← Chapters

အနာဂတ် အစီအစဉ်များ

Vol. 50 Ch. 744

အနာဂတ် အစီအစဉ်များ

Vol. 50 Ch. 744

သံလက်သီးကျူး၏ အကူအညီဖြင့် ဖုန်းယွီသည် ဟောင်ကောင်ပတ်စ်ပို့ကို (၃)ရက်အကြာတွင် ရရှိခဲ့သည်။ သူ၏ တရုတ်နိုင်ငံ ပတ်စ်ပို့သည်လည်း သက်တမ်း ရှိနေဆဲပင်။

ဖုန်းယွီသည် နိုင်ငံကူးလက်မှတ် ရပြီးနောက် သူသည် အမေရိကန်ဘက်မှ ဆက်သွယ်၍ ဟောင်ကောင်ရှိ ဝန်ထမ်း အချို့နှင့်အတူ နယူးယောက်သို့ ပျံသန်းခဲ့သည်။

ဖုန်းယွီ အမေရိကန်နိုင်ငံသို့ နောက်ဆုံးတစ်ခေါက်သွားစဉ်က ပစ်ဇာ ကုမ္ပဏီကို ဂျင်းထည့်ရန်ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ဖုန်းယွီသည် အမေရိကန်တွင် ခေတ္တနေထိုင်မည် ဖြစ်သည်။ ယနေ့ခေတ် အမေရိကန် စီးပွားရေး ဖွံ့ဖြိုးလာပေသည်။ တိုးတက်မှုနှုန်းမှာ (၄)ရာခိုင်နှုန်းမကျော်သော်လည်း ပျမ်းမျှ(၃)ရာခိုင်နှုန်းတွင် ငြိမ်နေသဖြင့် စိုးရိမ်စရာ ဖြစ်နေဆဲပင်။

ယနေ့ခေတ် မမေရိကန်တွင် အခွင့်အလမ်း အများအပြား ရှိပေသည်။ ယခုအချိန်သည် အမေရိကန် နည်းပညာ လုပ်ငန်း ဖွံ့ဖြိုးလာချိန်လည်း ဖြစ်ပေသည်။ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ နည်းပညာ၊ ဆော့ဖ်ဝဲ စသည်တို့သည် အမေရိကန် ရိုးရာ ထုတ်လုပ်ရေးသမားများ၏ အဓိက လုပ်ငန်း အဖြစ်အစား ထိုးသွားပေလိမ့်မည်။

ယခု ခရီးစဉ်တွင် ဖုန်းယွီသည် စက်မှုလုပ်ငန်း (၃)ခုကို ပစ်မှတ်ထားခဲ့သည်။ ကွန်ပျူတာ၊ ဆော့ဖ်ဝဲနှင့် ဆက်သွယ်ရေး တို့ဖြစ်သည်။ ၎င်းတို့မှာ တရုတ်နိုင်ငံတွင် သူမိတ်ဆက်ပေးချင်သည့် စက်မှုလုပ်ငန်းလည်း ဖြစ်ပေသည်။

တယ်လီဖုန်း ဆက်သွယ်ရေးသည် မည်သည့် ရှင်းပြချက်မှ မလိုအပ်ချေ။ ပေဂျားနေရာတွင် လက်ကိုင်ဖုန်းများ တဖြည်းဖြည်း အစားထိုးလာမည် ဖြစ်သည်။ (၁၉၉၉)ခုနှစ် နောက်ပိုင်းတွင် စာတို(SMS) နည်းပညာကို မိတ်ဆက် ခဲ့ပြီး စက္ကန့်တိုင်းတွင် စာတို (၅၀၀)ကျော်ကို စီမံခန့်ခွဲနိုင်လာသည်။ ဤသည်မှာ ပေဂျာကို နိဂုံးချုပ် စေသည့် နည်းပညာပင် ဖြစ်တော့သည်။

