← Chapters

ဆုံးရှုံးမှု (၁၄.၈၆) ကန်ဒေါ်လာ။

Vol. 50 Ch. 748

ဆုံးရှုံးမှု (၁၄.၈၆) ကန်ဒေါ်လာ။

Vol. 50 Ch. 748

အဖွင့်ရှယ်ယာဈေးသည် သူတို့သတ်မှတ်ထားသည့် ဈေးနှုန်းထက် (၄၈.၆) ရာခိုင်နှုန်း ပိုပေသည်။

ခါမီဒါ မာဆောင် အလွန် ဝမ်းသာသွားပြီး ဖုန်းယွီသည်လည်း အံ့ဩသွားခဲ့သည်။ နှစ်ယောက်စလုံး ရှယ်ယာအဖွင့် ဈေးနှုန်း ဤမျှ မြင့်မားရန် မျှော်လင့် မထားခဲ့ကြချေ။

နောက်(၂)ရက်အတွင်း ကုမ္ပဏီ၏ ရှယ်ယာများ ပိုမိုမြင့်မားလာအုံးမည် ဖြစ်သည်။ သူတို့ စာရင်းဝင်သည့် နေ့တွင်ပင် ကုမ္ပဏီ၏ ရှယ်ယာဈေးများ အဆပေါင်းများစွာ တိုးလာပေသည်။ ဤသည်မှာ ကမ္ဘာ့ အင်တာနက် စာမျက်နှာတွင် ကိုင်တွယ်သည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။ လက်ရှိ အမေရိကန်တွင် သတင်းအချက်အလက် အထူးလမ်းကြောင်း အစီအစဉ်ရှိပြီး ဆက်စပ်ကုမ္ပဏီများ၏ ရှယ်ယာ ဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာသည်။ ထိုအထဲတွင် မိုက္ခရိုဆော့သည်လည်း ပါဝင်ပေသည်။

သတင်းအချက်အလက် အထူးလမ်းကြောင်း အစီအစဉ်သည် မြန်နှုန်းမြင့် ဆက်သွယ်ရေး စနစ်ဖြင့် ကမ္ဘာတစ်ခုလုံး ချိတ်ဆက်ပေးသည့် လမ်းကြောင်းကြီး တစ်ခုဖြစ်သည်။ အဓိကအားဖြင့် အပိုင်း(၄)ပိုင်းဖြင့် ဖွဲ့စည်းထားပေသည်။ ဖိုက်ဘာကြိုးများ၊ ကွန်ပျူတာ-ဆာဗာများ၊ ဆော့ဖ်ဝဲများနှင့် သတင်းအရင်းအမြစ်များ ဖြစ်သည်။

ကုမ္ပဏီသည် ထိုအမျိုးအစား (၄)ခုစလုံးနှင့် ဆက်စပ်နေသရွေ့ ကုမ္ပဏီ၏ ရှယ်ယာ ဈေးနှုန်းများသည် (၁၉၉၃)ခုနှစ်မှ စတင် မြင့်တက်လာမည် ဖြစ်သည်။ ထိုအချိန်သည် ဘီလ်ဂိတ် ဘီလျံနာ တစ်ယောက် ဖြစ်လာမည့် အချိန်လည်း ဖြစ်ပေသည်။

အကျဉ်းချုပ် ပြောရမည် ဆိုပါက ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးတစ်ခု တည်ဆောက်ရန်ဖြစ်သည်။ ထိုစီမံကိန်းကို အမေရိကန်မှ စတင်ခဲ့ပေသည်။ နောက်ပိုင်းတွင် ကလင်တန်သည် ထိုအစီအစဉ်မှာ အလွန် ကောင်းမွန်ကြောင်း ခံစားခဲ့ရပြီး အမေရိကန် စီးပွားရေး ကုန်ထုတ်စွမ်းအား တိုးမြှင့်ပေးမည် ဖြစ်ပြီး အရေးအကြီး ဆုံးမှာ ‘ဒီမိုကရေစီ’ကို ကမ္ဘာ့အခြား ဒေသများသို့ ဖြန့်ကြက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံအသီးသီးမှ လူအများ ၎င်းတို့အတွေးအမြင်များကို ဖျောက်ကွယ်၍ အမေရိကန်ကို ကမ္ဘာ့ခေါင်းဆောင် အဖြစ် ထူထောင် နိုင်ရေးပင်။

