← Chapters

#‌သွေးစတေးခံနတ်ဆိုးကျင့်စဉ်၊ အခုအချိန်ကျပြီ#

Vol. 73 Ch. 1025

#‌သွေးစတေးခံနတ်ဆိုးကျင့်စဉ်၊ အခုအချိန်ကျပြီ#

Vol. 73 Ch. 1025

မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်နှင့်အတူ ဖန်တီးထားသည့် အဆောင်မုန်တိုင်း အနည်းဆုံးတစ်ရာခန့်ရှိသည်။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် ပေါင်းစပ်ထားသည့်တိုင် ၎င်းတို့၏ အော်ရာက ဆန့်ကျင်ပုံမရပေ။ 

ဆန့်ကျင်စွာပင် ဖျက်ဆီးခြင်းအော်ရာနှင့် မိုးကြိုးတို့က အချင်းချင်းဖြည့်စွက်ပေးနေကြ၏။ 

ယခုလိုအခြေအနေမျိုးတွင် အမြစ်သုတ်သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းမိုးကြိုးတို့၏ အော်ရာအခြိမ်းအခြောက်က စတင်တိုးလာခဲ့သည်။ 

ဝံပုလွေဘုရင်၊ သွေးဝံပုလွေဂိုဏ်းက လူများနှင့် နတ်ဆိုးဘုရင်ပိုင်နက်က လူများအားလုံး ထိတ်လန့်သွားကြ၏။ 

သူသာယခုလိုအော်ရာကို ကိုင်တွယ်ရန် အကောင်းဆုံးကြိုးစားရပါက ဒီအစီအရင်ကို ခုခံရန်အတွက် ကြီးမားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရမယ်ဆိုတာ ဝံပုလွေဘုရင်သိသည်။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က သူ့အတွက်မခက်ခဲပေ။ 

သို့စေကာမူ နတ်အင်ပါယာနယ်ပယ်ကို ရောက်လုနီးပါး အဆောင်တစ်ရာကိုပါ ပေါင်းစပ်လိုက်ပါက ဖျက်ဆီးခြင်းစွမ်းအားက တစ်နှင့်တစ် ညီမျှခြင်း နှစ်လောက် မရိုးရှင်းတော့ပါ။ 

သို့သော် မိုလီနှင့် သူ့ဘေးက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတို့မှာ အံ့ဩသင့်သွားပုံမရဘဲ သူတို့ လေးနက်သည့် အမူအရာတစ်ခုကိုသာ ထုတ်ဖော်ပြသကြသည်။ 

"မင်းတို့တွေကို ငါအစကတည်းက တကယ်လျှော့တွက်မိခဲ့တာပဲ"

မိုလီ ရှောင်ဟိုင်အားကြည့်ပြီးနောက် သူ့အကြည့်က ကျန်သောသူများအား ဖြတ်သန်းသွား၏။ ထို့နောက် သူမျက်ခုံးကြုံ့ရင်း ဖြည့်ညင်းစွာပြောသည်။ 

"မင်းရဲ့နောက်လိုက်ညီအစ်ကိုတွေမှာ အစီအရင်တွေကို ထိန်းချုပ်နိုင်တဲ့ အစီအရင်ဆရာတစ်ယောက်နဲ့ အဆောင်အများကြီးကို တစ်ချိန်တည်းမှာ ထိန်းချုပ်နိုင်တဲ့ အဆောင်သခင်တစ်ယောက်ရှိမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

"ဒါပေမယ့် ဒီခရီးစဉ်အတွက် ငါတခြားပြင်ဆင်မှုတွေ မလုပ်ထားခဲ့ဘူးလို့ မင်းတို့ထင်နေတာလား"

မိုလီ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူကိုကြည့်ပြီး ခေါင်းညိတ်သည်။ 

"ငါမင်းအတွက် ချန်ထားခဲ့မယ်၊ နတ်ဆိုးဘုရင်ပိုင်နက်က ငါမင်းကိုကတိပေးထားတဲ့အတိုင်း သေချာပေါက်လုပ်မှာပါ"

နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်ငည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်အတွက် ကျွ‌န်တော် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး"

ထို့နောက် နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူ သူ့လက်ချောင်းကို အမှန်တကယ်ဖြတ်ပစ်ကာ သွေးကြောစွမ်းအားကို အစွမ်းကုန်လည်ပတ်စေသည်။ သူ့လက်ချောင်းကနေ ထွက်လာတာက သာမန်သွေးများမဟုတ်ဘဲ အလွန်အမင်းလေးလံသည့် သွေးအဆီအနှစ်တစ်စက်ဖြစ်သည်။ 

ဒီလူ၏ ချီအနှစ်သာရအားလုံးကို ထည့်ထားပုံရသည့် ဒီသွေးအဆီအနှစ်ကို အတင်းထုတ်လိုက်သောအခါ သူ့မျက်နှာက ရုတ်ချည်း ဖြူရော်သွားခဲ့သည်။ 

သူ့မျက်ခုံးကြားတွင် သုတ်လိုက်သောအခါ ချက်ချင်းဆိုသလို သူ့အော်ရာက ထိုးတက်လာခဲ့သည်။ 

မရေမတွက်နိုင်လောက်သည့် သွေးချီက သူ့နောက်က အနက်ရောင်ဧရာမတောင်ပံများ၌ စတင်စိမ့်၀င်လာသည်။ 

ဒီတဒင်္ဂ၌ တောင်ပံနက်များက လေထဲတွင် ကျယ်ပြန့်သွားသည်။ 

ပတ်၀န်းကျင်က အစိမ်းရောင်ရှေးဟောင်းသစ်ပင်များနှင့် သစ်ကိုင်းများက ဖိသိပ်ခံရကာ ဖျက်ဆီးခံရသည်။ 

ဝံပုလွေဘုရင်ကလွဲ သွေးဝံပုလွေဂိုဏ်းက ကျင့်ကြံသူတိုင်း အော်ဟစ်လိုက်ကြ၏။ 

သူတို့တစ်ကိုယ်လုံးက ဒွာရခုနှစ်ပေါက်မှဖြစ်စေ သို့မဟုတ် အရေပြားများမှဖြစ်စေ မရေမတွက်နိုင်လောက်သည့် သွေးများက မျောလွင့်လာပြီး တောင်ပံနက်များထဲတွင် စုစည်းသွားကြသည်။ 

ဒါကသွေးတင်မဟုတ်ဘဲ သူတို့ကိုယ်ထဲက သွေးအဆီအနှစ်လည်းဖြစ်သည်။ 

သူ့လက်အောက်ငယ်သားများက အရုပ်ကျိုးပျက်အလောင်းများပမာ ပြောင်းသွားပြီး ရွှံ့နွံ၏ မျိုချခြင်းကို ခံနေရတာကို ကြည့်နေရင်း ဝံပုလွေဘုရင်၏ နှလုံးမှ သွေးများပင် ထွက်လာပြီး သူ့အမူအရာက အလွန်အမင်းမည်းမှောင်သွားကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။ 

"အစ်ကိုမိုလီ၊ ဒါကဘာကိုဆိုလိုချင်တာလဲ"

မိုလီ၏ အမူအရာကတည်ငြိမ်နေသည်။ သူဝံပုလွေဘုရင်ကို လှည့်ပင်မကြည့်ဘဲ ထူးမခြားနားစွာပြောသည်။ 

"သူတို့က အမှိုက်တစ်ချို့ပါပဲ၊ ငါတို့အခု သူတို့ရဲ့လက်ကျန်တန်ဖိုးတစ်ချို့ကို ယူလိုက်တာပဲလေ၊ ဘာဖြစ်လို့လဲ"

"ဒါ့အပြင် ဒါပြီးသွားတဲ့အခါကျရင် ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အကူအညီနဲ့ ဒီသွေးဝံပုလွေဂိုဏ်းလေးပဲကို၊  နောက်တစ်ဂိုဏ်းအလွယ်တကူဖန်တီးနိုင်တာပဲလေ"

"ချီးတဲ့မှ"

ဝံပုလွေဘုရင်၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားသည်။ 

နောက်တစ်ဂိုဏ်း အလွယ်တကူဖန်တီးနိုင်တာလား!

