← Chapters

ရည်မှန်းချက်များ

Vol. 50 Ch. 749

ရည်မှန်းချက်များ

Vol. 50 Ch. 749

စာရင်းဝင်ပြီးနောက် ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ဟိုးလေးတစ်ကျော် ဖြစ်လာတော့သည်။ ထို့အပြင် ၎င်းသည် ကမ္ဘာ့ ပထမဆုံး လိက်အရုပ် ထုတ်လုပ်သူ စာရင်းတွင် ပါဝင်ခဲ့သည်။ မီဒီယာ တော်တော် များများမှ ထိုအကြောင်း ဖော်ပြကြပြီး ဤသည်မှာ ကုမ္ပဏီအတွက် အခမဲ့ အရောင်းမြှင့်တင်ရေး တစ်ခုပင်။ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ရှယ်ယာ ဈေးများ တိုးလာသည်နှင့်အမျှ ရောင်းအားသည်လည်း တိုးလာတော့သည်။

ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ကြွေးမြီအချိုးမှာ အလွန်မြင့်မားခဲ့ပေသည်။ ဘဏ်ချေးငွေများ ကြောင့်ပင်။ ဖုန်းယွီသည် ဘဏ်များမှ ချေးငွေယူသည့်အခါတိုင်း ခါမီဒါ မာဆောင်ကို ထောက်ခံခဲ့သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းနေဆဲဖြစ်ပြီး ယခုနှစ်တွင် ဂျပန် လျှပ်စစ်နှင့် ဓာတုကုမ္ပဏီများ ဒုက္ခရောက်ခဲ့ ရသည်။ ဤသည်က ၎င်းတို့၏ စီးပွားရေးကို ပိုမို ဆိုးရွားစေပြီး အနုတ်လက္ခဏာဆောင်သည့် တိုးတက်မှု ဖြစ်ပေါ် စေတော့သည်။

တိုမီချီ မူရာယာမာသည် အပြင်းထန်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ စီးပွားရေး တိုးတက်မှုကို လှုံ့ဆော်ရန်အတွက် အတိုးနှုန်း လျှော့ချခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး နိုးထနိုင်ရေးအတွက် အတိုးနှုန်းလျှော့ချသည်မှာ ပုံမှန်သာပင်။ သို့ရာတွင် ယခုနှစ် ဂျပန်နိုင်ငံ၏ လုပ်ရပ်ကို အခြားနိုင်ငံများမှ မကြိုက်ကြချေ။

ဂျပန်၏ အတိုးနှုန်းသည် (၀.၀၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ ဘဏ်များတွင် ငွေစုဆောင်းရမည်ဟု လူအများစု မှပင် အရွှန်းဖောက်ကြသည်။ သက်သာသော နှုန်းထားအထိ ကျဆင်းလာသည်နှင့်အမျှ ချေးငွေနှုန်းထားကိုလည်း လျှော့ချပေးမည် ဖြစ်သည်။

ထို့ကြောင့် ခါမီဒါ မာဆောင်သည် အတိုးနှုန်း နည်းနေချိန် ဘဏ်မှ ချေးငွေ မယူပါက သနားစရာပင်။ အဆက်အသွယ်များကို အသုံးချ၍ ချေးငွေ ကန်ဒေါ်လာ သန်း(၄၀၀) ထုတ်ယူခဲ့သည်။ လက်ရှိ ငွေလဲနှုန်းဖြင့် တွက်ချက်ပါက ယန်း (၃.၆)ဘီလီယံ ရှိပေသည်။

ကန်ဒေါ်လာနှင့် ယန်းငွေအကြား ငွေလဲနှုန်းမှာ (၁း၈၀)ဖြစ်သည်။ ခါမီဒါ မာဆောင်သည် သူ့လက်တွင်းမှ ယန်းငွေများဖြင့် ကန်ဒေါ်လာသို့ ပို၍ လဲနိုင်ခဲ့သည်။ သူလုပ်ရသည်မှာ ယန်းငွေကို ကန်ဒေါ်လာသို့ လဲလှယ်ကာ အမြတ်ရရှိရေးသာပင်။ ဖုန်ယွီသည်လည်း ဤမျှ အလွယ်တကူ အမြတ်အစွန်းရမည်ဖြစ်၍ စိတ်ပါသွားသည်။ ဟေးတာရို နာခါဂျီမာ အား ကန်ဒေါ်လာဖြင့် ချေးငွေ ရယူရန် ပြောခဲ့ပြီး ပြန်လည် ပေးဆပ်မည်မှာ ယန်းငွေ ဖြစ်သည်။ အမြင့်ဆုံး ချေးငွေ အဆင့် ရယူရန်ပင် ပြောလိုက်သေးသည်။ အမေရိကန်ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် ငွေသုံးမည် ဆိုလျှင်ပင် အမြတ်အစွန်း ကြီးကြီးမားမား ရနိုင်မည် ဖြစ်သည်။