ထိုအစီအစဉ် အဆိုပြုသူအား ကလင်တန်မှ ဒုတိယ သမ္မတအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီး ထိုအဆိုပြုချက်ကို အကောင်အထည်ဖော်ခဲ့သည်။ ဤသည်မှာ သတင်းအချက်အလက် ခေတ်၏ အစဖြစ်ပြီး ဆက်စပ် စက်မှုလုပ်ငန်းများတွင် ကုမ္ပဏီများစွာ ထွန်းကားလာရေး ဦးတည်ခဲ့သည်။

ထိုမှတဆင့် နောင်တွင် Dot-Com ဖောင်းကြွမှု ဖန်တီးခဲ့ပေသည်။

လာမည့်(၂)နှစ်အတွင်း ၎င်းတို့စာရင်းသွင်းထားသည့် အင်တာနက် အခြေခံကုမ္ပဏီများ၏ အဖွင့်ရှယ်ယာ ဈေးနှုန်း များသည် ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားများထက် များစွာ မြင့်မားနေပေသည်။ Dot-Com ကျဆင်းမှုအတွင် ထိုကုမ္ပဏီများ၏ ရှယ်ယာများ ထိုးကျသွားပေသည်။

သို့ရာတွင် ဆဋ္ဌမအာရုံ ကုမ္ပဏီသည် အင်တာနက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ စသည်တို့နှင့် မည်သို့မှ မသက်ဆိုင်ဘဲ ဈေးကွက်ဖွင့်ချိန်တွင် ရှယ်ယာဈေးနှုန်းများ (၄၈.၆)ရာခိုင်နှုန်း တက်သွားပေသည်။ ဤသည်က အလွန် အံ့ဩစရာ ကောင်းလွန်းပေသည်။

လွန်ခဲ့သောလတွင် အချို့ကုမ္ပဏီများ စာရင်းသွင်းခဲ့ပြီး အဖွင့်ရှယ်ယာဈေးနှုန်းများသည် ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်းများထက်ပင် နိမ့်ကျခဲ့သည်။ ထိုကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြုပ်နှံသူများသည် ဆဋ္ဌမ အာရုံ ကုမ္ပဏီကို ပိုမိုယုံကြည်မှု ရှိကြသည်။

ခါမီဒါ မာဆောင်သည် ကုမ္ပဏီအတွက် ငွေမည်မျှရှိမည်ကို တွေးနေမိသည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး မြင့်မားလေ သူရော ကုမ္ပဏီပါ ဝင်ငွေများလေ ဖြစ်သည်။

အဖွင့်ဈေးမှ စ၍ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများသည် တစ်လအတွင်း (၂)ဆ တက်လာမည် ဖြစ်ပြီး နှစ်ကုန်တွင် အဆများစွာ မြင့်မားနိုင်ပေသည်။

ခါမီဒါ မာဆောင်သည်လည်း ကုမ္ပဏီ၏ ရှယ်ယာများ ပိုင်ဆိုင်ထားပေသည်။ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားသည်မှာ သူ၏ အသားတင်ပိုင်ဆိုင်မှု တန်ဖိုး မြင့်တက်လာခဲ့ခြင်းပင်။ သူ၏ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ သန်း(၂၀၀)ကျော်ဖြင့် တရားဝင် သန်းကြွယ်သူဌေး ဖြစ်လာတော့သည်။ သူသည် (၂)ဘီလီယံကျော် တန်ဘိုးရှိ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲနေရခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့ နံပတ်(၁) လိင်အရုပ် ကုမ္ပဏီကြီးပင်။

