← Chapters

ဗျူဟာကောင်း

Vol. 50 Ch. 738

ဗျူဟာကောင်း

Vol. 50 Ch. 738

ပိုင်တာ့စန်း အုပ်စုကို တည်ထောင်ခဲ့ပြီး စတင်လည်ပတ်ခဲ့သည်။ ပထမဦးစွာ သူတို့သည် နိုင်ငံပိုင် လယ်မြေများကို ဤကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံခါင့်ပြုခြင်းဆိုင်ရာ ပြဿနာများ ဖြေရှင်ရမည် ဖြစ်သည်။ အစိုးရပိုင် လယ်မြေ (၁၀၀)ကျော် ရှိကာ လယ်ယာနှင့် လူဦးရေ ကွာခြားပေသည်။

လယ်မြေငယ် များပြားလွန်းသဖြင့် ပိုင်တာ့စန်း အုပ်စုသည် ၎င်းတို့၏ ဗျူဟာ ပြောင်းလဲလိုက်ရသည်။ အစိုးရ ဌာနများမှ ၎င်းတို့၏ ကိုယ်ပိုင် ကုမ္ပဏီများကို ကြီးကြပ်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စိုက်ပျိုးရေး ဝန်ကြီးဌာန (၉)ခုမှ တည်ထောင်ထားသည့် ကုမ္ပဏီများသည် ပိုင်တာ့စန်း အဖွဲ့၏ လုပ်ငန်းခွဲများ ဖြစ်လာပြီး ၎င်းတို့၏ လယ်မြေများ အသုံးပြုကာ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် ပိုင်ဆိုင်ကြသည်။

ရာဖြတ်ကာလတွင် နိုင်ငံတော်၏ လယ်ယာထွက်ကုန် တန်ဘိုး အလွန်နိမ့်ကျပြီး စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် အစုရှယ်ယာများကို လျှော့ချခဲ့သည်။

ပိုင်တာ့စန်း အုပ်စုမှလည်း သူတို့လိုချင်သည့် သစ်တောများ မရချေ။ အယ့်ကြောင့် ဟူမူ လွန်ခဲ့သည့် နှစ်ပိုင်းက လောင်ကျင်းပြည်နယ်တွင် နိုင်ငံပိုင် သစ်တော ကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပြည်နယ် အစိုးရမှလည်း ထိုကုမ္ပဏီအကြောင်း သိထားပေသည်။ သို့ရာတွင် ၎င်းတို့သည် ထိုကုမ္ပဏီကို ရယူနိုင်ရေးအတွက် ဗဟိုအစိုးရ၏ ပံ့ပိုးမှု လိုချင်နေပေသည်။

သို့ရာတွင် ထိုအကြံပြုချက်အား ပြည်နယ် သစ်တောအုပ်ချုပ်ရေးမှူးမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ လောင်ကျင်း ပြည်နယ်အစိုးရ အုပ်စုသည် ထိုစက်မှုလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ရှေ့ပြေး စမ်းသပ် ကုမ္ပဏီ ဖြစ်ပြီး ကောင်းကောင်း လုပ်နေပေသည်။ ထိုကုမ္ပဏီသည် အားလုံးနှင့် မည်သို့ ပေါင်းစည်းနိုင်မည်နည်း။

ရှုချန်ယို၏ အကြံပြုချက်တွင် သစ်တောလုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဖော်ပြထားသည်။ လောင်ကျင်း သစ်တော အဖွဲ့သည် လောင်ကျင်း ဒေသ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ပြည်နယ် သစ်တော အုပ်ချုပ်ရေးမှ ခေါင်းဆောင်များသည် ရှုချန်ယို၏ အစီအစဉ်ကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ကြောင်း ခံစား ခဲ့ရသည်။ နောက်ဆုံး၌ ပြည်နယ်အစိုးရသို့ အခွန်ပေးဆောင်ရမည် မဟုတ်ပေလော။

