← Chapters

#‌တစ်ခုပြီးတစ်ခုချိတ်ဆက်ခြင်း၊ မိုလီကိုသတ်#

Vol. 73 Ch. 1027

#‌တစ်ခုပြီးတစ်ခုချိတ်ဆက်ခြင်း၊ မိုလီကိုသတ်#

Vol. 73 Ch. 1027

ဖန်ချန်းတိုက်ရိုက်နောက်မဆုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က ကျိုးပျက်သွားပြီး သူအပြင်းအထန် ဒဏ်ရာရသွားသောကြောင့်ပင်။ 

ဆန့်ကျင်ဘက်ပင် ဖန်ချန်းကလည်း မုဖူရှန်းစီစဉ်ထားသူတစ်ယောက်ဖြစ်နေခဲ့သည်။ 

ယခုလိုအခြေအနေများအောက်တွင် တစ်ဘက်တွင် တိုက်ပွဲ၀င်သူနှစ်ယောက်ရှိသည်။ ဝံပုလွေဘုရင်က နောက်ဆက်တွဲလှိုင်းများကို ခုခံရန်အတွက် စွမ်းအားအပြည့်နှင့် မတိုက်ခိုက်နိုင်ပါ။ ဒီလိုဆိုပါက မိုလီတစ်ဦးတည်းသာ အတင်းအကျပ်ချိုးဖျက်ကာ သူတို့အား တိုက်ခိုက်လာပေလိမ့်မည်။ 

ဒီအခြေအနေ၌ သူ ဖန်ချန်းကို မိုလီအား ရင်ဆိုင်ခွင့်ပေးမည်ဖြစ်သည်။ 

ဒါက ဖန်ချန်းအတွက် မိုလီကို အနိုင်ယူရန်မဟုတ်ဘဲ အချိန်ဆွဲပေးထားရန်သာဖြစ်သည်။ 

မုဖူရှန်းတို့ထဲတွင် မည်သူကမှ ရန်သူကို အချိန်ဆွဲထားသည့်အရာ၌ ဖန်ချန်းကို မယှဉ်နိုင်ပေ။ 

ဖန်ချန်းတွင် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်သာ ရှိခြင်းမဟုတ်ပါ။ 

ဒီနယ်မြေထဲတွင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က ပုံရိပ်ယောင်မြူခိုးများနှင့် ပြည့်နှက်နေသည်။ 

ဆေးလုံးများ၏ လျင်မြန်သော ကုသနိုင်စွမ်းနှင့် ဖန်တီးခြင်းနတ်အဆောင်၏ အားဖြည့်မှုအောက်တွင် ဖန်ချန်း၏ခွန်အားကလည်း ထိုးတက်သွား၏။ သူက နတ်အင်ပါယာနယ်ပယ်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။ 

ပုံရိပ်ယောင်အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ဖန်တီးသောအခါ ပတ်၀န်းကျင်က ပုံရိပ်ယောင်မြူခိုးများကလည်း အစီအရင်ထဲတွင် စတင်ပေါင်းစပ်လာကြ၏။ 

ဖန်ချန်း အစီအရင်နှင့်အတူ ပြန်လည် ပေါ်လာလိမ့်မည်ဟု မိုလီမမျှော်လင့်ထားခဲ့ပေ။ 

သတ်ဖြတ်ခြင်းအစီအရင်က ကျိုးပျက်သွားပြီး သူအပြင်းအထန် ဒဏ်ရာရသွားတာမလား;

ရုတ်ချည်းဆိုသလို မိုလီ ပုံရိပ်ယောင် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ထဲသို့ တည့်တည့်ပြေး၀င်သွား၏။ 

အရာတိုင်းက မုဖူရှန်း၏ တွက်ချက်မှုထဲတွင် ရှိနေသည်။ 

ဒါကိုမြင်သောအခါ ကျန်နေသည့် နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူ၏ အမူအရာက မည်းမှောင်သွားသည်။ 

"ငါတစ်ယောက်တည်းပဲဆိုရင်တောင် မင်းတို့တကယ်နိုင်မယ်လ......"