ဒီထဲမှာ အခြေခံအားဖြင့် သွေးဝံပုလွေဂိုဏ်းရဲ့ လက်ရွေးစင်တွေအကုန်ပါ၀င်တယ်ဟ!

ဒီလက်ရွေးစင်တစ်ယောက်ချင်းစီကို ပျိုးထောင်ဖို့အတွက် တန်ဖိုးကြီးတစ်ခုစီ ပေးဆပ်ခဲ့ရတာကွ!

ဒါကသေစေလောက်သည့်အရာမဟုတ်သေး။ 

ဝံပုလွေဘုရင်၏ လက်အောက်ငယ်သားအားလုံးသာ သေသွားပါက အပြင်ပကမ္ဘာက သွေးဝံပုလွေဂိုဏ်းကို ဘယ်လိုတွေးကြမည်နည်း။ 

နတ်ဆိုးဘုရင်၏အကူအညီနှင့်ပင် သွေးဝံပုလွေဂိုဏ်းတွင် တိမ်အိပ်မက်ကြယ်ဒေသ၌ နောက်ထပ်နေရာတစ်ခုရှိတော့မည် မဟုတ်တော့သလို မည်သူကမှ သွေးဝံပုလွေဂိုဏ်းကို ၀င်ရဲကြမည်မဟုတ်တော့။ 

အခုကနေစပြီး သွေးဝံပုလွေဂိုဏ်းက နာမည်သာလျှင် တည်ရှိတော့မည်။ 

မရေမတွက်နိုင်လောက်သည့် သွေးအဆီအနှစ်များ၏ အားဖြည့်မှုအောက်တွင် နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူ၏ သွေးအဆီအနှစ်လည်း ပါ၀င်လေရာ တောင်ပံနက်များက တဖြည်းဖြည်းနီရဲလာသည်။ 

သွေးအနံ့က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်ပိုင်း၌ ပျံ့သွားပြီး ကောင်းကင်ကြီးပင်လျှင် အနီရင့်ရောင်ပြောင်းသွားခဲ့သည်။ 

မိုလီ ရှောင်ဟိုင်အားကြည့်ပြီး ဆိုးယုတ်စွာပြုံးသည်။ 

"ဒီနည်းလန်းနဲ့ပတ်သက်ပြီး မင်းရှင်းရှင်းလင်းလင်းသိသင့်တယ်မလား၊ ငါမင်းကို ဒီမှာသတ်ဖို့အတွက် တန်ဖိုးကြီးကြီးမားမားတစ်ခု ပေးဆပ်ခဲ့ရပြီး နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ဗိုလ်ချုပ်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပေမယ့် ဒါက ထိုက်တန်ပါတယ်"

ရှောင်ဟိုင်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။ 

"သွေးစတေးခံနတ်ဆိုးကျင့်စဉ်.... ဒါက အသုံးပြုသူရဲ့ သွေးအဆီအနှစ်ကို စုပ်ယူရုဲတင်မက အစွမ်းကို ကြီးမားတဲ့ အတိုင်းအတာတစ်ခုအထိ အားဖြည့်ဖို့အတွက် ပတ်၀န်းကျင်က လူတွေရဲ့ သွေးအဆီအနှစ်ကိုလည်း စုပ်ယူတယ်၊ ဒီနတ်ဆိုးကျင့်စဉ်ကို ငါအရင်က ချိပ်ပိတ်ပစ်ခဲ့တယ်"