ထို့အပြင် ဖုန်းယွီသည် သူ၏ ငွေအပိုအားလုံး အမေရိကန်ဈေးကွက်သို့ ရင်းနှီးမြုပ်နှံထားသည်။ သူ့ငွေ အများစုသည် မိုက္ခရိုဆော့ဖ်တွင် ရှိကာ၊ ငွေလိုအပ်လာပါကလည်း မိုက္ခရိုဆော့ဖ် ရှယ်ယာများကို ရောင်းချမည် မဟုတ်ချေ။ ထိုသို့ ဖြစ်ပွားပါက သူ့ကုမ္ပဏီများ မည်သို့ ဖြစ်သွားမည်နည်း။

အတိုးနည်း ဘဏ်ချေးငွေဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ အိုက်ဝါသည် စာရင်းဝင် ကုမ္ပဏီ မဟုတ်သော်လည်း ဖုန်းယွီသည် ထိန်းချုပ် ရှယ်ယာရှင်ဖြစ်သည်။ ငွေသုံးရန် လိုအပ်လာပါက ထို့အမောင့်ကို ချေးငွေမှ လွှဲပေး၍ ရပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများ အပါအဝင် အမေရိကန်ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် အိုက်ဝါမှ ငွေအများအပြား ထုတ်နှုတ်ပြီးဖြစ်သည်။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူ အများအပြားသည် ထိုကာလအတွင်း ဂျပန်ဘဏ်များမှ ချေးငွေ ယူခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းယွီကဲ့သို့သာပင်။ ချေးငွေ ပမာဏကို အမေရိကန် ဈေးကွက်တွင် ရင်းနှီးမြုပ်နှံ ရန် သုံးခဲ့ကြသည်။ ဤသည်ကလည်း အမေရိကန်ဈေးကွက်ကို လှုံ့ဆော်ပေး သကဲ့သို့ပင်။

ဖုန်းယွီ အပါအဝင် လူတော်တော်များများမှာ အမေရိကန်ဈေးကွက်သည် ယခုနှစ် အားကောင်းလာမည်ဟု ခံစားမိသည်။ ဖုန်းယွီသည် ဇယားများနှင့် ဂရပ်မျဉ်းများကို စိစစ်သုံးသပ်ခဲ့သည်။ အနည်းငယ် ကွဲလွဲသည်မှလွဲ၍ ယခင်ဘဝနှင့် ထပ်တူနီးပါး တူညီခဲ့သည်။

ရန်ပုံငွေများစွာဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ဈေးကွက် အတက်အကျ ဂရပ်မျဉ်းသည် ယခုနှစ် အစောပိုင်းတွင် (၃၈၀၀)ခန့်မှ ယခုမူ (၄၀၀)‌ ကျော်အထိ မြင့်တက်လာခဲ့သည်။ အညွှန်းကိန်းသည် (၄၀၀၀)ကို ကျော်ကာ ဆက်လက် မြင့်တက်နေဆဲပင်ဖြစ်သည်။

ဖုန်းယွီသည် အတက်အကျ ဂရပ်မျဉ်းမှာ ယခုနှစ်ကုန်တွင် (၅၀၀၀)ကျော်လိမ့်မည်ဟု မှန်းထားပေသည်။ သူ့ ယခင်ဘဝမှ အဖြစ်အပျက်အတိုင်းသာပင်။ အမေရိကန် စတော့ ဈေးကွက်သည် နွားဈေးတစ်ခုကဲ့သို့ ဖြစ်လာကာ စီးပွားရေး ဖေါင်းပွလာမည် ဖြစ်သည်။ ဤကာလကို နောက်ပိုင်း၌ စီးပွားရေးပညာရှင်များမှ ဆင်ခြင်တုံတရားမဲ့စွာ ရှုံးချသည့် ကာလအဖြစ် သတ်မှတ်ခဲ့သည်။

