ဈေးကွက် ဖွင့်ခြင်း
Vol. 50 Ch. 747
ခါမီဒါ မာဆောင်သည် ဝတ်စုံကို ပုံစံတကျ ဝတ်ဆင်ထားသည်။ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖြီးထားကာ သတင်းထောက်များအား စကားပြောသည့် စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။
ကုမ္ပဏီအသစ်တစ်ခု စာရင်းဝင်တိုင်း ပြုလုပ်နေကျ အခမ်းအနား တစ်ခုဖြစ်သည်။ ကိုယ်စားလှယ် တစ်ယောက် သည် ကုမ္ပဏီ၏ အနာဂတ်အစီအစဉ်များနှင့် ၎င်းတို့၏ အမြတ်အစွန်းများကို ခန့်မှန်းကြေငြာမည် ဖြစ်သည်။ ဤသည်မှာ ကုမ္ပဏီ၏ အစုရှယ်ယာ ဝယ်သူလိုသူများကို ဆွဲဆောင်ရန်ဖြစ်သည်။
ခါမီဒါ မာဆောင်သည် အင်္ဂလိပ်စကားကို ပြီးပြည့်စုံစွာပြောဆိုနေစဉ် ဖုန်းယွီမှာ ထောင့်တစ်နေရာတွင် ရပ်၍ ရှန်ပိန် သောက်နေပေသည်။ ဖုန်းယွီက သူ့ကိုယ်စား စင်မြင့်ပေါ်တက်ရန် ပြောလာသည့်အခါ ခါမီဒါ မာဆောင် စိတ်လှုပ်ရှား သွားသည်.
ခါမီဒါ မာဆောင်သည် အလွန်အယူသီးကာ အစိမ်းရင့်ရောင် လည်စည်းနှင့် အစိမ်းရင့်ရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထား ပေသည်။ အိပ်ကပ်အတွင်း၌ အစိမ်းရင့်ရောင် လက်ကိုင်ပုဝါတစ်ထည်လည်း ပါပေသည်။ သတင်းထောက် အများအပြားသည်လည်း အစိမ်းရောင် လည်စည်းများ ဝတ်ဆင်ထားကြသည်။ ဦးထုပ်စိမ်း ဆောင်းထားသည့် သတင်းထောက် တစ်ယောက်ပင် ပါဝင်သေးသည်။
ဖုန်းယွီမှာ သူတို့၏ ဝတ်စားဆင်ယင်မှုကြောင့် မည်သို့မှ မပြောနိုင်တော့ချေ။ သူ့ဝတ်ဆင်မှုတွင် အစိမ်းရင့်ရောင် လုံးဝမပါသကဲ့သို့ အနီရောင်လည်း မပါပေ။
အမေရိကန် ဈေးကွက်တွင် အစိမ်းသည် ဈေးနှုန်းတက်သွားသည်ကို ကိုယ်စားပြုကာ အနီရောင်မှာ ကျဆင်းမှုကို ကိုစားပြုပေသည်။
ဖုန်းယွီသည် ထိုလူများ ဤမျှ အယူသီးမည်ဟု မမျှော်လင့်ခဲ့ချေ။ ခါမီဒါ မာဆောင်သည် ဖုန်းယွီအား အစိမ်းရောင် သည် ကံကောင်းစေသည်ဟု ပြောခဲ့သော်လည်း ဖုန်းယွီ မည်သည့် တုန့်ပြန်မှုမှ မလုပ်ခဲ့ချေ။
သို့ရာတွင် သူ့ယခင်ဘဝက ဖုန်းယွီမှာ ကုမ္ပဏီ စာရင်းမသွင်းမီ အနီရောင်ကို အထက်အောက် ဝတ်ဆင်သည့် ကုမ္ပဏီ ကိုယ်စားလှယ်များကို မြင်ဖူးပေသည်။ ဖုန်းယွီသည် အခြားသူများ ထင်မြင်ယူဆမှုအား ဂရုမစိုက်သည့်တိုင် ၎င်းတို့အား ကြည့်၍ ခေါင်းမူးနေပေသည်။
ဖုန်းယွီသည် ရှယ်ယာဈေးများ တက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ၊ ၎င်းတို့ ဝတ်ဆင်ထားသည့် အရောင်နှင့် မည်သို့မှ မဆိုင်ဟုသာ ခံစားရသည်။ အရေးအကြီးဆုံးမှာ ဘဏ္ဍာရေး အစီရင်ခံစာနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များဖြစ်သည်။ ကုမ္ပဏီ၏ သူဌေးသည် ၎င်းတို့၏ ကံကောင်းစေသည့် အရောင်ကို ဝတ်ဆင်ထားပြီး ကုမ္ပဏီတွင် ဖွံ့ဖြိုးတိုးတက်စေသည့် အစီအစဉ်ကောင်း သို့တည်းမဟုတ် ကြေငြာချက်များ မပါရှိပါက စာရင်းသွင်းပြီးနောက် ရှယ်ယာများ ကျဆင်းသွားမည် ဖြစ်သည်။
