← Chapters

#‌ပြင်ဆင်မှုကိုစတင်သည်၊ မိုလီအာရုံခံမိခြင်း#

Vol. 73 Ch. 1023

#‌ပြင်ဆင်မှုကိုစတင်သည်၊ မိုလီအာရုံခံမိခြင်း#

Vol. 73 Ch. 1023

ညတာယံက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရှိ ပုံရိပ်ယောင်မြူခိုးများက အမြင့်ဆုံးကို ရောက်နေသဖြင့် မှောင်မိုက်နေသည်။ 

အမှောင်ထုက သိပ်သည်းလွန်းသဖြင့် ကြယ်ရောင်နှင့် တောက်ပသည့်လရောင် အစက်အပျောက်များက မြူခိုးကို မထိုးဖောက်နိုင်ပေ။ 

ဒါက မြူခိုးများကို အတိမှောင်မည်းစေပြီး မျက်လုံး၏အမြင်နှုန်းက သုညနီးပါးဟု ဆို၍ရသည်။ 

ပတ်၀န်းကျင်က အခြေအနေကို အာရုံခံရန်အတွက် စိတ်အာရုံအသိကိုသာ မှီခိုအားကိုးနိုင်သည်။ 

လူတိုင်း၏အသိအောက်တွင် ရှောင်ဟိုင်နှင့် မိုလီတို့၏ တိုက်မိချက်များက ကြေမွလုနီးပါးဖြစ်ပြီး ခုခံခြင်းလုံး၀မရှိချေ။ 

သူ့လက်သီးနှင့် ရှောင်ဟိုင်၏လက်သီးချက်က ထိမိတိုင်း လက်သီးချက်များကြားက ပွတ်တိုက်မှုက ရှောင်ဟိုင်ကို ပြင်းထန်သည့် ဒဏ်ရာများနှင့်အတူ လွင့်စင်သွားစေသည်။ 

အကယ်၍ တခြားတစ်ယောက်သာဆိုပါက ရှောင်ဟိုင်ကဲ့သို့ နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အားအပြည့်တိုက်ခိုက်မှုကို ခုခံနိုင်လျှင်ပင် ကိုယ်ခန္ဓာများက ပြင်းထန်သည့်ဒဏ်ရာများကြောင့် ပြိုလဲကျသွားပေလိမ့်မည်။ 

သို့သော် ရှောင်ဟိုင်ကရော!

သူ့သွေးကြောစွမ်းအား၏ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့်စွမ်းရည်နှင့်အတူ သူ့အရိုးများကြေမွသွားပြီး သူ့ကိုယ်ခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရကာ အတွင်းအင်္ဂါများ ပြတ်တောက်သွားသည့်အကြိမ်တိုင်း သူချက်ချင်းပြန်လည် ကောင်းမွန်အောင် လုပ်နိုင်သည်။ 

သို့စေကာမူ မိုလီ၏ တိုက်ခိုက်မှုနှုန်းက မြင့်မားလွန်းသဖြင့် ရှောင်ဟိုင်၏သွေးကြောစွမ်းရည်က အပြည့်အ၀ မကောင်းမွန်နိုင်ပေ။ 

ထပ်ပြီး မိုလီလက်သီးချက်တစ်ချက်နှင့်အတူ ရှောင်ဟိုင်ကို လွင့်စင်သွားစေသည်။ 

လွင့်စင်သွားသောအခါ ရှောင်ဟိုင်သွေးတစ်လုပ်အန်လိုက်မိပြီး သူ့အတွင်းအင်္ဂါအပိုင်းအစများက သွေးနှင့်အတူ လွင့်စင်သွား၏။ 

ဒါကိုမြင်သော် မိုလီမရပ်ဘဲ သူ့မျက်လုံးများက အေးစက်နေပြီး သူ့ကိုယ်ပေါ်က အနက်ရောင်၀တ်ရုံက အနည်းငယ် လှုပ်ရှားသွားကာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။ 