ဖုန်းယွီ လုပ်ဆောင်လိုသည်မှာ အမြတ်ငွေ အမြောက်အများရရှိပြီး ဖောင်းပွမှု မပေါက်ကွဲမီ ဈေးကွက်မှ ထွက်နိုင်ရန် ဖြစ်သည်။

ထိုကာလကို သမ္မတကလင်တန်မှ ရည်ရွယ်ချက် ရှိရှိ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အမေရိကန် စီးပွားရေး ပိုကောင်းလေလေ နောက်ထပ် သက်တမ်းအတွက် ပြန်လည် အရွေးခံရရေး အခွင့်အလမ်း ပိုများလေ ဖြစ်သည်။

သမ္မတ ကလင်တန်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်တွင် Dot-com (အင်တာနက် လိပ်စာ) ပေါက်ကွဲဖြစ်ခဲ့သည်။ သို့ရာတွင် သူ့သက်တမ်း ပြီးသွားပေပြီ။

စာရင်းသွင်းခြင်း ပြီးသည်နှင့် ခါမီဒါ မာဆောင်သည် ဥရောပသို့ သွားခဲ့သည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ဥရောပတွင် စက်ရုံအသစ်နှင့် လက်လီဆိုင်များစွာ တည်ဆောက်နေပေသည်။ သူသည် အရာအားလုံးကို ပုဂ္ဂိုလ်ရေးအရ ကြီးကြပ်ကာ မည်သည့် အမှားအယွင်းမှ မရှိလိုပေ။ မည်သည့် မှားယွင်းချက်မျိုးမဆို ကုမ္ပဏီ၏ ရှယ်ယာများ ကျဆင်း သွားမည် ဖြစ်ပေသည်။

အခြားကုမ္ပဏီများသည် လုပ်ငန်းတူ စက်မှုလုပ်ငန်းတွင် အခြားကုမ္ပဏီများကို စိုးမိုးနိုင်သေးသည်။ ကဏ္ဍတစ်ခုမှ ကုမ္ပဏီများသည် အမြတ်အစွန်း ကြီးမားကြောင်း ကြေညာပါက ထိုလုပ်ငန်းတွင် အခြားကုမ္ပဏီများ၏ ရှယ်ယာများ တက်လာမည် ဖြစ်သည်။ သို့ရာတွင် ဆဋ္ဌမ အာရုံ ကုမ္ပဏီသည် သူကဲ့သို့ စာရင်းဝင် ကုမ္ပဏီများ မရှိသဖြင့် ထိုသို့ အကျိုးသက်ရောက်မှု မရှိပေ။

စာရင်းဝင် ကုမ္ပဏီကြီး တစ်ခုသည် ၎င်း၏ စက်မှုလုပ်ငန်း အညွှန်းကိန်းမှာ Nasdaq ၏ဖော်ပြချက် ဖြစ်လာနိုင်သည်။ Nasdaq ဖော်ပြချက်မှာ စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာ (၁၀၀)ရာခိုင်နှုန်းကို အခြေခံထားသည့် အညွှန်းကိန်း တစ်ခု ဖြစ်သည်။ စာရင်းဝင် ကုမ္ပဏီကြီး (၅၀၀)၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် အညွှန်းကိန်း တစ်ခုဟု ဆိုလျှင်လည်း မမှားချေ။

ထိုအညွှန်းကိန်းများတွင် အသုံးပြုမည့် ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာရခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူနေပေသည်။ ခါမီဒါ မာဆောင်သည် ဆဋ္ဌမအာရုံ ကုမ္ပဏီသည် Nasdaq လက်အောက် ကုမ္ပဏီများထဲမှ တစ်ခုဟု ခံစားနေမိသည်။

ဖုန်းယွီမှလည်း ဤသည်ကို ထောက်ခံပေသည်။ နောင်တွင် Nasdaq ၏အညွှန်းကိန်း ဖော်ပြမှုတွင် ကုမ္ပဏီပေါင်း (၅၀၀၀)ကျော် ပါဝင်မည် ဖြစ်သည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ထိုအထဲမှ တစ်ခု မည်သည့်အတွက် မဖြစ်နိုင်ရမည်နည်း။

ဆဋ္ဌမ အာရုံ ကုမ္ပဏီသည် နည်းပညာ၊ ဘဏ္ဍာရေး၊ ဇီဝကဏ္ဍတွင် မရှိသော်လည်း ထုတ်ကုန်လုပ်ငန်း ခေါင်းစဉ် အောက်တွင် ထည့်သွင်းစဉ်းစားရပေမည်။

