#အတွင်းပိုင်းဗဟိုချက်နေရာ၊ မုဖူရှန်းဒေါသထွက်ခြင်း#
Vol. 73 Ch. 1036
တိုက်ဆိုင်မှုအများအပြားရှိနေသည်။
တု၀မ်ဟန် ဘာကြောင့်ရုတ်တရက် သူတို့ရှေ့တွင် ပေါ်လာရလေသနည်း။
ဒါ့အပြင် သူတို့မရောက်လာခင်ကတည်းက တု၀မ်ဟန်က ရွှံ့နွံမှော်သားရဲအားလုံးကို သတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူကဒီနေရာနှင့် ရင်းနှီးနေခဲ့သည်။
ယခုလိုသိပ်သည်းသည့် ပုံရိပ်ယောင်မြူခိုးများရှိသော အခြေအနေတွင် အသိနှင့်အမြင်က ကန့်သတ်ခံထားရပြီး တစ်ချိန်တည်းမှာပင် လမ်းညွှန်မရှိပါက လမ်းကြောင်းပျောက်ဖို့ အရမ်းလွယ်ကူသည်။
တု၀မ်ဟန်က ဒီနေရာတွင် အတော်လေးရင်းနှီးနေသဖြင့် ဒါက သူဒီနေရာတွင် အချိန်အတော်ကြာ စူးစမ်းသွားလာနေခဲ့သည်ဟု ဆိုလိုနေခြင်းပင်။
ဒါ့အပြင် ပုံရိပ်ယောင်ဗဟိုချက်က အတော်လေးအစွမ်းထက်တာကိုသာ သူသိနေပါက သူနှင့် ပူးပေါင်းရန်အတွက် တခြားသူများကိုရှာပြီး သူ့ထက်အားနည်းသည့် ကျင့်ကြံသူများကိုပင် ရှာဖွေရလေသနည်း။
ဒါကတကယ်ပဲ တု၀မ်ဟန်ပြောသလိုများ ဖြစ်နိုင်မလား၊ သူ့နည်းလမ်းတွေက ဒီပုံရိပ်ယောင်ဗဟိုချက်အပေါ်မှာ ဘာမှ အလုပ်မဖြစ်တာလား!
သူ့ရှေ့တွင် သံသယဖြစ်စရာအချက်များစွာ ရှိသည့်အပေါ် မုဖူရှန်းအဖို့ ဒါကို ယုံကြည်ရန်ဟူသည် မဖြစ်နိုင်ပေ။
ထို့ကြောင့် မုဖူရှန်း တု၀မ်ဟန်၏ လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်ခဲ့သည်။ ယင်းနောက်တွင်သာ ယခုသူဟာကွက်တစ်ချို့ကို ထုတ်ဖော်နိုင်ခဲ့သည်။
ဒီအချိန်မှာပင် တု၀မ်ဟန်၏မျက်နှာပေါ်၌ သူ့၀တ်စုံနှင့် အတော်လေးကွဲပြားနေသည့် သိမ်မွေ့သောအပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
"မင်းတို့အခုမြင်နေရတဲ့ ပုံရိပ်ယောင်ဗဟိုချက်က တကယ့်အစစ်အမှန်မဟုတ်ဘူး၊ ဒါကစိတ်လှည့်စားမှုတစ်ခုသာသာပဲ"
ပုံရိပ်ယောင်က တကယ့်လက်တွေ့ကို ထင်ဟပ်ပြီး အတော်လေးလက်တွေ့ဆန်နေသည်။
