← Chapters

စောင့်ကြည့်ပါ

Vol. 50 Ch. 746

စောင့်ကြည့်ပါ

Vol. 50 Ch. 746

Nasdaq ၏လိုအပ်ချက်မှာ ဈေးကွက် ထုတ်လုပ်သူ (၃)ဦးသာ ရှိသော်လည်း ဖုန်းယွီမှာမူ ပို၍ ရှာထားပေသည်။

အဘယ့်ကြောင့်ဆိုသော် ဈေးကွက်ထုတ်လုပ်သူ များလေလေ ပြိုင်ဆိုင်မှု ပိုများလာလေလေ ဖြစ်ခြင်းကြောင့်ပင်။ ဤနည်းအားဖြင့် လေလံနှင့် ရောင်းဈေးအကြား ကွာဟချက် ကြီးမားလာမည် မဟုတ်ချေ။ ကော်မရှင်ခ လျှော့ပေး မည်ဖြစ်သည်။ ဤသည်မှာ စာရင်းသွင်းခြင်းအတွက် ကုန်ကျစရိတ်များထဲမှ တစ်ခု ဖြစ်သည်။

ထို့အပြင် ဤသည်က ဖြစ်လာနိုင်သည့် အန္တရာယ်များကို လျှော့ချပေးလာပေလိမ့်မည်။ ဈေးကွက်ထုတ်လုပ်သူ နည်းပါးလွန်းပါက ၎င်းတို့သည် အစုရှယ်ယာ ဈေးနှုန်းများကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ရန် ကြံစည်ကာ ဖုန်းယွီသည် ၎င်းတို့အား ကွာခြားမှုအလိုက် သို့တည်းမဟုတ် ထပ်ဆောင်းကော်မရှင် ပေးဆောင်ရမည် ဖြစ်သည်။ ရှယ်ယာဈေးများ ထိုးကျသွားပါက ဖုန်းယွီ ဆုံးရှုံးသွားပေလိမ့်မည်။ ယခင်က ဤသို့ ဖြစ်ခဲ့ဖူးပေသည်။

ယခုတစ်ကြိမ်တွင်မူ ဖုန်းယွီသည် ဈေးကွက် ထုတ်လုပ်သူများအဖြစ် ဘာကလေစ်၊ ရွှေလူသားစစ်ချ်၊ မြို့တော်ဘဏ်၊ စတန်လေ၊ ဝေါဖာဂို စသည်တို့ကို ရထားပေသည်။ ထိုအဖွဲ့စည်း အားလုံးသည် အမေရိကန် ထိပ်တန်း ဘဏ္ဍာရေး အဖွဲ့အစည်းများ ဖြစ်ပေသည်။ ၎င်းတို့အသီးသီးသည် ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အစုရှယ်ယာများကို ဈေးနှုန်း ကြီးမြင့်စွာ ရောင်းချနိုင်ခဲ့ကြသည်။

ဖုန်းယွီသည်လည်း ဆဋ္ဌမ အာရုံ ကုမ္ပဏီစာရင်းတွင် မြို့တော်ဘဏ်၌ မျှော်လင့်ချက် မြင့်မားကြောင်း တွေ့ရပြီး သူတို့အတွက် ယုံကြည်မှု မြင့်မားစေပေသည်။ ဘာစလေနှင့် ရွှေလူသား စစ်ချ် တို့ကို ဆက်သွယ်သည့်အခါ ယုံကြည်မှု ပိုရှိလာခဲ့သည်။

ရွှေလူသား စစ်ချ်၊ ဝေါဖာဂို စသည်တို့သည်လည်း အမေရိကန်တွင် ထင်ရှားသည့် ငွေကြေးအဖွဲ့အစည်းများ ဖြစ်သည်။ အခြား ဘဏ္ဍာရေး အဖွဲ့အစည်း အချို့သည် ဖုန်းယွီထံ ချဉ်းကပ်လာကြသည်။

ဖုန်းယွီထံ ချဉ်းကပ်လာသူများသည် ဆဋ္ဌမအာရုံ ကုမ္ပဏီအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေ၍ မဟုတ်သလို ကုမ္ပဏီ၏ ဘဏ္ဍာရေး အစီရင်ခံစာများ သို့တည်းမဟုတ် အဆိုပြုချက်များ တွေ့မြင်ခဲ့ရ၍ ဖြစ်သည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင်သည် မိုက္ခရိုဆော့ဖ်’ (၁၅)ရာခိုင်နှုန်း ကျော် ပိုင်ဆိုင်ကြောင်း ၎င်းတို့ ကြားသိရသောကြောင့် ဖြစ်သည်။

