ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ တိုးတက်မှုများ
Vol. 50 Ch. 745
Nasdaq သည် နယူးယောက် စတော့အိတ်ချိန်း တစ်ခုဖြစ်သော်လည်း NYSE နှင့် ကွာခြားစွာ လည်ပတ်ပေသည်။ အထင်ရှားဆုံး ကွာခြားချက်မှာ Nasdaq သည် လျှပ်စစ် ကုန်သွယ်မှုများကို သုံး၍ NYSE သည် ပွဲစားများမှ တစ်ဆင့် ဆက်သွားရန် လိုအပ်နေသေးခြင်းဖြစ်သည်။
အစောပိုင်းကာလများတွင် Nasdaq သည် ရန်ပုံငွေရှာဖွေရန်နှင့် လူများစာရင်းသွင်းထားသည့် ကုမ္ပဏီများ၏ ရှယ်ယာ ရှယ်ယာများကို ရောင်းဝယ်ဖောက်ကားရန်အတွက် စာရင်းသွင်းမထားသည့် ကုမ္ပဏီများအတွက် လမ်းကြောင်း တစ်ခုဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ ပထမဆုံး လျှပ်စစ် စတော့ဈေးကွက်လည်း ဖြစ်ပေသည်။
Nasdaq သည် စိုးရိမ်ဖွယ် ကောင်းလောက်အောင်ပင် ကြီးထွားလာသည်။ ၎င်းတို့၏ အရောင်းစနစ်သည် ပွဲစားများနှင့် အရောင်းကိုယ်စားလှယ်များ မလိုအပ်ချေ။ လူအချို့သည် Nasdaq သည် စတော့အိတ်ချိန်း အစစ်အမှန် မဟုတ်သော်လည်း အစစ်အမှန်နီးပါး စတော့ဈေးကွက်ဟုပင် ခံစားခဲ့ရသည်။
သို့ရာတွင် Nasdaq သည် အမေရိကန်၏ အဓိက စတော့အိတ်ချိန်း ဖြစ်လာပေလိမ့်မည်။ Nasdaq ၏စုစုပေါင်း အညွှန်းကိန်းမှာလည်း ဈေးကွက်လုံခြုံရေးအတွက် မရှိမဖြစ် ထောက်ပြစရာ ဖြစ်လာတော့သည်။
မိုက္ခရိုဆော့ဖ်နှင့် Apple တို့သည် Nasdaq တွင် စာရင်းဝင်ထားပေသည်။
မှန်ပေ၏။ အရောင်းအဝယ် ပြုလုပ်ခြင်းကို အင်တာနက်မှတဆင့် NYSE တွင်လည်း လုပ်နိုင်ပေသည်။ သို့ရာတွင် Nasdaq လောက် အဆင်မပြေသေးချေ။
ဆဋ္ဌမ အာရုံ ကုမ္ပဏီသည် Nasdaqတွင် စာရင်းဝင်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် စာရင်းသွင်းရန် လိုအပ်ချက် အနိမ့်ဆုံး ဖြစ်သောကြောင့်ပင်။ သတ်မှတ်ချက်များသည် NYSE၊ တိုကျို စတော့၊ လန်ဒန်စတော့ စသည်တို့ထက် အလွန်နိမ့်ကျပေသည်။
Nasdaq တွင် စာရင်းသွင်းခြင်းအတွက် လိုအပ်ချက်မှာ ဒေါ်လာ (၆)သန်းကျော် တန်ဖိုးရှိ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများ၊ အမြတ်အစွန်းများအတွက် အခွန်မဆောင်မီ ကန်ဒေါ်လာ (၁)သန်းကျော်၊ ရှယ်ယာ (၁.၁)သန်းကျော် သည့် အထူးရှယ်ယာများ၊ ဈေးကွက် ထုတ်လုပ်သူ အနည်းဆုံး (၃)ယောက်၊ စတော့ တစ်ခုစီတွင် နည်းဆုံး တန်ဖိုးမှာ (၅)ဒေါ်လာနှင့် အစုရှယ်ယာ အနည်းဆုံး (၄၀၀)ရှိရပေလိမ့်မည်။
အခြားသော စတော့ အိတ်ချိန်း အားလုံးသည် လွန်ခဲ့သော (၃)နှစ်အတွင်း ဘဏ္ဍာရေး အစီရင်ခံစားများ လိုအပ်ပြီး ရှယ်ယာရှင် (၂၀၀၀)ကျော် ရှိရမည် ဖြစ်သည်။ ကုမ္ပဏီ၏ မြင်သာထင်ရှားသည့် ပိုင်ဆိုင်မှုများသည် ကန်ဒေါ်လာ (၁.၈)သန်းကျော် တန်ဘိုးကြီးရမည် စသည် စသည်တို့ ဖြစ်သည်။
