အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်မှု
Vol. 50 Ch. 739
“ခင်ဗျားကို မန်နေဂျာ နျို လို့ခေါ်ရမှာလား.. ဒါမှမဟုတ် ဒါရိုက်တာ နျိုလို့ ခေါ်ရမှာလား..”
“ဟား.. ဟား.. ဟား.. ပိုင်တာ့စန်း အုပ်စုရဲ့ အထွေထွေမန်နေဂျာအနေနဲ့ စီးပွားရေး ကိစ္စလေး ပြောချင်လို့ ရောက်လာတာပါ.. ကျုပ်ကို မန်နေဂျာ နျို .. အဲ့လိုမှမဟုတ်လဲ အဘိုးကြီး နျို လို့ ခေါ်လို့ရပါတယ်..”
နျိုကန် ပြန်ဖြေလိုက်သည်။
ဖုန်းယွီသည် ထိုနျိုကန်မှာ ဖော်ရွေဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ခံစားမိသည်။ မိမိနှင့် ပိုမို ရင်းနှီးလိုချင် ကြောင်း တစ်ခုခု ခံစားလိုက်ရသည်။
“စီးပွားရေးအကြောင်းလား.. ဘယ်စီးပွားရေးများလဲ..”
“ပိုင်တာ့စန်း အုပ်စုနဲ့ ထိုင်ဟွာ စားသောက်ကုန် ထုတ်လုပ်ရေး ကုမ္ပဏီ ပူးပေါင်းဖို့ပေါ့..”
“မန်နေဂျာနျိုရေ.. ဒါဆို လူမှားနေပြီထင်တယ်.. ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီက ကျုပ်ကုမ္ပဏီ မဟုတ်ဘူး..”
ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“မင်းအဖေကို ဆက်သွယ်ပြီးပြီ.. ခက်တာက မင်းအဖေ အဲ့ကိစ္စ ကိုင်တွယ်ဖို့ စိတ်မဝင်စားဘူး.. မန်နေဂျာ ကျောင်းလဲ ထိုင်ကျင်းကို အလုပ်ကိစ္စနှင့်သွားနေတာ နည်းနည်းကြာမှ ပြန်လာမယ်ဆိုလို့ မင်းနဲ့ လာတွေ့တာပါ..”
နျိုကန် စိတ်ပျက်သွားသည်။ ဖုန်းရှင်းထိုက်နှင့် ဆက်ဆံရသည်မှာ ဖုန်းယွီနှင့် ဆက်ဆံရသည်ထက် လွယ်သေးသည်။
သို့ရာတွင် ဖုန်းရှင်းထိုက်သည် နျိုကန်အား ဆေးရုံကိစ္စ ရှိနေသဖြင့် အချိန်မပေးနိုင်ကြောင်း ပြောလာပေသည်။ ဖုန်းယွီ သို့တည်းမဟုတ် ကျောင်းမင်နှင့် သွားတွေ့ရန်သာ နျိုကန်အား ပြောလိုက်သည်။ သူ့ချွေးမ တက်ရောက် နေသည့် ဆေးရုံသည် အရှေ့မြောက်ဒေသ၏ အကောင်းဆုံး ဆေးရုံဖြစ်ကာ (၂၄)နာရီ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသည့် သူနာပြု (၂)ယောက်ပင် ရှိနေသေးသည်။ သို့တိုင်အောင် မိမိအား အချိန်မရှိကြောင်း ပြောသွားသေးသည်။
ပြည်နယ်အစိုးရသည် ကျောင်းမင်အား ဆက်သွယ်ခဲ့သော်လည်း ကျောင်းမင်မှာ ထိုင်ကျင်းတွင်ရောက်နေပြီး (၂)ပတ်ကြာသည်အထိ ပြန်လာနိုင်မည် မဟုတ်ချေ။ သို့အတွက် ဖုန်းယွီနှင့် တွေ့ခိုင်းခြင်း ဖြစ်သည်။
“ခင်ဗျားတို့က ဘယ်လို ပူးပေါင်းဆောင်ရွက်မှု လိုချင်တာလဲ..”