ဖုန်းယွီ၏ မိုက္ခရိုဆော့ဖ် ရှယ်ယာများကို မိုက္ခရိုဆော့ဖ် တည်ထောင်သူများမှ မရောင်းချခဲ့ချေ။ ဤသည်ကို စတော့ ဈေးကွက်မှ ဈေးကြီး ပေးဝယ်ခဲ့ပြီး မဲပေးခွင့် မရှိချေ။ သို့တိုင်အောင် သူ့အား မည်သူမှ မထီမဲ့မြင် မလုပ်ရဲကြချေ။

မိုက္ခရိုဆော့ဖ်၏ လက်ရှိဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ဘီလီယံ (၃၀)ကျော် ရှိနေပေပြီ။ ဆိုလိုသည်မှာ အမည်မသိ မိုက္ခရိုဆော့ ရှယ်ယာရှင်၏ ရှယ်ယာ ပိုင်ဆိုင်မှုသည် ကန်ဒေါ်လာ (၄.၅)ဘီလီယံကျော် ဖြစ်သည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံးသည် ထိုမဟာသူဌေးကြီးကို သိချင်နေကြသည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ဈေးကွက်ထုတ်လုပ်သူများ ရှာဖွေချိန်၌ ဖုန်းယွီအား ချဉ်းကပ်ရန် ထိုအခွင့်အရေး ရယူလိုက်ခြင်း ဖြစ်သည်။

ထို မဟာသူဌေးကြီးသည် ကုမ္ပဏီ တစ်ခုတည်း ပိုင်ဆိုင်ထားခြင်း မဟုတ်ကြောင်း ဘဏ္ဍာရေး အဖွဲ့အစည်းများ သိထားပေသည်။ အခြားကုမ္ပဏီများ ရှိရပေလိမ့်မည်။ သူ၏ အခြားကုမ္ပဏီများကို စာရင်းသွင်းကာ သူတို့သည် ဈေးကွက်ဖန်တီးသူများ ဖြစ်နိုင်သဖြင့် ၎င်းတို့သည် အမြတ်အစွန်းများစွာ ရနိုင်ပေသည်။ ကျန်နယ်ပယ်များ၌လည်း ထိုလူနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုကောင်းပေလိမ့်မည်။

သို့ရာတွင် ဘဏ္ဍာရေး အဖွဲ့အစည်းမှ ကိုယ်စားလှယ်မျးသည် ဖုန်းယွီနှင့် မညှိနှိုင်း နိုင်ကြချေ။ ၎င်းတို့၏ ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းများ စေလွှတ်ခြင်းဖြင့်သာ လုံလောက်သော ရိုးသားမှု ပြနိုင်ကြောင်း ခံစားရ၍ပင်။ သို့ရာတွင် ဖုန်းယွီသည် ၎င်းတို့မှာ ဆုံးဖြတ်ချက် ချနိုင်သူများ မဟုတ်သဖြင့် ၎င်းတို့နှင့် စကားပြောရန် စိတ်မဝင်စားကြောင်း သိသွားကြသည်။

အကယ်၍ ထိုဘဏ္ဍာရေး အဖွဲ့အစည်းများသည် ဖုန်းယွီနှင့် စကားပြောလိုပါက ၎င်းတို့၏ ဆုံးဖြတ်ချက် အစစ်အမှန် ချနိုင်သူကိုသာ စေလွှရပေလိမ့်မည်။ ထိုလူများသည် သူတို့ အဖွဲ့အစည်းအတွက် လုပ်နေကြခြင်းပင်။ ၎င်းတို့ ကုမ္ပဏီတွင် ၎င်းတို့အဆင့်အတန်းသည် ဆဋ္ဌမအာရုံ ကုမ္ပဏီရှိ ခါမီဒါ မာဆောင်ထက်ပင် နိမ့်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များ ချနိုင်သော်လည်း အချိန်မရွေး ပြောင်းလဲသွားနိုင်ပေသည်။

ဖုန်းယွီသည် ဘီလ်ဂိတ်နှင့် အမြဲစကားပြေချင်ခဲ့ပေသည်။ ဖုန်းယွီသည် တတိယ အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်ပေသည်။

ဖုန်းယွီနှင့် ဘီလ်ဂိတ်တို့သည် ယခင်က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ ရှယ်ယာများ စတင်ဝယ်ယူချိန်က ဖြစ်သည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ ရှယ်ယာများကို ဈေးနှုန်းမည်မျှဖြစ်စေ ဝယ်ယူခဲ့သည်။ တစ်ယောက်ယောက်သည် မိုက္ခရိုဆော့ဖ် ရှယ်ယာ ရောင်းချမည် ဆိုသည်နှင့် ဘာမှ မစဉ်းစားဘဲ ဝယ်ယူမည် သာပင်။ မိုက္ခရိုဆော့ဖ်၏ ရှယ်ယာဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ကို သိသားခြင်းကြောင့် ဖြစ်သည်။

