ၏ မိဘများအနေဖြင့် သူ့ကို တစ်ချိန်လုံး အနားတွင် မထားနိုင်ချေ။ လီကျစ်ရှင်း၏ အဘိုးအဘွား (ကျန်းမူဟွာ၏ မိခင်၊ ဖခင်) တို့မှ ခွင့်ပြုမည် မဟုတ်ချေ။ သို့အတွက် ကျန်းမူဟွားနှင့် ဖုန်းရှင်းထိုက် တို့သည် ဖုန်းယွီနှင့်အတူ လိုက်ပါ နေထိုင်နိုင်ရေးအတွက် သားသမီး များများ ရမည်ဟု မျှော်လင့်ထားကြသည်။

ဖုန်းယွီသည် လီန၏ မိဘများမှလည်း သူတို့ မြေများကို ပြုစုချင်လာလျှင် မည်သို့လုပ်မည်နည်း မေးလိုက်ရာ ကျန်းမူဟွား လန့်သွားသည်။ သို့အတွက် သား(၂)ယောက်ပင် မွေးပေးစေချင်စိတ် ဖြစ်လာသည်။ ထိုနည်းအားဖြင့် မြေတစ်ယောက်စီ ပြုစုနိုင်ပြီး ရန်ဖြစ်ရန် လိုအပ်တော့မည် မဟုတ်ချေ။

ဖုန်းယွီသည် ချွေးစေးများ ထွက်လာတော့သည်။ သူ့အနေဖြင့် ကလေးများ ချစ်တတ်သော်လည်း မိဘများ၏ ဆန္ဒအတိုင်း သဘောမတူနိုင်ပေ။

ဖုန်းယွီနှင့် လီနတို့တွင်း သားသမီး(၂)ယောက် ရှိပါက အဘိုးအဘွားများထံ ခွဲ၍ ထား၍မည်လော။ ဤသည်က ကလေးများအတွက် မည်သို့ကောင်းနိုင်မည်နည်း။ ကံကောင်းစွာဖြင့် ဖုန်းယွီသည် အကြောင်းပြချက်ကောင်း တစ်ခု စဉ်းစားမိလိုက်သည်။ လီနသည် ကျောင်းဆရာတစ်ယောက်ဖြစ်ကာ နောင်တွင် တက္ကသိုလ်၌ သင်ကြားရပေမည်။ ထို့ကြောင့် သားသမီးများကို ပြုစုစောင့်ရှောက်ပေးသူ ဖြစ်သင့်ပေသည်။

လီနနှင့် ဖုန်းယွီ၏ မိဘများ တွေ့ဆုံးမှုမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုမူ မျက်ရည် ကျနေရသည်။ သူသည် ဖုန်းယွီ၏ ချစ်သူအဖြစ်နှင့် ဖုန်းယွီမိဘများကို တွေ့ဆုံရခြင်းဖြစ်သည်။ ကျန်းမူဟွာသည် လီနကို မြင်ရသည်နှင့် လက်မလွှတ်တမ်း ကိုင်ထားတော့သည်။

လီနသည် ကျန်းမူဟွားမှ အနီရောင် လက်ဆောင်ထုပ် ပေးလိမ့်မည် မျှော်လင့်မထားသည့်အပြင် သိမ်းထားပေးရန် တောင်းဆိုလာသည်။

ဖုန်းယွီသည်လည်း စကားမပြောနိုင်တော့ချေ။ လီနအား သိမ်းထားရန်သာ ပြောနိုင်တော့သည်။ ထိုအနီရောင် လက်ဆောင်ထုပ်မှာ သူ့မိဘများမှ လက်ခံလိုက်ပြီဟု ဆိုလိုရာလည်း ရောက်ပေသည်။

