အားလုံး နောင်တရနေပြီလော
Vol. 50 Ch. 743
“ဥက္ကဋ္ဌ ကာမီဒါ တောင်းပန်ပါတယ်.. ဥက္ကဋ္ဌ ခါမီဒါ အခု ခင်ဗျား မိန့်ခွန်း ပြောသင့်တယ်.. ဥက္ကဋ္ဌ ကာမီဒါ အရင်က လိင်အရုပ်ကုမ္ပဏီ စာရင်းသွင်းမထားဘူး.. ဒီနေ့ ဆဋ္ဌမအာရုံ ကုမ္ပဏီကို နောက်(၃)ရက်အကြာမှာ စာရင်းသွင်းမယ် လို့ ခင်ဗျားကြေငြာထားတယ်ဆိုတာ မှန်လားဗျ..”
မိုက်တစ်လုံးထုတ်၍ မေးလိုက်သည်။
သတင်းထောက်တစ်စုသည် ဆဋ္ဌမအာရုံ ကုမ္ပဏီ အဝင်ဝတွင် ခါမီဒါမာဆောင်ကို ဝိုင်းရံထားကြသည်။ သူတို့အားလုံး တွေ့ဆုံမေးမြန်းချင်နေကြပေသည်။
“မှန်ပါတယ်.. ကျုပ်ကို ဥက္ကဋ္ဌ ခါမီဒါလို့ ခေါ်နိုင်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ဆဋ္ဌမအာရုံ ခါဘူရှိခီ ခိုင်ရှီရဲ့ ဥက္ကဋ္ဌ မို့ပါ..”
ခါမီဒါ မာဆောင် သည် သတင်းထောက်များအား ပြုံးရွှင်စွာ ပြန်လည် ဖြေကြားနေပေသည်။
ဖုန်းယွီမှ သူ့ကို ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ဥက္ကဋ္ဌ လုပ်ရန် ပြောလာသည့်အခါ သူအရမ်းပျော်သွားသည်။ ယခင် နဂါးနက် အမှတ်တံဆိပ်ကို ဆဋ္ဌမအာရုံ အမှတ်တံဆိပ် အသစ်အဖြစ် ပြောင်းလဲရန် သူကြိုးစားခဲ့သည်။ ထိုအမှတ်တံဆိပ် အသစ်အပေါ် လူကြိုက်များမှုမှာ သိသိသာသာ မြင့်တက်လာသည်။
ထို့နောက် ခါမီဒါ မာဆောင်သည် အမြတ်မထွက်သည့် ကုမ္ပဏီများစွာပင် စာရင်းသွင်းထားသည်ကို တွေ့ရသည်။ ထိုကုမ္ပဏီများကို စာရင်းသွင်းပြီးနောက် ၎င်းတို့၏ ဈေးကွက်တန်ဖိုး မြင့်တက်လာပေသည်။
စာရင်းသွင်းခြင်းသည် ကုမ္ပဏီနှင့် အမှတ်တံဆိပ်ကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်း တစ်ခုလည်း ဖြစ်ပေသည်။ ကုမ္ပဏီသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အများ၏ ရန်ပုံငွေလည်း စုဆောင်းနိုင်ပေသည်။ သို့အတွက် ခါမီဒါ မာဆောင်သည် ဆဋ္ဌမအာရုံ ကုမ္ပဏီစာရင်းသွင်းနိုင်ရေးအတွက် ထင်မြင်ချက်လိုချင်သဖြင့် ဖုန်းယွီနှင့် တွေ့ဆုံခဲ့သည်။
ဖုန်းယွီ သဘောတူကာ တိုကျိုစတော့ ဈေးကွက်ဖြစ်သည့် Nasdaq တွင် ကုမ္ပဏီအား စာရင်းသွင်းရန် အကြံပြုပေး ခဲ့သည်။
ခါမီဒါ မာဆောင်သည် လျှောက်လွှာရေးသွင်းရာ၌ အခက်အခဲ အနည်းငယ် ရင်ဆိုင်ခဲ့ရသည်။ သို့တိုင်အောင် နောက်ဆုံးတွင် ကုမ္ပဏီ၏ ရလဒ်ကောင်းများနှင့် ဘဏ္ဍာရေး အစီရင်ခံစာများနှင့်အတူ အတည်ပြုချက်များကို ရနိုင်လိုက်သည်။
