#လျိုကျိယု၊ အရိပ်အမြွက်မပေးနဲ့#
Vol. 73 Ch. 1028
မိုဂျီ၏ ဒေါသတကြီးအော်ဟစ်သံက မိုးကြိုးပစ်သံပမာ နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း အလျင်အမြန်ပင် ပဲ့တင်ထပ်သွား၏။
မြေကြီးက စတင်တုန်ခါလာပြီး အက်ကြောင်းများ ပေါ်လာသလို ကျောက်တုံးများကလည်း ကဲအက်သွားကြ၏။ ဧရာမအက်ကြောင်းကြီးများက နေရာအနှံ့ပျံ့သွားကြပြီး ပတ်၀န်းကျင်က အရာအားလုံးကို ဝါးမြိုကာ ကြောက်မက်ဖွယ််ရာ အသူရာချောက်တစ်ခုကို ဖြစ်ပေါ်စေသည်။
မုန်တိုင်းက အသက်၀င်လာပြီး လေများက တဟူးဟူးမြည်လာသည်။
ပတ်၀န်းကျင်က မှော်သားရဲများနှင့် နတ်ဆိုးကျင့်ကြံသူများက နတ်ဆိုးသခင်၏ ဒေါသကိုခံစားရသည်။ မှော်သားရဲများက သစ်တောထဲသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်၀င်သွားကြပြီး နတ်ဆိုးကျင့်ကြံသူများကမူ ချက်ချင်းဝေးကွာအောင် သွားကြရင်း ထိတ်လန့်မှုကို ခြိမ်းခြောက်မှုကို သည်းခံနေရသည်။ သူတို့ကိုယ်ပေါ်က အမွေးများပင် ထောင်မတ်နေပြီး သူတို့မျက်လုံးများမှ အကြောက်တရားနှင့် မသက်သာမှုကို ပြသကြ၏။
ဘာဖြစ်သွားတာလဲ!
မရေမတွက်နိုင်လောက်သောသူများက မိုးထိအနက်ရောင်ခန်းမကို မော့ကြည့်လိုက်ကြသည်။
ဘာလို့နတ်ဆိုးသခင် အရမ်းဒေါသထွက်နေရတာလဲ!
ဒီအချိန်မှာပင် အနက်ရောင်ခန်းမ၌ မိုကော အလျင်အမြန်ရောပ်လာပြီး သွေးကြောအော်ရာက အဆက်မပြတ်ထွက်နေပြီး မျက်နှာအမူအရာ မည်းမှောင်နေသည့် မိုဂျီကို ကြည့်ရင်းမေးသည်။
"နတ်ဆိုးသခင်၊ ဘာဖြစ်လို့လဲ"
မိုဂျီ ကြည့်ရဆိုးသည့်အမူအရာနှင့် အောက်က အကြီးအကဲကို ကြည့်လိုက်၏။
အကြီးအကဲ၏ အမူအရာက ဖြူရော်နေပြီး သူ့တစ်ကိုယ်လုံးက တုန်ယင်နေသည်။ မိုဂျီ၏ အကြည့်အောက်တွင် သူ မိုကောကို တုန်တုန်ရီရီကြည့်ပြီးပြောသည်။
"ဗိုလ်ချုပ်.....ဗိုလ်ချုပ်မိုလီ...ရဲ့ ဝိဉာဉ်တုံကင်က ကြေမွသွားပြီ"
ဗိုလ်ချုပ်ဟူသည် မိုကောကို ရည်ညွှန်းနေခြင်းဖြစ်သည်။
အကြီးအကဲ၏ စကားလုံးများကို ကြားသောအခါ မိုကော၏ အမူအရာက အေးခဲသွားပြီး သူ့မျက်သူငယ်အိမ်များက ကျုံ့သွားကြသည်။
"ဒါ....ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မိုကော ရုတ်တရက် မိုဂျီကိုလှည့်ကြည့်ပြီး ကျယ်လောင်စွာပြောသည်။
"မိုလီ အဲဒီလူကိုလိုက်ဖမ်းဖို့အတွက် တိမ်အိပ်မက်ကြယ်ဒေသကို သွားခဲ့တာမလား"
"ဟောင်တျန်းနတ်ပိုင်နက်က လှုပ်ရှားမှုတစ်ခု လုပ်ခဲ့တာများလား"
