← Chapters

#‌ဘက်ပေါင်းစုံမှ အစီအစဉ်များ၊ ပြင်းထန်စွာတိုက်မိခြင်း#

Vol. 73 Ch. 1026

#‌ဘက်ပေါင်းစုံမှ အစီအစဉ်များ၊ ပြင်းထန်စွာတိုက်မိခြင်း#

Vol. 73 Ch. 1026

မုဖူရှန်းအမြဲလိုလို သူ့အင်္ကျီလက်ထဲတွင် ဓားမြှောင်တစ်ချောင်းတည်းသာ သိမ်းဆည်းထားမည်မဟုတ်။ 

အစက အဆောင်ငါးစာကနေ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အဆောင်မုန်တိုင်းနှင့် ဖိနှိပ်မှုအထိ သူလုပ်ခဲ့သည်။ 

ထို့နောက် သတ်ဖြတ်ခြင်းအစီအရင်နှင့် အဆောင်မုန်တိုင်းက ချိုးဖျက်ခံလိုက်ရသည်။ 

တကယ်တမ်းတွင်ဒါက မုဖူရှန်း၏ မျှော်လင့်ထားချက်အတွင်းတွင်သာရှိသည်။ 

ထိုအချိန်က သူ့စိတ်ထဲကအတွေးက အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အဆောင်မုန်တိုင်းတို့က မိုလီကို တိုက်ရိုက်မသတ်နိုင်ပါက အနည်းဆုံးတော့ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူများကို ဖယ်ရှားပစ်နိုင်ပေသည်။ 

မိုလီကို သတ်နိုင်ပါကမူ ဒီကိစ္စက လုံး၀ပြီးသွားပြီဖြစ်သည်။ 

တခြားတစ်ဘက်တွင် မုဖူရှန်း ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် သူ့ကိုယ်သူအားဖြည့်ရန်အတွက် ဖန်တီးခြင်းနတ်အဆောင်ကို သုံးရန် ဒီမြင်ကွင်းကို ပုံစံတစ်ခုအဖြစ် ထုတ်ဖော်ခဲ့သည်။ 

သူ မိုလီအား နောက်ဆုံးရိုက်ချက်တစ်ခု ပေးရန်အတွက် အပြည့်အ၀စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ 

အကယ်၍ ဒါကအလုပ်မဖြစ်သေးတာက မုဖူရှန်းတွင် နည်းလမ်းတစ်ခုရှိသည်။ 

ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် ရှောင်ဟိုင်တို့၏ အမြင်အရ မုဖူရှန်းတွင် ထိခိုက်ခံရသည်ဟုသော အစဉ်အလာလှည့်စားမှုတစ်ခုရှိသည်။ 

သူ့တွင် သူတို့ပင်အသုံးမပြုနိုင်သည့် ဝှက်ဖဲများစွာလည်းရှိသည်။ 

ဒီအချိန်မှာပင် မိုလီ၊ ဝံပုလွေဘုရင်နှင့် နတ်ဆိုးဘုရင်ပိုင်နက်မှ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်တို့၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ၀တ်ဆင်ပြီး ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို ကိုင်လိုက်လေရာ သူ့နောက်က ရွှေရောင်အော်ရာအမျှင်စများနှင့် ရစ်ပတ်နေသည့် နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း လက်ထဲက တင်းပုတ်ကို ရုတ်တရက်ဝှေ့ယမ်းသည်။ 

ရွှေနက်စွမ်းအင်စက်၀န်းတစ်ခုက တင်းပုတ်ပေါ်၌ ပေါ်လာပြီး ပတ်၀န်းကျင်က လေဟာနယ်က ဒီစွမ်းအား၏ လှိုင်းထံမှုကို အာရုံခံမိသည့်အလား ချက်ချင်းဆိုသလို အေးစက်လေးလံလာသည်။ 

အနက်ရောင်အမှုန့်များက အလယ်ပိုင်းဒေသအထက်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံပစ်ပြီး အတော်လေးမိစ္ဆာဆန်နေပုံရသည်။ 

လေကရပ်သွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ 

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင် တိမ်ပြာဓားကိုကိုင်ထားပြီး ဓားကိုယ်ထည်၏ ၇၀ရာခိုင်နှုန်းခန့်ကို ဆွဲထုတ်လိုက်၏။ 

နတ်ဓားနယ်ပယ်ထဲသို့ တက်လှမ်းပြီးနောက် ယဲ့ချိုးပိုင်၏ ခွန်အားက ဖန်တီးခြင်းနတ်အဆောင်၏ အားဖြည့်မှုနှင့်အတူ ထိုးတက်သွားခဲ့သည်။  