ထိုဆုံးဖြတ်ချက်သည် အိုက်ဝါ လျှပ်စစ်မှ လူများစွာကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ပေဂျာများသည် အနည်းဆုံး နောင် (၁၀)နှစ်အထိ ဈေးကွက်အတွင်း ရှိနေလောက်သည်ဟု ခံစားနေရ၍ ဖြစ်သည်။ ဝယ်လိုအား ပြည့်မီစေရေးအတွက် ထုတ်လုပ်မှု တိုးမြှင့်သင့်ပေသည်။ မည်သည့်အတွက် ပေဂျာဈေးကွက်မှ ဤမျှ စောစွာ နုတ်ထွက်ရသနည်း။

လက်ကိုင်ဖုန်းများတွင် စာတို ဝန်ဆောင်မှုများ ပေးခဲ့ပြီးနောက် ပေဂျာများကို သုံးကြတော့မည် မဟုတ်ကြောင်း ဖုန်းယွီ ရှင်းပြခဲ့သည်။ အိုက်ဝါလျှပ်စစ်မှ ဝန်ထမ်းများကမူ မယုံကြည်ကြချေ။ ယခုအချိန်တွင် စာတိုပေးပို့ခြင်း စနစ်သည် တစ်စက္ကန့်လျှင် (၁)စောင်သာ ပေးပို့နိုင်၍ ဖြစ်သည်။ သို့အတွက် အချိန်အလွန် ကြန့်ကြာနေပေသည်။ ယခုအချိန် စာတိုစနစ်သည် ပေဂျာများလောက် မဆင်မပြေသေးချေ။

စာတို နည်းပညာသည် ဤမျှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ကို မည်သူမျှ မျှော်လင့် ထားမည် မဟုတ်ချေ။ နောင်တွင် တစ်စက္ကန့်လျှင် စာတိုပေါင်း (၁၆၀၀၀) ပေးပို့နိုင်မည် ဖြစ်ပြီး စာတိုသည် လက်ကိုင်ဖုန်း ကိုင်ဆောင်သူများ အသုံးပြုလေ့ရှိသည့် ရေပန်းအစားဆုံး ကဏ္ဍတစ်ခု ဖြစ်သည်။ အကြောင်းမှာ စာတိုပေးပို့ခြင်းသည် ကုန်ကျစရိတ် နည်းလွန်းခြင်းကြောင့် ဖြစ်သည်။ ပေဂျာနှင့် အတူတူပင်။

ဖုန်းယွီသည် အိုက်ဝါ လျှပ်စစ် ဝန်ထမ်းများကို အမိန့်တစ်ခု အဖြစ်သာ ပြောလိုက်သည်။ ဆွေးနွေးနေရန် မလိုတော့ ချေ။ ဖုန်းယွီသည် အဓိကရှယ်ယာရှင် ဖြစ်ပြီး ဥပဒေနှင့် မဆန့်ကျင်သရွေ့ အပြီးသတ် ဆုံးဖြတ်ချက် ချနိုင်ပေသည်။ အခြား အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်များကိုလည်း လွှမ်းမိုးနိုင်ပေသည်။

ဖုန်းယွီသည် ကွန်ပျူတာလုပ်ငန်းအတွက် လီနိုဗိုထံ ပုံအပ်ထားသည်။ လီနိုဗိုသည် ၎င်းတို့၏ ထုတ်လုပ်မှု ကုန်ကျစရိန်ကို ထိန်းချုပ်ရာ၌ ကောင်းလွန်းလှသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် လျှပ်စစ် ထုတ်ကုန်များ အပေါ် အခွင်မြင့်မားလာပြီး လီနိုဗိုသည် ယခုနှစ်၌ ဈေးနှုန်းစစ်ပွဲ စတင်တော့မည် ဖြစ်သည်။ ၎င်းတို့သည် တရုတ် ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ချင်နေပေသည်။

များမကြာမှီ Windows 95 (ကွန်ပျူတာ ထိန်းချုပ်စနစ် ဗားရှင်းအမည်) ကို စတင်ဖြန့်ချီတော့မည် ဖြစ်၍ ကွန်ပျူတာ ခေတ် ဖြစ်လာပေလိမ့်မည်။