ထိုအကြံပြုချက်တွင် ပေါင်းစပ်ခြင်းနှင့် စီမံခန့်ခွဲမှုတစ်ခု၏ အားသာချက်များကို ဖော်ပြထားပေသည်။ သို့တိုင်အောင် ပူးပေါင်း ဆောင်ရွက်နိုင်ပေသည်။ မိမိတို့ လောင်ကျင်း သစ်တောအဖွဲ့သည် ပိုင်တာ့စန်း အုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ပေသည်။ မိမိတို့သည် ယခုအခါ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ပရိဘောဂများ၊ သစ်တော ထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်များ၊ စိုက်ခင်းများ စသည်တို့ တီထွင်လျှက်ရှိပေသည်။ မိမိတို့၏ လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်သည်အထိ လောင်ကျင်းပြည်နယ်အစိုးရအဖွဲ့ကို မလိုအပ်ချေ။

ပိုင်တာ့စန်း အုပ်စု တည်ထောင်ခြင်းသည် လောင်ကျင်း ပြည်နယ်အစိုးရကို များစွာ အကျိုးရစေပေသည်။ ဗဟို အစိုးရ ထံမှ ရန်ပုံငွေနှင့် ပြည်နယ် လယ်ယာများကို ထိန်းချုပ်နိုင်ခဲ့သည်။ လောင်ကျင်း သစ်တောအဖွဲ့သည် ပိုင်တာ့စန်းမှလည်း အကျိုးအမြတ်များ ရရှိခဲ့သည်။

လောင်ကျင်း ပြည်နယ်အစိုးရသည် လောင်ကျင်း သစ်တောအဖွဲ့တွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာများ တိုးချဲ့ လိုသော်လည်း မအောင်မြင်ခဲ့ချေ။ သို့ရာတွင် ရှုချန်ယိုသည် အထက်အရာရှိ အချို့ထံမှ အထောက်အပံ့ရရှိခဲ့သည်။ လောင်ကျင်း သစ်တော့အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် နောက်ဆုံး၌ ဆုံးဖြတ်ချက် ချနိုင်သူ အခွင့်အာဏာ ရရှိခဲ့သည်။

ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန်မှာ ပျင်းရိဖွယ်ကောင်းသော်လည်း ကံကောင်းသည်မှာ ပြည်နယ်အစိုးရ တွင် အရည်အချင်းရှိသော ဝန်ထမ်းများစွာ ရှိပေသည်။ သူတို့သည် ထိုအကြံပြုချက်ကို ပင်မရည်မှန်းချက်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ယခုနှစ်တွင် ဆုံးရှုံးမှု အနည်းငယ် ရှိမည်ဟု ခန့်မှန်းထားသည်။ သို့ရာတွင် ၎င်းတို့၏ အမှတ်တံဆိပ်ခွဲများ ထူထောင်နိုင်ရန်မှာ ပို၍ အရေးကြီးပေသည်။

အသီးအနှံနှင့် အသားထွက်ပစ္စည်းများသည် ပိုင်တာ့စန်း အမှတ်တံဆိပ်ကို သုံးနိုင်ပေသည်။ ပုကျိုး၏ ပိုင်တာ့စန်း အမှတ်တံဆိပ်ကို ပိုင်တာ့စန်း အုပ်စုနှင့်လည်း ပေါင်းစပ်ခဲ့သည်။ ပုကျိုး သစ်တောငယ်များ အားလုံးကိုလည်း ရယူခဲ့သည်။ ဤသည်က အမှတ်တံဆိပ် တစ်ခုတည်းကို အာရုံစိုက်ထားသည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့သာပင်။

ပြည်နယ် အစိုးရ တာဝန်ရှိသူများသည် ပိုင်တာ့စန်း အမှတ်တံဆိပ်မှာ အမဲသား၊ သိုးသား၊ ဝက်သား၊ ကြက်သား၊ ဂျုံမှုန့်၊ ပုကျိုး စသည်ဖြင့် ထုတ်ကုန်များ ပါဝင်နိုင်ပေသည်။

လယ်ယာထွက်ကုန် အမှတ်တံဆိပ် အများအပြား ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ပန့်ပေ့စ်၏ ပေါင်အမှတ်တံဆိပ်နှင့် ဝူချန် ဆန် သသည်တို့ ပါဝင်သည်။

