← Chapters

မိမိ၏ စည်းကမ်းချက်

Vol. 50 Ch. 741

မိမိ၏ စည်းကမ်းချက်

Vol. 50 Ch. 741

ဖုန်းယွီ စကား ကြားသည့်အခါ နျိုကန် အံ့ဩသွားသည်။ ဖုန်းယွီ ဒေါသထွက်နေပေသည်။

“မန်နေဂျာဖုန်း.. အဲ့ဒါ ဘာကို ဆိုလိုတာလဲ.. ဒီပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဆွေးနွေးနေတာလေ..”

နျိုကန် မေးလိုက်သည်။

“ပူးပေါင်း ဆောင်ရွက်မှုတဲ့လား.. ဒါ ခင်ဗျားပြောနေတဲ့ ပူးပေါင်းမှု ဆိုတာလား.. ပိုင်တာ့စန်း အုပ်စုမှာ အခု လောလောဆယ် ဘာထုတ်ကုန် တစ်ခုမှ မရှိသေးဘူး.. အမှတ်တံဆိပ် တစ်ခုနဲ့ ပတ်သက်တဲ့ အသိပညာ တစ်ခု ပေးလိုက်မယ်.. စိန်းလန်းစိုပြေရေး စိုက်ပျိုးမှုဆိုတာလဲ အခုထိ အကောင်အထည် မဖော်ရသေးဘူး.. ဒါနဲ့များတောင် ခင်ဗျားတို့က ကျုပ်အမှတ်တံဆိပ်ရဲ့ ရှေ့မှာ ခင်ဗျားတို့ အမှတ်တံဆိပ် ထည့်ချင်နေကြသေးတယ်ပေါ့.. ကျုပ် သဘောတူမယ်ထင်လား…”

ဖုန်းယွီ အေးစက်စက်ဖြင့် မေးလိုက်သည်။

ဖုန်းယွီသည် ရိတ်သိမ်းပြီး သီးနှံများ သို့တည်းမဟုတ် နောက်(၂)လအတွင်း ၎င်းတို့ ထုတ်လုပ်သည့် ထုတ်ကုန်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ဖုန်းယွီ ထင်ထားပေသည်။ ၎င်းတို့သည် ထုတ်ကုန်များ၏ ပါကင်ကို ပုံစံပြောင်းလဲကာ အသေးစိတ် အချက်အလက်များကို ဆွေးနွေးရမည် ဖြစ်သည်။

ဖုန်းယွီသည် ပိုင်တာ့စန်း အဖွဲ့မှ သူ့အပေါ် အခွင့်အရေး ယူမှုကို စိတ်ထဲမထားချေ။ မည်သို့ပင် ဖြစ်စေ ပိုင်တာ့စန်း အုပ်စုသည် နောင်တွင် နာမည် ကြီးလာပေလိမ့်မည်။ ထိုသို့ ဆိုပါက အရောင်းမြှင့်တင်ရေးအတွက် ပို၍ လွယ်ကူ သွားပေလိမ့်မည်။

ဖုန်းယွီသည် ပိုင်တာ့စန်းအုပ်စုတွင် အစုရှယ်ယာ ထည့်ဝင်နိုင်ပါက သူ့အတွက် အမြတ်ငွေ ပိုမို တိုးမြင့်မား လာမည် ဖြစ်သည်။

သို့ရာတွင် ဖုန်းယွီသည် နျိုကန်မှာ ထိုမျှ အရှက်ကင်းလိမ့်မယ်ဟု ထင်မထားချေ။ သူ့အတွက် ဘာမှ ပြန်လည် ပေးစရာမရှိဘဲ ဖုန်းယွီ၏ အမှတ်တံဆိပ်ကို ဈေးကွက်တင်ချင်နေသည်။ ၎င်းတို့၏ ကြော်ငြာအားလုံးတွင် ပိုင်တာ့စန်း အမှတ်တံဆိပ် အမည်နှင့် လိုဂိုကို မည်သို့ ပေါင်းထည့်လိုက်သနည်း။ ထိုမျှအထိ တောင်းဆိုရန် သတ္တိ ကောင်းနေသည်လော။

“မန်နေဂျာဖုန်း.. ဒါက ပူးပေါင်း ဆောင်ရွက်မှုပဲလေ.. သေချာတာ တစ်ခုက နည်းနည်းလောက်တော့ သာတယ် နာတယ် ရှိမှာပဲ..”