သို့စေကာမူ သူစကားပြော၍ မပြီးနိုင်သေးခင်မှာပင် မုဖူရှန်းနှင့်ကျန်နှစ်ယောက်၏ တိုက်ခိုက်မှုက ပေါက်ကွဲသွားခဲ့သည်။ 

သူတို့က အရင်ကခွန်အားအပြည့်အ၀ မသုံးခဲ့သည့်အလားပင်။ 

သူတို့သုံးယောက်၏ တိုက်ခိုက်မှုများကြောင့် သွေးနက်အတောင်ပံများက နောက်ဆုတ်သွားရသည်။ 

နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူမှာ သူတဖြည်းဖြည်းအားနည်းလာတာကို ခံစားရပြီး သူ့ကိုယ်ထဲက သွေးအဆီအနှစ်ကလည်း အလျင်အမြန်စီးဆင်းသွား၏။ 

အသက်ရှူကြိမ်ရေနှစ်ကြိမ်အတွင်း ဓားဆန္ဒငွေနဂါးကြောင့် သွေးနက်ညာဘက်အတောင်ပံက အမှန်တကယ်ပင် ဖြတ်တောက်ခံရသည်။ 

တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ ရှေးဟောင်းမိုးကြိုးလေးခုက ၀င်ရန် အခွင့်အလမ်းကို အသုံးချပြီး ကျိုးပဲ့နေသည့် အပိုင်းကနေ အတောင်ပံများဆီသို့ ပြေး၀င်ကာ အထဲကနေ အရူးအမူး တိုက်ခိုက်သည်။ 

ဒါကနေရာတိုင်းတွင် ပျံ့နေသည်။ 

ခရက်ခ်! ခရက်ခ်!

ကျယ်လောင်သည့်မိုးကြိုးသံနှင့်အတူ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ၏ အော်ဟစ်သံက လိုက်ဖက်စွာပင် ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွားသည်။ 

ရှောင်ဟိုင်၏ ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်က ဘယ်ဘက်အတောင်ပံကို ခုတ်ဖြတ်ပစ်သည်။ 

နတ်အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့်ကျွမ်းကျင်သူမှာ စိတ်ပျက်အားငယ်နေပုံရသည်။ သူ့၏ သွေးနက်အတောင်ပံများက သူ့သွေးအဆီအနှစ်ကို ဝေလငါးတစ်ကောင်ပမာ ဝါးမြိုရင်း ကျိုးပဲ့သွားသည့် အပိုင်းများကို ပြန်ဖြည့်ချင်နေသည်။ 

သို့စေကာမူ ဒါကအသုံးမ၀င်ပါ။ 

ယင်းနောက်တွင် သူ့ကိုယ်ခန္ဓာက ခြောက်သွေ့သည်အထိ စုပ်ယူခံရပြီး ခြောက်သွေ့နေသော အလောင်းတစ်လောင်းဖြစ်လာသည်။ 

ဒါကိုမြင်သောအခါ ဝံပုလွေဘုရင် ထိတ်လန့်တုန်လှုပ်သွား၏။ 

သူတကယ်အသတ်ခံလိုက်ရတာလား!

အတောင်ပံများက လူများစွာ၏ သွေးအဆီအနှစ်ကို စုပ်ယူထားပြီး သူတို့ထဲတွင် နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင် ပါနေခဲ့သည်။ 

သို့သော် သူထပ်မတွေးနိုင်ခင်မှာပင် မုဖူရှန်း သူ့ရှေ့သို့ မိုးကြိုးနတ်ဘုရားတစ်ပါးပမာ ဆင်းသက်လာခဲ့သည်။ 

သူညာလက်ကိုဆန့်ထုတ်လိုက်စဉ် အရောင်လေးမျိုးရှိ‌ပြီး အစွမ်းထက်ရှေးဟောင်းမိုးကြိုးစွမ်းအားက ၀န်းရံလာပြီး ဝံပုလွေဘုရင်၏ ရင်ဘတ်ကို ရုတ်တရက် ထိုးဖောက်လိုက်၏။ 

ဝံပုလွေဘုရင် အစွမ်းကုန်ခုခံတားဆီးသော်လည်း မုဖူရှန်း၏ လက်သီးချက်ကြောင့် ထူထဲသည့်ဝိဉာဉ်ချီအတားအဆီးက စာရွက်တစ်ရွက်ပမာ ထိုးဖောက်ခံရသည်။ 

ထို့နောက် ဝံပုလွေဘုရင်၏ နှလုံးဆီသို့ ဦးတည်သွားပြီး သူ့အသက်ဓာတ်က အလျင်အမြန်ပင် ကုန်ခမ်းသွား၏။ 

ဝံပုလွေဘုရင် မုဖူရှန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။ 

"မင်း....မင်းခွန်အားက...."

မုဖူရှန်း၏ မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒနှင့် လင်း၀င်းနေသည်။ ဝံပုလွေဘုရင်၏ရင်ဘတ်ကို ထိုးဖောက်သွားသည့်လက်၌ မိုးကြိုးက ထိုးထွက်လာပြီး ဝံပုလွေဘုရင်၏ခန္ဓာကို အမှုန့်အဖြစ် တိုက်ရိုက်စင်းပစ်ကာ ဘာခြေရာမှ မကျန်ခဲ့ပေ။ 

မင်းသိတာများလွန်းတယ်!