လီနအနေဖြင့် ယောက္ခမလောင်းများ အထင်ကြီးရန် မည်သို့ နေထိုင်ရမည်ကို သိထားပေည်။ နေ့လည်စာ ချက်ပြုတ် ကျွေးမွေးခြင်း။ ဖုန်းယွီ၏ မိဘများသည် ထမင်းစားနေစဉ် အချက်အပြုတ် ကျွမ်းကျင်မှုကို ချီးမွမ်းခန်း ဖွင့်နေကြပြီး တော်ဝင် စားဖိုမှူးများနှင့်ပင် တန်တူထား ပြောနေကြသည်။

ဖုန်းယွီမှာမူ သူ့မိဘများ ဇာချဲ့နေသည်ဟု တွေးနေမိသည်။ လီနသည် ကောင်းကောင်း ချက်ပြုတ်နိုင်သည် ဆိုသော်လည်း သာမာန်သာပင်။ ကြယ်(၅)ပွင့် စားသောက်ဆိုင် စားဖိုမှူးများနှင့် နှိုင်းယှဉ်၍ မရချေ။ သို့ရာတွင် သူ့မိဘများမှ လီနကို သဘောကျကြောင်း ပြသနေခြင်းသာ ဖြစ်သည်။

ဖုန်းယွီ၏ မိဘများအနေဖြင့် လီန၏ ချက်ပြုတ်စွမ်းရည်ကို ချီးကျူးခဲ့သည်မှာ လီန ချက်ပြုတ်ထားသမျှ ဟင်းပွဲများ အားလုံး ဖုန်းယွီအကြိုက်ဆုံး ဟင်းများ ဖြစ်၍ပင်။ လီနသည် နောင်တွင် သူတို့သားကို ကောင်းကောင်း ပြုစု စောင့်ရှောက်နိုင်ကြောင်း ပြသနေ၍ ဖြစ်သည်။

ထိုညတွင် ဖုန်းယွီနှင့် လီနသည် သားကောင်း သမီးများ ဟန်ဆောင်ကာ အခန်းခွဲအိပ်ခဲ့ကြသည်။ သို့ရာတွင် နာရီဝက် အကြာ၌ ဖုန်းယွီမှာ လီနအခန်းသို့ တိတ်လေးသွားကာ တံခါးဖွင့်ရန် ကြိုးစားခဲ့သည်။

သော့ခတ်ထားပေသည်။

“လီန.. ငါ့ကို တံခါးဖွင့်ပေးအုံး..”

ဖုန်းယွီ တိုးတိုးလေး ပြောလိုက်သည်။

လီနသည်လည်း အိပ်မပျော်ချေ။ တံခါးနား ကပ်ကာ..

“နင် ဘာလာလုပ်တာလဲ.. နင့်မိဘတွေ ဟိုဘက်ခန်းမှာ ကပ်နေတာလေ..”

တိုးတိုးလေး မေးလိုက်ခြင်းသာပင်။

“သူတို့ အိပ်ပျော်နေပြီ..”

“ဘယ်လိုဖြစ်ဖြစ် အဲ့လိုနေလို့မရဘူး.. သူတို့ ကြားသွားလိမ့်မယ်..”

“အခု တံခါးသာ ဖွင့်စမ်းပါဟာ.. မဟုတ်ရင် ငါ အခန်းတံခါးကို ထုတော့မှာနော်..”

လီနသည်လည်း မနေသာတော့ပဲ တံခါး အသာဖွင့်ပေးလိုက်စဉ် ဖုန်းယွီ ချက်ချင်း ဝင်လာပြီး တံခါးသော့ခတ်လိုက် သည်။

“ဟား.. ဟား.. ဟား…. နင် လွတ်ဖို့ လမ်းမရှိပါဘူး…”

ပြောရင်းဖြင့် လီနအား ကုတင်ပေါ်သို့ တွန်းချလိုက်တော့သည်။

(၂)ဦးသား စိတ်ကျေနပ်သွားကြသည့်အခါ ဖုန်းယွီအား တွန်းထုတ်၍ သူ့အခန်းသို့ ပြန်ခိုင်းလိုက်သည်။ သို့ရာတွင် ဖုန်းယွီ ငြင်းဆန်ကာ လီနကို ပွေ့ဖက်ထားလိုက်သည်။

