အထူးအခွင့်အရေးများ
Vol. 50 Ch. 742
နောက်ဆုံး၌ နျိုကန်သည် ဖုန်းယွီ၏ ကိုင်တွယ်ပုံ ကြမ်းတမ်းမှုအောက်တွင် သဘောတူလိုက်ရသည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။ အဆင့်မြင့် အရာရှိ တစ်ဦးအနေဖြင့် လုပ်ငန်း ညှိနှိုင်းမှုတွင် တစ်ဖက်မှ ဖိနှိပ် ခံရသည်ဟု ခံစားရသည်မှာ ဤသည်က ပထမဆုံး အကြိမ်ဖြစ်သည်။ ယခင်က မဖြစ်ခဲ့ဘူးချေ။
ဖုန်းယွီနှင့် နျိုကန်တို့သည် ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိက စည်းကမ်းချက်များကိုသာ အခြေတည် ဆွေးနွေးကြသည်။ ကျန်အသေးစိတ် အချက်အလက်များကို ကျောင်းမင်မှ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ ကျောင်းမင်သည် ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီနှင့် ပတ်သက်သည့် ကိစ္စများကို ကိုင်တွယ်ရန် အကောင်းဆုံးလူ ဖြစ်သည်။
ထို့အပြင် ဖုန်းယွီသည် ဤဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်ရန် ပျင်းနေမိသည်။ ယခု ပြန်လာမှုသည် ထိုကိစ္စ စဉ်းစားလိုက်ရသဖြင့် သူ၏ စွမ်းအင် ဖြုန်းတီလိုက်ရသည်မှာ များလှပေသည်။
ဖုန်းယွီသည် ငွေကြေး သိသိသာသာ များများစားစား ရနိုင်မည့် အစီအစဉ်များကို မကြာမီ လုပ်နိုင်တော့မည် ဖြစ်သည်။ သို့ရာတွင် ထိုမတိုင်မီ အရေးကြီးဆုံးအရာတစ်ခု ဖြေရှင်းခဲ့ရပေသည်။
လက်ရှိ သို့တည်းမဟုတ် နောင်အခါတွင် ဟောင်ကောင် နိုင်ငံသား တစ်ဦး၏ အထောက်အထားသည် တရုတ်အမျိုးသား တစ်ယောက်ထက် ပို၍ အဆင်ပြေပေသည်။ ဥပမာအားဖြင့် သူသည် နိုင်ငံများစွာသို့ လည်ပတ်ရန် ဗီဇာ မလိုအပ်ချေ။ ယနေ့ခေတ်တွင် ပို၍ပင် အကျိုးကျေးဇူးများ ရခဲ့သည်။ လာမည့် (၅)နှစ်အတွင်း ဟောင်ကောင်သားများသည် အမေရိကန် တစ်ယောက် နှင့် နှိုင်းယှဉ်နိုင်ပါက တရုတ်တွင် အထူးအခွင့်အရေး ပိုမို ရနေလိမ့်မည်။
ဖုန်းယွီလိုချင်သည်မှာ ဟောင်ကောင် ပတ်စ်ပို့ပင်။
သို့ရာတွင် ဖုန်းယွီအတွက် ဟောင်ကောင် ပတ်စ်ပို့ရရှိရေးမှာ အလွန်ခက်ခဲပေသည်။ ဖုန်းယွီထံတွင် ပိုင်ဆိုင်မှု များလွန်းသောကြောင့်ဖြစ်သည်။
ဖုန်းယွီ မည်မျှချန်းသာသည်ကို အခြားသူများ မသိနိုင်ချေ။ သို့ရာတွင် ဖုန်းယွီအား အဆင့်မြင့် စောင့်ကြည့်မှု အနည်းငယ် ရှိနေပေလိမ့်မည်။ ဖုန်းယွီသည် တရုတ်နိုင်ငံရှိ သူဌေးကြီး တစ်ယောက်ဖြစ်ကာ ဟောင်ကောင်သို့ ပြောင်းရွှေ့ နေထိုင်ပြီး ဟောင်ကောင်မှာ ဗြိတိန်သို့ ရွှေ့ပြောင်းသွားပါက သူ၏ ချမ်းသာကြွယ်ဝမှုအားလုံး အခြားနိုင်ငံသို့ ပါသွားပေလိမ့်မည်။ တရုတ်အစိုးရမှ ထိုသို့ အဖြစ်မခံနိုင်ချေ။
ဖုန်းယွီသာ သန်းကြွယ်သူဌေး သို့တည်းမဟုတ် သန်းပေါင်း တော်တော်များများ ချမ်းသာသူ ဆိုပါက ဟောင်ကောင် သို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး လွယ်ကူမည်ဖြစ်ပြီး အစိုးရမှ ဂရုစိုက်နေမည် မဟုတ်ချေ.