မိုလီက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူနှင့်အတူ သွေးစတေးခံနတ်ဆိုးကျင့်စဉ်ကို အသုံးပြုနိုင်သည့် နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် အကြီးအကဲတစ်ဦးကိုလည်း ခေါ်ဆောင်သွားခဲ့သည်။
အခြေခံအားဖြင့် ဟောင်တျန်းနတ်ပိုင်နက်က လူများကြောင့်သာမဟုတ်ပါက တိမ်အိပ်မက်ကြယ်ဒေသက မည်သူမှ သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သူတို့ မိုလီကို ဘယ်လိုလုပ် သေခွင့်ပေးနိုင်မည်နည်း။
မိုဂျီ၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။
"အဆုံးမှာ ဝိဉာဉ်တုံကင်ကပြခဲ့တဲ့ အော်ရာက ဟောင်တျန်းနတ်ပိုင်နက်နဲ့ မသက်ဆိုင်ဘူး၊ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကိုလည်း ငါမေးပြီးပြီ၊ ဟောင်တျန်းနတ်ပိုင်နက်မှာ မကြာသေးခင်က အဓိကကြီးကြီးမားမားလှုပ်ရှားမှုတွေမရှိဘူးလို့ သူတို့အားလုံးပြောခဲ့ကြတယ်၊ နတ်အင်ပါယာနယ်ပယ်နောက်ပိုင်းအဆင့်အထက်က ဘယ်ကျွမ်းကျင်သူမှ မထွက်သွားခဲ့ဘူး"
နတ်သခင်အဆင့်ဂိုဏ်းများတွင် သူတို့၏ ကိုယ်ပိုင်သူလျှိုများရှိတာ သဘာ၀ကျပါသည်။
ဟောင်တျန်းနတ်ပိုင်နက်က သူလျှိုများကို လုချန်ရှန်းသွားစဉ်က ရှင်းလင်းပစ်ခဲ့သော်လည်း တခြားနတ်သခင်အဆင့်ဂိုဏ်းများ၏ အခြေခံအုတ်မြစ်အရ သူတို့၏ သူလျှိုများကို ပြန်စီစဉ်ရန် စွမ်းရည်ရှိနေဆဲပင်။
မိုကော၏ အမူအရာက မယုံနိုင်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
သူတို့မဟုတ်ဘူးဆိုရင်...အဲဒီလူလား!
အဲဒီလူက သူ့ခွန်အားကို ပြန်ရသွားပြီလား!
"ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ" မိုကောအံကြိတ်လိုက်သည်။
"ကျွန်တော်သွားကြည့်လိုက်ရမလား"
မိုဂျီ မိုကောကို စိုက်ကြည့်သည်။
"မိုလီတောင်သေသွားပြီ၊ မင်းသွားတာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ"
မိုကောနှင့်မိုလီအကြားတွင် ခွန်အားအရာ၌ အများကြီးကွာခြားချက်မရှိပါ။
ထိုသို့ဆိုပြီးနောက် မိုဂျီ တစ်ဘက်လှည့်ပြီး အနက်ရောင်ခန်းမကနေ ပျောက်ကွယ်သွား၏။ သူ့စကားလုံးများကမူ အနက်ရောင်ခန်းမအတွင်း အချိန်အတော်ကြာ ရစ်ဝဲကျန်ရှိနေခဲ့သည်။
"ငါယင်ယန်ဂိုဏ်းကိုသွားလိုက်မယ်"
ဒီနေရာတွင် ရှောင်ဟိုင်က ဒီအတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။
ယခုအချိန်က နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို အသိပေးရမည့်အချိန်ပေတည်း။ သူတို့ရှောင်ဟိုင်ကို အသက်ရှင်လျက် ဖမ်းပြီး ထိုအရာကို အသက်သွင်းရန်အတွက် စိတ်အားထက်သန်ကြရတော့မည်။
.....