ထိုစနစ်သည် ကွန်ပျူတာကို ရေပန်းစားလာရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ပေသည်။ ရိုးရှင်းခြင်း၊ အဆင်ပြေ ခြင်း၊ မြန်ဆန်ခြင်း၊ သုံးရလွယ်ကူခြင်းတို့ ကြောင့်ပင်။ သုံးစွဲသူများသည် မောက်စ်ကို ကလစ်တစ်ချက် နှိပ်ရန်သာ လိုကာ လုပ်ငန်းတော်တော်များများ လုပ်ဆောင်နိုင်ပေသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပင် လုပ်နိုင်ကြပေသည်။ မိုက္ခရိုဆော့ဖ်မှလည်း အင်တာနက် ဆော့ဖ်ဝဲ တစ်မျိုး မိတ်ဆက်ပေးမည် ဖြစ်သည်။ ဤသည်က အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ တိုးလာစေသည်။

လက်လွှတ်မခံသင့်သော အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်တော့သည်။ လီနိုဗိုသည် ယခုအခါ ကမ္ဘာ့အဆင့်မီ ကွန်ပျူတာ ထုတ်လုပ်သူ မဖြစ်နိုင်သေးသော်လည်း တရုတ်ဈေးကွက်ကို ထိန်းချုပ်ရန်မှာမူ ပြဿနာ မရှိနိုင်ချေ။

လီနိုဗိုသည် စက်ပစ္စည်း အစိတ်အပိုင်းများ ထောက်ပံ့ပေးရန်အတွက် ကုမ္ပဏီ များစွာနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ ၎င်းတို့သည် တရုတ်နိုင်ငံတွင် အဓိက အစိတ်အပိုင်းများကို ထုတ်လုပ်မည် ဖြစ်သည်။ ယခုနှစ်သည် တရုတ်နိုင်ငံ၏ ကွန်ပျူတာစနစ် အမြင့်ဆုံး ဖြစ်လာမည် ဖြစ်သည်။

ဖုန်းယွီသည် လီနိုဗိုမှ ထိုအခွင့်အရေးကို ဆုပ်ကိုင်စေလိုပြီး လျိုချန်ကျစ်မှလည်း သဘောတူခဲ့သည်။ ယခုအချိန်သည် ဈေးနှုန်းစစ်ပွဲ စတင်ရန် အသင့်တော်ဆုံးဟုလည်း ခံစားနေရ၍ ဖြစ်သည်။

ယခုဘဝရှိ လီနိုဗိုသည် ယခင်ဘဝနှင့် ကွဲပြားသွားသည်။ ယခင်ဘဝတွင် ဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေ ရှာဖွေရေးအတွက် ဟောင်ကောင်တွင် စာရင်းသွင်းခဲ့ရသည်။ ယခုဘဝတွင် ဖုန်းယွီသည် လီနိုဗိုတွင် တိုက်ရိုက် ရင်းနှီးမြုပ်နှံခဲ့ပြီး စာရင်းမသွင်းရန် တားမြစ်ခဲ့သည်။

ဖုန်းယွီသည် လီနိုဗိုကို နောက်နှစ် အနည်းငယ် စောင့်စေချင်သည်။ လီနိုဗိုသည် ယခုစာရင်းသွင်းမည် ဆုံပါက ၎င်းတို့ စာရင်းသွင်းရန် အကောင်းဆုံးကို ရွေးချယ်ရမည် ဖြစ်သည်။ ထိပ်တန်း ရွေးချယ်မှုမှာ အမေရိကန် ဖြစ်သည်။ NYSE ဖြစ်စေ၊ Nasdaq ဖြစ်စေ (၂)ခုစလုံးသည် ဟောင်ကောင်ထက် သာလွန်ပေသည်။

ဖုန်းယွီ၏ ယခင်ဘဝတွင် လီနိုဗိုသည် ဟောင်ကောင် စတော့တွင် စာရင်းဝင်ခဲ့ပြီး နှစ်သိပ်မကြာမီ စာရင်းမှ ပယ်ထုတ်ခံခဲ့ရသည်။ ဖုန်းယွီမှာ ထိုသို့ ထပ်မဖြစ်စေလိုချေ။ ထုတ်ပယ်ခံရခြင်းသည် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေပေသည်။