သို့ရာတွင် သကြားနှင့် ပဲပိစပ် ဟင်းချက်ဆီအတွက် အမြင်ကွဲလွဲမှုများ ရှိခဲ့ပေသည်။

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်အားလုံးသည် ၎င်းတို့၏ အမှတ်တံဆိပ်များကို ပိုင်တာ့စန်း အုပ်စုမှ ရွေးစေချင် ကြသည်။ ကျန်အမှတ်တံဆိပ်များကို ဖယ်ရှားကာ တစ်ခုတည်းသော အမှတ်တံဆိပ်အဖြစ် ကျန်ရှိပေလိမ့်မည်။ သို့ရာတွင် ထိုတံဆိပ်များအားလုံး လူသိမခံလိုကြချေ။ ထိုအမှတ်တံဆိပ်များမှာ အရှေ့မြောက်ပိုင်း ဒေသတွင်သာမက လောင်ကျင်းပြည်နယ်၌ပင် နာမည် မရှိသည့် အမှတ်တံဆိပ်များ ဖြစ်သည်။ အချို့သော စားသုံးသူများမှာ ၎င်းတို့၏ အမှတ်တံဆိပ်များကို သက်ဆိုင်ရာ ဒေသများတွင်သာ ကြားဖူးပေသည်။

လောင်ကျင်းခရိုင်နှင့် တနိုင်ငံလုံးရှိ ပဲပုပ်ဟင်းချက်ဆီနှင့် သကြား၏ အကျော်ကြားဆုံး အမှတ်တံဆိပ်မှာ မည်သည်နည်း။ ထိုင်ဟွာ အမှတ်တံဆိပ်ပင် ဖြစ်တော့သည်။

ထိုင်ဟွာ အမှတ်တံဆိပ်ကြောင့် အခြားပြည်တွင်း အမှတ်တံဆိပ်များကို စားသုံးသူများ သိပ်မသိတော့ချေ။ ထိုင်ဟွာ အမှတ်တံဆိပ် မပေါ်မှီက ထိုကုမ္ပဏီများသည် အမှတ်တံဆိပ်တစ်ခု၏ အသိပညာများ မသိရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့အတွက် ထိုထုတ်ကုန်များအားလုံးသည် အခြေခံလိုအပ်ချက်များဖြစ်ပြီး စားသုံးသူများအနေဖြင့် အမှတ်တံဆိပ် ရွေးချယ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။

ထိုငဟွာ အာမခံ ဟင်းချက်ဆီနှင့် ထိုင်ဟွာ သကြားဖြူ ဈေးကွက်တွင် ပေါ်လာပြီးနောက်ပိုင်း ထိုကုမ္ပဏီများသည် အမှတ်တံဆိပ်၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ခဲ့ရပြီး ကိုယ်ပိုင် အမှတ်တံဆိပ်များ စတင်ဖန်တီးခဲ့ကြသည်။ သို့ရာတွင် အချိန်နှောင်းသွားချေပြီ။

ရှုချန်ယိုသည် ထိုအမှတ်တံဆိပ်များအပေါ် အမြင်မကြည်ချေ။ မည်သူမှ မကြားဖူးကြချေ။ ထိုအမှတ်တံဆိပ်များကို အသုံးပြုခြင်းနှင့် အမှတ်တံဆိပ် အသစ်တစ်ခု တည်ဆောက်ခြင်း၏ ကွာခြားချက်မှာ မည်သည်နည်း။ ၎င်းတို့သည် ပိုင်တာ့စန်း အမှတ်တံဆိပ်ကို သူတို့ အမှတ်တံဆိပ်အဖြစ် သုံးနိုင်ပေသည်။