တိမ်ပြာဓားကို ဆွဲထုတ်လိုက်သောအခါ တောက်ပကာထက်ရှသည့်ဓားဆန္ဒက ဓားထဲကနေ ချက်ချင်းထိုးထွက်လာသည်။ 

အထဲကဓားချီက တိမ်များထဲသို့ နဂါးတစ်ကောင်ပမာ ပျံသန်းသွားပြီး နဂါးဟိန်းသံများက မြည်ဟီးလာကာ လေဟာနယ်ကို ဖြတ်ကျော်ရင်း ‌အက်ကြောင်းများကို တစ်ခုပြီးတစ်ခုဖြတ်တောက်ပစ်သည်။ 

ပြည့်နှက်နေသည့်ဒီဓားဆန္ဒက မိုလီကို ပို၍ပင် ထိတ်လန့်သွားစေသည်။ 

ဓားနတ်ဘုရားနယ်ပယ်လား!

ဒီနယ်ပယ်နဲ့ သူဓားနတ်ဘုရားနယ်ပယ်ကို ဘယ်လိုတက်လှမ်းခဲ့တာလဲ!

ဒါ့အပြင် သူ့လက်ထဲက အဲဒီတိမ်ပြာဓားက ဘယ်အဆင့်လဲ!

၎င်းကိုအပြည့်အ၀ မဆွဲထုတ်ရသေးခင်မှာပင် ဓားတာအို၏ မူလဇစ်မြစ်ကဲ့သို့ အော်ရာတစ်ခုက ပေါက်ကွဲသွားခဲ့သည်။ 

နတ်သခင်အဆင့်နတ်လက်နက်များပင်လျှင် ဒီလိုအရာမျိုးကို မလုပ်နိုင်ပါ။ 

တခြားတစ်ဘက်တွင် ဝံပုလွေဘုရင်မှာ ပို၍ပင် ထိတ်လန့်နေသည်။ 

မုဖူရှန်း၀န်းကျင်က မိုးကြိုးစွမ်းအားလေးခုကို ကြည့်ရင်း သူအတော်လေးထိတ်လန့်သွား၏။ 

မကြာသေးခင်က ဝံပုလွေဘုရင် အဆောင်သခင်မဟာမိတ်က အဆင့်မြင့်အဖွဲ့၀င်တစ်ဦးကို အောင်မြင်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သောအခါ သိုလှောင်လက်စွပ်ထဲ၌ မိုးကြိုးစွမ်းအားကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်တွေ့ခဲ့ရသည်။ 

မည်သို့ပင်ဆိုစေကာမူ အဆောင်များအကြား မိုးကြိုးဒြပ်စင်အဆောင်များ၌ တော်သည့် အဆောင်သခင်များလည်း ရှိသည်မဟုတ်ပေလော။ 

ထို့ထဲတွင် ရှေးဟောင်းနတ်မိုးကြိုးကိုးမျိုးရှိသည်။ 

ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၊ တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုး!

ဒီလေးခုက မုဖူရှန်းအနားက မိုးကြိုးအမျိုးအစားလေးခုနဲ့ အတိအကျမတူနေဘူးလား!

"မင်းမှာဘယ်လိုလုပ် ရှေးဟောင်းနတ်မိုးကြိုးတွေရှိရတာလဲ၊ ဒါတွေက မျိုးသုဉ်းပျောက်ကွယ်သွားသင့်တာမလား"

ဝံပုလွေဘုရင်၏အော်သံကို ကြားသောအခါ မိုလီနှင့်ကျန်သောသူများ ချက်ချင်းလှမ်းကြည့်လိုက်ကြ၏။ 

ဒါကိုကြားသော် မုဖူရှန်း၏မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ပေါက်ကွဲသွားသည်။ 

ကောင်းပြီ၊ ကောင်းပြီ၊ မင်းကို ဒီနေရာမှာ ထာ၀ရထားဖို့အတွက် ငါ့မှာနောက်ထပ် အကြောင်းရင်းတခုရှိလာပြီပေါ့!

ဘယ်လိုဟာသလဲ၊ မင်းက ရှေးဟောင်းနတ်မိုးကြိုးတွေကိုတောင် တကယ်မှတ်မိခဲ့တာလား!