ယခုအချိန် လီနိုဗိုအား စာရင်းသွင်းခြင်းကို ဖုန်းယွီ ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သည်။ သူ့ရှယ်ယာများကို ယခုအချိန် နည်းနည်းမှ လျော့မသွားစေလိုပေ။ ပြည်တွင်း၌ အစုရှယ်ယာများ ထပ်မံ မဝယ်နိုင်ဘဲ ကုမ္ပဏီတွင် သူ့အစုရှယ်ယာ အချိုးအစားကို ထိခိုက်လာမည် ဆိုပါက ကုမ္ပဏီ စာရင်းသွင်းခြင်းကိုမည်သည့် အခါတွင်မှ ခွင့်ပြုမည် မဟုတ်ချေ။

ဆော့ဖ်ဝဲပိုင်းနှင့် ပတ်သက်၍ လီနိုဗိုသည် ၎င်းတို့၏ ဆော့ဖ်ဝဲလ် ထုတ်ကုန်များကို တီထွင်ထုတ်လုပ်ရန် ကြိုးစား နေပေသည်။ ဖုန်းယွီသည် လျိုချန်ကျစ်အား အကြံတစ်ချို့ ပေးခဲ့သည်။ ဖုန်းယွီ၏ ယခင်ဘဝ နံပတ်(၁) တရုတ်ဆော့ဖ်ဝဲ ဖန်တီးသည့် ‘ဆော့ဖ်ဝဲဘုရင်’ ကို တည်ထောင်ထားပြီးဖြစ်သည်။ ထိုကုမ္ပဏီတွင် အရည်အချင်း များစွာ ရှိပေသည်။

အကယ်၍ လီနိုဗိုသည် ‘ဆော့ဖ်ဝဲ ဘုရင်’ အားဝယ်ယူနုင်ပါက ၎င်းတို့သည် တရုတ်ဈေးကွက်တွင် ပိုမိုခိုင်မာသည့် ခြေကုပ်ရယူ နိုင်ပေလိမ့်မည်။ ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ ပူးတွဲ လုပ်ကိုင်ရပေလိမ့်မည်။

လျိုချန်ကျစ်သည် ‘ဆော့ဖ်ဝဲဘုရင်မှ ဒီပလော်မာများကို ကြိုက်ပေသည်။ ၎င်းတို့သည် ဆော့ဖ်ဝဲ ရေးသားသူများ၏ အသိုင်းအဝန်းတွင် အလွန်ကျော်ကြားပေသည်။ သို့ရာတွင် ယခုအချိန်၌မူ တရုတ်နိုင်ငံ၌ အကောင်းဆုံး ဒီပလော်မာ များ မဟုတ်သေးချေ။

ယနေ့ခေတ် လက်ရှိအကောင်းဆုံး ဆော့ဖ်ဝဲကုမ္ပဏီသည် မြင့်တက်လာသည်။ သို့ရာတွင် အစိုးရပိုင် ဖြစ်ပြီး ဖုန်းယွီမှာ ထိုကုမ္ပဏီကို ရယူရန် အကြံမပေးခဲ့ချေ။ လျိုချန်ကျစ်သည် ‘ရီဆင်း’ နှင်း ‘ဆော့ဖ်ဝဲဘုရင်’ နှစ်ခုစလုံးကို ပေါင်းစည်းလိုသော်လည်း ဖုန်းယွီမှ ဟန့်တားထားသည်။

‘ရီဆင်း’ သည် ကုမ္ပဏီကောင်း တစ်ခုဖြစ်သော်လည်း လီနိုဗိုနှင့် ပေါင်းစည်းပါက လီနိုဗို၏ အစုရှယ်ယာ ဖွဲ့စည်းပုံမှာ ပြိုလဲသွားပေလိမ့်မည်။ ‘ရီဆင်း’ ၏ ကျောထောက်နောက်ခံမှာ အားကောင်းလွန်းပေသည်။ လီနိုဗိုအား သိမ်းပိုက်နိုင် လောက်သည်အထိ အစွမ်းထက်လွန်းပေသည်။