မုဖူရှန်းတွေးလိုက်မိသည်။ 

သူတို့နှစ်ယောက်သေသွားသောအခါ အသက်ရှုကြိမ်ရေသုံးကြိမ်သာ ကြာမြင့်ခဲ့သည်။ 

သူတို့နှစ်ယောက်ကို သတ်ပစ်ရာ၌ လုံး၀ရပ်တန့်‌သွားခဲ့ခြင်းမရှိပါ။ 

ဒီအချိန်မှာပင် မိုလီ အစီအရင်ထဲကနေ လွတ်မြောက်လာသည်။ 

ပတ်၀န်းကျင်မြင်ကွင်းကို ကြည့်လိုက်သောအခါ သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။ 

အသက်ရှုကြိမ်ရေသုံးကြိမ်အတွင်းမှာ အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားတာလား!

သူထပ်မတွေးနိုင်ခင်မှာပင် ဓားက ပိုင်းဖြတ်လာပြီဖြစ်သည်။ 

ငွေနဂါးက နဂါးဟိန်းသံများကို ထုတ်လွှတ်ရင်း မိုလီအား ကိုက်ပစ်သည်။ 

မိုလီ၏ လှုပ်ရှားမှုများကို အာရုံစိုက်နေသည့် ရှောင်ဟိုင်ကလည်း ခုတ်ပစ်သည်။ 

သွေးကြောစွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်ထားလေရာ ဒါက မိုလီ၏သွေးကြောကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားခဲ့သည်။ 

ဒီအချိန်မှာပင် မုဖူရှန်း ဖန်တီးခြင်းနတ်အဆောင်နှင့် အားဖြည့်လိုက်ပုံရသည်။ 

နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားနှင့်အတူ မိုးကြိုးစွမ်းအားလေးခုက အရူးအမူးပေါင်းစပ်သည်။ ဧရာမမိုးကြိုးလုံးတစ်လုံးက လမ်းတစ်လျှောက်က လေဟာနယ်ကို ဖျက်ဆီးရင်း မိုလီအား တိုက်ခိုက်သည်။ 

သူတို့သုံးယောက်၏ တိုက်ချက်များက မိုလီ၏ ရှောင်ရှားနိုင်မည့်နေရာများကို ပြီးပြည့်စုံစွာ ဖြတ်တောက်ပစ်ပြီး သူ့အား နောက်ဆုတ်ရန် မဖြစ်နိုင်သည်အထိ လုပ်ပစ်ခဲ့သည်။ မိုလီ ဒါကိုအတင်းလက်ခံရုံသာ တတ်နိုင်သည်။ 

မိုလီဒေါသတကြီးအော်ဟစ်ရင်း လက်ထဲက ပုဆိန်သွားလှံကို ဝှေ့ယမ်းသည်။ 

သုံးယောက်တစ်ယောက်တိုက်ခိုက်ခြင်း!

သို့စေကာမူ သူရှောင်ဟိုင်နှင့် ယဲ့ချိုးပိုင်တို့၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားနိုင်သော်လည်း နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားနှင့်အတူ ပေါက်ကွဲလာခဲ့သည့် မုဖူရှန်းကိုရော!

ရှေးဟောင်းမိုးကြိုးလေးခု၏ ပေါင်းစပ်မှုက ထုတ်လွှတ်သည့်စွမ်းအားက မိုလီကို ကျန်နှစ်ယောက်၏ တိုက်ခိုက်မှုများအား လုံး၀ကာကွယ်ရန်အတွက် မစွမ်းဆောင်စေနိုင်ခဲ့ပေ။ 

ဂျုန်း.......!

ကြီးမားသည့်မိုးကြိုးစွမ်းအားက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံးအတွင်း လင်းဝင်းသွား၏။ 

ကောင်းကင်ဘုံမိုးကြိုးနှင့် မြေမီးတောက်တို့က မြေကြီးကနေ ပေါက်ကွဲကာ ကောင်းကင်ပေါ် မြှင့်တက်သွားပြီး ထိုးဖောက်ရင်း တိမ်မည်းများအဖြစ် ပြန့်ကြဲသွားကြသည်။ 

တောက်ပသည့်လရောင်က ကမ္ဘာကြီးထဲသို့ ပြန်ဆင်းသက်လာခဲ့သည်။ 

မိုလီဒေါသတကြီးအော်ဟစ်သည်။ 

မိုးကြိုးလုံး၏ ပေါက်ကွဲမှုထဲတွင် သူစကားပြောချင်သော်လည်း သူလုံး၀သုတ်သင်ဖျက်ဆီးခံရသည်။ 

မိုးကြိုးစွမ်းအားက ထိုနေရာအား လုံး၀ဖုံးလွှမ်းပစ်ပြီး ပတ်၀န်းကျင်က ရွှံ့နွံမှော်သားရဲများပင် သေဆုံးသွားရသည်။ 