လူတိုင်းထိတ်လန့်သွားသည်။
"ဒါဆို ပုံရိပ်ယောင်ဗဟိုချက်ကို ဘယ်လိုရယူဖျက်ဆီးနိုင်မှာလဲ" ရှုလောင်မျက်မှောင်ကြုတ်သည်။
"ငါတို့တကယ့်အစစ်အမှန်ပုံရိပ်ယောင် ဗဟိုချက်ကို ရှာမတွေ့ဘူးဆိုရင် မဖြစ်နိုင်ဘူး"
တု၀မ်ဟန် ပုံရိပ်ယောင်ဗဟိုချက်ကို ညွှန်ပြသည်။ အနက်ရောင်မီးတောက်စတစ်စက ထက်ရှသည့်ဓားသွားတစ်ခုအဖြစ် ပြောင်းလဲကာ ဗဟိုချက်ထဲသို့ ထိုးဖောက်သွား၏။
ထူးဆန်းသည့်အရာက ပုံရိပ်ယောင်ဗဟိုချက်က ပြိုကွဲမသွားသလို တစ်ချိန်တည်းမှာပင် မီးတောက်နက်ဓားသွားကလည်း ကွေးနေသည့်သစ်ပင်၏ တခြားတစ်ဘက်ကို မဖြတ်သန်းသွားပေ။
၎င်းကို ပုံရိပ်ယောင်ဗဟိုချက်က စုပ်ယူလိုက်သည့်အလားပင်။
"ပုံရိပ်ယောင်ဗဟိုချက်ရဲ့အတွင်းဘက်ကို ၀င်ဖို့အတွက် ဒီမှာတကယ်တော့ တယ်လီပို့တံခါးတစ်ခုရှိတယ်၊ မင်းတို့အထဲဝင်လိုက်တာနဲ့ အတွင်းလောကကို ၀င်သွားနိုင်ပြီ၊ ပုံရိပ်ယောင်ဗဟိုချက်က အထဲမှာရှိတယ်"
ယဲ့ချိုးပိုင် တု၀မ်ဟန်အား စိုက်ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"တကယ်လို့ဗဟိုချက်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်တော့မှထွက်မလာနိုင်ဘဲ အထဲမှာပျောက်ဆုံးသွားလိမ့်မယ်၊ ကျုပ်ပြောတာ မှန်တယ်မလား"
မျှော်လင့်မထားစွာပင် တု၀မ်ဟန်တည်ငြိမ်စွာ ခေါင်းညိတ်သည်။
"မှန်ပါတယ်"
"ဒါဆိုခင်ဗျားက အမြောက်ဆံတွေကို ရှာနေတာပေါ့"
တု၀မ်ဟန်ခေါင်းခါယမ်းသည်။
"မင်းတို့ကို၀င်ဖို့အတွက် ငါတွန်းအားပေးမှာမဟုတ်ဘူး၊ ပုံရိပ်ယောင်ဗဟိုချက်ကို ရဖို့အတွက် အခြေအနေနှစ်ရပ်ရှိတယ်၊ ပထမ၊ မင်းတို့ရဲ့စိတ်အခြေအနေက အားကောင်းနေရမယ်၊ ဒုတိယ၊ မင်းတို့က ပုံရိပ်ယောင်အစီအရင်နဲ့ ရင်းနှီးနေဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် မင်းတို့၀င်မယ်ဆိုရင်တောင် အသုံးမ၀င်ဘူး"
"ငါ ဝိဉာဉ်အစီအရင်တွေကို ဘယ်လိုသုံးရမလဲဆိုတာကို မသိတော့ မင်းတို့နဲ့ ပူးပေါင်းရုံပဲ တတ်နိုင်တယ်၊ မဟုတ်ဘူးဆိုရင် ငါဒီနေရာကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး"