အကြောင်းရင်းကရိုးရှင်းသည်။ 

ဒါကကောင်းကင်ကိုပင် ထိခိုက်စေသည်။ 

ဒါကို သက်ရှိမိစ္ဆာကျင့်စဉ်တစ်ခုဟု ဆို၍ရသည်။ 

နတ်ဆိုးနှင့်မိစ္ဆာကြား၌ မရှိမဖြစ်သော ခြားနားချက်တစ်ခုရှိပါသည်။ 

မိုလီ၏ ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားပြီး ဆိုးယုတ်စွာရယ်မောသည်။ 

"ဒီတော့ဘာဖြစ်လဲ၊ ငါ့ခွန်အားကို တိုးအောင် လုပ်ပေးနိုင်မှတော့ ဘာလို့ ချိတ်ပိတ်ထားရမှာလဲ"

"လက်သီးကပိုအားကောင်းလေလေ၊ ပိုဖြောင့်မတ်လေလေပဲ၊ အနိုင်ရသူက ကောင်းမှုနဲ့ မကောင်းမှုကို အနက်ဖွင့်တယ်၊ ကောင်းမှုနဲ့ မကောင်းမှုကို ငါက ဘာလို့ ခွဲခြားနေရမှာလဲ"

ဒီအချိန်မှာပင် သွေးနက်ရောင်တောင်ပံများကို ဖန်တီးခဲ့လေသည်။ 

ဖန်ချန်းနှင့် ကျန်သောသူများ၏ အမူအရာများက လေးနက်နေကြသည်။ 

အတောင်ပံများက စတင်ယပ်ခတ်စဉ် ကြီးမားသည့် လေပြင်းက အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်မုန်တိုင်းဆီသို့ တိုက်ခတ်သွား၏။ 

ဖန်ချန်းနှင့် မုဖူရှန်းတို့ နောက်ထပ်တုံ့ဆိုင်းမနေကြတော့ဘဲ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအော်ရာနှင့် မိုးကြိုးအဆောင်မှ မိုးကြိုးတိုင်များက အတူတကွတောက်ပသွားကြပြီး မိုးကြိုးပင်လယ်တစ်ခုကို ဖန်တီးသည်။ ဒါက အမြစ်သုတ်သတ်ဖြတ်ခြင်းအော်ရာပါရှိသည့် အနက်ရောင်မိုးကြိုးပင်လယ်ဖြစ်ပြီး သွေးနက်အတောင်ပံများနှင့် ပြင်းထန်စွာ တိုက်မိသည်။ 

ဒီအခိုက်အတန့်မှာပင် အနီးအနားက ရှေးဟောင်းသစ်ပင်များက ပြိုလဲသွားကြပြီး အမှုန့်များအဖြစ် ဖျက်ဆီးခံရသည်။ 

ကြီးမားသည့်စွမ်းအင်တစ်ခုက လေဟာနယ်ထဲတွင် ထွန်းလင်းလာပြီး လေဟာနယ်ကို တစ်လက်မချင်းစတင်ပြိုကွဲလာစေသည်။ 

အတွင်းဘက်က အာကာသအရှုပ်အထွေးများကလည်း အဆက်မပြတ်စတင်ထိုးထွက်လာသည်။ 

သို့သော် သွေးစတေးခံနတ်ဆိုးကျင့်စဉ်နှင့်အတူ သွေးနက်အတောင်ပံများ၏ စွမ်းအားက အတော်လေးအားကောင်းလွန်းသဖြင့် အနက်ရောင်မိုးကြိုးပင်လယ်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်နေရသည်။ 

လေထဲက အဆောင်များနှင့် အလံများပေါ်၌ အက်ကြောင်းများ စတင်ပေါ်လာသည်။ 

ဖန်ချန်း အစီအရင်ကို ကိုယ်ခန္ဓာနှင့် ထိန်းချုပ်ထားလေရာ သွေးများက သူ့ပါးစပ်ထောင့်စွန်းကနေ စီးကျလာပြီး သူ့မျက်နှာက ဖြူရော်သွား၏။ သူ့အော်ရာအတက်အကျကလည်း အတော်လေးကြီးမားသွားသည်။ 