နောက်တစ်နေ့ လီန အစောကြီး နိုးလာသည်။ ဖုန်းယွီကို လှုပ်နှိုးလိုက်သည်။ ဖုန်းယွီအား သူ့အခန်းသို့ ပြန်လွှတ် လိုခြင်းပင်။ ဖုန်းယွီ နိုးလာကာ အတွင်းခံ ဝတ်လိုက်သည်။ ထို့နောက် တံခါးဖွင့်လိုက်သည့်အခါ သူ့မိခင် ထမင်းချက်နေကြောင်း တွေ့လိုက်ရတော့သည်။

ကျန်းမူဟွားမှာ သားဖြစ်သူကို မမြင်ချင်ယောင်ဆောင်ကာ အမြန်လှည့်ထွက်သွားသည်။ တစ်ဖက်လှည့်၍ ထမင်း ဆက်ချက်နေစဉ် ဖုန်းယွီမှာ သူ့အခန်းအတွင်းသို့ အမြန်ပြေးသွားလိုက်ရသည်။

သို့ရာတွင် အခန်းအတွင်း ရောက်သည့်အခါ သူအမှားတစ်ခု လုပ်မိကြောင်း သိလိုက်ရသည်။ ယမန်နေ့ညက အခန်းတံခါးပိတ်ရန် မေ့သွားခဲ့သည်။

ဆိုလိုသည်မှာ မိခင်ဖြစ်သည်သည် သူ လီနနှင့်အတူ တစ်ညလုံး ရှိနေမှန်း သိသွားပေပြီ။ နှစ်ယောက်အတူ အိပ်ကြောင်း ဖုန်းယွီ မိဘများ သိသွားသည်ကို လီန ပြန်သိရပါက ရှက်၍ပင် လဲသေချင်စိတ် ပေါက်သွား ပေလိမ့်မည်။

နံနက်စာ စားချိန်၌ ဖုန်းယွီ၏ မိဘများသည် သူတို့(၂)ယောက်ကို ထူးဆန်းသည့် အကြည့်တစ်မျိုးဖြင့် ကြည့်နေကြသည်။ လီနမှာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ နံနက်စာ စားပြီးသည်နှင့် လီန သူ့အိမ်သို့ ပြန်ချင်နေသည်။ သူ့မိဘများ ခြံဝသို့ လိုက်ပို့ကာ ဖုန်းယွီမှာမူ လီနကို ပြန်လိုက်ပို့ခဲ့သည်။

ကားအတွင်း၌ လီနသည် ဖုန်းယွီခါးကို လှမ်းဖက်ရင်းဖြင့်..

“ဒီနေ့မနက် ငါ့အခန်းထဲက ခိုးထွက်တော့ နင့်အမေ တွေ့သွားသေးလား..”

“မတွေ့ပါဘူး.. နင် အမှားတစ်ခုခု လုပ်ထားမိလို့ ထင်မိထင်ရာ တင်နေတာပါ.. အခန်းထဲက ထွက်တော့ ငါ့အမေ မီးဖိုချောင်ထဲမှာလေ ဘယ်လိုလုပ် တွေ့မှာလဲ..”

ဖုန်းယွီ စုံမှိတ်၍ လိမ်လိုက်သည်။

လီနမှာ သံသယရှိသော်လည်း ဖုန်းယွီကို ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။

***********

“မင်္ဂလာပါ ဒေါ်ဒေါ်နဲ့ ဦးလေး..”