စာရင်းမှပင် ထုတ်ပယ် ခံရနိုင်ပေသည်။
ခါမီဒါ မာဆောင်သည် စကားပြောကောင်းသူ ဖြစ်သည်။ ထိုအဖွင့် မိန့်ခွန်းအတွက် ကောင်းကောင်း ပြင်ဆင်ထား ခြင်းဖြစ်သည်။ ဟာသလေးများကိုပင် ကြားညှပ် ပြောလိုက်သေးသည်။
ခါမီဒါ မာဆောင်၏ မိန့်ခွန်းအပြီးတွင် ဈေးကွက်ဖွင့်ပွဲ ကြေငြာရေးအတွက် ခေါင်းလောင်းတီးရန် ဖိတ်ကြားခံခဲ့ရသည်။
ယခုနှစ်မှ စ၍ NYSE သည် အဖွင့်ခေါင်းလောင်း တီးခတ်ရန် အထူးဧည့်သည်များ ဖိတ်ကြားခဲ့သည်. Naddaq မှလည်း ထိုအစီအစဉ်ကို အတုယူခဲ့ခြင်း ဖြစ်သည်။ ယခင်က ခေါင်းလောင်းတီးခတ်သူမှာ စတော့အိတ်ချိန်း မန်နေဂျာများ ဖြစ်သဖြင့် မည်သို့မှ မထူးခြားချေ။
သို့ရာတွင် အထူးဧည့်သည်တော် အချို့ ခေါင်းလောင်း တီးခတ်ပြီးနောက် မှတ်တမ်း တင်ထားမည် ဖြစ်သည်။ ဤသည်မှာ ဈေးကွက်ရှာဖွေရေး ပုံစံတစ်ခုလည်း ဖြစ်ပေသည်။ ထိုအချိန်မှစ၍ သူဌေးများစွာသည် အဖွင့် ခေါင်းလောင်း တီခတ်ရခြင်းကို ဂုဏ်ယူစရာဟု မှတ်ယူထားကြတော့သည်။
အထူးဧည့်သည် တော်များမှာ မည်သူတွေနည်း။ ထိုနေ့ စာရင်းသွင်းမည့် ကုမ္ပဏီကိုယ်စားလှယ်များပင်။ အများအား ဖြင့် ၎င်းတို့သည် ကုမ္ပဏီ ဒါရိုက်တာ သို့တည်းမဟုတ် ဥက္ကဋ္ဌများ ဖြစ်ပေသည်။
ယနေ့အတွက် Nasdaq ၏ ဖွင့်ပွဲခေါင်းလောင်း တီးခတ်မည့် အထူးဧည့်သည်မှာ ခါမီဒါ မာဆောင် ဖြစ်သည်။ ဖုန်းယွီ မှာမူ ထုံးစံအတိုင်း လူများ စိတ်ဝင်စားမည့် နေရာတွင် မနေခဲ့ချေ။
ခါမီဒါ မာဆောင်သည် ခေါင်းလောင်းရှေ့တွင် ရပ်နေပေသည်။ ဤသည်မှာ သူ့အတွက် အကြီးမားဆုံး အောင်မြင်မှု မဖြစ် ခံစားနေရသည်။ သူ့ရှေ့မှ ခေါင်းလောင်း တီးသွားသူများ အားလုံးမှာ သူဌေးကြီးများ ဖြစ်သည်။
ယခု သူခေါင်းလောင်း တီးနေမှုကို အခြားသူများ မနာလို ဖြစ်နေပေလိမ့်မည်။
“ဒေါင်…………”
ခေါင်းလောင်းသံ မြည်လာသည်။ ဖုန်းယွီသည်လည်း စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ သူ့ဘဝ၌ ပထမဆုံး စာရင်းဝင်သည့် ကုမ္ပဏီ ဖြစ်သည်။ သူ့သက်တမ်းတစ်လျှောက် ပထမဆုံး စာရင်းသွင်းခြင်းလည်း ဖြစ်သည်။ ထိုကုမ္ပဏီမှ သူ့ကို စိတ်မပျက်စေရပေ။
ခါမီဒါ မာဆောင်သည် မောင်းတံတုတ်ကို ကိုင်ကာ မှိန်းနေပေသည်။ သူ့အတွက် အချိန်များ ရပ်တန့်သွားသည့် အလားပင်။
လက်ခုပ်ဩဘာသံများကြောင့် သူ့အာရုံ ပြန်ပေါ်လာပြီး လူတစ်ယောက် သူ့လက်ထဲမှာ မောင်းတုတ်ကို ယူလိုက်သည်။ ခါမီဒါ မာဆောင်သည် အသက်ပြင်းပြင်းရှူကာ ကနဦး ရှယ်ယာဈေးများကို စောင့်ကြည့်နေလိုက်သည်။