လိင်အရုပ်များ၊ ကွန်ဒုံး၊ ဆီလီကွန်နှင့် ရော်ဘာ ပစ္စည်းများ ထုတ်လုပ်ခြင်းသည် ထုတ်လုပ်ရေး ကဏ္ဍတွင် မပါဝင်ဟု မည်သူပြောမည်နည်း။

ယခင်က လိင်အရုပ် ထုတ်လုပ်သူသည် Nasdaq အညွှန်းကိန်း လက်အောက်ရှိ ကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မည်ဟု ရင်းနှီးမြုပ်နှံသူများ မျှော်လင့်ထားခြင်း မရှိချေ။

ထိုကိစ္စကို ဖုန်းယွီပင်လျှင် တွေးမထားမိချေ။

ခါမီဒါ မာဆောင်မှာ ဖုန်းယွီအား အကြံပေးပြီးနောက် ဤသည်ကို စောင့်မျှော်နေပေသည်။

ဖုန်းယွီသည် ခါမီဒါ မာဆောင်မှာ အလွန်ရည်မှန်းချက်ကြီးကြောင်း သိခဲ့သည်မှာ ကြာပေပြီ။ ရည်မှန်းချက် ကြီးကြီး မရှိသူသည် ကြီးကျယ်သည့် အရာများကို အောင်မြင်လိမ့်မည် မဟုတ်ဟု ဆိုရိုးစကားများ ရှိခဲ့ဖူးသည်။ သမိုင်းတွင် မှတ်တမ်းတင်ခဲ့သည့် ကျော်ကြားသူတိုင်းသည် ရည်မှန်းချက် ကြီးသူများ ဖြစ်ပေသည်။

ရည်မှန်းချက် ကြီးခြင်းသည် နိုင်ငံရေး သို့မဟုတ် စီးပွားရေးဘက် စသည်ဖြင့် ရှိနိုင်ပေသည်။ နိုင်ငံရေးတွင် ပါဝင်သူများသည် တိုင်းပြည်၏ ထိပ်တန်းခေါင်းဆောင် ဖြစ်လိုကာ စီးပွားရေး လုပ်သူများသည်လည်း လူသိများ အောင်မြင်သူ ဖြစ်ချင်ကြသည်။ ရည်မှန်းချက်မရှိဘဲ မည်သူမျှ အောင်မြင်မည် မဟုတ်ချေ။

ခါမီဒါ မာဆောင်သည် အလွန်ရည်မှန်းချက် ကြီးသည့်အတွက် ဖုန်းယွီ ဝမ်းသာမိသည်။ အဘယ့်ကြောင့် ဆိုသော် သူသည် အိပ်မက်များကို အကောင်အထည်ဖော်ရန်နှင့် ဆဋ္ဌမအာရုံ ကုမ္ပဏီကို ဆက်လက် ကြီးထွားစေမည် ဖြစ်ခြင်း ကြောင့်ပင်။ ဖုန်းယွီအတွက် ငွေများ ဆက်လက်ရှာပေးနေပေလိမ့်မည်။

ဆဋ္ဌမအာရုံ ကုမ္ပဏီသည် စာရင်းဝင်ပြီးနောက် အစုရှယ်ယာ အကြီးဆုံး ပိုင်ရှင်အဖြစ် ဖုန်းယွီသာ ရှိနေပေသည်။ ကုမ္ပဏီရှယ်ယာ (၃၀)ရာခိုင်နှုန်း ထုတ်ပေးပြီးနောက်၌ပင် ဖုန်းယွီ၏ ရှယ်ယာများသည် (၅၁)ရာခိုင်နှုန်း ကျော်နေသေးသည်။ သူသည် မဲပေးပိုင်ခွင့်’ (၃)ပုံ (၂)ပုံကျော် ပိုင်ဆိုင်ထားခြင်းပင်။

သို့အတွက် ဖုန်းယွီသည် ခါမီဒါ မာဆောင်မှ ကုမ္ပဏီအား သိမ်းပိုက်သွားမည်ကို မကြောက်ချေ။ သူသည် ဆဋ္ဌမအာရုံ ကုမ္ပဏီကို ချုပ်ကိုင်ထားသရွေ့ ခါမီဒါ မာဆောင်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

-------*****--------

All Chapters