ထိုစာရင်းသွင်းပြီးနောက် ခါမီဒါ မာဆောင်သည် စက်ရုံအသစ်များ၊ လက်လီဆိုင်များနှင့် ဈေးကွက်ချဲ့ထွင်ရန် ရန်ပုံငွေ ရရှိမည် ဖြစ်သည်။

ခါမီဒါ မာဆောင်သည် မကြာမီ ကမ္ဘာပေါ်၌ အကျော်ကြားဆုံး လိင်ဖျော်ဖြေရေး အာရှသူဌေး ဖြစ်လာတော့မည် ဖြစ်သည်။ ယခု သူ့တွင် လူကြီး မဂ္ဂဇင်များ၊ ရုပ်ရှင်များတွင် ရင်းနှီးမြုပ်နှံပြီး လူကြီးကဏ္ဍ ရုပ်မြင်သံကြားလိုင်း ထူထောင်ရန် ရန်ပုံငွေလည်း ရှိနေပေသည်။ သူသည် ကုမ္ပဏီ၏ အမြတ်အစွန်းများ တိုးမြင့်လာစေရန် ထိုဆက်စပ် စက်မှုလုပ်ငန်းများသို့ အစဉ်အမြဲ ဝင်ချင်နေခဲ့ခြင်းပင်။

ခါမီဒါ မာဆောင်သည် သူ၏ ပျော်ရွှင်မှုကို မျှဝေရန် စိတ်အားထက်သန်ကာ သူ့စိတ်ထဲတွင် ပထမဆုံးသောသူမှာ ဖုန်းယွီဖြစ်သည်။

ခါမီဒါ မာဆောင်နှင့် ဆဋ္ဌမအာရုံ ကုမ္ပဏီမှ အခြားဝန်ထမ်းများ၏ ပျော်ရွှမှုများနှင့် နှိုင်းယှဉ်ပါက ဖုန်းယွီ မျက်မှောင်ကြုတ်နေခဲ့သည ်။

ဖုန်းယွီမှာ သူ့နှလုံးသား နာကျင်နေပေသည်။ ဆုံးရှုံးမှု ကြုံခဲ့ရ၍ ဖြစ်သည်။ ကြီးမားသည့် ဆုံးရှုံးမှုကြီးပင်။

အဖွင့်ရှယ်ယာဈေးများ အလွန်တက်နေပြီး ရှယ်ယာဈေးများ ထပ်တက်နေဆဲ ဖြစ်သည်။ ဖုန်းယွီ မည်သည့်အတွက် ဆုံးရှုံးမှု ခံစားနေရသနည်း။

ယခုအချိန်၌ ဖုန်းယွီ နောင်တ ရနေခြင်းဖြစ်သည်။ သူသည် ဤစာရင်းသွင်းခြင်းအတွက် လုံလောက်သော ကြိုတင် ပြင်ဆင်မှုများ လုပ်မထားချေ။ ဆဋ္ဌမ အာရုံ ကုမ္ပဏီသည် ရင်းနှီးမြုပ်နှံသူများအကြား ရေပန်းစားလာမည်ကို သူမသိ ခဲ့ချေ။

ဖုန်းယွီ ထိုသို့ ဖြစ်လာမည်ကို ကြိုတင်သိထားပါက သူ့ရှယ်ယာဈေးများ ဤထက်ပို၍ မြင့်လာနိုင်ပေလိမ့်မည်။ ရှယ်ယာ ဈေးများကို (၁၅)ကန်ဒေါ်လာ သတ်မှတ်ထားလျှင်ပင် ထုတ်ရောင်းနိုင်အုံးမည်ပင်။

ဖုန်းယွီနှင့် ခါမီဒါ မာဆောင်တို့ (၂)ယောက်စလုံးသည် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ အချို့နှင့် တိုင်ပင်ခဲ့ပြီး ၎င်းတို့၏ ရှယ်ယာဈေးနှုန်းကို (၈)ဒေါ်လာမှ (၉)ဒေါ်လာ သတ်မှတ်သင့်သည်ဟု ကောက်ချက် ချထားကြသည်။ ဖုန်းယွီသာ မပြောပါက သတ်မှတ်ရှယ်ယာဈေးနှုန်းသည် (၁၀)ဒေါ်လာပင် ရှိမည် မဟုတ်ချေ။