မုဖူရှန်းပြုံးသည်။
"ကျုပ်တို့ထဲကတစ်ယောက်ယောက်က အဲဒီပုံရိပ်ယောင်အစီအရင်ကို ကျွမ်းကျင်နိုင်တယ်ဆိုတာ ခင်ဗျားသေချာလို့လား"
တု၀မ်ဟန်ခေါင်းခါယမ်းသည်။
"ငါက ကံတရားကိုစမ်းကြည့်ရုံပဲ၊ ဘာပဲဆိုဆို တိမ်အိပ်မက်ကြယ်ဒေသမှာ အစီအရင်ဆရာမဟာမိတ်တစ်ခုရှိတယ်လေ၊ ဒီလိုဆိုမှတော့ ပုံရိပ်ယောင်အစီအရင်ကို ကျွမ်းကျင်တဲ့လူတွေလည်း ရှိမှာပဲ"
လော့ဖုန်းနှင့် ယွန်ဇီတို့ ရှုလောင်ကို ကြည့်လိုက်ကြသည်။
သူက အစီအရင်ဆရာမဟာမိတ်က ကျွမ်းကျင်သူဖြစ်ပြီး သူ့ပုံရိပ်က မျှော်စင်သခင်အပြီးဒုတိယတွင်ရှိသည်။
ရှုလောင် ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"ငါဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခုနှစ်ခုကို သိတယ်ဆိုပေမယ့် ပုံရိပ်ယောင်အစီအရင်တွေကို ကျွမ်းကျင်ဖို့ အလှမ်းဝေးနေပါသေးတယ်"
အစီအရင်ဆရာများက အခြေခံအားဖြင့် ဦးတည်ချက်တစ်ခုတည်းကိုသာ အာရုံစိုက်ကြသည်။
တစ်ချို့ကသတ်ဖြတ်ခြင်းအစီအရင်များအပေါ် အာရုံစိုက်ကြပြီး တစ်ချို့က ကာကွယ်ရေးအစီအရင်များအပေါ် အာရုံစိုက်ကြသည်။ အစီအရင်များ၏ လက်တွေ့ကျမှုကို ဖမ်းဆုပ်မိသော သူများလည်းရှိပြီး ဒါက ကျင့်ကြံခြင်း၌ တိုးပွားမှုတစ်ခုပင်။
ပုံရိပ်ယောင်အစီအရင်များကို အထူးကျွမ်းကျင်သည့် အစီအရင်ဆရာများကို အစီအရင်ဆရာများအကြား သမားရိုးကျမဟုတ်သည့် အလုပ်အကိုင်တစ်ခုဟု ယူဆ၍ရသည်။
များသောအားဖြင့် သူတို့က နားလည်ရန်အတွက်သာ ရွေးချယ်ကြသည်။
တု၀မ်ဟန်ဆက်ပြောသည်။
"ပုံရိပ်ယောင်ဗဟိုချက်က အစီအရင်ဆရာတွေအတွက် အတော်လေးအသုံး၀င်လောက်တယ်၊ ဒါနဲ့ ပုံရိပ်ယောင်မြူကို ကိုယ်တိုင်ပုံရိပ်ယောင်အစီအရင်ထဲမှာ ပေါင်းထည့်လို့ရတယ်"
ပုံရိပ်ယောင်မြူကို ကိုယ်ပိုင်ပုံရိပ်ယောင်အစီအရင်ထဲ ပေါင်းထည့်နိုင်တာလား!
