← Chapters

#‌ဟွမ်ချင်း၊ အရိပ်အမြွက်မပေးနဲ့#

Vol. 73 Ch. 1029

#‌ဟွမ်ချင်း၊ အရိပ်အမြွက်မပေးနဲ့#

Vol. 73 Ch. 1029

တိမ်အိပ်မက်မြို့ရှိ ဂိုဏ်းများမှ အရင်းအမြစ်များ၏ အဓိကဇစ်မြစ်က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းက ဖြစ်သည်။ 

သူတို့အတွက် အနက်ပိုင်းတွင် ပေးဆပ်ရသည့်တန်ဖိုးက အတော်လေးမြင့်မားပြီး အရမ်းအန္တရာယ်များလေရာ သူတို့ အနက်ပိုင်းကို သွားသောအခါ အခြေအနေအနည်းငယ်ရှိသည်။ 

သူတို့သုံးနှစ်တစ်ကြိမ်စီသွားရန်အတွက် စီစဉ်ထားသည်။ 

ထို့ကြောင့် တိမ်ပုံရိပ်ယောင်ဆေးလုံးက အရှေ့ပိုင်းနှင့် အလယ်ပိုင်းအတွက်သာ အသုံး၀င်ရန် လိုအပ်သည်။ 

"ကြာချိန်ကရော"

"ကျွန်တော်တို့ရဲ့ခွန်အားနဲ့ ငါးရက်လောက်တော့ ကြာနိုင်တယ်၊ ကျွန်တော်တို့ပိုအားကောင်းလေလေ၊ ပိုကြာလေလေပေါ့" ယဲ့ချိုးပိုင်အပြုံးဖြင့်ပြောသည်။ 

တိမ်အိပ်မက်မြို့တော်၀န် ရုတ်တရက် ရယ်မောကာ ယဲ့ချိုးပိုင်အားကြည့်သည်။ 

"တကယ်ဒီလိုပဲဆိုရင် တခြားအခြေအနေတွေ မလိုတော့ဘူး၊ မင်းမှာ တိမ်ပုံရိပ်ယောင်ဆေးလုံးတွေများများရှိနေသရွေ့ ငါလက်ခံတယ်"

"ငါဒါကို အဖိုးကြီးနှစ်ယောက်နဲ့ အခုဆွေးနွေးလိုက်မယ်၊ သူတို့ငြင်းမယ်လို့ ငါမထင်ဘူး၊ မင်းတို့...."

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ကျွန်တော်တို့အခုလေ့ကျင့်နေလိုက်ပါမယ်"

မြို့တော်၀န်ပြုံးရင်း ယဲ့ချိုးပိုင်၏ ပခုံးကို ပုတ်သည်။ 

"ဒီလိုဆိုမှတော့ ဒီကိစ္စမှာ ကြိုတင်ပျော်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ဖို့ ငါ‌ဆန္ဒပြုပါရစေ"

"ပျော်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါ"

ယဉ်ကျေးစွာဆက်ဆံပြီးနောက် မြို့တော်၀န် အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်ဆီသို့ ပြေးလေတော့သည်။ 

တိမ်ပုံရိပ်ယောင်ဆေးကဲ့သို့ ဆေးလုံးမျိုးက သူတို့အရေးတကြီးလိုအပ်နေသည့်အရာ မဟုတ်ပေလော။ 

ချင်းယောင်ပြုံးပြီး ရှေ့တိုးသည်။ 

"အရင်က အဖေနဲ့မိတ်ဆက်ပေးမယ်လို့ ကျွန်မပြောခဲ့တာက ရှင်တို့လက်ထဲက တိမ်ပုံရိပ်ယောင်ဆေးလုံးရဲ့ သွေးဆောင်မှုကို သိလို့ပဲ၊ ဒါနဲ့သာဆိုရင် အဖေနဲ့ စီနီယာနှစ်ယောက်က ငြင်းမှာမဟုတ်ဘူး"

ဒီဆေးလုံးနှင့်ဆိုပါက သူတို့ မရေမတွက်နိုင်လောက်သည့် အရင်းအမြစ်များရလာမည်ဖြစ်ကာ ခွန်အားနှင့် အခြေခံအုတ်မြစ်ကလည်း ကြီးမားစွာ တိုးလာပေလိမ့်မည်။ 

ထိုအချိန်တွင် တိမ်အိပ်မက်မြို့အပြင်ဘက်က အင်အားစုများက အတိတ်တွင် ကျန်ရစ်ခဲ့သည့် အရာတစ်ခုသာဖြစ်လာမည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနားရန်အတွက် ရောက်လာကြသည်။ ယဲ့ချိုးပိုင် လှည့်ကြည့်လိုက်သောအခါ အနီးတွင် ဘယ်သူမှမရှိတာကို မြင်လိုက်ရသည်။ မုဖူရှန်း အဆောင်အတားအဆီးတစ်ခုကို ချလိုက်သည်။ 