ဖုန်းယွီလက်ထဲတွင် လက်ဆောင်များ အပြည့်ဖြင့် လီန၏ မိဘများကို နှုတ်ဆက်လိုက်သည်။ လီန မိခင်သည် ဖုန်းယွီထံမှ လက်ဆောင်များ လက်ခံလိုက်သော်လည်း လီန ဖခင်မှာမူ စကားသံ ထွက်မလာချေ။

လီနမှာ စိတ်မချမ်းသာစွာဖြင့် သူ့ဖခင်အား..

“အဖေ….”

ထိုအခါတွင်မှ လီန ဖခင်သည်..

“ဟုတ်ပြီ.. ဟုတ်ပြီ.. လာ.. ထိုင်အုံး.. ပြီးရင် သောက်..”

ဖုန်းယွီ ချက်ချင်း ပြုံးကာ..

“ဟုတ်ကဲ့ ခင်ဗျ…”

ဖုန်းယွီ အရက်မသောက်တတ်သော်လည်း လီန ဖခင်မှ သူနှင့်အတူသောက်ရန် ပြောလာသည်။ မဖြစ်မနေ လိုက်နာ ရပေလိမ့်မည်။ ဤသည်က ဆက်ဆံရေး တိုးတက်စေသည် မဟုတ်ပေလော။

“ဟား.. ဟား…”

ပုကျိုး တစ်ခွက်သောက်ကာ ခွက်ကို အောက်ချလိုက်သည်နှင့် ဖုန်းယွီမှာ အနည်းငယ် မူးဝေလာသည်။ စိတ်အတွင်း ငြီးတွားမိလိုက်သည်။ မိမိသည် (၄၃)ရာခိုင်နှုန်း အရက်ဓါတ်ပါဝင်သည့် ပုကျိုးပုလင်း ယူလာခဲ့သော်လည်း ယခု သောက်သည့် ပုလင်းမှာ အရက်ဓါတ် (၆၀)ရာခိုင်နှုန်းကို မည်သည့်အတွက် သောက်နေရသနည်း။

လီနသည် ချက်ချင်းပင် အမြည်းအနည်းငယ် ယူ၍ ဖုန်းယွီပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

လီန ဖခင် စိတ်မရွှင်တော့ချေ။ မိမိသည်လည်း အရက်သောက်နေခြင်းဖြစ်ပြီး မည်သည့်အတွက် မိမိ ပန်းကန် အတွင်း အမြည်းထည့်မပေးသနည်း။

“ရှောင်ဖုန်း.. နောက်တစ်ခွက် ထပ်သောက်ရအောင်..”

နောက်တစ်ခွက်လော။ ဖုန်းယွီ သူ့လက်အတွင်းမှ ဖန်ခွက်ကြီးကို ကြည့်လိုက်မိသည်။ ဤသည်က နည်းနည်း နောနော ဖန်ခွက်ကြီး မဟုတ်ချေ။ နောက်တစ်ခွက် သောက်လိုက်ပါက မူးသွားပေတော့မည်။

သို့ရာတွင် ဖုန်းယွီမှာ လီနဖခင် သူ့ကို စိုက်ကြည့်နေကြောင်း တွေ့ရသည့်အခါ အတွေးရပ်လိုက်ပြီး..

“ဟုတ်ကဲ့ပါ.. ထပ်သောက်တာပေါ့..”

ဖုန်းယွီ သူ့ပုကျိုးဖန်ခွက် (၂)ခွက် သောက်ပြီးသွားပေပြီ။ လီနသည် သူ့ကျောပြင်အား ပွတ်ပေးရင်း သက်သာအောင် ကြိုးစားလုပ်ပေးနေသည်။ သူသည် ကျင်းလီပေါင် ပုလင်းကို ဖုန်းယွီအနား တွန်းပို့လိုက်ရင်း…

“ဒါသောက်လိုက်… နင် အရက်လဲ ကောင်းကောင်း သောက်တတ်နာ မဟုတ်ဘဲနဲ့.. ငါ့အဖေနဲ့များ ပြိုင်ဿောက်ရဲ သေးလား..”