ဖုန်းယွီ မေးလိုက်သည်။
ကုမ္ပဏီ (၂)ခုစလုံးသည် စိုက်ပျိုးရေးထွက်ကုန်များနှင့် ပတ်သက်နေသဖြင့် ပူးပေါင်းဆောင်ရွက်သည်မှာ ထုံးစံသာပင်။ ဖုန်းယွီသည် ပိုင်တာ့စန်း အုပ်စုနှင့် ပူးပေါင်းလိုသောလည်း ကျန်းလွေ့ချန်းမှ ငြင်းပယ်ခဲ့သည်။ ကျန်းလွေ့ချန်းသည် ဖုန်းယွီမှ ပိုင်တာ့စန်းအား သိမ်းပိုက်လိုက်မည်ကို စိုးရိမ်နေခြင်းပင်။
“မန်နေဂျာဖုန်း.. ပိုင်တာ့စန်း အုပ်စုက ထိုင်ဟွာရဲ့ စားသောက်ကုန် ကုမ္ပဏီ အမှတ်တံဆိပ်နဲ့ ပူးပေါင်းချင်တာပါ..”
အမှတ်တံဆိပ် ပူးပေါင်း ဆောင်ရွက်မှုလော။ အမှတ်တံဆိပ်ကို မည်သို့ ပူးပေါင်းမည်နည်း။ ထိုအစိုးရ အရာရှိများ သည်လည်း အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်မှုအကြောင်း သိထားကြသည်လော။
အမှတ်တံဆိပ် ပူးပေါင်း ဆောင်ရွက်မှုသည် နောင်လာမည့် နှစ်များတွင် အဖြစ်များပေသည်. ဥပမာအားဖြင့် ဖော-ဗိုလဗို၊ ပန်နစ်ဆိုးနစ်-ဝူရှီငန်းပေါက် စသည်တို့ ဖြစ်သည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများသည် ၎င်းတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကို သိရှိလာစေရန် အချင်းချင်း အားသာချက် အပြန်အလှန် အသုံးချခြင်း ဖြစ်သည်။
သို့ရာတဆွင် ထိုသို့ ပူးပေါင်းဆောင်ရွက်မှု၏ စံသတ်မှတ်ချက်မှာ အမှတ်တံဆိပ်နှစ်ခုစလုံး တန်းတူညီမျှရမည် ဖြစ်ပြီး အမြတ်ရရေး ရပ်တည်နေနိုင်ရေးတို့အတွက် ဖြစ်သည်။ ထိုင်ဟွာ စားသောက်ကုန်နှင့် ထိုင်ပေထိုင်များသည် ပိုင်တာ့စန်း အုပ်စုထံမှ မည်သည့် အကျိုးအမြတ်မှ ရရှိနိုင်မည်မဟုတ်ဟု ဖုန်းယွီ ထင်ထားသည်။ ထိုပူးပေါင်း ဆောင်ရွက်မှုသည် ပိုင်တာ့စန်း အုပ်စုအတွက်သာ အကျိုးရှိသွားပေလိမ့်မည်။
ပိုင်တာ့စန်း အုပ်စုသည် ဈေးကွက်တွင် နှစ်အနည်းငယ်ကြာက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသိများလာပါက ထိုပူးပေါင်းဆောင်ရွက်မှုအတွက် ပြဿနာ တစ်ခုခု ရှိလိမ့်မည် မဟုတ်ချေ။ ဖုန်းယွီသည် ထိုင်ဟွာ အမှတ်တံဆိပ်သည် ပိုင်တာ့စန်း အုပ်စု၏ ပူးပေါင်းဆောင်ရွက်မှု မလုပ်မီကတည်းက နာမည်ရှိပြီးသား ဖြစ်ကြောင်း သေချာ သိထားရပေလိမ့်မည်။
ယခုမူကာ မိမိကို နောက်နေသကဲ့သို့ပင်။
“မန်နေဂျာနျို.. ကျုပ်ကို လာနောက်နေတာလား.. ကျုပ်တို့ ထိုင်ဟွာ အမှတ်တံဆိပ်ကို ပိုင်တာ့စန်း အမှတ်တံဆိပ်နဲ့ ဘယ်လိုများ နှိုင်းယှဉ်ရမလဲ..”