ခါမီဒါ မာဆောင် ထင်မှတ်မထားသည့် ကိစ္စမှာ ဖုန်းယွီသည် သူ့ကို ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ဥက္ကဋ္ဌ လုပ်ရန် ပြောခဲ့ခြင်းပင်။ ဖုန်းယွီသည် သူ့အား အမှန်တကယ် ယုံကြည်ကြောင်း ခံစားရသည်။
ခါမီဒါ မာဆောင်သည် ဂျပန်နိုင်ငံတွင်ရှိပြီး အဓိက ရှယ်ယာရှင် တစ်ယောက်သည် ဥက္ကဋ္ဌ မလုပ်ဘဲ တခြားလူ တစ်ယောက်အား လုပ်ခိုင်းခြင်းမျိုး တစ်ကြိမ်တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ချေ။ ဤသို့ ကိစ္စမျိုး ဖုန်းယွီ ပထမဆုံး ပြုလုပ်ခဲ့သူပင်။
ခါမီဒါ မာဆောင်သည် ဖုန်းယွီအား ကျေးဇူးတင်ပေသည်။ ဖုန်းယွီနှင့် မဆုံခဲ့ပါက ယခုလောက်ထိ အောင်မြင်မည် မဟုတ်ချေ။ သူသည် ခါမီဒါ မိသားစုကို ပြန်လည် ထူထောင်နိုင်တော့မည်လည်း မဟုတ်ချေ။
ခါမီဒါ မိသားစုသည် ဂျပန်နိုင်ငံရှိ ထိပ်တန်းမိသားစု တစ်ခု မဟုတ်ချေ။ ခိုင်မာသော အခြေခံ အုတ်မြစ် သို့တည်း မဟုတ် နိုင်ငံရေးဘက်တွင် မည်သည့်ဩဇာအာဏာမှ မရှိချေ။ သို့ရာတွင် ခါမီဒါမိသားစုသည် မည်သူကိုမဆို ကျော်တက်နိုင်သည်အထိ အားနည်းသည့် မိသားစုလေး မဟုတ်တော့ချေ။ အနည်းဆုံးအားဖြင့် သူတို့ပြည်နယ်တွင် ခါမီဒါ မိသားစုသည် လေးစားခံ မိသားစုတစ်စု ဖြစ်လာခဲ့သည်။
ခါမီဒါ မာဆောင်သည် သတင်းစာများနှင့် ရုပ်မြင်သံကြားတွင် မကြာခဏဆိုသကဲ့သို့ ပါဝင် ထင်ရှားလာသည်။ လူတော်တော်များများသည် သူ့ကို လိင်အရုပ် လုပ်ငန်းဘုရင် နှင့် ဘုရင်ပြာ ဟုပင် ခေါ်ဆိုကြသည်။ မည်သို့ပင် ခေါ်သည်ဖြစ်စေ ခါမီဒါ မာဆောင်မှာမူ ဂရုမစိုက်ချေ။ ယခု သူသည် အထက်တန်း လူတန်းစားတွင် လေးစား ထိုက်သူ ဖြစ်လာပေပြီ။
ကုမ္ပဏီ၏ ဝန်ထမ်းများအား ကုမ္ပဏီ၏ ရှယ်ယာများ ဝယ်ယူခွင့်ပေးရန် အကြံပေးသည့်အခါ ဖုန်းယွီမှ သဘောတူပေး ခဲ့သည်။ ဖုန်းယွီသည် အသေးစိတ် အချက်အလက်များကိုပင် မေးမနေဘဲ သူလုပ်ချင်သမျှ လုပ်ရန် သာခွင့်ပေးခဲ့သည်။
ခါမီဒါ မာဆောင်သည် သူ့အပေါ် ဤမျှယုံကြည်သည့် သူဌေးနှင့် တွေ့ဆုံရသည်မှာ ကံကောင်း ကြောင်း ခံစားရသည်။
“ဥက္ကဋ္ဌ ခါမီဒါ… အစုရှယ်ယာ ဘယ်လောက်ကို ဘယ်ဈေးနှုန်းနဲ့ ထုတ်ပေးမလဲ..”