သို့ရာတွင် လူတစ်ယောက်မှ ထိုအကြံပြုချက်ကို ကန့်ကွက်ခဲ့သည်။ ပိုင်တာ့စန်း အမှတ်တံဆိပ်တွင် ထုတ်ကုန် များစွာ ပါဝင်ပေသည်။ အသား၊ ဂျုံမှုန့်၊ အရက်၊ သကြားနှင့် ဟင်းချက်ဆီများ ပါဝင်ကာ ကွဲပြားသွားမည် ဖြစ်သည်။ နောက်ထပ် ပြဿနာ တစ်ခု ရှိသေးပေသည်။ ထိုင်ဟွာ အမှတ်တံဆိပ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထိုင်ဟွာ အမှတ်တံဆိပ်သည် ဟင်းချက်ဆီ၊ သကြား၊ ဝက်သားနှင့် ဝက်သားဆက်စပ် စားသောက်ကုန်များ ရောင်းချနေပေသည်။ ၎င်းတို့သည် တူညီသည့် ထုတ်ကုန်များ ရောင်းချကာ ထိုင်ဟွာနှင့် မည်သို့ ယှဉ်ပြိုင်ရပေမည်။ ၎င်းတို့သည် ထိုင်ဟွာ စားသောက်ကုန် လုပ်ငန်းနှင့် မည်သို့ ယှဉ်ပြိုင်ရမည်ဆိုသည်မှာ အကြီးမားဆုံး ခေါင်းခဲစရာ ဖြစ်နေပေသည်။

ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီသည် အရှေ့မြောက်ပြည်နယ် (၃)ခုနှင့် တောင်ပိုင်း ပြည်နယ် အချို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ၎င်းတို့၏ ဖြန့်ဖြူးရေး လမ်းကြောင်းများနှင့် အမှတ်တံဆိပ်သည် ပိုင်တာ့စန်း အုပ်စုထက် သာလွန်ပေသည်။ သူတို့အနေဖြင့် ထိုကုမ္ပဏီကို မည်သို့ အောင်နိုင်တော့မည်နည်း။

ရှုချန်ယို မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်တာ့စန်း အုပ်စု မတည်ထောင်ခင်၌ ထိုကိစ္စ မည်သည့်အတွက် မပြောခဲ့သနည်း။ ထိုပြဿနာကို မိမိတို့ မည်သို့ ဖြေရှင်းကြမည်နည်း။

ရှုချန်ယို၏ မေးခွန်းကို မည်သူမှ မဖြေနိုင်ချေ။ ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီနှင့် အမှန်တကယ် ယှဉ်ပြိုင်ရမည်လော။ ထိုင်ဟွာ ကုန်တိုက်များကို ကြည့်ယုံဖြင့် ထိုင်ဟွာ အမှတ်တံဆိပ် မည်မျှ နာမည်ကြီးကြောင်း သိနိုင်ပေသည်။

ထိုသို့သော နာမည်ကြီး အမှတ်တံဆိပ်တစ်ခုအဖြစ်သို့ တက်လှမ်းနိုင်မည်လော။ ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီ၏ သူဌေးသည် ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ ရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်ကြောင်း အားလုံး သိထားကြသည်။ ဖုန်းယွီ၏ ဖခင်ပေအတည်း။

၎င်းတို့အားလုံး ဖုန်းယွီအကြောင်း တွေးမိသည့်အခါ သူတို့သာ ရှုံးမည်ဖြစ်ကြောင်း သိထားကြသည်။ ဖုန်းယွီ၏ ထုတ်ကုန် အားလုံးသည် မုန့်ရောင်းရသကဲ့သို့ သွက်လှပေသည်။ နှိပ်ကွပ်ခံရမည်မှာ သေချာပေသည်။

ကျန်းလွေ့ချန်းသည် ပိုင်တာ့စန်းတွင် မည်သည့်ရာထူးမှ မရနိုင်သည်မှာ စိတ်မကောင်းစရာပင်။ ကျန်းလွေ့ချန်းသာ ပိုင်တာ့စန်း အုပ်စုကို ကိုယ်စားပြု၍ ဖုန်းယွီနှင့် စကားပြောနိုင်လျှင် ထိုပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကျန်းလွေ့ချန်းနှင့် ဖုန်းယွီတို့ကိစ္စကို ပြည်နယ်အစိုးရမှ လူတိုင်းသိပေသည်။ ဤသည်က လျှို့ဝှက်ချက် တစ်ခုပင်။

ကျန်းလွေ့ချန်းသည် ဖုန်းယွီနှင့် ညှိနှိုင်းရမည် ဆိုပါက သူသည် ပိုင်တာ့စန်း အုပ်စုတွင် မည်သည့် ရာထူးမှ ယူမထား သဖြင့် အသုံးမဝင်ကြောင်း ပြသမည်သာပင်။

ထိုအချိန်တွင် လူတစ်ယောက် မဝံ့မရဲဖြင့် လက်မြှောက်ကာ..