‘ဆော့ဖ်ဝဲ ဘုရင်’ အား ရွေးချယ်သည်က ပိုကောင်းပေသည်။ ဆော့ဖ်ဝဲ ဖွံ့ဖြိုး တိုးတက်ရေးတွင်လည်း အားကောင်းကာ ခိုင်မာသည့် ကျောထောက်နောက်ခံ မရှိပေ။ လီနိုဗိုသည် လွှဲပြောင်းရယူနိုင်ရေး လွယ်ကူ ပေလိမ့်မည်။ ထို့အပြင် ‘ဆော့ဖ်ဝဲ ဘုရင်’ သည် တရုတ်ဘာသာစကား ဆော့ဖ်ဝဲနှင့် ပတ်သက်လာပါက အဆင့်အမြင့် ဆုံးဖြစ်ပေသည်။

လက်ရှိခေတ်တွင် ကွန်ပျူတာ ထိန်းချုပ်ရေး စနစ်နှင့် ပတ်သက်လာပါက ကမ္ဘာပေါ်တွင် မည်သည့် ကုမ္ပဏီမှ မိုက္ခရိုဆော့ဖ်ကို လက်မမီနိုင်သေးချေ။ ဖုန်းယွီသည် Window 95 ထက် ပိုမိုကောင်းမွန်သည့် ထိန်းချုပ်ရေး စနစ်တစ်ခုကို သူ့ကုမ္ပဏီများမှ တီထွင်နိုင်လောက်သည်အထိ မျှော်လင့်မထားချေ။

သို့ရာတွင် Window 95 ၏ တရုတ်ဘာသာ ဖန်တီးနိုင်ရန်မှာ အလွန်အရေးကြီးပေသည်။ မိုက္ခရိုဆော့ဖ်သည် အင်္ဂလိပ်ဘာသာမှ လွဲ၍ အခြားဘာသာစကားများဖြင့် လုပ်ဆောင်နိုင်သည့် စနစ် မရှိသေးချေ။

Window 95 အင်္ဂလိပ်ဘာသာ သာရှိပါက တရုတ်တွင် မိတ်ဆက်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ဖုန်းယွီသည် ယခင်ဘဝက ကွန်ပျူတာ ထိန်းချုပ်ရေးစနစ်အတွက် တရုတ်ဘာသာစကားဖြင့် တီထွင်ခဲ့သော Kinston အကြောင်း သတိရမိလိုက်သည်။

သို့ရာတွင် နောက်ပိုင်း၌ ဆော့ဖ်ဝဲဘုရင်သည် မိုက္ခရိုဆော့ဖ် စနစ်၏ ကုဒ်များကို သုံး၍ လည်ပတ်မှုစနစ်၏ အခမဲ့ ပုံစံကို ထုတ်လုပ်ခဲ့သည်။ ၎င်းတို့ကို မိုက္ခရိုဆော့ဖ်မှ တရားစွဲခဲ့ပြီး ဆော့ဖ်ဝဲဘုရင် ရှုံးနိမ့်ပြီးနောက် ၎င်းတို့၏ ထိပ်တန်း ဒီပလော်မာ အများအပြား နုတ်ထွက်သွားသည်။ ဆော့ဖ်ဝဲဘုရင်သည် ရပ်တည်ချက် ပြောင်းပြီးနောက် လက်ကိုင်ဖုန်း စနစ်များသို့ ဝင်ရောက်ခဲ့သည်။ ဆော့ဖ်ဝဲဘုရင်၏ သူဌေးဟောင်း ရှောင်းမီနှင့် လီကျင်းတို့သည် ထင်ရှား ကျော်ကြားလာပြန်တော့သည်။

ဖုန်းယွီသည် တရုတ်နိုင်ငံတွင် အမေရိကန်၏ လက်ရှိအောင်မြင်နေသော ဖွံ့ဖြိုးတိုးတက်မှုကို ပုံတူကူးချရန် ရည်ရွယ်ထားသည်။ သူသည် တရုတ်ကုမ္ပဏီများကို သိမ်းပိုက်ပြီးနောက် အမေရိကန် ကုမ္ပဏီများကို ရယူလိုပေသည်။

ယခုမူ ဖုန်းယွီသည် ထိုနေရာရှိ စီးပွားရေးလုပ်ငန်းများကို စစ်ဆေးနိုင်ရေးအတွက် အမေရိကန်သို့ သွားနေပေပြီ။

-------*****--------

All Chapters