ရွှေ့ပြောင်းရန် အလွယ်ကူဆုံးနည်းလမ်းမှာ ထိုနိုင်ငံ၌ ရင်းနှီးမြုပ်နှံရန်ဖြစ်သည်။ အတည်ပြုချက်များစွာကို အလွယ်တကူ ခွင့်ပြုပေးပေလိမ့်မည်။ ယနေ့ခေတ်တွင် ဟောင်ကောင်နှင့် နိုင်ငံ တော်တော်များများမှ ရွှေ့ပြောင်း နေထိုင်သူများအား ကြိုဆိုခဲ့ကြသည်။
ထိုနိုင်ငံများသည် လူကို အလေးမထားချေ။ လူတစ်ယောက်၏ ကြွယ်ဝ ချမ်းသာမှုကိုသာ အလေးထားကြသည်။ ဖုန်းယွီ မမွေးဖွားမီကပင် နိုင်ငံ အများအပြားသည် ရင်းနှီးမြုပ်နှံမှုများကို သုံး၍ ရွှေ့ပြောင်း နေထိုင်ခြင်းကို အားပေး လက်ခံကြသည်။ ဤသည်က ထိုနိုင်ငံများအတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ရလိုက်ခြင်းနှင့် တူပေသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် တရုတ်သူဌေးကြီး အများအပြားသည် အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ဤသည်မှာ တရုတ်အစိုးရအတွက် ခေါင်းခဲစရာပင်။ သို့ရာတွင် တရုတ်စီးပွားရေးကို လွှမ်းမိုးနိုင်သည့် ထိပ်တန်း သူဌေးကြီးများကိုမူ အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ခွင့် မပေးခဲ့ချေ။ ထိုလူများသည်လည်း တရုတ်ပြည်မှ မထွက်ချင်ကြချေ။ ၎င်းတို့သည် တရုတ်နိုင်ငံတွင် အထူးအဆင့်အတန်း တစ်ခု ရခဲ့ကြသည်။
ယခုအချိန်တွင် ဖုန်းယွီသည် အဆင်မပြေသည့် အခြေအနေရှိနေသည်။ သူ၏ အနာဂတ်အစီအစဉ်များသည် တရုတ်နိုင်ငံတွင် အာရုံစိုက်နေဆဲ ဖြစ်ကာ လူမျိုးပြောင်းရန်မူ ရည်ရွယ်ချက် မရှိချေ။ ပိုမို အဆင်ပြေစေရန် အတွက်သာ အထောက်အထား တစ်ခု လိုချင်နေခြင်းဖြစ်သည်။
သို့အတွက် ဖုန်းယွီ ပေကျင်းသို့ သွားလိုက်သည်။ သံလက်သီးကျူးနှင့် တွေ့ဆုံနိုင်ရန် ဒါရိုက်တာ ဖုန်းအား ဖုန်းဆက် လိုက်သည်။
မွန်းတည့်ချိန်ဖြစ်၍ ဖုန်းယွီသည် သံလက်သီးကျူးနျင့် တွေ့ရသည့်အချိန် အလုပ် လုပ်နေဆဲဖြစ်သည်။ ထိုလူသည် တိုင်းပြည်အတွင် အလွန် အလုပ်ကြိုးစားပေသည်။ ထို့ကြောင့်ပင် ဖုန်ယွီ ထိုလူအား အမှန်တကယ် လေးစားခဲ့ခြင်း ပင်။
“မင်း ငါနဲ့ အရေးတကြီး တွေ့ချင်နေတယ်ဆို.. ပြောလေ.. ဘာကိစ္စလဲ..”