နျိုကန် အရှက်မဲ့စွာ ထပ်ပြောလိုက်သည်။

“အဲ့လိုလား.. ဒါဆိုရင် ခင်ဗျားတို့ဘက်က ဘာပြန်ပေးမှာလဲ.. ကြော်ငြာခပေးမှာလား.. ခင်ဗျားတို့ဘက်ကနေ ကြော်ငြာခပေးမယ်ဆိုရင် ကျုပ်တို့ ဆက်ညှိနှိုင်းလို့ရတယ်..”

“ကြော်ငြာခ ဘယ်လောက်ရှိနိုင်လဲ.. ယွမ် (၁)မီလီယံဆို လောက်လား..”

နျိုကန် လက်တစ်ချောင်း ထောင်ပြကာ ပမာဏ တစ်ခု တိတိကျကျ ပြောလိုက်သည်။

ဖုန်းယွီ သူ့ကို စိုက်ကြည့်နေပေသည်။ ၎င်းတို့သည် တန်ဖိုးမဲ့ စက်ရုံငယ်လေး တစ်ခုအတွက် အလွန်အကျွံပေးခဲ့ပြီး အဓိက လိုအပ်ချက်များနှင့် ကြုံတွေ့လာရသည့်အခါတွင်မူ ဤမျှလောက်သာ ပေးချင်နေကြသည်လော။

(၁)မီလီယံလော။ ယခုနှစ်တွင် CCTV ကြော်ငြာခ ထပ်မံတိုးမြင့်လာခဲ့သည်။ ထိပ်တန်း ကြော်ငြာအကွက်သည် ယွမ် သန်း(၃၀)ကျော်ဖြစ်သည်။ ဖုန်းယွီ၏ ကုမ္ပဏီများသည် ကြော်ငြာ အကွက် (၁)တစ်ခုတည်းကို ယွမ်သန်း(၁၀၀)ကျော် သုံးထားခဲ့ရသည်။ ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီ၏ ကြော်ငြာစဉ်များသည် အထွတ်အထိပ် အချိန်များအတွက် တစ်နှစ်လျှင် (၆)သန်းကုန်ကျပေသည်။ (၁)သန်းလေးဖြင့် ကြော်ငြာချင် နေသည်လော။

“ကျုပ်တို့ CCTV မှာ ကြော်ငြာဖို့အတွက် မီလီယံ နည်းနည်းတော့ မျှခံပေးသွားမယ်.. (၄)မီလီယံ.. ယွမ် (၄)မီလီယံ ပေးရမယ်.. အားလုံးကလဲ ကျုပ်တို့ရဲ့ အမှတ်တံဆိပ်၊ ဈေးကွက်ချဲ့ထွင်မှုအတွက်ဆိုတော့ ပေးရမှာပေါ့.. အဲ့အတွက် ခင်ဗျားတို့ (၂)မီလီယံထပ် ပေးရမယ်.. တခြား အထွေထွေ ကုန်ကျစရိတ်တွေ ထည့်တွက်မထားဘူး.. (၆)မီလီယံ ပေးလိုက်ရင် ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီရဲ့ ပါကင်ပုံစံတွေ အကုန် ပြောင်းပေးလိုက်မယ်..”