ရှုလောင်နှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။
ဒီလိုသာဆိုပါက ဖန်တီးချမှတ်သည့် ပုံရိပ်ယောင်အစီအရင်က အလွန်အမင်း ကြောက်စရာကောင်းနေပေလိမ့်မည်။
နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြသည့် သူတို့ပင်လျှင် အထဲတွင် ကြာရှည်ခံနိုင်မည်မဟုတ်။
"ပုံရိပ်ယောင်အစီအရင်ဆရာမရှိဘူးဆိုမှတော့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ရုံပဲပေါ့" တု၀မ်ဟန် စိတ်မကောင်းသည့်အသွင် ခေါင်းခါယမ်းသည်။
ဒီအချိန်တွင် ဖန်ချန်းထွက်လာသည်။
"ကျုပ်ကြိုးစားကြည့်ပါရစေ"
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်သည်။
"မဆင်မခြင်မလုပ်နဲ့၊ ညီလေးဖန်"
မုဖူရှန်းကလည်း သူ့ကိုတားသည်။
"မင်း၀င်သွားတာနဲ့ ပုံရိပ်ယောင်အစီအရင်ကို မချိုးဖျက်နိုင်ဘူးဆိုရင် ထွက်လာနိုင်မှာမဟုတ်ဘူး"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"တခြားနည်းလမ်းတစ်ခုရှိနိုင်တာပဲ"
ဖန်ချန်းပြုံးသည်။
"ဒါက စီနီယာအစ်ကိုရှောင်ဟိုင်အတွက်တင် မဟုတ်ဘဲ ကိုယ့်ကိုကိုယ်အတွက်လည်း ဖြစ်ပါတယ်"
သူခွန်အားလိုအပ်သည်။ အရေးတကြီး ခွန်အားလိုအပ်သည်။
သူလက်စားမချေရသေးသဖြင့် သူ့တွင် တောင့်တမှုရှိသည်။
သူ့နှလုံးသားထဲက ကြောက်မက်ဖွယ်ရာအမုန်းတရားက သူ့နှလုံးအနက်ရှိုင်းဆုံးနေရာသို့ ငွေအပ်များပမာ ထိုးစိုက်နေပြီး ဆွဲထုတ်၍မရပေ။ သူဒါကို တွေးမိသည့် အကြိမ်တိုင်း ထိုးစိုက်ခံနေရသည့် နာကျင်မှုကို ခံစားရသည်။
ဖန်ချန်း၏ ခိုင်မာသည့်အသံနှင့် သူ၏ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ကို မြင်ရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ငြိမ်သက်သွားကြသည်။
အခုသူ့ကိုနားချရန်ဟူသည် မိုက်မဲလွန်းရာကျသည်။
သူ့ကိုယုံကြည်ရန်အတွက် ရွေးချယ်သင့်လား ဒါမှမဟုတ် ဖန်ချန်းကို နောက်ပိုင်း ဘယ်လိုကယ်တင်ရမလဲဆိုတာကို တွေးတောသင့်လား!
ဘေးက ရှုလောင်မျက်မှောင်ကြုတ်သည်။
"မင်းပုံရိပ်ယောင်အစီအရင်တွေကို သိလား"
သူကြားဖူးပါသည်။ ဒီရက်များအတွင်း အစီအရင်ဆရာမဟာမိတ်တွင် မွန်းစတားတစ်ယောက်ပေါ်လာခဲ့ပြီး သူကဖန်ချန်းဖြစ်သည်။
"မင်းက ပုံရိပ်ယောင်အစီအရင်တွေမှာ အထူးကျွမ်းကျင်တဲ့ ပုံရိပ်ယောင်အစီအရင်ဆရာတစ်ယောက် မဟုတ်ဘူးဆိုရင် အချည်းနှီးသေပြီး မင်းရဲ့ပါရမီကောင်းကို မဖြုန်းတီးနဲ့" ရှုလောင်ပြောသည်။
ဖန်ချန်းနားမထောင်ပါ။ ယင်းအစား သူကိုင်းနေသည့်သစ်ပင်ဆီသို့ တည့်တည့်သွားပြီး တု၀မ်ဟန်အား စိုက်ကြည့်သည်။