သို့တိုင်အောင် ဖုန်းယွီမှာ အဖွင့်ရှယ်ယာဈေးနှုန်း ဤမျှ မြင့်မားလိမ့်မည်ဟု မည်သည့်အခါတွင်မှ မျှော်လင့် မထားချေ။

ရှယ်ယာများကို (၁၀)ကန်ဒေါ်လာဖြင့် ရောင်းချလျှင်ပင် ဖုန်းယွီသည် ရျယ်ယာ အများအပြား ထုတ်မည် မဟုတ်ချေ။ သူသည် ရှယ်ယာ (၂၅)ရာခိုင်နှုန်းသာ ထုတ်ပေးသင့်သည်။ မည်သည့်အတွက် (၃၀)ရာခိုင်နှုန်း ထုတ်ပေးမိသနည်း။

ဆဋ္ဌမအာရုံ ကုမ္ပဏီသည် အမေရိကန်နှင့် ဥရောပ၌ ဌာနခွဲ ကုမ္ပဏီများနှင့် စက်ရုံများ တည်ထောင်ရန် ချေးငွေ အများအပြား ယူခဲ့သော်လည်း ကုမ္ပဏီ ကြွေးမြီ လုံးဝမရှိချေ။

အကြွေးများနေသော်လည်း ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ၎င်းတို့၏ ရျယ်ယာများကို (၂)သုတ်ခွဲ၍ အများသို့ ရောင်းချနိုင်ပေသည်။ အစုရှယ်ယာမျာကို ကနဦးရောင်းချပြီးနောက် ဈေးနှုန်းများ သိရှိပြီးမှ ကျန်ရှယ်ယာများကို ဈေးနှုန်းမြင့်မြင့်ဖြင့် ထုတ်ပေးမည် ဖြစ်သည်။ ဤနည်းဖြင့် ရန်ပုံငွေ ပိုမို စုဆောင်းနိုင်မည် ဖြစ်သည်။

ကုမ္ပဏီ တော်တော် များများသည်လည်း ယခင်က ထိုသို့ လုပ်ခဲ့ဖူးပေသည်။ ၎င်းတို့၏ လက်လီ ရောင်းချမှုတွင် ရှယ်ယာ အများအပြား ထုတ်မပေးခဲ့ချေ။ ရှယ်ယာဈေးများ တက်သွားသည်အထိ စောင့်ဆိုင်းကာ ဒုတိယအကြိမ်၊ တတိယအကြိမ် စတသည်ဖြင့် ထပ်မံ ထုတ်ပေးခဲ့သည်။ ရန်ပုံငွေ ပို၍ လိုအပ်သည် ဟူသော အကြောင်းပြချက်ကို အသုံးချခဲ့သည်။ အစုရှယ်ယာများ ထုတ်ပေးသည့်အခါတိုင်း အဓိကရှယ်ယာရှိင်များကို သက်သာသော ဈေးနှုန်းဖြင့် ရှယ်ယာများ ဝယ်ယူခွင့် ပေးမည် ဖြစ်သည်။ ဤသည်ကို ၎င်းတို့ကို အပိုဆု ပေးသည်နှင် ညီမျှပေသည်။

ထိုနည်းဖြင့် အစုရှယ်ယာများ ထုတ်ပေးခြင်းသည် အစုရှယ်ယာအားလုံး တစ်ကြိမ်နည်း ထုတ်ပေးခြင်းထက် ရန်ပုံငွေ ပိုမိုစုဆောင်ရရှိပေလိမ့်မည်။ သို့ရာတွင် ယခုအချိန်တွင်မူ ထိုခြားနားချက်ကို ရင်းနှီးမြုပ်နှံသူများမှ ဖယ်ထုတ် လိုက်ပေပြီ။ သို့အတွက် ဖုန်းယွီ ဆုံးရှုံးမှု ခံစားနေရခြင်းပင်။