“(၆)မီလီယံ တောင်လား.. မန်နေဂျာဖုန်း.. မင်းငါ့ကို လာနောက်နေတာလား.. CCTV ကြော်ငြာအကွက်တွေ ဈေးကြီးမှန်း ငါသိပါတယ်.. ဒါပေမယ့် မင်း ကြော်ငြာအကွက်အတွက် သန်းဂဏန်းနဲ့ချီ သုံးထားရမယ်ဆိုရင်တောင် ဒီနှစ်အတွက် (၆)လကျော်လာပြီလေ.. ပျမ်းမျှ ကုန်ကျစရိတ် (၂)သန်းကျော် လျော့သွားမယ်.. ပြီးတော့ အမှတ်တံဆိပ်ရဲ့ ဈေးကွက်ရှာဖွေရေးက (၂)သန်းလောက်ပဲ လိုမှာလေ..”

နျိုကန် ပြန်အော်လိုက်သည်။

“ကောင်းပြီလေ.. CCTV ကြော်ငြာအတွက် ယွမ်(၂)သန်းပဲ တောင်းလိုက်ပါ့မယ်.. ကျန်တာ ကျုပ်စိုက်မယ်.. အမှတ်တံဆိပ် ပုံရိပ်မြှင့်တင်ရေး အကြောင်း ပြောရအောင်.. ခင်ဗျားမှာ ဘာကုန်ပစ္စည်း တစ်ခုမှ မရှိသေးဘူး.. ခင်ဗျားရဲ့ အမှတ်တံဆိပ်ကို ဈေးကွက်ချဲ့ထွင်ဖို့ နည်းလမ်းမရှိဘူး.. ကျုပ်တို့ ထုတ်ကုန်တွေသာမရှိရင် ခင်ဗျား ဘာကြော်ငြာ တစ်ခုမှ လုပ်လို့မရဘူး.. ကျုပ်တို့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ နာမည် ကြီးပြီးသား.. ကျုပ်တို့ ထုတ်ကုန်တွေမှာ ခင်ဗျားတို့ရဲ့ အမှတ်တံဆိပ် ထည့်လိုက်တာက ဈေးကွက် ချဲ့ထွင်မှု တစ်ခုလို့ မတွေးမိဘူးလား.. သုံးစွဲသူတွေ ကျုပ်တို့ ထုတ်ကုန်တွေ ဝယ်လိုက်တိုင်း ခင်ဗျားတို့ အမှတ်တံဆိပ်ကို သိလာလိမ့်မယ်.. ခင်ဗျားတို့ အတွက် အားသာချက် ဘယ်လိုယူရမလဲဆိုတာပဲ သိကြတာပဲ.. ကျုပ်တို့…”

“ခနလေး.. မန်နေဂျာဖုန်း.. ငါဘက်က ကြော်ငြာခတွေ ပေးပြီးပြီလေ.. ဈေးကွက် ချဲ့ထွင်ရေးအတွက် အခကြေးငွေ အားလုံး ကိုလဲ ပေးရမှာပဲ.. ပြီးတော့ CCTV ကြော်ငြာအတွက် မင်းကို (၂)သန်းပေးမယ်လို့ ဘယ်တုန်းက သဘောတူလိုက်လို့လဲ..”

နျိုကန် ရူးလုမတတ်ဖြစ်သွားသည်။ ဤစေ့စပ် ညှိနှိုင်းမှုတွင် ဖုန်းယွီသည် သူဦးဆောင်ရာ လိုက်ပါရန်လုပ်ရသည်မှာ ခက်ခဲလွန်းလှသည်။ ယခုညှိနှိုင်းမှုတွင် မည်သို့မှ ခရီးမရောက်ဟု ခံစားရသည်။

“အဲ့ဒါ ရုပ်မြင်သံကြား ကြော်ငြာတွေအတွက်လေ.. ကျုပ်တို့ အမှတ်တံဆိပ် ဈေးကွက်ချဲ့ထွင်တာနဲ့ ဘယ်လိုလုပ် တူမှာလဲ.. လက်တွေ့ ထုတ်ကုန်တွေ သုံးပြီး အရောင်းမြှင့်တင်ရေးဆိုတာ သိရဲ့လား.. ကျုပ်ပြောနေတာတွေကို နားမလည်ဘူးဆိုတာ သိတယ်.. စိုက်ပျိုးရေး ဝန်ကြီးဌာနအောက်က ကုမ္ပဏီတွေအားလုံး ဒီလောက် ဆိုးရွားနေတာ အံ့ဩစရာ မရှိပါဘူး..”