ထိုရှယ်ယာများအတွက် ဖုန်းယွီ မည်မျှ ပေးလိုက်ရသည်ဖြစ်စေ မိုက္ခရိုဆော့ဖ် ရှယ်ယာများသည် တည်ငြိမ်သော တိုးတက်မှုများကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင်။ ယခုနှစ်တွင် တိုးမြှင့်မှုသည် ပိုမို မြန်ဆန်လာမည် ဖြစ်ပြီး မိုက္ခရိုဆော့သည် ၎င်းတို့၏ ရှယ်ယာများကို ခွဲထုတ်အုံးမည် ဖြစ်သည်။

အဘယ့်ကြောင့် ဟူမူ Window 95 ထွက်ရှိပြီးနောက် မိုက္ခရိုဆော့ဖ်၏ အမြတ်ငွေ ထိုးတက်သွားခြင်းကြောင့် ဖြစ်သည်။ Apple နှင့် IBM တို့ကြောင့် ကွန်ပျူတာ ထိန်းချုပ်ရေးစနစ် လုပ်ငန်းနယ်ပယ်ကို လက်ဝါးကြီးအုပ် ထားနိုင်ခြင်း မရှိသေးသော်လည်း ၎င်းတို့၏ လည်ပတ်မှုစနစ်သည် အသုံးပြုရ လွယ်ကူဆုံး ဖြစ်သည်။ အရေးအကြီးဆုံးမှာ မိုက္ခရိုဆော့ဖ်သည် ကွန်ပျူတာ ထုတ်လုပ်သူ အများအပြားနှင့် စာချုပ်များ ချုပ်ဆိုခဲ့သည်။ ၎င်းတို့၏ ကွန်ပျူတာ အားလုံးကို မိုက္ခရိုဆော့ဖ် ဆော့ဖ်ဝဲ ထည့်သွင်းမည် ဖြစ်သည်။

ဖုန်းယွီသည် ၎င်းတို့၏ မိုက္ခရိုဆော့ဖ် ရှယ်ယာများကို ယခု ရောင်းချမည် မဟုတ်ချေ။ သူ၏ အမြတ်ငွေနှင့် အရည်အချင်း၊ ပိုင်ဆိုင်မှုအားလုံးကို မိုက္ခရိုဆော့ဖ်တွင် ရင်းနှီးမြုပ်နှံခဲ့သည်။ မိုက္ခရိုဆော့ဖ်၏ ရှယ်ယာဈေးကွက် တက်လာသည်နှင့်အမျှ သူ၏ အသားတင် တန်ဖိုးများသည်လည်း တိုးလာပေသည်။

ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများ ကျဆင်းသွားမည်ကို မည်သည့်အခါတွင်မှ မစိုးရိမ်ချေ။ ရှယ်ယာဈေးများ ကျဆင်းသွားလျှင်ပင် ခေတ္တသာ ဖြစ်သည်။ အမြန်နှုန်းဖြင့် ပြန်လည် ဈေးတက်လာပေလိမ့်မည်။ ၎င်းတို့၏ ရှယ်ယာ ဈေးနှုန်းများကို လစဉ်အလိုက် ကြည့်ရှုပါက မိုက္ခရိုဆော့ဖ် ရှယ်ယာများသည် တဖြည်းဖြည်း တိုးလာသည်ကို တွေ့ရပေလိမ့်မည်။

မိုက္ခရိုဆော့ဖ် ထက် ပိုမြန်ဆန်သည့် ရှယ်ယာများ ရှိနိုင်သည်လော။ အများအပြား ရှိနေပေသည်။ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့တွင်ပင် အချိန်တိုအတွင်း မိုက္ခရိုဆော့ဖ်ထက် ပိုမို လျှင်မြန်စွာ တက်လာသည့် ကုမ္ပဏီ တစ်ခုထက် မကသည့် ရှယ်ယာများ ရှိပေသည်။ သို့ရာတွင် ထိုရှယ်ယာများသည် ခေတ္တသာ တိုးလာပြီး ဖုန်းယွီသည် ၎င်းတို့အား ဆက်လက်စောင့်ကြည့် ခဲ့ရသေးသည်။ အခြား တစ်ဖက်တွင် မိုက္ခရိုဆော့ဖ်မျာမူ စိုးရိမ်ရန် မလိုချေ။

မိုက္ခရိုဆော့ဖ် ရှယ်ယာများသည် ဖုန်းယွီ၏ အရင်းအနှီးဖြစ်ပြီး အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ရန် ဖြစ်သည်။ ထိုရှယ်ယာများဖြင့် အဆင့်အတန်း မြင့်မြင့်မားမား ခံစားနိုင်မည် ဖြစ်သည်။

ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ဈေးကွက်ထုတ်လုပ်သူ ဖြစ်လာနိုင်သည်မှာ ယခုမှ ဟု ပြောရပေလိမ့်မည်။ ဖုန်းယွီသည် သတင်းအချို့သာ ထုတ်ပြောပြီး ငွေကြေးအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များမှာ ထိုသတင်းကို ထပ်မံ အတည်ပြု ခြင်းပင် မလုပ်ဘဲ ယုံကြည်သွားကြသည်။

ဖုန်းယွီနှင့် ပတ်သက်သည့် သတင်းသည် အတုအယောင် ဖြစ်နေသော်လည်း ထိုဘဏ္ဍာရေး အဖွဲ့အစည်းများ ဆုံးရှုံး စရာမရှိပေ။ ဈေးကွက် ဖန်တီးသူများ အနေဖြင့် ၎င်းသည် အလွန် အမြတ်အစွန်း များနေဆဲ ဖြစ်သည်။ ဖုန်းယွီနှင့် ပတ်သက်သည့် သတင်းသာ အမှန်ဖြစ်ပါက သူဌေးကြီး တစ်ယောက်နှင့် သိခွင့်ရပေလိမ့်မည်။ ဖုန်းယွီထံမှ အမြတ် များများ ရနိုင်ကြပေသည်။

**********

ခါမီဒါ မာဆောင်သည် ဖုန်းယွီ၏ ဘေးတွင် ထိုင်နေပေသည်။ အလွန်လည်း စိတ်လှုပ်ရှားနေပေသည်။

“မန်နေဂျာဖုန်း.. ဈေးကွက်ဖွင့်ရင် ကျုပ်တို့ ရှယ်ယာတွေ ဘယ်လောက် တက်လာမယ်ထင်လဲ.. (၁၀)ရာခိုင်နှုန်း ကျော်တောင် တက်လာနိုင်မလား..”

ဖုန်းယွီ ခါမီဒါမာဆောင်ကို မျက်စောင်း ထိုးလိုက်သည်။

“(၁၀)ရာခိုင်နှုန်းတဲ့လား.. ဒီဈေးကွက် ထုတ်လုပ်သူတွေကို စော်ကားနေတာလား… လက်လီဈေးကွက်ထံမှာ သူတို့ရောင်းချတဲ့ ရှယ်ယာတွေဆို (၁၃)ရာခိုင်နှုန်းအောက် မကျဘူး.. ငါတို့ ရှယ်ယာတွေကို ငွေကြေးအဖွဲ့အစည်း တော်တော်များများက ထုတ်ပေးနေတာ… မင်း ဒီထက်ပိုပြီး ရည်မှန်းချက် ကြီးမှရမယ်..”

ဖုန်းယွီ၏ အားပေးမှုကြောင့် ခါမီဒါ မာဆောင်မှ…

“(၁၅)ရာခိုင်နှုန်း အထိတောင်လား…”

ဖုန်းယွီ ခေါင်းခါလိုက်သဖြင့် ခါမီဒါ မာဆောင် စိတ်နည်းနည်း ပျက်သွားသည်။ သူ တော်တော် မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့တိုင်အောင် (၁၃)ရာခိုင်နှုန်းဆိုသည်မှာလည်း မဆိုးလှချေ။ ထိုစဉ် ဖုန်းယွီမှ..

“(၁၅)ရာခိုင်နှုန်း ဘယ်ကမလဲ.. ဈေးကွက်မဖွင့်ခင်မှာကိုပဲ ဈေးကွက် ဖန်တီးသူတွေ ကနဦး ရှယ်ယာ ဈေးနှုန်းတွေ ကိစ္စ အချင်းချင်း ဆွေးနွေးကြလိမ့်မယ်.. ဈေးကွက်ဖွင့်တဲ့အချိန်ကျ အနည်းဆုံး (၂၀)ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားတယ်..”

ခါမီဒါ မာဆောင် အံ့ဩသွားတော့သည်။

“ဘယ်လောက်…. ဈေးကွက်ဖွင့်တဲ့အချိန် (၂၀)ရာခိုင်နှုန်း တိုးမှာလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. နည်းပညာ ကမ္ပဏီတွေလောက်ပဲ သူတို့ လက်လီ ဈေးကွက်ဘက်မှာ အဲ့လောက် တိုးနိုင်တာလေ..”

ဖုန်းယွီသည် ခါမီဒါ မာဆောင်၏ ကျောပြင်အား လက်ဖြင့် ပုတ်ကာ..

“အဲ့လို မဖြစ်နိုင်ဘူးဆိုတာတွေပဲ ဖြစ်အောင် ငါအမြဲ လုပ်ပြလာတာလေ.. မင်းစောင့်ကြည့်လိုက်ပေါ့..”

-------*****--------

All Chapters