ဖုန်းယွီ ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်သည်။
နျိုကန်မှာ ဖုန်းယွီ ရွဲ့ပြောနေကြောင်း သိပြီး ပိုင်တာ့စန်းသည် ထိုင်ဟွာ အမှတ်တံဆိပ်နှင့် ပူးပေါင်းရန် အရည်အချင်း မပြည့်မီဟု ပြောလိုနေခြင်းပင်။
“မန်နေဂျာဖုန်း.. ကျုပ်တို့ ပိုင်တာ့စန်း အုပ်စုရဲ့ ကနဦး ရင်းနှီးမြုပ်နှံမှုကိုက (၅)ဘီလီယံပါ.. ကျုပ်တို့က အကြီးစား စိုက်ပျိုးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုပါ.. နောင်မှာလဲ ကျုပ်တို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထပ်ပြီး တိုးမြှင့်သွားမှာပါ..”
ဖုန်းယွီသည် နျိုကန်အား ဆက်လက်၍ ကြွားလုံး မထုတ်နိုင်ရန် လက်ကာ၍ တားလိုက်ပြီး..
“ပိုင်တာ့စန်း အုပ်စုအကြောင်း ခင်ဗျားထက် ကျုပ်ပိုသိတယ်.. ပိုင်တာ့စန်း အုပ်စု တည်ထောင်နိုင်ခဲ့တယ် ဆိုတာလံ ကျုပ်အကြံပြုလိုက်လို့လေ.. ခင်ဗျားကို အရိုးသားဆုံးပြောမယ်.. ပိုင်တာ့စန်း အုပ်စုရဲ့ ကနဦး ရင်းနှီးမြုပ်နှံမှု များကောင်း များနိုင်ပေမယ့် တကယ်ဆို အဲ့ကုမ္ပဏီက အခွံကြီး သက်သက်ပဲ.. ဗဟိုနဲ့ ပြည်နယ်အစိုးရက ဒီကုမ္ပဏီမှာ ငွေအများကြီး ရင်းနှီးမြုပ်နှံနိုင်တယ်.. ဒါပေမယ့် ကုမ္ပဏီရဲ့ ရန်ပုံငွေ မလောက်ငှတဲ့ ပြဿနာ ရှိနေတုန်းပဲ..”
မိမိရှေ့တွင် လာ၍ ကြွားချင်နေသည်လော။ သူ့နောက်တွင် ကျောထောက်နောက်ခံ အစိုးရ ရှိနေ၍ ဖြစ်သည်။ ဤသည်က ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဆိုပါက ၎င်းလုပ်ငန်းစဉ်အားလုံးကို ပိတ်ပစ်နိုင်ရန် (၃)လပင် အချိန်မလိုချေ။ ထိုကုမ္ပဏီ၏ အကြီးမားဆုံး ချို့ယွင်းချက်မှာ ရန်ပုံငွေ ဖြစ်သည်။
အထက်လူကြီးများမှ ပေးအပ်သော ငွေကို စက်ယန္တရားများ ရရှိရန် သုံးထားကြပြီး အသေးစား စက်ရုံများနှင့် ပူးပေါင်းထားရသည်။ ငွေကို ပျော်ရွှင်စွာ သုံးစွဲကြပေလိမ့်မည်။ ယွမ်(၁)သိန်းမကျော်သည့် ဟင်းချက်ဆီ စက်ရုံငယ်တစ်ခု ရှိကြောင်း ဖုန်းယွီ ကြားသိထားပြီး ပိုင်တာ့စန်း အုပ်စုမှ လူများသည် ၎င်းကို ဝယ်ယူရန် ယွမ်(၁)သန်းကျော် သုံးခဲ့ကြပေသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် စကားတစ်ခွန်း ရှိသည်မှာ အံ့ဩစရာ မဟုတ်ချေ။ အစိုးရနှင့် အစိုးရပိုင် ကုမ္ပဏီများသည် ငွေကို မည်သို့ သုံးရမည်မှန်း မသိကျချေ။ ယွမ် (၁၀)ဘီလီယံ ရှိလျှင်ပင် လောက်ငှမည် မဟုတ်ချေ။
ဖုန်းယွီ ယခင်ဘဝက လူတော်တော် များများသည် အစိုးရနှင့် စီးပွားရေး လုပ်ရသည်ကို နှစ်သက်ကြောင်း ကြားထားပေသည်။ တစ်သောင်းတန် ပစ္စည်းတစ်ခုကို သိန်းဂဏန်းဖြင့် ရောင်းချနိုင်ပေသည်။ ထို့အပြင် စီးပွားရေး သမားများသည် သိန်းနည်းနည်းပါးပါး ရင်းနှီးကာ အစိုးရသည် ကုန်ပစ္စည်းတန်ဖိုးကို သန်းဂဏန်း တော်တော် များများဖြင့် ဝယ်သွားတတ်ကြသည်။