အကယ်၍ သူတို့သာလွတ်မြောက်ပြီး သတင်းကိုဖြန့်ကျက်ပါက မိုးကြိုးကျင့်ကြံသူများအတွက် ဒါက ရူးသွပ်ဖွယ်ရာသတင်းတစ်ခုပေတည်း။ 

ထိုမိုးကြိုးကျင့်ကြံသူများအားလုံး လုံး၀ရူးသွားလောက်သည်။ 

ကျန်သုံးယောက်က သွေးနက်တောင်ပံများကို တိုက်ခိုက်နေစဉ် ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အဆောင်မုန်တိုင်းကို ထိမ်းသိမ်းထားသည်။ 

လှိုင်းထနေသည့်အော်ရာက ပြင်းထန်သည့်မုန်တိုင်းတစ်စင်းအဖြစ်ပြောင်းကာ သွေးနက်အတောင်ပံများဆီသို့ တိုး၀င်သွား၏။ 

ရှေးဟောင်းနတ်မိုးကြိုးလေးခုက မိုးကြိုးသားရဲများအဖြစ် ပြောင်းလဲပြီး ဟင်းလင်းပြင်အား တက်နင်းလိုက်ကြသည်။ ၎င်းတို့လှမ်းသည့် ခြေလှမ်းတိုင်းကလျှပ်စီးကွင်းများအား ဖန်တီးသည်။ အလင်းကွင်းတစ်ဝိုက်က အာကာသ၌ တွင်းနက်များက မည်သည့်အသံမှမရှိဘဲ အရာအားလုံးကို ဝါးမြိုနိုင်သည့်အလား ပေါ်လာကြသည်။ 

တိမ်ပြာဓား၏ဓားဆန္ဒက ဧရာမနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးထဲသို့ ပျံသန်းသွား၏။ အမှောင်ထုလွှမ်းမိုးနေသည့် နက်မှောင်နေသည့်လေဟာနယ်၌ ၎င်းက အေးစက်သည့်အလင်းလှိုင်းများကို ထုတ်လွှတ်နေသည်။ ဒီအလင်းလှိုင်းများက အရိုးခိုက်ဖွယ်ကောင်းသော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို လင်း၀င်းစေသည်။ 

ရှောင်ဟိုင်လက်ထဲက ‌ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်က ပို၍အဖျက်အားပြင်းသည်။ ၎င်းကို လှုပ်ယမ်းသောအခါ လေဟာနယ်က တုန်ခါလာပြီး တောင်တန်းတစ်စင်းကြေမွကာ ကောင်းကင်ပြိုကျလာသည့်အလား အတောင်ပံများရှိရာသို့ ဖိသိပ်ပစ်သည်။ 

နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူ ဒီမြင်ကွင်းကိုမြင်သောအခါ အကြောင်းရင်းတစ်ခုခုကြောင့် သူသတိ၀င်လာပြီး သူ့နှလုံးခုန်ပေါက်နေတာကိုပင် ခံစားနေရသည်။ 

ဒါကိုသိသောအခါ သူပို၍ပင် ဒေါသထွက်လာသည်။ 

"တကယ်လို့ သွေးစတေးခံနတ်ဆိုးကျင့်စဉ်ကို သုံးပြီးတာတောင် ငါဂျူနီယာလေးသုံးယောက်ကို မနိုင်နိုင်ဘူးဆိုရင် နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ မျက်နှာကို ဘယ်မှာ ထားရတော့မလဲ"

ဒီနေရာ၌ သူအော်ဟစ်ကာ သွေးနက်အတောင်ပံများအား ထပ်မံယပ်ခတ်သည်။ 

၎င်းက ကောင်းကင်ကိုဖုံးသွားပုံရပြီး ယဲ့ချိုးပိုင်တို့သုံးဦး၏ တိုက်ခိုက်မှုများပေါ်သို့ ကျဆင်းလာသည်။ 

ဂျုန်း......!

ကြီးမားသည့်အော်ရာက လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ 

ဒီအော်ရာနှင့် လှုပ်ရှားမှုကို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အပြင်ဘက်ကပင် ရှင်းရှင်းလင်းလင်းခံစားနိုင်ပါသည်။ 

ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်များနှင့်အတူ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ ၀င်ပေါက်ကို ရောက်လာကြပြီဖြစ်သည့် ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့ကလည်း စိုးရိမ်ပူပန်နေကြသည်။ ယခုသူတို့ ဒီဆူညံသံကို ခံစားမိသောအခါ ရုတ်တရက်လှည့်ပြီး ထိုနေရာဘက်သို့ ကြည့်လိုက်မိကြသည်။ 

"ဒါက.....နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်တောင် ဒီလိုဆူပူအုံကြွမှုမျိုးကို မဖြစ်စေနိုင်ဘူးမလား"

"ဒါကို နတ်ဆိုးဘုရင်ပိုင်နက်က တစ်ယောက်ယောက် ထုတ်လွှတ်လိုက်တာ ဖြစ်ရမယ်"

သူမ မုဖူရှန်းနောက်လိုက်ရန် လက်လျှော့ထားပြီဖြစ်သော်လည်း ချင်းယောင် စိုးရိမ်နေသေးသည်။ 

မုဖူရှန်း ယခုလိုအစွမ်းထက်အားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။ 