နောက်အခိုက်အတန့်၌ သူရှောင်ဟိုင်အထက်တွင် ပေါ်လာပြီး လက်သီးထိုးတော့မည့်အချိန်တွင် သူရုတ်တရက် မူးဝေသွား၏။ 

သူ့ရှေ့တွင် ရှောင်ဟိုင်ကပျောက်ကွယ်သွားပြီး မြေကြီးကို ချိုးဖျက်ထွက်လာသည့် ရွှံ့နွံသားရဲတစ်ကောင်က အစားထိုးနေသည်။ 

၎င်းက အသူရာချောက်တကဲ့သို့ သွေးသဲတရဲရဲပါးစပ်ကို ဟပြီး မိုလီကိုကိုက်သည်။ 

မိုလီထိတ်လန့်သွားသည်။ သူ့ရှေ့က ရွှံ့နွှံသားရဲက အမှန်တကယ်ပင် နတ်အင်ပါယာနယ်ပယ်၏ ကြောက်မက်ဖွယ်ရာ အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့သည်။ 

သူလက်သီးကို အလျင်အမြန်ရုပ်သိမ်းကာ နောက်ဆုတ်သည်။ 

သို့သော် နောက်ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် မိုလီတုန်လှုပ်သွား၏။ 

မကောင်းတော့ဘူး!

သူ့ဝိဉာဉ်က တုန်ယင်လာခဲ့သည်။ 

ပုံရိပ်ယောင်ကို အတင်းချိုးဖျက်ပြီးနောက်တွင် သူ့ရှေ့က ရွှံ့နွံသားရဲကလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ 

ရှောင်ဟိုင်ကလည်း တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွား၏။ သူဘေးဘီဝဲယာကို လှည့်ကြည့်စဉ် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း နေရာတွင်ပင် ချက်ချင်းပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ 

မိုလီ၏ အမူအရာက ကြည့်ရဆိုးသွားသည်။ 

သူအမှန်တကယ်ပင် ပုံရိပ်ယောင်တစ်ခုထဲ ကျသွားခဲ့သည်။ 

ပုံရိပ်ယောင်အစီရင်က အဆက်မပြတ် စီးဆင်းနေသည်။ 

ဒါကိုမြင်သော် မိုလီတစ်ချက်ထိုးလိုက်သည်။ ပုံရိပ်ယောင်အစီအရင်ကို ချိုးဖျက်ပြီးနောက်တွင် နတ်ဆိုးဘုရင်ပိုင်နက်နှင့် သွေးဝံပုလွေဂိုဏ်းက လူများကလည်း တဖြည်းဖြည်းနိုးလာကြသည်။ 

သူပုံရိပ်ယောင်တစ်ခုထဲ ကျသွားတာကို သိလိုက်သောအခါ ဝံပုလွေဘုရင်မှာ ထိတ်လန့်သွားခဲ့သည်။ 

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူတို့ခွန်အားနဲ့ သူတို့မှာ ဘယ်လိုလုပ် ငါတို့ကို ပိတ်မိစေနိုင်တဲ့ အစီအရင်တစ်ခုရှိနိုင်မှာလဲ"

မိုလီ၏ အမူအရာက ရေစက်များပင် စိမ့်ထွက်တော့မည့်အလား ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်နေသည်။ 

"ဒါကို ဘယ်သူမှမသိစေဘဲ ပြင်ဆင်ထားခဲ့တာပဲ"

ထို့နောက် သူနေရာတစ်ခုသို့ကြည့်လိုက်သည်။ ထိုနေရာက ရှောင်ဟိုင်နှင့် ကျန်သောသူများ ထွက်ပြေးသွားသည့် အော်ရာရှိရာဘက်ဖြစ်သည်။ 

"သူတို့နောက်ကလိုက်ဖမ်း"

ထို့နောက် မိုလီဦးဆောင်ပြီး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းသို့ ဦးတည်သွားသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်က လူများလည်း တုံ့ဆိုင်းမနေကြဘဲ ချက်ချင်းနောက်လိုက်သွားကြ၏။ 

သွေးဝံပုလွေဂိုဏ်းက တစ်ချို့ကျွမ်းကျင်သူများမှာ တုံ့ဆိုင်းနေကြပြီး ဝံပုလွေဘုရင်ကို ကြည့်ကာမေးသည်။ 

"ဝံပုလွေဘုရင်၊ ကျွန်တော်တို့ သူတို့နောက်က လိုက်သင့်လား၊ အဲဒီနေရာက...."