ထိုကုမ္ပဏီတွင် တစ်ခုခု မှာယွင်းနေပါက အကျင့်ပျက်ခြစားမှု မဟုတ်ခဲ့ပါက ထိုလူများ အသုံးမကျကြောင်း ပြသနေပေသည်။ စစ်ပေါက်ပေါက် စစ်ဆေးခြင်းမျိုး မရှိကြချေ။ သို့ရာတွင် မည်သည့် အကြောင်းကြောင့်ဖြစ်စေ ပိုင်တာ့စန်း အုပ်စုသည် အရှုံးခံ အဖွဲ့သာ ဖြစ်သည်။
ပိုင်တာ့စန်း အုပ်စုသည် အရည်အချင်းရှိသော အရာရှိများ သို့တည်းမဟုတ် အရည်အချင်း ရှိသူ တစ်ယောက် ယောက်မှ စီမံခန့်ခွဲပါက ပိုင်တာ့စန်း အုပ်စုသည် လျင်မြန်စွာ ကြီးထွားလာနိုင်မည် ဖြစ်သည်။
သို့ရာတွင် ယခုအခါ ဖုန်းယွီသည် ပိုင်တာ့စန်းအုပ်စုသည် စောလွန်းသည်ဟု ခံစားမိသည်။ အစိုးရ အရာရှိ အများစုမှာ ရှေးရိုးစွဲ အတွေးအခေါ်များ ရှိနေဆဲ ဖြစ်သဖြင့် မကောင်းသည့် ကိစ္စတော့ မဟုတ်ချေ။ ၎င်းတို့သည် (၁၉၉၇)ခုနှစ် အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခံရမှု မကြုံရသေးမီ ပိုင်တာ့စန်း အုပ်စုသည် ကမ္ဘာကျော် ကုမ္ပဏီ တစ်ခုအဖြစ် မကြီးထွားမီ အခက်အခဲ များစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ဖုန်းယွီ၏ တုန့်ပြန်မှုကြောင့် နျိုကန် ရှက်သွားသည်။ သို့ရာတွင် ပိုင်တာ့စန်း အုပ်စုသည် ကနဦးအဆင့်တွင် တည်ငြိမ်သော တိုးတက်မှု လိုချင်ပါက ထိုင်ဟွာ လက်ထဲမှ စားသောက်ကုန် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးနေပေသည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှ ၎င်းတို့၏ ကုန်အမှတ်တံဆိပ် နာမည် ကျော်ကြားမှုကို အမြန်ဆုံး နှုန်းဖြင့် တိုးလာမည်ဖြစ်ကာ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်း ဖြစ်သည်။
ဖုန်းယွီ ပြောသည်မှာ မှန်ပေသည်။ ပိုင်တာ့စန်း အုပ်စုတွင် ငွေမရှိချေ။ သူတို့တွင် ငွေအလုံအလောက် ရှိပါက တရုတ်နိုင်ငံတစ်ဝှမ်းသို့ ကြော်ငြာကာ လပိုင်းအတွင်း အမှတ်တံဆိပ် ထူထောင်မည် ဖြစ်သည်။
အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာသော ပြိုင်ဘက်တစ်ယောက်ကို ဖယ်ရှားကာ သူတို့၏ အမှတ်တံဆိပ်ကို အထိရောက်ဆုံးသော နည်းလမ်းဖြင့် မြှင့်တင်မည် ဖြစ်သည်။ ဤသည်မှာ ယခုအချိန် ပိုင်တာ့စန်း အုပ်စုအတွက် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်။
သို့ရာတွင် ဖုန်းယွီမှာ စိတ်ဝင်စားပုံ မပေါ်သဖြင့် နျိုကန်မှာ ဖုန်းယွီ၏ သဘောထားကို လက်မခံနိုင်ချေ။ သို့ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်အောင် လုပ်ရမည်ဖြစ်၍ ခံနိုင်ရည် ရှိရပေလိမ့်မည်။
“မန်နေဂျာဖုန်း.. ကျုပ်တို့ ပိုင်တာ့စန်းအုပ်စုမှာ စိုက်ပျိုးရေး အရင်းအမြစ်တွေ အရမ်းပေါပါတယ်.. ပြီးတော့ ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီကို ဖွံ့ဖြိုးတိုးတက်စေချင်လား.. ကျုပ်တို့တွေ အမှတ်တံဆိပ် ပူးပေါင်း ဆောင်ရွက်ရုံတင် မဟုတ်ဘူး နယ်ပယ်တော်တော်များများ ပူးပေါင်း ဆောင်ရွက်လို့ ရပါသေးတယ်..”