မိုလီကျယ်လောင်စွာရယ်မောသည်။ 

"အရမ်းလည်းမဟုတ်ပါဘူး၊ မင်းတို့အခု ဘာလို့ လက်မလျှော့ကြသေးတာလဲ၊ မဟုတ်ဘူး...." သူ ရုတ်တရက် အကြောင်းအရာကို ပြောင်းပစ်ပြီး အေးစက်သည့်အပြုံးကို ထုတ်လွှတ်သည်။ 

"မင်းရဲ့နောက်ကလူတွေမှာလည်း ဒီလိုပါရမီတွေရှိနေမှတော့ ငါသူတို့ကိုလည်း ဆက်နေခွင့်ပေးလို့မရတော့ဘူး"

ထိုသို့ဆိုပြီးနောက် သူ့ဘေးက နတ်အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့် ကျွမ်းကျင်သူကို ကြည့်ပြီးအော်ဟစ်သည်။ 

"နှောင့်နှေးနေတာရပ်တော့၊ မင်းရဲ့ အကြီးမားဆုံးခွန်အားကိုသုံးပြီး ဆုံးရှုံးမှုတွေကို ဂရုမစိုက်ဘဲ သူတို့ကိုဖျက်ဆီးပစ်တော့"

ထိုလူခေါင်းညိတ်သည်။ 

ဒွာရခုနှစ်ပေါက်ကနေ သွေးအဆီအနှစ်က ကျယ်လောင်သည့်အသံနှင့်အတူ အတောင်ပံများဆီသို့ ပျံသန်းသွား၏။ 

အတောင်ပံများက ပို၍ကျယ်လာကာ ကောင်းကင်အားဖုံးပြီး ကောင်းကင်ထက်က တောက်ပနေသည့် လရောင်ကိုလည်း လုံး၀ဖုံးအုပ်ပစ်သည်။ 

အမှောင်ထုကျဆင်းလာသည်။ ဒါက အဖွဲ့တစ်ဖွဲ့၏ ရလဒ်ကို ကြိုတင်ဟောကိန်းထုတ်နေသည့်အသွင်။ 

တစ်ချိန်တည်းမှာပင် ဖန်ချန်း၏ခန္ဓာက ဒါကို ခံနိုင်ရည်မရှိတော့ပုံရပြီး သွေးအန်ကာ ရုတ်တရက်နောက်ဆုတ်သွားရသည်။ 

မုဖူရှန်း၏ အမူအရာကလည်း လေးနက်နေပြီး အဆောင်မုန်တိုင်းထဲတွင် မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်များ၏ အနည်းဆုံးကိုးဆယ်ရာခိုင်နှုန်းက သက်ရောက်မှုကို ဆုံးရှုံးလိုက်ရပြီး ပျက်စီးသွားသည်။ 

သို့စေကာမူ သွေးနက်အတောင်ပံများက စတင်ကျုံ့လာပုံရသည်။ 

မုဖူရှန်းလက်အစုံကိုဆန့်ထုတ်လိုက်စဉ် ဖန်တီးခြင်းနတ်အဆောင်ကို သူ့ရင်ဘတ်၌ ကပ်ထားပြီး မိုးကြိုးလေးခုစွမ်းအားက သူ့အား ၀န်းရံထားသည်။ 

ဖန်တီးခြင်းနတ်အဆောင်ကို ယဲ့ချိုးပိုင်ရင်ဘတ်တွင်လည်း ကပ်ထားသည်။ သူ့အော်ရာက ထိုးတက်သွားပြီး သူ့လက်ထဲက တိမ်ပြာဓားက အနည်းငယ်ဆွဲထုတ်ခံရသည်။ 

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ သွေးကြောကလည်း အပြည့်အ၀ ပွင့်လာခဲ့သည်။ ဖန်တီးခြင်းနတ်အဆောင်၏ အားဖြည့်မှုနှင့်အတူ သူ့ရုပ်ခန္ဓာက အတားအဆီးများကို ချိုးဖျက်ပစ်သည်။ 

"အခုအချိန်ကျပြီ"

အပိုင်း(1026) coming။ 

All Chapters