နျိုကန် အသက်ပြင်းပြင်း ရှုလိုက်မိသည်။ အသက်(၂၀)ကျော်လေးက သူ့အလုပ်ကို နှိမ့်ချဝေဖန်နေပေသည်။ ယခင်ကဆိုလျှင် ထိုကလေးမျိုးအား သင်ခန်းစာ တစ်ခုခုပေးခြင်း သို့တည်းမဟုတ် ထွက်သွားခြင်းမျိုး လုပ်မိပေမည်။ ယခုမူကား ထိုသို့ မလုပ်နိုင်ချေ။ ပိုင်တာ့စန်း အုပ်စု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဖုန်းယွီ၏ အကူအညီ လိုအပ်နေပေသည်။

ပိုင်တာ့စန်း အုပ်စုတွင် နျိုကန် အားအချိန်မရွေး အစားထိုးနိုင်ပေသည်။ သို့ရာတွင် ဖုန်းယွီအား အစားထိုး၍ မရချေ။ သူ ကျရှုံးသွားပါက သူ၏ အထွေထွေ မန်နေဂျာရာထူး ဆုံးရှုံးလိုက်ရကာ လောင်ကျင်း၏ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ဗျူရိုဒါရိုက်တာပင် ရောက်လာနိုင်ပေသည်။ ဖုန်းယွီမှာက သူဌေးကြီး တစ်ယောက်အဖြစ် ဆက်လက် ရှိနေအုံးမည်ဖြစ်ပြီး သူ့အတွက် မည်သည့်ကောင်းကျိးမှ ရနိုင်မည် မဟုတ်ချေ။

“ဒါဆိုလဲ ဒီကိစ္စ ဘယ်လိုလုပ်ရင် ရနိုင်မလဲ ပြောပြပေးပါလား..”

‘အသိပညာက အဖိုးတန်တယ်.. ကျုပ်အတွက် ဘာတစ်ခုမှ ပြန်မရနိုင်ဘဲ ကျုပ်က ဘာကိစ္စ ပြောပြရမှာလဲ.. ကျုပ် အရိုးသားဆုံး ပြောလိုက်မယ်.. ခင်ဗျား အမှတ်တံဆိပ် ပူးပေါင်းမှု တစ်ခု လိုချင်လား.. ပြဿနာမရှိဘူး.. ခင်ဗျားက ကျုပ်တို့ရဲ့ ပါကင်ပုံစံတွေ ပြောင်းချင်တာလား.. ပြဿနာမရှိဘူး… ငွေသာ ပေးလိုက်.. မဟုတ်ရင် ဒီပူးပေါင်း ဆောင်ရွက်မှု ပြီးသွားပြီ..”

“မန်နေဂျာဖုန်း.. စောစောက ငါတို့ ညှိနှိုင်းနေတာ တော်တော် ကောင်းနေပြီကို ဘယ်လိုဖြစ်သွားတာလဲ..”

နျိုကန် ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်သည်။

“ကိုယ့်ကိုကိုယ် ပြန်မေးကြည့်လိုက်လေ..”

“မန်နေဂျာဖုန်း.. ဒီပူးပေါင်းဆောင်ရွက်မှုအတွက် အစကနေ ပြန်ဆွေးနွေးလို့ရမလား..”

“ဖြစ်ပါတယ်..”

ဖုန်းယွီ ပြုံးရင်းဖြင့် သဘောတူလိုက်သည်။

နျိုကန် အလွန်ပျော်သွားသည်။ သူ၏ တောင်းဆိုချက်များ ပြောတော့မည့်အချိန်တွင် ဖုန်းယွီမှ..

“ကျုပ်တို့ ဘယ်က စမှာလဲ..”