Nasdaq ၏ အနိမ့်ဆုံး လိုအပ်ချက်များကြောင့် စာရင်းသွင်းထားသော ကုမ္ပဏီ များစွာ ရှိပေသည်။ ကုမ္ပဏီ အများစုသည် အသေးစား-အလတ်စား လုပ်ငန်းများနှင့် ကုမ္ပဏီသစ်များ ဖြစ်သည်။ ထိုကုမ္ပဏီများသည် ရန်ပုံငွေကို အမြန်ဆုံး ရှာဖွေနိုင်ခဲ့ကြသည်။ Nasdaqသည် တရုတ်နိုင်ငံ၏ ဈေးကွက် တိုးတက်မှုနှင့် တူပေသည်။
ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ပိုင်ဆိုင်မှုနှင့် ဝင်ငွေ (၂)ခုစလုံးအတွက် စံသတ်မှတ်ချက်များ ပြည့်မီခဲ့ပေသည်။ သို့ရာတွင် ၎င်းတို့တွင် လုပ်သက်ကြာ ဝန်ထမ်း ရာဂဏန်းလောက်သာ ရှိသဖြင့် အစုရှယ်ယာရှင် အရေအတွက် မပြည့်မီခဲ့ချေ။
ဂျပန် ကုမ္ပဏီ အများစုသည် ၎င်းတို့၏ ဝန်ထမ်းများအတွက် တစ်သက်တာ အလုပ်ခန့်ထားမှု စာချုပ်များ ရှိပေသည်။ သို့ရာတွင် ထိုစာချုပ်များသည် ဂျပန်လူမျိုး အများစုအတွက်သာ ဖြစ်ပြီး ကုမ္ပဏီများသည် နိုင်ငံခြား အလုပ်သမား တစ်ယောက်အား ထိုစာချုပ်မျိုး ချုပ်ခဲပေသည်။ ဤသည်က ဂျပန်စီးပွားရေး လုပ်ငန်းကြီးများတွင် ဖြစ်ရိုး ဖြစ်စဉ် တစ်ခု သာပင်။ ဝန်ထမ်းသည် ကြီးလေးသော အမှား မကျူးလွန်သရွေ့ ၎င်းတို့သည် ကုမ္ပဏီတွင် တစ်သက်တာလုံး ရှိနေနိုင်ပေသည်။
ထို့အပြင် ထိုဝန်ထမ်းများသည် ၎င်းတို့ အသက်အရွယ်အလိုက် လစာတိုးပေးမည် ဖြစ်သည်။ ပန်နက်ဆိုးနစ် ကဲ့သို့သော ကုမ္ပဏီ အချို့သည် ထူးခြားသည့် အကျိုးခံစားခွင့်များ ပေးသေးသည်။ ဥပမာအားဖြင့် အမျိုးသား ဝန်ထမ်း တစ်ဦးနှင့် လက်ထပ်ပြီးပါက ကုမ္ပဏီမှ ထိုဇနီးသည်အား လုပ်ငန်းရာထူးမှ နှုတ်ထွက်ကာ အိမ်တွင် နေထိုင်နိုင်ရန် တောင်းဆို၍ ရပေသည်။ တစ်ချိန်တည်းမှာပင် ခင်ပွန်းဖြစ်သူသည် လစာ (၅၀)ရာခိုင်နှုန်း သို့တည်းမဟုတ် ထို့ထက်ပို၍ တိုးပေးမည် ဖြစ်သည်။ တိုးသည့် နှုန်းမှာ ဇနီးဖြစ်သူ၏ ယခင်လစာ အပေါ် မူတည် ပေလိမ့်မည်။ ဂျပန်နိုင်ငံတွင် အမျိုးသမီး ဝန်ထမ်းများ၏ လုပ်ခ လစာသည် သာမာန်အားဖြင့် အမျိုးသား ဝန်ထမ်းများ၏ ထက်ဝက်သာ ရှိပေသည်။
ဂျပန် ကုမ္ပဏီများသည် ဝန်ထမ်းများကို အကောင်းဆုံး ဂရုစိုက်တတ်ကြသည်။ ဆဋ္ဌမ အာရုံ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း (၅၀၀၀)ကျော် ရှိသော်လည်း ၎င်းတို့ထဲမှ ရာဂဏန်းလောက်သည်သာ တစ်သက်တာ အလုပ်ခန့်ထား ခြင်း စာချုပ်များ ပေးထားသည်။ အဘယ့်ကြောင့် ဟူမူ ကျန်ဝန်ထမ်းများမှာ ဥရောပ၊ အမေရိကန်နှင့် အာရှ၏ အခြားနိုင်ငံများကဲ့သို့သော နိုင်ငံခြားသားများ ဖြစ်နေခြင်းကြောင့်ပင်။ ခါမီဒါ မာဆောင်သည် ထိုဝန်ထမ်းများအား အနှီစာချုပ်မျိုး ချုပ်ဆိုမည် မဟုတ်ချေ။