နျိုကန်မှာ ဖုန်းယွီအား ထပ်မံ စည်းရုံးနိုင်ရန် ကြိုးစားနေပေသည်။
ဖုန်းယွီသည် အခြားနယ်ပယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအား စိတ်ဝင်စားပေသည်။ ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီ၏ အထင်ကရ ထုတ်ကုန်များမှာ ထိုင်ပေဝက်များ၊ ထိုင်ဟွာ အသားခြောက်နှင့် နောက်ဆုံး ထိုင်ဟွာ အာမခံ ဟင်းချက်ဆီ တို့ဖြစ်သည်။ ထိုင်ပေ ဝက်ပေါင်ခြောက်တို့၏ အခြားထုတ်ကုန်များသည် ထိုင်ပေ ဝက်များမှ ထုတ်ကုန် များသာ ဖြစ်သည်။
ယခင်က တည်ဆောက်လိုနေသည့် ဖုန်းယွီနှင့် သိသိသာသာ ခြားနားနေသေးသည်။ ထို့အပြင် ထိုင်ပေ အမှတ် တံဆိပ်သည် ဝက်သားနှင့် ပတ်သက်သည် ထုတ်ကုန်များကိုသာ ထုတ်လုပ်နိုင်ပေသည်။ ထိုင်ပေ ဝက်ပေါင်ခြောက်သည် ကြက်သား ထုတ်ကုန်များကို မိတ်ဆက်ခဲ့သော်လည်း ရောင်းအား မကောင်းချေ။ ကျောင်းမင်သည် အမဲသား ထုတ်ကုန်များအတွက် နွားနတ်ဆိုး အမှတ်တံဆိပ် မှတ်ပုံတင်သင့်လားဟုပင် ဖုန်းယွီအား တောင်းဆိုခဲ့ဖူးပေသည်။
ဖုန်းယွီမှလည်း ဤသည်က အလုပ်ဖြစ်မည်လားကို မသိချေ။ ထိုင်ပေဝက်များသည် ယခင်က ဝက်သား ပြတ်လပ်မှု ကြောင့် တရုတ်နိုင်ငံ တစ်ဝှမ်းတွင် ပျံ့နှံ့လာနိုင်ပေသည်။ ဝက်သားသည် တရုတ်လူမျိုးများ အများဆုံး စားသုံးသည့် အသားလည်း ဖြစ်သည်။ ဝက်သားမှာ အဆီပိုရှိကာ အရသာ ပိုကောင်းခြင်းကြောင့် ဖြစ်သည်။
သို့ရာတွင် မကြာသေးမီက မြို့ကြီးများတွင် ပိန်လှီလှီ အသားများ ဝယ်ယူသူ ပိုများလာပေသည်။ ဆိုလိုသည်မှာ အမဲသားနှင့် သိုးသား ဝယ်လိုအား ပိုများလာပေလိမ့်မည်။ ပိုင်တာ့စန်း အုပ်စုသည် ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီ၏ အမဲသားနှင် သိုးသားကို ထိုင်ဟွာ ကုန်တိုက်များတွင် ရောင်းချပါက အမြတ်အစွန်း များစွာ ရရှိမည် ဖြစ်သည်။
“ခင်ဗျား ဘယ်လို ပူးပေါင်းချင်လဲ.. ကျုပ် နားထောင်နေပါတယ်..”
-------*****--------