“ကျုပ်တို့တွေ အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်မှုနဲ့ စကြမယ်လေ..”

ဖုန်းယွီ ခေါင်းခါကာ..

“စောစောက ခင်ဗျားမေးခွန်းကို မှတ်မိသေးလား..”

“ဘာမေးခွန်းပါလိမ့်..”

နျိုကန် စိတ်ရှုတ်သွားသည်။

“ကျုပ်တို့ အမှတ်တံဆိပ် ပူးပေါင်းမှုအတွက် ကျုပ်သဘောမတူရသေးဘူးလေ..”

“ကျုပ်ပြော မိလိုက်လို့လား.. မမှတ်မိတော့ဘူး..”

“ခင်ဗျားကို သတိပေးပါရစေ.. အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်မှုအကြောင်း မေးလိုက်တာလေ..”

“ဟုတ်ပါတယ်.. ပိုင်တာ့စန်း အုပ်စုနဲ့ ထိုင်ဟွာ စာသောက်ကုန် ကုမ္ပဏီ အမှတ်တံဆိပ် ပူးပေါင်းဆောင်ရွက်ရင် ဘယ်လိုထင်လဲဆိုတာ မေးလိုက်တာ..”

နျိုကန် စကားမဆုံးမီပင် ဖုန်းယွီ ခေါင်းခါရင်းဖြင့်..

“မဟုတ်သေးဘူး..”

နျိုကန် စွံ့အသွားရသည်။ စောစောက သဘောတူခဲ့သည် မဟုတ်ပေလော။ မိမိတို့သည် ဤညှိနှိုင်းမှုအား ပြန်လည် စတင်နေပြီး ထိုပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်မည် ဆိုပါက ပြန်လည် ညှိနှိုင်းမှု၏ အဓိပ္ပါယ်မှာ မည်သည်နည်း။

“မန်နေဂျာဖုန်း.. စောစောက မင်းအဲ့လိုပြောလိုက်တာ မဟုတ်ပါဘူး..”

နျိုကန် ထိတ်လန့်သွားသည်။

“စောစောကနဲ့ အခုနဲ့ မတူဘူး.. လူတွေဟာ ပြောင်းလဲနိုင်တယ်..”

“မန်နေဂျာဖုန်း.. မင်းဘက်က တောင်းဆိုချက်တွေ ငါ့ကို ပြောပါ.. လက်ခံနိုင်ရင် သေချာပေါက် သဘောတူမှာပါ.. ပိုင်တာ့စန်း အုပ်စုရဲ့ ထုတ်ကုန်တွေ ရောင်းဖို့လဲ မင်းကုမ္ပဏီကို လွှဲပေးမှာပါ.. မင်းလဲ ငါတို့ ထုတ်ကုန်တွေ ရောင်းကောင်းစေချင်တယ်မို့လား..”

နျိုကန် မေးလိုက်သည်။ သူ့တွင် ရွေးစရာ မရှိတော့ချေ။ ညှိနှိုင်းမှု ပျက်သွားပါက သူအလုပ်ပြုတ်သွားနိုင်ပေသည်။

ဖုန်းယွီ နျိုကန်အား ကျေနပ်စွာ ကြည့်လိုက်သည်။

“မန်နေဂျာနျို.. အဲ့လို လေသံနဲ့ မပြောပါနဲ့.. ကျုပ်တို့အားလုံး မိတ်ဆွေတွေပါ.. ကျုပ်တို့ ပူးပေါင်းနိုင်ပါသေးတယ်.. ဒါပေမယ့် ကျုပ်ရဲ့ စည်းကမ်းချက်တွေအတိုင်း ဖြစ်ရမယ်..”

နျိုကန်မှာ ပြောစရာ စကားမဲ့သွားသည်။ ထိုသို့သော စကားတစ်ခွန်းဖြင့် မိတ်ဆွေ မည်သို့ ဖြစ်နိုင်မည်နည်း။

-------*****--------

All Chapters