သံလက်သီးကျူးမှာ သူ၏ နှားခေါင်းကို နှိပ်နယ်ရင်း မေးလိုက်သည်။ မောပန်းနေပုံလည်း ပေါ်နေပေသည်။
“ကျုပ် ပြောင်းချင်တယ်..”
“ဘာကြီး.. မင်း ပြောင်းချင်တာလား..”
သံလက်သီး ကျူးမှာ ထိတ်လန့်ခဲပေသည်။ သို့ရာတွင် ဖုန်းယွီစကားမှာ သူ့ကို ထိတ်လန့်သွားစေသည်။
ဖုန်းယွီသည် တရုတ်နိုင်ငံတွင် ငွေကြေးများစွာ လှူဒါန်းခဲ့သည်။ မျိုးချစ်စိတ် ရှိပေလိမ့်မည်။ သံလက်သီးကျူးသည် စောင်ကျင်း မော်တာ စက်ရုံသို့ သွားရောက်လည်ပတ်စဉ်က ဖုန်းယွီနှင့် စကားပြောဖူးပေသည်။ တရုတ် ကုမ္ပဏီများ၏ အရေးပါပုံကို ဆွေးနွေးခဲ့ပေသည်။ ယခုမူ ဖုန်းယွီ မည်သည့်အတွက် ပြောင်းချင်နေသနည်း။
ဖုန်းယွီသည် မတားဆက်ဆံ ခံရမှုနှင့် ကြုံတွေ့ခဲ့သည်လော။ မဖြစ်နိုင်ချေ။ ဖုန်းယွီကဲ့သို့သော သူဌေးကြီးကို မည်သူ စော်ကြားရဲသနည်း။ ဖုန်းယွီ၏ ကုမ္ပဏီအား အစိုးရ အရာရှိ အချို့မှ သိမ်းပိုက်ရန် ကြိုးစားနေသည်လော။
“ဘာကြောင့်လဲ…”
သံလက်သီးကျူး မာမာထန်ထန် မေးလိုက်သည်။
“စိတ်မဆိုးပါနဲ့.. အမေရိကန် ဒါမှမဟုတ် အနောက်တိုင်း နိုင်ငံတွေကို ပြောင်းမှာ မဟုတ်ပါဘူး.. ဟောင်ကောင်ကို ပြောင်းချင်တာ.. အကြောင်းပြချက်က ရိုးရိုးလေးပါ.. ဟောင်ကောင် ပတ်စ်ပို့ လိုနေတယ်.. အလွယ်တကူ ခရီးသွား လို့ရတဲ့ နိုင်ငံလူး လက်မှတ်မှ ပိုအဆင်ပြေမှာလေ.. ရက်ပိုင်းထဲမှာတောင် အမေရိကန်ကို သွားဖို့ရှိတယ်.. ပြီးတော့ ဥရောပ၊ ဂျပန်နဲ့ တခြားနိုင်ငံ တော်တော်များများကို သွားရအုံးမယ်..”
ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖေလိုက်သည်။
“အဲ့ဒါကြောင့်လား..”
“ဟုတ်တယ်… ကျုပ်မိဘတွေ တရုတ်မှာပဲ ရှိနေအုံးမှာ.. ကျုပ်က ဘယ်ကိုပြေးရမှာလဲ.. ကျုပ်ပိုင်ဆိုင်မှုတွေကို တရုတ်ကနေ လွှဲပြောင်းဖို့ ကြိုးစားနေတယ်ဆိုပြီး မတွေးစေချင်ဘူး.. တကယ်ဆို နိုင်ငံခြားမှာ ကျုပ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက တရုတ်မှာ ရင်းနှီးမြုပ်နှံမှုထက် ပိုများတယ်.. ခင်ဗျားတို့ အဲ့ဒါတော့ မသိကြသေးဘူး မို့လား..”
သံလက်သီးကျူး ဖုန်းယွီအား စူးစိုက်ကြည့်ရင်းဖြင့်..
“ဘာလို့ ဒါတွေ ပြောတာလဲ..”