တု၀မ်ဟန်ပြုံးပြသည်။
"မင်းအဆင်သင့်ဖြစ်တာနဲ့ ၀င်လိုက်ပါ"
ဖန်ချန်းအနည်းငယ်ခေါင်းညိတ်ပြီး အတွင်းလောကထဲသို့ ခြေချလိုက်၏။ သူထိုနေရာကနေ ပျောက်ကွယ်သွားသည်။
ဖန်ချန်း၀င်ရန်အတွက် တုံ့ဆိုင်းမနေခဲ့တာကို မြက်ရသောအခါ ယဲ့ချိုးပိုင် တု၀မ်ဟန်ကို တည်ငြိမ်သည့်အမူအရာဖြင့် ကြည့်လိုက်၏။ သို့သော် ဓားဆန္ဒက သူ့မျက်လုံးများ၌ မုန်တိုင်းတစ်စင်းပမာ ထိုးတက်လာသည်။
"ခင်ဗျား ကျုပ်တို့ကို အမြောက်ဆံတွေအဖြစ် သုံးနေတာ ဒါမှမဟုတ် နောက်ကွယ်က စေ့ဆော်မှုတွေရှိရင်တော့ ကျုပ်ကိုယုံလိုက်၊ ခင်ဗျားနောင်တရစေရမယ်"
ရှောင်ဟိုင်ကလည်းပြောသည်။
"ဂျူနီယာညီလေးဖန်သာ သေသွားခဲ့ရင် ခင်ဗျားရဲ့ရလဒ်က အရမ်း၀မ်းနည်းစရာကောင်းသွားလိမ့်မယ်"
ဒါက ယုတ္တိမရှိဟုထင်ရသော်လည်း ဖန်ချန်းက သူတို့၏ဂျူနီယာညီလေးဖြစ်ပြီး သူတို့ကမိသားစုဖြစ်လေရာ ဖန်ချန်းဘက်သို့ ဘက်လိုက်ကြမည်သာ။
ဒါ့အပြင် သူတို့အမှန်တရားကို ပြောနေခြင်းပင်။
သူတို့ဆရာက သူတို့ကို အမြဲလိုလို အပြစ်ရှာတတ်သော်လည်း တစ်ခုခုသာ အမှန်တကယ်ဖြစ်ပျက်သွားပါက သူတို့ဆရာ ဒီကိစ္စကို လက်လွှတ်ပေးမည်မဟုတ်ပေ။
သူတို့ဆရာ၏ ဒေါသထွက်နေသည့် အသွင်အပြင်ကို သူတို့တွေးလိုက်မိကြသည်။
သူတို့ဆရာသာ ဒေါသထွက်ပါက သူ့ခွန်အားအရ ဒီကမ္ဘာကြီးကို ဘယ်လိုပင် လုပ်ပစ်လေမည်နည်း။
တု၀မ်ဟန်ပခုံးတွန့်သည်။
"ငါသာပုံရိပ်ယောင်အစီအရင်ဆရာတစ်ယောက်ဆိုရင် မင်းတို့ကိုလာခွင့်ပေးမှာမဟုတ်ဘူး၊ မင်းတို့ခံစားချက်ကို ငါနားလည်ပါတယ်၊ မင်းတို့မှာ ငါ့ကို ဒီအတွက် နောင်တရစေဖို့အတွက် အစွမ်းမရှိလောက်ဘူး"
လော့ဖုန်းနှင့်ကျန်နှစ်ယောက် တု၀မ်ဟန်၏စကားကို သဘောတူကြသည်။
သူ့ခွန်အားက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်နှင့်နေလောက်သည်။
ယဲ့ချိုးပိုင်တို့က ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
အမြဲလိုလိုစိတ်ရှည်ကာ ပုန်းကွယ်ရာ၌ တော်သည့် မုဖူရှန်းပင်လျှင် နက်မှောင်သည့်အမူအရာဖြင့်ပြောသည်။
"ခင်ဗျားရှေ့ဆက်စောင့်ကြည့်လို့ရတယ်"
မုဖူရှန်းကို မြင်ရသောအခါ တု၀မ်ဟန် အနည်းငယ် မျက်မှောင်ကြုတ်သည်။ မုဖူရှန်း၏ခွန်အားက နတ်ဘုရင်နယ်ပယ်တွက်သာ ရှိပုံပေါ်သော်လည်း မည်သည့်အတွက်ကြောင့် သူ့နှလုံးကို တဒိန်းဒိန်းခုန်စေရလေသနည်း။
တစ်ဘက်လူက သူ့ခွန်အားကို ဖုံးကွယ်ထားတာများလား!
ဒါပေမယ့် ငါ့ခွန်အားနဲ့ ငါသူ့ကို မမြင်နိုင်တာလား!
အပိုင်း(1037) coming။