ကုမ္ပဏီတွင် တစ်စုံတစ်ခု ဖြစ်၍ ထုတ်ပယ်ရန် လိုအပ်ပါက ခါမီဒါ မာဆောင်သည် သာမန်ဝန်ထမ်းများကို ထုတ်ပယ်နိုင်ပေသည်။ ကုမ္ပဏီသည် အလုပ်ထုတ်ခြင်းအတွက် စရိတ် အများအပြား ပေးဆောင်ရန် မလိုအပ်ချေ။
ခါမီဒါ မာဆောင်မှ ထိုအကြောင်းကို စာနယ်ဇင်းများသို့ ထုတ်ပြောမည် မဟုတ်ချေ။ အကယ်၍ မီဒီယာသို့ ပြောမိပါက သတင်းထောက်များ
သည် တစ်သက်တာ အလုပ်စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် အခြားဝန်ထမ်းများ မည်သည့်အတွက် ကုမ္ပဏီရှယ်ယာများ မဝယ်နိုင်ရသနည်းဆိုသည့် မေးခွန်းများ သူ့ကို မေးလာ ပေလိမ့်မည်။
အခြားဝန်ထမ်းများကိုလည်း ကုမ္ပဏီ ရှယ်ယာ ဝယ်ယူခွင့်ပေးထားပေသည်။ သို့ရာတွင် အလယ်တန်းနှင့် အထက်တန်း စီမံခန့်ခွဲမှု ဝန်ထမ်းများကိုသာ ကန့်သတ်ထားသည်။ တစ်သက်တာ အလုပ်အကိုင်ရ လုံခြုံရေး အစောင့် တစ်ဦးပင်လျှင် ဆဋ္ဌမ အာရုံ ကုမ္ပဏီ၏ အစုရှယ်ယာများ ဝယ်ယူနိုင်သည့် ဆက်ဆံရေးမှာ အခြားသော ဂျပန် ကုမ္ပဏီများနှင့် လုံးဝမတူချေ။
ဖုန်းယွီသည် ထိုကိစ္စသိလိုက်ရသည့်အခါ မည်သည့် စကားမှ မပြောနိုင်တော့ချေ။ ၎င်းတို့အားလုံးကို ကုမ္ပဏီ တစ်ခုတည်း၌ အလုပ်ခန့်ထားပေသည်။ အနည်းဆုံး ဝန်ဆောင်မှု နှစ်ကို စံနှုန်းတစ်ခု သတ်မှတ်နိုင်ပေသည်။ ထိုနည်း အားဖြင့် ကုမ္ပဏီ၏ ရှယ်ယာများ ဝယ်ယူလိုသူ ပိုများလာပေလိမ့်မည်။
သို့ရာတွင် ခါမီဒါ မာဆောင်ကမူ ၎င်းတို့၏ နိုင်ငံခြား ဝန်ထမ်းများသည် အဓိကအားဖြင့် အရောင်းသမားများ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အရောင်းဝန်ထမ်း အများဆုံးဖြစ်ကြောင်း လူတိုင်းသိပေသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်မှာ လွန်ခဲ့သည့် (၂)နှစ်ကဲ့သို့ ကောင်းမွန်သဖြင့် ၎င်းတို့နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုရန် မဖြစ်နိုင်ချေ။ ဝန်ထမ်းများသည် ကုမ္ပဏီတွင် ထိပ်တန်း အရောင်းသမားများ မဟုတ်ကြချေ။ ထိပ်တန်း အရောင်းသမားများ ဖြစ်ပါက ကုမ္ပဏီတွင် စီမံခန့်ခွဲရေး တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီရှယ်ယာများကိုလည်း ဝယ်ယူနိုင်ပေသည်။
ခါမီဒါ မာဆောင်သည် ကုမ္ပဏီနှင့် ပိုမိုရင်းနှီးသဖြင့် ဖုန်းယွီသည် ခါမီဒါ မာဆောင်အား ခွန်းတုန့်မပြန်နိုင်ချေ။ ကုမ္ပဏီ တစ်ခုအား စီမံခန့်ခွဲရာ၌ ခါမီဒါ မာဆောင်သည် ဖုန်းယွီထက် များစွာ သာလွန်ပေသည်။