တိမ်အိက်မက်မြို့က အဓိကဂိုဏ်းသုံးဂိုဏ်းနှင့် တိမ်အိပ်မက်မြို့အပြင်က ကျွမ်းကျင်သူများ ထိတ်လန့်သွားကြ၏။ 

အကယ်၍အရင်က သူ့စွမ်းအားက နတ်အင်ပါယာနယ်ပယ်နောက်ပိုင်းအဆင့်ဆိုပါက လက်ရှိစွမ်းအားက အနည်းဆုံးတော့ အထွတ်အထိပ်အဆင့်တွင်ရှိသည်။ 

နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို တိမ်အိပ်မက်ကြယ်ဒေသ၌ အထွတ်အထိပ်အဖြစ် မှတ်ယူ၍ရပြီး ဒီအဆင့်ကို ရောက်နိုင်သည့်လူငါးယောက်ထက် မပိုပါ။ 

သူတို့ရောက်လာသောအခါ အနီးအနားတွင် ဘယ်သူမှ မရှိတော့တာကို တွေ့လိုက်ရသည်။ 

ကြီးမားသည့်တိုက်ပွဲကြီးတစ်ခု၏ ခြေရာများရှိသော်လည်း လူတစ်ဦးတစ်ယောက်၏ အော်ရာ သို့မဟုတ် အလောင်းပင်လျှင် မကျန်ခဲ့ပေ။ 

လုံး၀ရှင်းလင်းနေပြီး သဲလွန်စဟူ၍ မကျန်ခဲ့ပါ။ 

သို့သော် ရှင်းလင်းထားသည့်လက္ခဏာဟူ၍ မရှိဘဲ အရာအားလုံးက သဘာ၀အတိုင်း ဖြစ်သွားသည့်အလားပင်။ 

ဒါက နှစ်ဘက်စလုံးကို ဆွံအသွားစေသည်။ 

တစ်ချိန်တည်းမှာပင် တစ်ဘက်လူက ရတနာတစ်ချို့ကို ခိုးယူသွားတာကို ဘယ်သူမှ ရှာမတွေ့စေရန်အတွက် ခြေရာအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ပစ်ခဲ့သလားဆိုတာ သူတို့စတင်တွေးနေကြသည်။ 

ဒီတဒင်္ဂမှာပင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်တွင်ရှိနေသေးသည့် မုဖူရှန်းနှင့် ကျန်သုံးယောက်မှာ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးရင်း ထွက်လာခဲ့ကြသည်။ 

"ဒဏ်ရာတွေကို ကုသဖို့အတွက် နေရာတစ်ခုအရင်ရှာကြရအောင်၊ ပြီးမှ တာ၀န်ကို ပြီးမြောက်အောင်လုပ်ကြမယ်" ယဲ့ချိုးပိုင်ပြောသည်။ 

မုဖူရှန်း ဝံပုလွေဘုရင်၏ သိုလှောင်လက်စွပ်ကို လှန်လှောကြည့်သောအခါ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ပတ်သက်သည့် သတင်းအများအပြားကို ရရှိလိုက်၏။ 

သို့စေကာမူ ဒါကလည်း အတော်လေး အကန့်အသတ်ရှိသည်။ 

မည်သို့ပင်ဆိုစေကာမူ တိမ်အိပ်မက်မြို့အပြင်ဘက်က ဂိုဏ်းများက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သိပ်မသိကြပေ။ 

သတင်းအချက်အလက်များကို တိမ်အိပ်မက်မြို့က အဓိကဂိုဏ်းသုံးဂိုဏ်းစလုံးက ချုပ်ကိုင်ထားကြသည်။ 

"ဒါပေမယ့် မိုလီရဲ့သေဆုံးမှုကို နတ်ဆိုးဘုရင်ပိုင်နက်က မကြာခင်သတိထားမိသွားလိမ့်မယ်" မုဖူရှန်းပြောသည်။ 

"တစ်ဘက်က တိုက်ခိုက်လာတဲ့အခါကျရင် ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးခွန်အားက ခုခံဖို့အတွက် နည်းနည်းခက်ခဲနေမှာကို ကျွန်တော်စိုးရိမ်မိတယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"ငါတို့တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ရှောင်ဟိုင်ရဲ့ စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို အမြန်ဆုံးရှာရမယ်"

.....

သူတို့လေးယောက်က မှန်သည်မှာ သိသာထင်ရှားနေသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်တွင် မိုလီ၏ဝိဉာဉ်တုံကင် ကြေမွပျက်စီးသွားသောအခါ လက်ရှိနတ်ဆိုးသခင် မိုဂျီ ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်၏။ 

အပိုင်း(1028) coming။ 

All Chapters