သတင်းထောက် တစ်ယောက်မှ မေးလိုက်သည်။
“ကျုပ်တို့ ကုမ္ပဏီက သန်း(၃၀)တန်ဘိုးရှိတဲ့ ရှယ်ယာ (၃၀)ရာခိုင်နှုန်း ထုတ်ပေးသွားမှာပါ.. လက်လီဈေးနဲ့ ပြောရရင် ရှယ်ယာတစ်ခုကို ကန်ဒေါ်လာ (၁၀) ပါ..”
ခါမီဒါ မာဆောင် ပြန်ဖြေလိုက်သည်။
တစ်ခနအတွင်း လူတစ်ယောက်သည် ကိန်းဂဏန်းများ တွက်ချက်ပြီးနောက် ခါမီဒါ မာဆောင်သည် ဆဋ္ဌမအာရုံ၊ လိင်ဖျော်ဖြေရေး ထုတ်လုပ်သည့် ကုမ္ပဏီသည် ကန်ဒေါ်လာ (၁)ဘီလီဘံ တန်ကြောင်း ပြောနေသည်လော။
တကယ့် ဟာသပင်။ အကြွေး ဒေါလာ သန်းရာချီ ရှိသည့် ကုမ္ပဏီတစ်ခုသည် မည်မျှ တန်ဖိုးရှိနိုင်မည်နည်း။
“ဥက္ကဋ္ဌ ခါမီဒါ.. လက်လီဈေးနှုန်း အရမ်းမြင့်မနေဘူးလား.. ကုမ္ပဏီရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု ဒီလောက်မရှိဘူးလို့ ကြားထားပါတယ်.. ရှယ်ယာတွေအတွက် အာမခံ ဈေးနှုန်းပါ သတ်မှတ်ထားတာလား..”
ခါမီဒါ မာဆောင်သည် ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ အရူးတစ်ယောက်လော။ မည်သည့် ကုမ္ပဏီသည် ၎င်းတို့၏ ရှယ်ယာများကို အာမခံ ဈေးနှုန်းဖြင့် ထုတ်မပေးသနည်း။ ကန်ဒေါ်လာ (၁၀)တန်ကို (၅)ဒေါ်လာဖြင့် ရောင်းစေချင်နေသည်လော။ ထိုလူ၏ ဦးနှောက်တွင် တစ်ခုခု ဖြစ်နေသည်လော။
ခါမီဒါ မာဆောင်သည် ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။
အခြားသတင်းထောက်များမှ ထိုမိုက်မဲသည့် မေးခွန်းအား ဓတ်ဆီလောင်းသည့်အနေဖြင့်..
“ဥက္ကဋ္ဌ ခါမီဒါ.. ဒီကုမ္ပဏီကို တိုကျိုက Nasdaq မှာ စာရင်းသွင်းဖို့ ဘာလို့ရွေးလိုက်တာလဲ.. ကျုပ်တို့ တိုင်းပြည်က အရမ်းပွင့်လင်းပြီး ခင်ဗျားကုမ္ပဏီက ထုတ်ကုန်တွေလဲ အရမ်းနာမည်ကြီးနေပါတယ်.. ဒီမှာရောက်နေတဲ့ လူတော်တော်များများဆိုလဲ ခင်ဗျားကုမ္ပဏီက ရှယ်ယာတွေ ဝယ်ချင်ကြပါတယ်.. ခက်တာက ခင်ဗျား အမေရိကန်မှာ စရင်းသွင်းဖို့ ရွေးချယ်ခဲ့တဲ့အပေါ် အကြောင်းပြချက်များ ရှိလား..”