“ဘာမှ မဟုတ်ပါဘူး.. ဟောင်ကောင်းကို ပြောင်းပေမယ့် ဟောင်ကောင်မှာ နောက်ထပ် နှစ်သိပ်မကြာခင် တရုတ်ပြည်ရဲ့ အစိတ်အပိုင်းဖြစ်လာမှာပဲ.. ကျုပ်က တရုတ်လူမျိုး ဖြစ်နေတုန်းပဲလေ.. ခင်ဗျားအနေနဲ့ ကျန်လူတွေကိုလဲ ဟောင်ကောင်သားလို့ မမြင်စေချင်ဘူး.. ဒါကြောင့် ခင်ဗျားကို မေတ္တာရပ်ခံဖို့ စဉ်းစားနေတာ.. ကဒ်တစ်ခုပေးလို့ရမလား.. တရုတ်မှာ အမြဲတမ်း နေခွင့်ပေးတဲ့ ကဒ်တစ်ခုလေ..”
နိုင်ငံတော်တော်များများတွင် ထိုသို့ ပါမစ်ရှိပေသည်။ ထိုကဒ်အမျိုးအစားသည် ထိုနိုင်ငံတွင် အမြဲနေထိုင်ခွင့်ဖြစ်ပြီး ကတ်ကိုင်ဆောင်ထားသူအား ထိုနိုင်ငံ၏ ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။ သို့ရာတွင် ထိုကတ်ကိုင်ထားသူသည် ထိုနိုင်ငံ၏ နိုင်ငံသား ဖြစ်သည်ဟု မဆိုနိုင်ချေ။
ဖုန်းယွီ ယခင်ဘဝက တရုတ်အများစုသည် အမေရိကန် အစိမ်းရောင်ကတ်များ သို့တည်းမဟုတ် အခြားနိုင်ငံ၌ အမြဲတမ်း နေထိုင်သူများ ကိုင်ထားတတ်ကြသည်။ ထိုလူများသည် တရုတ်အမျိုးသား မဟုတ်တော့ကြောင်း တရုတ်လူမျိုး အများအပြား ယူဆထားကြသည်။ ရန်သူဘက် ကူးသွားခဲ့သဖြင့် တိုင်းတပါးသားများ ဖြစ်သွားကြသည်။ သို့ရာတွင် ထိုလူအများစုထဲမှ အချို့သည် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီဝင်များ ဖြစ်နေဆဲပင်။ ထိုလူများသည် အခြားနိုင်ငံ၌ နေထိုင်ခွင့်မှ လွဲ၍ တရုတ်နိုင်ငံသားများ ဖြစ်နေဆဲပင်။
ဖုန်းယွီသည် နိုင်ငံသား (၂)မျိုး ရလိုခြင်းပင်။ သို့ရာတွင် တရုတ်သည် နိုင်ငံသား (၂)မျိုး အသိအမှတ် မပြုကြောင်း သိထားပေသည်။ သို့ဖြစ်၍ အစိမ်းရောင်ကတ် တောင်းခံခြင်းပင်။
သံလက်သီးကျူး ဖုန်းယွီအား ကြည့်လိုက်သည်။ ထိုအသက်အရွယ်ဖြင့် ဤမျှ မရင့်ကျက်သင့်ချေ။ သူသည် မိမိ လုပ်ဖော်ကိုင်ဖက်များထက်ပင် အတွေ့အကြုံ များလွန်းနေသည့်ပုံရပေသည်။ သံလက်သီးကျူး ဤသည်ကို အလွန်သိချင်နေပေသည်။
သံလက်သီးကျူးသည် ဖုန်းယွီနှင့် သူ၏ မိသားစု နောက်ခံကို စုံစမ်းခဲ့သည်။ ဖုန်းယွီ၏ မိသားစုသည် သာမန်လူဖြစ်ပြီး ထူးဆန်းမှု လုံးဝမရှိချေ။ ၎င်းတို့သည် နိုင်ငံရပ်ခြားရှိ မည်သူနှင့်မှ အဆက်အသွယ်မရှိခဲ့ချေ။