“မင်းမှာ အကြံကောင်းရှိလား..”

ရှုချန်ယိုသည် အကြံပြုလိုသူများအားလုံးကို လမ်းဖွင့်ပေးလိုက်သည်။

“ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီနဲ့ ပူးပေါင်းလို့ မရဘူးလား..”

“ပူးပေါင်းဖို့လား.. သူတို့နဲ့ ဘယ်လိုလုပ် ပူးပေါင်းမလဲ.. ပမ့်မြို့တော် ယန္တရား ကုမ္ပဏီလိုပဲလေ.. သူတို့နဲ့ ပူးပေါင်း ပြီးရင် သူတို့က အဓိကရှယ်ယာရှင် ဖြစ်သွားမှာ..”

လူတစ်ယောက်မှ ထိုအကြံအစည်ကိုချက်ချင်း ကန့်ကွက်လိုက်သည်။

ထိုခံစားချက်မှာ ကလေးတစ်ယောက်ကို ကျောင်းတက်ခိုင်းရသကဲ့သို့ ကလေးမှ သူ့နာမည်ကို ဆရာနှင့် တူအောင် လိုက်ပြောင်းသလိုသာပင်။ ကလေးမှာ ပညာတတ်၍ ငွေရှာနိုင်သော်လည်း ထိုကလေးသည် မိမိတို့သား မဟုတ်တော့ချေ။

“ဒီလို ဘယ်ဖြစ်မှာလဲ.. ကျုပ်တို့ ပိုင်တာ့စန်း အုပ်စုက ဘယ်လောက် တန်ဖိုးရှိပြီး ထိုင်ဟွာ စားသောက်ကုန် လုပ်ငန်းက ဘယ်လောက်တန်ဘိုး ရှိလို့လဲ.. ပြီးတော့ ကျုပ်တို့တောင် သူတို့နဲ့ ပူးပေါင်းနိင်ရင် သူတို့က ဘာလို့ မပူးပေါင်းနိုင်ရမှာလဲ.. လောင်ကျင်း သစ်တောအုပ်စုနဲ့ လက်တွဲ လုပ်သလိုပေါ့..”

“အသေးစိတ် ရှင်းပြပေး…”

ရှုချန်ယို စိတ်ဝင်စားလာသည်။

“အမှတ်တံဆိပ်ကို တီထွင်ရာမှာ ကျုပ်တို့တွေ ပူးပေါင်းလို့ရတယ်.. ထိုင်ဟွာ အမှတ်တံဆိပ် သကြားနဲ့ ဟင်းချက်ဆီ နာမည်ကြီးနေလား.. သကြားနဲ့ ဟင်းချက်ဆီတွေကို သူတို့ အမှတ်တံဆိပ်အောက်မှာ ရောင်းမယ်.. ခနလေး.. အဆုံးသတ်ရမယ်ဆိုရင် ပါကင်အပိုင်းမှာ ကျုပ်တို့ ပိုင်တာ့စန်း အမှတ်တံဆိပ်ကို ထိုင်ဟွာ အမှတ်တံဆိပ်ရဲ့ အပေါ်မှာ ထည့်လို့ရတယ်.. အဲ့လိုနည်းနဲ့ ပိုင်တာ့စန်း အုပ်စုက ဝယ်လိုက်တယ်လို့ စားသုံးသူတွေ ထင်သွားကြ လိမ့်မယ်..”

အစည်းအဝေးခန်းအတွင်းမှ လူအားလုံး လက်ခုပ်တီးလိုက်ကြသည်။ ထိုနည်းဗျူဟာမှာ မကောင်းသော်လည်း အောင်မြင်ပါက သူတို့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

-------*****--------

All Chapters