ခါမီဒါ မာဆောင်သည် ထိုသတင်းထောက်အား ကြည့်လိုက်ပြီး..
“Nzsdaq မှာ စာရင်းသွင်းထားတဲ့ ဂျပန်ကုမ္ပဏီတွေ အများကြီးရှိခဲ့ဖူးပါတယ်.. ဒီမေးခွန်းမျိုး သူတို့ကို မေးခဲ့ဖူးလား..”
“သူတို့အကြောင်း ကျုပ်သေချာမသိပါဘူး.. အခုက ဂျပန်ကိုယ်စား မေးတာပါ.. ခင်ဗျား ဘာလို့ တိုကျိုမှာ စာရင်း မသွင်းရတာလဲ..”
သတင်းထောက်မှ ပြန်လည်၍ မေးဖြေ ဖြေလိုက်သည်။
“ကောင်းပြီလေ.. အကြောင်းပြချက် ပြောရမှာပေါ့.. ကျုပ် တိုကျိုစတော့ မှာ ထမဆုံး စာရင်းသွင်းဖို့ လျှောက်ထားခဲ့တယ်.. ဒါပေမယ့် ကျုပ်လျှောက်လွှာကို ပယ်ချလိုက်တယ်.. အကြောင်းပြချက်က ကျုပ်ကုမ္ပဏီက အကျိုးအမြတ် မရှိဘူး.. ရှယ်ယာရှင် အရေအတွက် နည်းလွန်းတယ်တဲ့.. ဒါ့ကြောင့်ပဲ ကျုပ်လျှောက်လွှာကို Nasdaq မှာစာရင်းသွင်းလိုက်တယ်.. ခွင့်ပြုချက် မရသေးပေမယ့် သူတို့တွေ ကျုပ်ကို အပြတ်မပြောသေးပါဘူး..
ဒုတိယ အကြောင်းပြချက်ကတော့ ရန်ပုံငွေ ကိစ္စပေါ့.. စာရင်းသွင်းလိုက်တယ်ဆိုတာ ကုမ္ပဏီ ကြီးပွားတိုးတက်ရေး အတွက် ရန်ပုံငွေ ရှာဖို့ပါ.. ကုမ္ပဏီအနေနဲ့ ပိုကျယ်ပြန့်တဲ့ ဈေးကွက်ကို သေချာရွေးချယ်သွားမှာပါ.. တိုကျို ငွေကြေး ဈေးကွက်စာ အရင်ကဆိုရင် ကမ္ဘာ့နံပတ်တစ် ငွေကြေးဈေးကွက်ပါ.. ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းက ဈေးကွက် ပျက်သွားတဲ့အတွက် ပြန်ကောင်းမလာသေးပါဘူး.. အရင်က စာရင်းသွင်းထားတဲ့ ဆဋ္ဌမအာရုံ ကုမ္ပဏီလိုမျိုး ကုမ္ပဏီတွေ မရှိသေးပါဘူး.. ဒါကြောင့် ရင်းနှီးမြုပ်နှံသူတွေဟာ ဈေးကွက်ပိုမာတဲ့ အမေရိကန်ဈေးကွက်ကို ပိုကြိုက်ကြပါတယ်..
ပြီးတော့ ဆဋ္ဌမအာရုံ ကုမ္ပဏီက အမေရိကန်တွေရဲ့ ငွေကြေး တိုးတက်အောင် အသုံးချပြီး သူတို့လဲ ဝင်ငွေ ရကြပါလိမ့်မယ်.. အဲ့ဒါ ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား..”
“ဥက္ကဋ္ဌ ခါမီဒါ.. ခင်ဗျားက ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် မဟုတ်ဘူးဆိုတဲ့ ကောလာဟလ တွေ ရှိနေပါတယ်.. အဲ့ဒါ မှန်ပါသလား..”