လီနဖခင်သည် ဖုန်းယွီအားကြည့်ရင်း အောင်ပွဲခံသည့် အရိပ်အယောင်များ မျက်ဝန်းတွင် ပြည့်နေပေသည်။ ဖုန်းယွီအား လှောင်ပြောင် နေသကဲ့သို့ပင်။ ထို အကြည့်များထဲ၌ ‘ဘာဖြစ်တာလဲ.. ကြောက်နေတာလား’ ဟူ၍ ပေါ်လွင်နေပေသည်။

ဖုန်းယွီ ရှုံးနိမ့်မှုကို ဝန်မခံလိုချေ။ အရက်သာ မဟုတ်ပေလော။ မည်သည့်အတွက် မူးနေရသနည်း။ ယနေ့ လီနဖခင် အထင်ကြီးအောင် လုပ်ထားနိုင်ရပေလိမ့်မည်။ မိမိ အသင့် ဖြစ်နေပေပြီ။

“လာစမ်းပါ.. ဦးလေး.. ဖန်ခွက် တိုက်ပါရစေ.. နောက်ထပ် တစ်မော့စီ ချလိုက်ရအောင်..”

“အဲ့လိုမှပေါ့ကွ…”

လီနဖခင် ကျေနပ်စွာဖြင့် သူ့ဖန်ခွက်ကို တစ်ကျိုးတည်း မော့သောက်လိုက်သည်။

“နင် ဘာလုပ်နေတာလဲ.. ရှောင်ဖုန်း အမြန်စားလိုက်တော့လေ..”

လီန မိခင်သည် သူ့ယောက်ျားအား စိုက်ကြည့်နေလိုက်သည်။

ဖန်ခွက် (၂)ခွက်မှာ ဖုန်းယွီ၏ ကန့်သတ်ချက် ကုန်လုနီးပါးဖြစ်သည်။ သို့ရာတွင် သူသည် ငယ်ရွယ်ကာ ကျန်းမာ ပေသည်။ ထိန်းထားနိုင်သေးသည်။ သူ့ဖန်ခွက် မြှောက်ကာ လီနဖခင်နှင့် ခွက်ချင်း တိုက်လိုက်သည်။

နာရီဝက် အကြာ၌ ဖုန်းယွီနှင့် လီနဖခင်တို့သည် အရက်ပါဝင်မှု (၆၂)ရာခိုင်နှုန်းရှိ ပုကျိုး (၂)ပုလင်း ကုန်သွားချေသည်။ လီန ဖခင်သည် အရက်ဓါတ်ကို ကောင်းကောင်း မထိန်းနိုင်တော့ချေ။ သူသည် ဖုန်းယွီအား သင်ခန်းစာတစ်ခု ပေးချင်နေခြင်းပင်။

လီန ဖခင်သည်လည်း မူးနေချေပြီ။ ဖုန်းယွီ ပုခုံးများ နာသွားကာ..

“ရှောင်ဖုန်း.. မင်း ငါနီးနီးကို အရက်သောက်နိုင်တာပဲကွ.. လာ နောက်တစ်ခွက် ထပ်သောက်ရအောင်..”

“ဟုတ်ကဲ့ပါ.. လာဗျာ.. ထပ်သောက်ကြတာပေါ့..”

(#ဘာသာပြန်ဆိုသူ မှတ်ချက်။ စာလုံး(၈)လုံးဆိုသည်မှာ တရုတ်ရိုးရာ ဗေဒင်မေးရာတွင် မွေးဖွာရာ အချိန်နာရီ၊ နေ့၊ လ၊ နှစ်၊ လိင်အမျိုးအစာ ဖြင့် သတို့သား/သတို့သမီး လောင်း တို့၏ ဇာတာကို တွက်ချက်ရာတွင် သုံးခြင်းဖြစ်သည်။)

-------*****--------

All Chapters