ဝံပုလွေဘုရင်ဒေါသတကြီး ကြားဖြတ်ပစ်သည်။ 

"ပါးစပ်ပိတ်ထားစမ်း"

သူ့အမူအရာကလည်း မသေမချာဖြစ်နေသော်လည်း ဒီနေရာ၌ တခြားနည်းလမ်းမရှိပါ။ 

သူတို့သာနောက်မလိုက်ပါက နတ်ဆိုးဘုရင်ပိုင်နက်က သူတို့ကိုတိုက်ခိုက်ပေလိမ့်မည်။ 

ဒါ့အပြင် အရင်နတ်ဆိုးသခင်က ခွန်အားကို ပြန်လည်တိုးမြှင့်ပြီးနောက် သူတို့အားလုံးကို သတ်မည်သာ။ 

သွေးဝံပုလွေဂိုဏ်းနှင့် ဝံပုလွေဘုရင်က ရှောင်ရှားရန် နည်းလမ်းမရှိချေ။ 

ဝံပုလွေဘုရင် ဒါကိုကောင်းကောင်းသိသဖြင့် အံကြိတ်သည်။ 

"သူတို့နောက်လိုက်ကြရအောင်၊ နတ်ဘုရင်နယ်ပယ်အောက်က လူတွေက အစွန်အဖျားမှာပဲနေကြ၊ ငါတို့နောက်ကမလိုက်ကြနဲ့"

နတ်ဘုရင်နယ်ပယ်အောက်က မည်သူမဆို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်ပိုင်းကို ၀င်လိုပါက သေခြင်းတရားကို ရေတွက်နေတာနှင့် တူနေပေလိမ့်မည်။ 

ပုံရိပ်ယောင်မြူခိုးများကို ခုခံရန်ဟူသည် လုံးဝမဖြစ်နိုင်ပေ။ 

ပုံရိပ်ယောင်မြူခိုးထဲ ဆွဲသွင်းခံလိုက်ရသည်နှင့် ရွှံ့နွံထဲ ဆွဲသွင်းခံရမည်ဖြစ်ကာ ‌အခြေအနေကို ပြောင်းပြန်လှန်ရန် အစွမ်းကင်းမဲ့သွားပေလိမ့်မည်။ 

.....

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်ပိုင်းတွင် ရွှံ့နွံကြီးသက်သက်တင် မဟုတ်တော့ပါ။ 

ထူထဲသည့်သစ်ပင်များနှင့် ချူံပုတ်ချူံနွယ်များက ရွှံ့နွံထဲကနေ မြှင့်တက်လာသေးပြီး စိမ်းလန်း‌သည့် ကောင်းကင်တစ်ခုကို ဖန်တီးပေးသည်။ 

ဒီသစ်ပင်များက ရောယှက်ကာ သစ်ကိုင်းများနှင့်သစ်ရွက်များကမူ မိစ္ဆာဆန်သည့် အမိုးတစ်ခုကို ဖန်တီးရန်အတွက် စုဆုံနေကြ၏။ ချုံပုတ်များက အလျားလိုက်၊ ဒေါင်လိုက် စီစဉ်ထားသည့်ပမာ ရှိနေပြီး မူလက ရွှံ့နွံကြီးကို ၀င်္ကပါတစ်ခုဟု ထင်ရစေသည်။ 