ဖုန်းယွီသည် ခါမီဒါမာဆောင်အား အဓိကရှယ်ယာရှင်၏ အခွင့်အာဏာဖြင့် ဖိအား မပေးခဲ့ချေ။ ခါမီဒါ မာဆောင် လုပ်လိုသမျှ လုပ်ခွင့် ပေးလိုက်သည်။ မည်သို့ပင် ဖြစ်စေ ဆဋ္ဌမ အာရုံ ကုမ္ပဏီသည် ဖုန်းယွီ မျှော်လင့်ထားသည် ထက် အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပေသည်။ ကမ္ဘာ့ အကြီးဆုံး လိင်အရုပ် ထုတ်လုပ်သူ ဖြစ်နေပေပြီ။ ကုမ္ပဏီ၏ အမြတ်အစွန်း အများစုသည် ၎င်းတို့၏ လိင်အရုပ်များ၊ အတွင်းခံများ၊ တုန်ခါစက်များနှင့် ကွန်ဒုံး များမှ ရနေပေသည်။
ထုတ်ကုန် (၄)မျိုးအနက် လိင်အရုပ်များနှင့် အတွင်းခံများသည် ဈေးကွက်ဝေစုနှင့် ရောင်းအားအရ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားပြီး ဖြစ်သည်။
အခြား ထုတ်ကုန်(၂)ခု၏ ရောင်းအားနှင့် ဈေးကွက်ဝေစုသည်လည်း မြင့်တက်လာပေသည်။ ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များထံသို့လည်း အမြန်ဝင်တွေ့နေကြသည်။
ဂျပန်နိုင်ငံရှိ လူကြီးဇာတ်ကားများသည် မမေရိကန်နှင့် ဥရောပတွင် ပို၍ ရေပန်းစားလာသည်နှင့်အမျှ ခါမီဒါ မာဆောင်၏ တုန်ခါစက်များ ရောင်းအားတိုးလာမည်ဟု ယုံကြည်ထားပေသည်။ ထိုကဲ့သို့သော ထုတ်ကုန်များ၏ ဂျပန်ဒီဇိုင်းသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဖြစ်ပေသည်။
ကွန်ဒုံးများသည် ဆဋ္ဌမ အာရုံ ကုမ္ပဏီ၏ နောက်ဆုံးထွက် ထုတ်ကုန် ဖြစ်သည်။ ရောင်းအား မကောင်းသော်လည်း ကွန်းဒုံးများသည် ဂျပန်၌ အကောင်းဆုံး မဟုတ်သေးချေ။ လက်ရှိတွင် အိုခါမိုတို အမှတ်တံဆိပ်သည် ဂျပန်နိုင်ငံ၏ ထိပ်တန်း ကွန်ဒုံးအဖြစ် ရပ်တည်နေပေသည်။
ခါမီဒါ မာဆောင်သည် ကွန်ဒုံး သုတေသနတွင် ရင်းနှီးမြုပ်နှံရန် ဤစာရင်းသွင်းခြင်းမှ ရရှိလာသည့် ရန်ပုံငွေများကို အသုံးချရန် စီစဉ်ထားသည်။ သူသည် ဂျပန်နိုင်ငံတွင် အိုခါမိုတိုကို အရင်ဆုံး အနိုင်ယူနိုင်ပြီး အာရှတွင် ထိပ်တန်း ကွန်ဒုံး ထုတ်လုပ်သူ ဖြစ်လာစေရေး ရည်မှန်းထားပြီး၊ ထို့နောက်ခြေလှမ်းမှာ ကမ္ဘာအဆင့်သို့ ဖြစ်သည်။
ဖုန်းယွီသည် ခါမီဒါ မာဆောင်၏ ရည်မှန်းချက်အပေါ် အကောင်းမမြင်နိုင်ချေ။ အိုခါမိုတိုအား အနိုင်ယူနိုင်မည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။ အိုခါမိုတိုကို ကျော်လွန်နိုင်လျှင်ပင် ကမ္ဘာပေါ်၌ ကွန်ဒုံး ထုတ်လုပ်သူ အများအပြား ရှိနေသည် မဟုတ်ပေလော။
အကယ်၍ ဖုန်းယွီသည် ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အမြတ်အစွန်းများထဲမှ တစ်စိတ်တစ်ပိုင် ထုတ်ယူခြင်း ပြုလုပ်ပါက ၎င်းတို့သည် ရန်ပုံငွေရှာရန် ဤစာရင်းသွင်းခြင်း အပေါ်တွင် မူတည်နေရပေလိမ့်မည်။
ဖုန်းယွီနှင့် ခါမီဒါ မာဆောင်တို့သည် ဤစာရင်းနှင့်ပတ်သက်၍ အလွန်ယုံကြည်မှု ရှိပေသည်။ မည်သည့်အတွက် ဆိုသော် ၎င်းတို့သည် ထိပ်တန်း ပွဲစားအချို့၏ ဝန်ဆောင်မှုများဖြင့် ဈေးကွက်ဖန်တီးသူများအဖြစ် ပါဝင်လာ သောကြောင့် ဖြစ်သည်။
-------*****--------