တခြားတစ်ဘက်တွင် တိမ်အိပ်မက်မြို့၌ ဂိုဏ်းသုံးဂိုဏ်းမှ ကျွမ်းကျင်သူများ တိမ်အိက်မက်ရွှံ့ဗွက်အိုင်ရှိရာသို့ လှည့်ကြည့်ရင်း သူတို့၏ အမူအရာများက လေးနက်နေကြ၏။ 

"ဘယ်ကျွမ်းကျင်သူကများ ဆင်းသက်လာတာလဲ"

"တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲကို သွားကြတဲ့ ငါတို့လူတွေထဲက တစ်ယောက်မှ နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်မဟုတ်ဘူး၊ ဒါက တိမ်အိပ်မက်မြို့အပြင်က အင်အားစုတွေရဲ့ လုပ်ရပ်များလား"

"ဘာပဲဆိုဆို တစ်ယောက်ယောက်ကို ကြည့်ဖို့လွှတ်လိုက်၊ သူတို့သာအထဲက ရတနာတွေကို တွေ့သွားမယ်ဆိုရင် တိမ်အိပ်မက်မြို့က အန္တရာယ်ထဲ ကျရောက်လိမ့်မယ်"

ဂိုဏ်းသုံးဂိုဏ်းကလူများခေါင်းညိတ်သည်။ 

တိမ်အိပ်မက်အပြင်ဘက်က အင်အားစုများကလည်း စတင်ထွက်ခွာကြသည်။ သူတို့အမြင်အရ ဒီလိုကြီးမားသည့် ပဋိပက္ခကြီးကို ဖြစ်စေသည့်အပေါ် ထူးခြားသည့် အရာတစ်ခုဖြစ်ပျက်ခဲ့ရပေမည်။ 

.....

ဒီအခိုက်အတန့်၌ တိမ်အိပ်မက်ကြယ်ဒေသက လူတိုင်း၏ အာရုံကို ဆွဲဆောင်နေသည့် နေရာ၌ အင်အားစုလေးခုက ထိပ်တိုက်တွေ့ဆုံနေကြသည်။ 

နောက်ဆက်တွဲလှိုင်းများက ပတ်ပတ်လည်က မြေကြီးများနှင့်သစ်ပင်များကို လွင့်စင်သွားသည်။ 

ဝံပုလွေဘုရင်ဒီမှာရှိနေသော်လည်း နောက်ဆက်တွဲလှိုင်းကို အစွမ်းကုန်ခုခံလျှင်ပင် ခက်ခဲမှုတစ်ခုကို သူခံစားနေရဆဲပင်။ 

ဘယ်လိုဟာသလဲ၊ ငါက နတ်အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့် ကျွမ်းကျင်သူလေ!

မိုလီ၏ အမူအရာကလည်း အလွန်အမင်း ကြည့်ရဆိုးနေသည်။ 

သူတို့ထဲက တစ်ယောက်ကိုမှ အနိုင်မယူနိုင်သေးသည့်တိုင် သွေးနက်တောင်ပံများ၏ စွမ်းအင်က အားနည်းသထက် ပို၍ အားနည်းလာသည်။ 

တခြားတစ်ဘက်က တစ်ဘက်လူများက ပိုတိုက်ခိုက်လေလေ ပိုသတ္တိရှိလာလေလေပင်။ 

ဒီလိုသာဆက်ဖြစ်နေပါက အခြေအနေရပ်က စိတ်ကူးကြည့်၍ပင် ရတော့မည်မဟုတ်။ 

သူထပ်မစောင့်နိုင်တော့ပါ။ 

မိုလီဒေါသတကြီးအော်ဟစ်ရင်း နောက်ဆက်တွဲအားလှိုင်းရှိနေသည့်တိုင် မုဖူရှန်းနှင့် ကျန်သုံးယောက်ကို တိုက်ခိုက်သည်။ 

တစ်ဘက်လူက အစွမ်းကုန်တိုက်ခိုက်လာသောအခါ သူတစ်ဦးကိုအရင်အနိုင်ယူရမည်ဖြစ်ပြီး တစ်ဦးချင်းအနိုင်ယူရပေမည်။ 

သို့စေကာမူ မိုလီရှေ့သို့ပြေးသွားသည့်အချိန်တွင် ဖန်ချန်း လက်ထဲတွင် ဖန်တီးခြင်းနတ်အဆောင်ကို ကိုင်ထားပြီး ညာလက်နှင့် လက်တံဆိပ်တစ်ခုဖန်တီးသည်။ အစီအရင်အလံများ လွင့်မြောနေစဉ် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်တို့က ပေါင်းစပ်သွားခဲ့သည်။ 

အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်!

အပိုင်း(1027) coming။ 

All Chapters