တိမ်အိပ်မက်မြို့တွင် တာ၀န်ပြီးဆုံးပြီးနောက် မုဖူရှန်းနှင့်ကျန်သောသူများ မြို့သို့ပြန်လာခဲ့ကြသည်။ သူတို့တာ၀န်ကို လွှဲပြောင်းပေးပြီးနောက်တွင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သဲလွန်စတစ်ချို့ ရလာခဲ့ကြသည်။
ဘေးက ချင်းယောင်၊ ယင်ရှီလျန်နှင့် ယန်ရွှမ်တို့မှာ သူတို့လေးယောက်ကို အထိတ်တလန့်ကြည့်လိုက်ကြ၏။
သူတို့က နတ်ဆိုးဘုရင်ပိုင်နက်နှင့် သွေးဝံပုလွေဂိုဏ်းက လူများကို ကိုင်တွယ်ခဲ့သောသူများဆိုတာ ယင်ရှီလျန်တို့ သိကြပါသည်။
"အချိန်က တိုတောင်းတယ်၊ ငါတို့ဒီအရာတွေကို အမြန်ပြီးမြောက်ဖို့လိုတယ်" ယဲ့ချိုးပိုင် ရုတ်တရက်ရပ်ပြီး လေးနက်စွာပြောသည်။
"ဒီတာ၀န်နှစ်ခုတည်းက ပေးတဲ့အချက်အလက်နဲ့ သွေးဝံပုလွေဂိုဏ်းက ဝံပုလွေဘုရင်ရဲ့ သတင်းအချက်အလက်တွေက မလုံလောက်သေးဘူး"
စိတ်ဝိဉာဉ်သုံးခုထဲကတစ်ခုက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းထဲတွင် ရှိရပေမည်။
ဒီသတင်းအချက်အလက်များကမူ အလယ်အလတ်အဆင့်တွင်သာရှိသည်။
မုဖူရှန်းကလည်း ခေါင်းညိတ်သည်။
"တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အနက်ပိုင်းက သတင်းတွေက အဓိကဂိုဏ်းသုံးဂိုဏ်းရဲ့ လက်အောက်မှာ ရှိတယ်၊ ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပဲ၊ ဒါကိုရဖို့ နည်းနည်းတော့ ခက်တယ်"
"ရှင့်တို့ဒီသတင်းအချက်အလက်ကို တကယ်လိုအပ်နေတာဆိုရင်တော့ ကျွန်မမှာ ဖြေရှင်းနည်းတစ်ခုရှိလောက်တယ်" ချင်းယောင် ရုတ်တရက်ပြောသည်။
မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။
တိမ်အိပ်မက်မြို့တော်၀န်သမီးဖြစ်သည့်အပေါ် ချင်းယောင်တွင် နည်းလမ်းများရှိနေတာက ပုံမှန်သာ။
သို့စေကာမူ မုဖူရှန်းကဲ့သို့ လူတစ်ယောက်အဖို့ ချင်းယောင်နှင့် ပါ၀င်ပတ်သက်ရန်ဟူသည် အနည်းငယ်ခက်ခဲသည်။
ယဲ့ချိုးပိုင် မုဖူရှန်းပခုံးကိုပုတ်သည်။
"အချိန်က တိုတောင်းတယ်၊ ရွေးချယ်စရာမရှိဘူး"
မုဖူရှန်းအကူအညီမဲ့စွာပြုံးသည်။
ချင်းယောင် တစ်စုံတစ်ရာကို မြင်လိုက်ရပုံရသည့်အလား သူမ၏မျက်လုံးများက အနည်းငယ် နက်မှောင်သွားကြ၏။ ထို့နောက် သူမအပြုံးတစ်ပွင့်အားတင်းပြုံးကာ လက်ဝှေ့ယမ်းသည်။
"မစိုးရိမ်ပါနဲ့၊ ကျွန်မလုပ်နိုင်တာဆိုလို့ အဖေ့ကိုပြောရုံပါပဲ၊ နောက်ပိုင်း အကျိုးအမြတ်ဖလှယ်မှုတွေကတော့ သေချာပေါက် ရှိလာလိမ့်မယ်"
ဒါက သူတို့ကို အခုသူတို့က အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးတစ်ခုထဲတွင် ရှိသည်ဟု ပြောဆိုရန်ပင်။
"ဒါဆိုရင် သခင်မလေးချင်းကို ဒုက္ခပေးရတော့မယ်" မုဖူရှန်းခေါင်းညိတ်သည်။
တိမ်အိပ်မက်မြို့တော်၀န်စံအိမ်က တိမ်အိပ်မက်မြို့၏ အလယ်ဗဟိုတွင်ရှိသည်။
မြို့တော်၀န်စံအိမ်အပြင်၌ မရေမတွက်နိုင်လောက်သည့် စစ်သားများ စောင့်ကြပ်နေကြ၏။
သူတို့က မြို့အပြင်ပကလူများ ရုတ်တရက် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လာမည့် အရေးကနေ ကာကွယ်နေကြပုံရသည်။
ချင်းယောင်၏ ဦးဆောင်မှုအောက်တွင် သူတို့ဖွင့်ထားသည့်အခန်းတစ်ခန်းကို ရောက်လာကြသည်။
ယင်ရှီလျန်နှင့် ယန်ရွှမ်တို့အတွက် သူမနောက်လိုက်ရန်ဟူသည် အဆင်မပြေပေ။
သက်လတ်ပိုင်းအရွယ်လူတစ်ယောက် လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။
"မင်းတို့က ငါ့သမီးပြောခဲ့တဲ့ ပါရမီရှင်တွေဖြစ်ရမယ်"
ဒီလူက တိမ်အိပ်မက်မြို့တော်၀န်ဖြစ်သည်။
ယဲ့ချိုးပိုင် ရှေ့တစ်လှမ်းတိုးပြီး လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာ"
တိမ်အိပ်မက်မြို့တော်၀န် လက်ဝှေ့ယမ်းသည်။
"အရင်က မင်းတို့ငါ့သမီးကို ကယ်တင်ခဲ့ကြတယ်၊ ဒီတော့ ငါမင်းတို့ကို ပြန်ပေးဆပ်ချင်တယ်၊ ဒါပေမယ့်...."