ဖုန်းယွီသည် သူ၏ အရင်းအနှီးအတွက် ဝက်ဝံတစ်ကောင်ထံမှ ရရှိခဲ့သည်။ ထိုလူငယ်သည် စီးပွားရေး အင်ပါယာတစ်ခု ဖန်တီးရန် ကူညီခဲ့သည့် ဝက်ဝံ တစ်ကောင်ပင်။ ပို၍ တုန်လှုပ်စရာ ကောင်းသည်မှာ ဖုန်းယွီ၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းသာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဖုန်းယွီသည် နိုင်ငံရပ်ခြားတွင် ရင်းနှီးမြုပ်နှံမှု ပိုများနေကြောင်း သူမသိချေ။
ထိုလူသည် အစိုးရအတွက် လုပ်ပေးနိုင်ပါက တရုတ်နိုင်ငံ၏ စီးပွားရေး ပိုမြန်လာပေလိမ့်မည်။ ထိုလူငယ် စိတ်မဝင်စားသည်မှာ နှမျှောစရာပင်။
“ဒီလောက် ဒုက္ခပေးစရာ မလိုပါဘူးကွာ.. မင်း ဟောင်ကောင် နိုင်ငံသား ခံယူနိုင်သလို တရုတ်နိုင်ငံသား အဖြစ်လဲ နေလို့ရတယ်.. ပြောချင်တာက မင်းမှာ တရားဝင် နိုင်ငံကူးလက်မှတ် (၂)ခု ကိုင်ဆောင်ခွင့် ရထားတယ်..”
ဆိုလိုသည်မှာ နိုင်ငံသား နှစ်ခု ဖြစ်ခွင့်လော။ အထူးအခွင့်အရေး ရထားပြီလော။
“ကျုပ် နိုင်ငံသား (၂)မျိုး ဖြစ်ပိုင်ခွင့်ရှိတယ်လို့ ပြောနေတာလား..”
ဖုန်းယွီ ထပ်မေးလိုက်သည်။
“မကြာခင် တစ်နိုင်ငံတည်း ဖြစ်လာတော့မှာကို.. အားလုံး အတူတူပါပဲ.. မင်းက ထက်မြက်တယ်လေ.. ငါတို့ နိုင်ငံအတွက် အလှူငွေနဲ့ အခွန်တွေတော့ မင်းပိုလှူဒါန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်..”
သံလက်သီးကျူး ဖုန်းယွီအား သေချာ စိုက်ကြည့်လိုက်သည်။
သို့ရာတွင် ဖုန်းယွီထံမှ အသံထပ်ထွက်မလာချေ။ သူ့အနေဖြင့် နိုင်ငံရေး စိတ်မဝင်စားချေ။ အစိုးရ နိုင်ငံရေးကို မသိ၍ မဟုတ်ချေ။ သို့ရာတွင် သူသည် ဘဏ္ဍာရေးပိုင်း ပိုကောင်းကာ အစိုးရအတွက် ကန့်သတ်ချက် အလွန်များ ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ ကန့်သတ်ခံရခြင်းကို မကြိုက်ချေ။
“ကျုပ် အစွမ်းကုန် လုပ်နိုင်သလောက် လုပ်မှာပါ.. ကျုပ်က တရုတ်လူမျိုးလေ..”
“ဟား.. ဟား.. အကောင်းပြောတာပါကွာ.. မင်းအတွက် ဒီကိစ္စဖြေရှင်းပေးဖို့ တစ်ယောက် ခေါ်လိုက်မယ်.. မင်း တရားဝင် ဟောင်ကောင် ပတ်စ်ပို့ နောက်(၃)ရက်လောက်မှာ ရလိမ့်မယ်..”
သံလက်သီးကျူးသည် ဖုန်းယွီ၏ တုန့်ပြန်မှုကို သဘောကျနေပေသည်။
သူထွက်သွားစဉ် သံလက်သီး ကျူးမှာ သူ့နောက်ကျောကို ကြည့်နေပေသည်။ ထိုလူအား အရိပ်အကဲ ဖတ်မရချေ။ ထိုလူမျိုး တရုတ်နိုင်ငံတွင် ပေါ်လာပေသည်။ ထိုသို့သော ကံကြမ္မာမှာ …………
-------*****--------