ဈေးဖွင့်သည့် ခေါင်းလောင်းသံ ကြားလိုက်ရသည်နှင့် အရောင်းအဝယ် ချက်ချင်း ဖြစ်လာမည်ဟု မဆိုလိုချေ။ ပုံမှန် အားဖြင့် (၁၅)မိနစ်ခန့် ကြာမြင့်တတ်သည်။
အချို့သော ကုမ္ပဏီကြီးများ စာရင်းသွင်းလိုက်သည့်အခါ တစ်နာရီကျော်ပင် နောက်ကျတတ်ပေသည်။
မည်သည့်အတွက် ကြန့်ကြာနေတတ်သနည်း။ ရှယ်ယာဈေးများကို ဈေးကွက်ဖန်တီးသူများမှ သတ်မှတ်ကြခြင်း ဖြစ်သည်။ အဖွင့်ဈေးနှင့် ပတ်သက်၍ ဆွေးနွေးကြပေလိမ့်မည်။
လူတော်တော်များများသည် ဆဋ္ဌမ အာရုံ ကုမ္ပဏီကို စာရင်းသွင်းခြင်းခံရသည့် ပထမဆုံးသော လိင်အရုပ် ကုမ္ပဏီ ဖြစ်သဖြင့် လူများစွာ စိတ်ဝင်စားခဲ့ကြပြီး ဖုန်းယွီသည် ဤကုမ္ပဏီ၏ တန်ဖိုးကို ဆုံးဖြတ်ရန်အတွက် ထိပ်တန်း ဘဏ္ဍာရေး အဖွဲ့အစည်းများအဖြစ် ဈေးကွက် ထုတ်လုပ်သူများ ရရှိခဲ့ပေသည်။
ဆဋ္ဌမအာရုံ ကုမ္ပဏီနှင့် နှိုင်းယှဉ်ရန် ကုမ္ပဏီ မရှိချေ။ ၎င်းတို့သည် ဤကဲ့သို့ စာရင်းဝင်သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သည်။ နမူနာကြည့်လောက်စရာ စံသတ်မှတ်ချက် သို့တည်းမဟုတ် မည်သည့် ကုမ္ပဏီမှ မရှိခဲ့ချေ။
ဈေးကွက် ထုတ်လုပ်သူများသည် ကုမ္ပဏီ၏ ပြီးခဲ့သည့်ကာလ စွမ်းဆောင်ရည်နှင့် အနာဂတ် ဝင်ငွေ ခန့်မှန်း ချက်များကိုသာ အတိုင်းအတာ တစ်ခုအထိ သုံးနိုင်ပေသည်။ အမှတ်တံဆိပ် တန်ဖိုးသည် ၎င်းတို့ ထည့်သွင်း စဉ်းစားရမည့် အဓီက အချက်ကြီး တစ်ချက် ဖြစ်ပေသည်။
စာရင်းမသွင်းမီ ဈေးကွက် စစ်တမ်းတစ်ခု၌ ဈေးကွက်သည် ဆဋ္ဌမအာရုံ ကုမ္ပဏီကို စိတ်ဝင်စားခဲ့ကြသည်။ လူတိုင်းသည် ထိုကုမ္ပဏီအပေါ် မျှော်လင့်ချက် ကြီးကြပြီး ရှယ်ယာဈေးများ (၂၀)ရာခိုင်နှုန်း တက်လာ လိမ့်မည်ဟု ဖုန်းယွီ ယုံကြည်ထားပေသည်။
ခါမီဒါ မာဆောင်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့ဘေးနားမှ လူများနှင့် စကားပြောနေပေသည်။ ထိုနေရာသို့ ဖုန်းယွီအား ခေါ်ချင်သော်လည်း ဖုန်းယွီအား လှမ်းကြည့်လိုက်စဉ် ခေါင်းယမ်းပြသည်ကိုသာ တွေ့လိုက်ရသည်။
ခါမီဒါ မာဆောင်သည် ဖုန်းယွီမှာ ထင်ပေါ်မှု မကြိုက်ကြောင်း သိထားသဖြင့် အနီးအနားမှ လူများနှင့်သာ စကားပြောနေပေသည်။ ဤသည်က သူ၏ စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ဖုန်းယွီသည် ခါမီဒါမာဆောင်ထက် တည်ငြိမ်နေသော်လည်း ၎င်းတို့ကုမ္ပဏီ၏ အစုရှယ်ယာ အဖွင့်ဈေးနှုန်း ယခုထိ မကြေငြာသေးချေ။