ထူးဆန်းတာက ဒီနေရာဟိုနေရာများ၌ အလင်းတန်းအနည်းငယ်က မြူခိုးများနှင့် သစ်ပင်များ၏ ထူထဲသည့်အရိပ်များကြားကနေ တောက်ပနေပြီး ဗွက်ထူသည့် ရွှံ့နွံထဲသို့တိုး၀င်ကာ မှောင်မိုက်ဆန်းကြယ်သည့် အရိပ်များကို ထိုးပြနေသည်။ 

အရာအားလုံးက အလွန်အမင်း ထူးဆန်းနေသည့်အသွင်။ 

ဒီသစ်ကိုင်းများကြား၌ ပုံရိပ်ခုနှစ်ခု ရွေ့လျားနေကြသည်။ 

ယဲ့ချိုး‌ပိုင် ရှောင်ဟိုင်ကိုကြည့်ရင်း စိုးရိမ်ပူပန်စွာမေးသည်။ 

"မင်းဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား"

ရှောင်ဟိုင် ခေါင်းခါယမ်းရင်း သူ့တစ်ကိုယ်လုံးက နက်ရှိုင်းသည့်ဒဏ်ရာများကို ကြည့်ပြီး အားနည်းစွာပြောသည်။ 

"ကျွန်တော်အမွေးတိုင်တစ်၀က်စာလောက် အချိန်လိုသေးတယ်၊ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး"

ယခုလို နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦး၏ ကြိမ်နှုန်းမြင့်တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာက အလွန်များပြားပြီး ရရှိထားသည့် ဒဏ်ရာများကလည်း အရမ်းပြင်းထန်သည်။ 

ဒါက လူတစ်ယောက်၏အသက်ကိုပင် ယူဆောင်သွားရန် လုံလောက်ပါသည်။ 

ယခုလိုမြန်ဆန်သည့်အမြန်နှုန်းတွင်ပင် ရှောင်ဟိုင်လွတ်မြောက်နိုင်သေးသည်ဆိုသောအချက်က ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့ကို ထိတ်လန့်စေသည်။ 

ဒီအချိန်မှာပင် ယင်ရှီလျန် သူ့နောက်က နီးသထက်ပိုနီးလာသည့် ခပ်ရေးရေးအားကောင်းသည့် အော်ရာကို စိုက်ကြည့်ရင်း ပူပန်စွာပြောသည်။ 

"လူတိုင်းပဲ၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါတို့်မှာ တန်ပြန်ဆောင်ရွက်မှုမရှိဘူးဆိုရင် ငါတို့သေချာပေါက် အဖမ်းခံရလိမ့်မယ်"

ယင်ရှီလျန်နှင့် ကျန်နှစ်ယောက်ကလည်း တိမ်ပုံရိပ်ယောင်ဆေးလုံးကို ထပ်သောက်ခဲ့ကြသည်။ ဒါကသူတို့ကို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်တွင် ရေထဲကငါးတစ်ကောင်ပမာ သွားလာခွင့်ပေးသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ယင်ရှီလျန်နှင့် ကျန်သောသူများကို မဖြေဘဲ ယင်းအစား သူတို့အလုပ်ကို စနစ်တကျခွဲဝေပြီး စိတ်မပူကြပေ။ 

မုဖူရှန်းက လျှို့ဝှက်သစ်ကိုင်းတစ်ချို့၌ အဆောင်များကို မြှုပ်နှံထားသည်။ 

တစ်ချိန်တည်းမှာပင် ဖန်ချန်းကလည်း မနီးမဝေးက လျှို့ဝှက်နေရာတစ်ခု၌ အစီအရင်အခြေခံတစ်ခုကို ဖန်တီးခဲ့သည်။ 

မုဖူရှန်း သူ့အော်ရာကို ဖုံးကွယ်ထားရန်အတွက် အဆောင်များကိုလည်း သုံးခဲ့သည်။ 

ယဲ့ချိုးပိုင်လက်ထဲက ငွေနဂါးဓားကိုလည်း သိမ်းဆည်းပြီးဖြစ်ကာ တိမ်ပြာဓားဖြင့် အစားထိုးထားသည်။ 