ထို့နောင် သူကျောက်စိမ်းဆွဲသီးကို ထုတ်ကာ အထဲသို့ အင်မော်တယ်ချီသွန်ထည့်လိုက်စဉ် ကျောက်စိမ်းဆွဲသီးက လင်း၀င်းလာပြီး လုချန်ရှန်း လေဟာနယ်ထဲတွင် ပေါ်လာသည်။ 

"ဆရာ"

ဒီအချိန်တွင် လုချန်ရှန်းတစ်မှေးအိပ်နေသည်။ ယဲ့ချိုးပိုင်၏အသံကို ကြားသောအခါ သူ့ခန္ဓာက အလိုအလျောက် တုန်ယင်သွား၏။ 

ထို့နောက်သူ အလျင်အမြန်ထရပ်ကာ ဆူပူကြိမ်းမောင်းလေတော့သည်။ 

"ဘယ်လောက်ကြာသေးလို့လဲ၊ ကောင်စုတ်လေး၊ မင်းဒုက္ခရောက်နေပြန်ပြီလား"

ယဲ့ချိုးပိုင် "...."

မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့မှာ ပါးစပ်များကိုပိတ်ကာ ရယ်ချင်စိတ်ကို ချုပ်တည်းထားရသည်။ 

သူတို့၏မျက်နှာများက ရယ်ချင်စိတ်ကို ချုပ်တည်းထားရသည့်အပေါ်  နီရဲလာကြ၏။ 

ယဲ့ချိုးပိုင် သူ့ဂျူနီယာသုံးယောက်ကို စူးစိုက်ကြည့်ပြီးနောက် လုချန်ရှန်းကို အကူအညီမဲ့စွာပြောသည်။ 

"ဆရာ၊ ကျွန်တော်တို့ဒုက္ခမရောက်ပါဘူး၊ ကျွန်တော်တို့ အန်ကယ်လုကို ရှာချင်လို့ပါ"

"ဒုက္ခရောက်မနေဘူးလား" လုချန်ရှန်း၏ မျက်လုံးအစုံက မယုံနိုင်သည့်အသွင် ပြူးကျယ်သွားခဲ့သည်။ 

မင်းသေချာလား!

"မင်းတို့တကယ်ပဲ ဒုက္ခရောက်နေတယ်ဆိုရင် ငါ့ကိုမြန်မြန်ပြောရမယ်၊ ပြဿာနာကို ‌အချိန်ဆွဲမထားနဲ့၊ မင်းအချိန်ဆွဲထားတာနဲ့ နောက်ပိုင်းမှာ ကိုင်တွယ်ဖို့အတွက် ပိုပိုပြီး ခက်ခဲလာလိမ့်မယ်"

"ကောင်းကောင်းနေ၊ ငါ့ကိုပြော၊ ငါမင်းကို ဒီတစ်ကြိမ် အပြစ်မပေးဘူး"

လုချန်ရှန်း၏ လေးနက်သည့်အမူအရာကို မြင်ရသောအခါ ယဲ့ချိုးပိုင်ထပ်မံဆွံအသွားရသည်။ 

ငါ့ဆရာရဲ့ နှလုံးသားထဲမှာ ငါက ဒီလောက်ထိ မယုံနိုင်စရာကောင်းနေတာလား၊ ငါပြဿာနာအရမ်းရှာရတာကို သဘောကျတယ်လို့ ငါတကယ်ထင်နေတာလား!

"ကျွန်တော်တို့တကယ် ဒုက္ခရောက်မနေပါဘူး" ယဲ့ချိုးပိုင်ခါးသီးစွာ ပြုံးရင်း ခေါင်းခါယမ်းသည်။ 

"ဆရာ ကျွန်တော့်ကို မယုံဘူးဆိုရင် ဂျူနီယာညီလေးမုနဲ့ ကျန်တဲ့သူတွေ မေးလို့ရတယ်"

သူ့ဆရာ သူ့ကိုဒီတစ်ကြိမ်တော့ ယုံကြည်မည်ဟု သူထင်ခဲ့သည်။ 

မျှော်လင့်မထားစွာပင် သူ့ဆရာက မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့နှင့်အတူ အမှန်တကယ် အတည်ပြုခဲ့သည်။ 

အတည်ပြုပြီးနောက် လုချန်ရှန်း မျက်လုံးထဲက မျက်ရည်စက်လက်နှင့် မော့ကြည့်သည်။ 

"နောက်ဆုံးတော့၊ နောက်ဆုံးတော့ မင်းငါ့ကို ပြဿာနာမရှာထားဘဲ လာရှာခဲ့ပြီပဲ"

"ဒါပေမယ့်...." လုချန်ရှန်း ယဲ့ချိုးပိုင်ကို ထပ်ကြည့်ပြီး စိတ်မရှည်စွာပြောသည်။ 

"မင်းက အကြောင်းမဲ့ ငါ့ရဲ့နေ့လည်နားချိန်ကို နှောင့်ယှက်ခဲ့တယ်၊ အပြစ်ဒဏ်က အရမ်းသေးလွန်းတယ်လို့ မင်းထင်နေတာလား၊ နောက်တစ်ကြိမ် မင်း ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်ရော"

ယဲ့ချိုးပိုင် "....."