*********
ဝါရန်ဘတ်ဖက်သည် ရွှေလူသား စာ့ချ်မှ လူများနှင့် ဆက်သွယ်ခဲ့သည်။ သူသည် ရွှေလူသား စာ့ချ်မှ လူများနှင့် ဆက်ဆံရေးကောင်း ရှိထားပေသည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အစုရှယ်ယာ အားလုံး ဝယ်ချင်ကြောင်း ပြောလိုက်သေးသည်။
ဝါရန်ဘတ်ဖက် ဆိုသည်မှာ မည်သူနည်း။ သူသည် ရင်းနှီးမြုပ်နှံမှု နတ်ဘုရားဖြစ်သည်။ အစုရှယ်ယာများအားလုံးကို ဝယ်ယူလိုပါက ထိုကုမ္ပဏီ၏ ရှယ်ယာများ မလွဲမသွေ တက်လာမည်ဟု ဆိုလိုပေသည်။
ဝါရန်ဘတ်ဖက် ရင်းနှီးမြုပ်နှံမှု မလုပ်သည့် ကုမ္ပဏီအမျိုးအစား တော်တော်များများ ရှိပေသည်။ ပထမ အမျိုးအစားမှာ မယုံနိုင်လောက်အောင် အမြတ်အစွန်းများသည့် ကုမ္ပဏီများ ဖြစ်သည်။ မည်သည့် အတွက် ဆိုသည်ကို လူတိုင်း သိချင်ကြပေလိမ့်မည်။ အမြတ် အလွန်များလာပါက အမြတ်ဝေစုသည်လည်း များလာပေလိမ့်မည်။ ထိုသို့သော ကုမ္ပဏီကို မည်သည့်အတွက် လက်ရှောင်ရသနည်း။ ၎င်း၏ အဖြေမှာ အမြတ်အစွန်း မြင့်မားပါက ပြိုင်ဖက်များကို ဆွဲဆောင်ပေလိမ့်မည်။ ကုမ္ပဏီသည် ပြိုင်ဖက် အသစ်များအတွက် အသင့်မဖြစ်ပါက ဈေးကွက်ဝေစု လုယူခံသွားရပေလိမ့်မည်။
ကုမ္ပဏီ၏ ဘဏ္ဍာရေး အစီရင်ခံစာများသည် ၎င်းတို့တွင် အမြတ်အစွန်းများသည့် အခါမှသာ ကြည့်ကောင်း ပေသည်။ သို့ရာတွင် ၎င်းတို့၏ အမြတ်ငွေ ကျဆင်းသွားပါက ထိုကုမ္ပဏီများသည် ရင်းနှီးမြုပ်နှံရန် ထိုက်တန်မည် မဟုတ်ချေ။
ဝါရန် ဘတ်ဖက်သည် အန္တရာယ်မြင့်မားသည့် ကုမ္ပဏီများ၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများနှင့် နည်းပညာရှယ်ယာများကို ရှောင်ရှားမည် ဖြစ်သည်။ သူကြိုက်သည့် ကုမ္ပဏီများမှာ ရေရှည် အလားအလာရှိသည့် ကုမ္ပဏီများ ဖြစ်သည်။
ဘတ်ဖက် ရှောင်ရှားသည့် ကုမ္ပဏီရှယ်ယာ အများစုမှာ နည်းပညာရှယ်ယာများ ဖြစ်သည်။ ထိုသို့သော ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်းတို့၏ ပြိုင်ဘက်များကို နားမလည်သောကြောင့် ဖြစ်သည်။ သို့အတွက် ကုမ္ပဏီကို မည်သို့ အကဲဖြတ်ရမည်မှန်း မသိကြချေ။ ဖုန်းယွီ၏ ယခင်ဘဝတွင် IBM မှာ သူဝယ်ယူခဲ့သည့် တစ်ခုတည်းသော နည်းပညာ ရှယ်ယာ ဖြစ်ပေသည်။
ယနေ့တွင် ဝါရန် ဘတ်ဖက်သည် ဆဋ္ဌမအာရုံ ကုမ္ပဏီကို ဝယ်ယူလိုကာ ရွှေလူသား စာ့ချ်မှ ထိုသတင်း ထုတ်ပြန်ပြီး နောက် လူတော်တော်များများသည် ထိုကုမ္ပဏီ အပေါ် ယုံကြည်မှု ပိုများလာကြသည်။ အစုရှယ်ယာအတွက် လေလံများ ပိုများလာသဖြင့် အဖွင့်ဈေးနှုန်းကို ဈေးကွက်ထုတ်လုပ်သူများ မဆုံးဖြတ်နိုင် ဖြစ်စေတော့သည်။
တစ်နာရီကျော် ကြာမှသာ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အဖွင့်ရှယ်ယာ ဈေးနှုန်းများ ထွက်ပေါ်လာတော့သည်။
-------*****--------