ရှောင်ဟိုင်က ဒဏ်ရာများကနေ ပြန်လည်သက်သာလာရန်အတွက် အာရုံစိုက်ထားသည်။ 

ရုတ်တရက် သူတို့လေးယောက် တစ်ချိန်တည်းမှာပင် ရပ်လိုက်ကြ၏။ ယင်ရှီလျန်နှင့် ကျန်သောသူများ၏ ဝေခွဲမရဖြစ်နေသည့် အကြည့်များအောက်တွင် သူတို့ဦးတည်ချက်ကို ပြောင်းပြီး ရှေ့ဆက်ကြသည်။ 

သူတို့၏ ပုံမမှန်မှုက နောက်က နတ်ဆိုးလီကလည်း ချဉ်းကပ်လာရင်း တဖြည်းဖြည်း ရှာတွေ့ခဲ့သည်။ 

သူတို့၏အော်ရာက ရှေ့သို့ တဖြောင့်တည်း ရွေ့နေပုံမရဘဲ ယင်းအစား ဦးတည်ရာကို အဆက်မပြတ် ပြောင်းနေသည်။ 

ဒါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အနက်ပိုင်းကို အလျင်အမြန်၀င်မိတာကနေ ကာကွယ်ဖို့အတွက်များလား!

ဒါမှမဟုတ် ထောင်ချောက်တစ်ခုရှိနေတာလား!

မိုလီက မဆင်မခြင်လုပ်တတ်သူမဟုတ်ပါ။ 

နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးသခင်၏ ညာလက်ရုံးတဖြစ်လဲ သူက စစ်တပ်များစွာကို ဦးဆောင်ခဲ့သည်။ 

ဒီအရာများနှင့် ပတ်သက်၍ သူကအတော်လေး အာရုံခံစားလွယ်သည်။ 

တစ်ဘက်လူ၏ကျင့်ကြံခြင်းက အားမကောင်းသလို မိမိ၏ တိုက်ခိုက်ရေးစွမ်းအားထက် အရန်းနိမ့်ကျသော်လည်း ယခင်နတ်ဆိုးသခင်ဖြစ်ပြီး ရှောင်ဟိုင်က ထိုနေရာတွင်ရှိနေသည်။ 

သူ့အခြေခံအုတ်မြစ်အရ ခြိမ်းခြောက်လာနိုင်သည့် အရာတစ်ခုခုကို ထုတ်ယူလာနိုင်သည်။ 

ဒီအချိန်မှာပင် မိုလီရပ်ပြီး သူ့နောက်က သွေးဝံပုလွေဂိုဏ်းက လူများအားကြည့်လိုက်၏။ 

"မင်းတို့အားလုံး ငါ့ရှေ့မှာရပ်ပြီး ဘယ်ညာတောင်ပံတွေမှာ အသီးသီးနေရာယူထားကြ၊ သူတို့နောက်ချန်ထားခဲ့တဲ့ ခြေရာတွေကို သေချာစစ်ကြည့်ကြ၊ မင်းတို့တစ်ခုခု ရှာတွေတာနဲ့ ချက်ချင်းရှင်းပစ်လိုက်"

ဝံပုလွေဘုရင် နှလုံးသားထဲကနေ ကျိန်ဆဲလိုက်မိသည်။ 

သူကငါ့လူတွေကို ရှေ့တန်းက သွားစေချင်တာမလား!

သို့စေကာမူ သူဒီလိုတွေးမိသော်လည်း မိုလီ၏ နတ်ဆိုးစွမ်းအားကို ခုခံရန် အစွမ်းမဲ့နေသေးသဖြင့် မိုလီပြောသည့်အတိုင်း လုပ်ဆောင်ရုံသာ တတ်နိုင်သည်။ 

အပိုင်း(1024) coming။ 

All Chapters