သတင်းထောက်တစ်ယောက် ရှေ့သို့တိုးလာကာ မေးလိုက်သည်။
“ဆဋ္ဌမအာရုံ ကုမ္ပဏီဟာ ကျုပ်တို့ အလုပ်သမားတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်.. အကြီးဆုံး ရှယ်ယာရှင် ဘယ်သူလဲဆိုတာ အရေးပါလို့လား.. ကျုပ်က ကုမ္ပဏီ ဥက္ကဋ္ဌ ဆိုတော့ ကုမ္ပဏီကို အရင်လိုပဲ ဆက်ပြီး ဦးဆောင်သွားမှာပါ..”
ခါမီဒါ မာဆောင်သည် ထိုမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ချေ။ ဖုန်းယွီသည် ခါမီဒါ မာဆောင်အား သူ့အကြောင်း ဘာမှ မပြောရန် မှာထားပေသည်။
“ဥက္ကဋ္ဌ ခါမီဒါ…..”
“ကောင်းပြီ.. ဒီနေ့တော့ ဒီမှာ ရပ်လိုက်ရအောင်.. ကျုပ် လေယာဉ် အမှီသွားရပါအုံးမယ်.. ကုမ္ပဏီက အမေရိကန်မှာ စာရင်းဝင်ထားပါတယ်.. ကျုပ်ကုမ္ပဏီ ဝန်ထမ်းတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရအုံးမှာ.. စာရင်းဝင်တဲ့နေ့ ကျုပ်မရောက်နိုင်လောက်ဘူး.. အားလုံး ခွင့်လွှတ်ကြပါ.. ကျန်တဲ့ ခရီးသည်တွေ စောင့်မနေစေချင်လို့ပါ..”
သက်တော်စောင့် (၂)ယောက်သည် သတင်းထောက်များ အကြားတွင် လမ်းကြောင်းတစ်ခု ဖွင့်ပေးကာ ခါမီဒါ မာဆောင်ကို စောင့်ဆိုင်းနေသည့် ကားဆီ ခေါ်သွားလိုက်သည်။ သတင်းထောက်များသည် ခါမီဒါ မာဆောင် ထွက်သွားသည်ကို တွေ့ရသည်နှင့် ထိုသတင်း ထုတ်ပြန်ရန် ချက်ချင်း အပြေးပြန်ကြတော့သည်။
ဤသည်မှာ ကမ္ဘာ့ပထမဆုံး လိင်အရုပ် ထုတ်လုပ်သည့် ကုမ္ပဏီ စာရင်းဝင်ခဲ့သည်။ ဤသည်မှာ ဂျပန်ကုမ္ပဏီ ဖြစ်နေပေသည်။ ထိုကုမ္ပဏီမှာ တစ်တိုင်းပြည်လုံး၏ ဂုဏ်ယူစရာ ဖြစ်ပေသည်။
လေဆိပ်သို့ သွားရာလမ်းတွင်မူ ခါမီဒါ မာဆောင် ပြုံးမနေတော့ပေ။ သူ့ဘဝတွင် ဤမျှလောက် သတင်းထောက်များ အဝိုင်းခံရသည်မှာ ပထမဆုံး ဖြစ်ပေသည်။
ခါမီဒါ မာဆောင်နှင့် ဆဋ္ဌမအာရုံ ကုမ္ပဏီသည် လာမည့် ရက်အနည်းငယ်အတွင်း ဂျပန်နိုင်ငံရှိ မီဒီယာအားလုံး၏ ခေါင်းစီးပိုင်းတွင် ပါဝင်မည် ဖြစ်ပေသည်။
ခါမီဒါ မာဆောင်သည် ဆဋ္ဌမ အာရုံ ကုမ္ပဏီစာရင်းသွင်းရခြင်းကို ဂုဏ်ယူနေပေသည်။ သူ့ကို နှိမ့်ချထားသည့် ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံရန် ငြင်ဆန်ထားသူများအားလုံး နောင်တရနေကြပြီလော..”
-------*****--------