ဖုန်းယွီ၏ ယခင်ဘဝတွင် ထိုနည်းဗျူဟာ အသုံးပြုသည့် မည်သည့် ကုမ္ပဏီမှ မရှိဘဲ ထိုသို့သော အမှားမျိုး ကျူးလွန်း ခဲ့ကြသည်။

ဖုန်းယွီသည် လူများစွာအတွက် အမှားဟု မယူဆနိုင်ချေ။ သို့ရာတွင် ဖုန်းယွီအတွက်မူ အခြားလူများသည် သူ့ထံမှ ငွေပိုရအောင် ယူနိုင်ကြသဖြင့် ကြီးမားသည့် အမှားကြီးတစ်ခု ဖြစ်သည်။

“မန်နေဂျာဖုန်း.. ကျုပ်တို့ ဆဋ္ဌမအာရုံ ကုမ္ပဏီရဲ့ ရှယ်ယာတွေ မြင့်တက်လာနေပြီ.. ကျုပ်တို့ရဲ့ အဖွင့်ရှယ်ယာ ဈေးနှုန်းမှာတင် မျှော်လင့်ထားတာထက် အရမ်းမြင့်နေပြီ.. ဘာလို့ စိတ်မပျော်ဖြစ်နေတာလဲ..”

ခါမီဒါ မာဆောင် အံ့ဩသွားသည်။ ကုမ္ပဏီမှ လူတိုင်း စိတ်လှုပ်ရှားနေသော်လည်း ဖုန်းယွီမှာမူ မျက်မှောင်ကြုတ် နေပေသည်။ တစ်ခုခု လွဲနေပေသည်။

ဈေးကွက်ဖန်တီးသူများအား ပေးဆောင်သည့် ကော်မရှင်မှာ အလွန်နည်းပါးပြီး ဈေးကွက်ဖန်တီးသူများသည် ၎င်းတို့၏ ရှယ်ယာအားလုံး ရောင်းချနိုင်ခဲ့ကြသည်။ ၎င်းတို့၏ ကုန်ကျစရိတ် နုတ်ယူပြီးနောက် ဆဋ္ဌမ အာရုံ ကုမ္၌ဏီသည် ပမာဏ များစွာ စုဆောင်နိုင်လိုက်သည်။

ခါမီဒါ မာဆောင်အနေဖြင့် မည်သို့ပင် ကြည့်ကြည့် ဤစာရင်းသွင်းခြင်းက အောင်မြင်ပေသည်။ ကုမ္ပဏီသည် ပိုမို ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်တော့မည် ဖြစ်ပြီး စာရင်းဝင်ပြီးနောက် စာချုပ် တော်တော်များများပင် အလွယ်တကူ ရနိုင်ပေလိမ့်အုံးမည်။ မန်နေဂျာဖုန်း မည်သည့်အတွက် မျက်မှောင်ကြုတ်နေရသနည်း။

ဖုန်းယွီမှာမူ ဆုံးရှုံးမှုများကို တွက်ချက်ရင်း တိုးတိုးလေး ညည်းငြူနေမိသည်။ ခါမီဒါ မာဆောင် သူ့ကို မေးလာသည့် အခါတွင်မှာ ခေါင်းမော့၍..

“ငါတို့ အခုနေ ရှယ်ယာ နည်းနည်း ထုတ်ရောင်းပြီး ဈေးနှုန်းတက်လာမှ ထပ်ရောင်းရင်း ဘယ်လောက် များများ ရမလဲ..”

ဖုန်းယွီ စိတ်မကြည်သော်လည်း အခြားသူများ မမြင်တွေ့လိုချေ။

ဖုန်းယွီ စကားကြားပြီးနောက် ခါမီဒါ မာဆောင် စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။ ဤစာရင်းသွင်းခြင်းမှ ဆုံးရှုံးမှုများကို တွေ့ကြုံသိလိုက်ရပြီ မဟုတ်ပေလော။

-------*****--------

All Chapters