အကြောင်းအရာကို ပြောင်းပစ်စဉ် မြို့တော်၀န် မျက်မှောင်ကြုတ်ကာ လေးနက်စွာပြောသည်။
"မင်းတို့ဒီတစ်ကြိမ်လိုနေတာက တိမ်အိပ်မက်မြို့တစ်ခုလုံးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်၊ မင်းတို့ ငါ့အတွက် ဘာယူလာပေးနိုင်လဲ"
သူတည့်တည့်ပင်ပြောသည်။
ဒီကိုလာခဲ့သည့်လမ်း၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ သူတို့သာ မြို့တော်၀န်ကို မစည်းရုံးနိုင်ပါက တခြားရွေးချယ်စရာမရှိပါ။
"အရမ်းရိုးရှင်းပါတယ်၊ ကျွန်တော်တို့ အနက်ပိုင်းကို ၀င်တဲ့အခါကျရင် မြို့တော်၀န်နဲ့ ကျန်ဂိုဏ်းနှစ်ဂိုဏ်းက အနက်ပိုင်းက ကိစ္စတွေကို လုံး၀ပုံဖော်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်၊ ဒီတော့ ကျွန်တော်တို့ ခင်ဗျားတို့ကို ရှေ့တန်းကတင်ပြီး အထဲက အချက်အလက်တွေကို ရှာဖွေဖို့အတွက် ကူညီပေးနိုင်ပါတယ်"
မြို့တော်၀န်အနည်းငယ်ခေါင်းညိတ်သည်။
သို့စေကာမူ သူ့သဘောထားကို မဖော်ပြသေးသဖြင့် ဒါက ဒီကိစ္စလေးက မလုံလောက်ဟု ဆိုလိုနေခြင်းပင်။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အဲကနေ ရလာသမျှ အရာတိုင်းကို ခင်ဗျားကို ပေးနိုင်ပါတယ်၊ ကျွန်တော်တို့ တစ်ခုပဲ လိုအပ်တာ"
"နောက်ဆုံးအနေနဲ့တော့" ယဲ့ချိုးပိုင် ဆေးပုလင်းတစ်ပုလင်းထုတ်ယူပြီး မြို့တော်၀န်ကို ပေးကာပြုံးသည်။
"ဒီဆေးလုံးကို တိမ်ပုံရိပ်ယောင်ဆေးလုံးလို့ခေါ်တယ်၊ ဒါကပုံရိပ်ယောင်တွေကို ခံနိုင်ရည်ရှိတယ်"
ချင်းယောင် တိမ်အိပ်မက်မြို့တော်၀န်ကို တိမ်ပုံရိပ်ယောင်ဆေးလုံးအကြောင်း မပြောခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက အဆောင်တစ်ခု စိုက်ပျိုးထားသည် မဟုတ်ပေလော။
သူမဒီအကြောင်းနှင့်ပတ်သက်ပြီး ဘာတစ်ခုမှ မပြောနိုင်ပါ။ မြို့တော်၀န်ဒါကို ကြားသော် ကြက်သေသေသွားပြီး ထိုင်ခုံကနေ ရုတ်တရက်ထရပ်ကာ ကျယ်လောင်စွာ ပြောသည်။
"တကယ်လား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဘယ်လောက်အထိ ခံနိုင်လဲ"
"အလယ်ပိုင်းအထိတော့ ဘာပြဿာနာမှ မရှိဘူး၊ ဒါပေမယ့် ကျွန်တော်အနက်ပိုင်းမှာတော့ မစမ်းသပ်ရသေးဘူး၊ အဲမှာလည်း သက်ရောက်မှုတစ်ချို့ရှိမယ်လို့ ကျွန်တော်ထင်တယ်"
အလယ်အဆင့်လား၊ အလယ်အဆင့်က လုံလောက်ပြီ!
မြို့တော်၀န် အတော်လေးအံ့ဩသင့်သွားသည်။
"မင်းတို့ဘယ်လောက်များများပေးနိုင်လဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ကျွန်တော်တို့ဒါပေးဖို့ တစ်ယောက်ယောက်ကို ခေါ်လာနိုင်ပေမယ့် အလကားတော့ ပေးမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ခင်ဗျားကို လဲလှယ်ဖို့အတွက် အခွင့်အရေးတစ်ခု ပေးနေတာပါ"
ဟမ်၊ အန်ကယ်လုလွတ်မြောက်သင့်ပြီမလား!
အပိုင်း(1029) coming။