ဒီတော့ဘာပဲဆိုဆို ဒါကအလုပ်မဖြစ်ဘူးပေါ့!

"ကောင်းပြီ၊ မင်းလျိုကျိယုကို ရှာနေတာမလား" လုချန်ရှန်း ကျောက်စိမ်းဆွဲသီးကို ကောက်ကိုင်ပြီး လျိုကျိယုထံ ပစ်ပေးလိုက်၏။ 

သို့စေကာမူ လျိုကျိယု၏ပုံရိပ်ကို မြင်သောအခါ ယဲ့ချိုးပိုင်တို့လေးဦးစလုံး ကြက်သေသေသွားကြသည်။ 

လျိုကျိယုမြေပေါ်၌ အကြောသေနေသည့်ပမာ လဲနေသည်။ သူ့မျက်လုံးများက အသက်ကင်းမဲ့နေပြီး သူ့ပါးစပ်ထောင့်စွန်းကနေ သေဆုံးတော့မည့်အလား ကြည်လင်သည့် သတင်းပုံစံအရာတစ်ခု စီးဆင်းနေသည်။ 

သို့စေကာမူ သူ့အော်ရာက အရင်ကထက် ပိုအားကောင်းလာပြီး ဒါက အနည်းငယ်မျှသာ အားကောင်းလာခြင်းမဟုတ်ပေ။ 

"ဒါက...." 

"အိုး၊ သူငါ့ကို ဆေးလုံးတွေစမ်းသပ်ဖို့ ကူညီပေးတာလေ" လုချန်ရှန်းပြောပြီးနောက် လျှောက်သွားကာ လျိုကျိယု၏ မျက်နှာကို ပုတ်လိုက်၏။ 

သူတော်စင်ချီစီးကြောင်းတစ်ခု ၀င်သွားပြီးနောက် လျိုကျိယုနိုးလာသည်။ 

သို့စေကာမူ သူ့ခြေထောက်များက အသားစင်းများပမာ ပျော့နေဆဲပင်။ သူထရပ်ရန် ကြိုးစားသော်လည်း ပျော့ပျောင်းနေသည့် ဝါဂွမ်ကို နင်းနေရသည့်ပမာ သူလှမ်းသည့်ခြေလှမ်းတိုင်းက မိုးကြိုးပေါ်သို့ တက်နင်းနေရသည့်အလားထင်ရသည်။ နောက်တစ်ကြိမ်တွင် သူကျသွားမလားဆိုတာ သူမသိပါ။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ မျက်လုံးများက ပူဆွေးမှုများနှင့် ပြည့်နှက်သွားကြ၏။ 

ဒီလိုဖြစ်လာဖို့အတွက် သူဘာတွေကြုံကြိုက်ခဲ့ရတာလဲ!

လျိုကျိယု ကျောက်စိမ်းဆွဲသီးထဲက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်ရင်း ငိုနေသည်ထက် ပိုကြည့်ရဆိုးသည့် အပြုံးတစ်ခုကို ဖော်ပြသည်။ 

"ဘာ....ဘာကိစ္စလဲ"

လူငယ်မျိုးဆက်များရှေ့တွင် သူပို၍ ဂုဏ်ကျက်သရေရှိစွာ ဟန်ဆောင်ခဲ့သော်လည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမြင်၌ သူကအတော်လေး စိတ်မကောင်းစရာအခြေအနေတွင် ရှိနေလေပြီ။ 

"ကျွန်တော်တို့ အန်ကယ်လုကို ခရီးတိုတစ်ခု သွားစေချင်တယ်"

ခရီးတိုတစ်ခုလား!

လျိုကျိယု၏ မျက်လုံးများက လင်း၀င်းသွားသည်။ 

ခရီးတိုတစ်ခုသွားရတာက ကောင်းတယ်၊ ငါအကြောင်းပြချက်တစ်ခုနဲ့ လွတ်မြောက်နိုင်တာပေါ့!

ဆေးလုံးတွေအတွက် နောက်ထပ်အစမ်းသပ်ခံ၀က်ဖြစ်နေစရာ မလိုတော့ဘူး!

လုချန်ရှန်း၏ ထူးဆန်းသည့်ဆေးလုံးများကြောင့် သူ့ခွန်အားက အများကြီး တိုးတက်လာခဲ့သော်လည်း ဒီဖြစ်စဉ်က အရမ်းနာကျင်ရသည်။ 

သူမမြင်နိုင်တော့သည့် အကြိမ်ရေပင် အနည်းငယ်ရှိခဲ့သည်။ 

ဒီနာကျင်မှုကို ဘယ်သူနားလည်နိုင်မှာလဲ!

လျိုကျိယု အလျင်အမြန်ခေါင်းညိတ်သည်။ 

"ကောင်းပြီ၊ ကောင်းပြီ၊ ငါခရီးတိုသွားရတာတွေကို သဘောအကျဆုံးပဲ၊ မဟုတ်ဘူး၊ ဒါမှားတယ်၊ ဂျူနီယာလေးတွေရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ငါအကောင်းဆုံးကြိုးစားမှာပါ"

ဟွမ်ချင်းဆွံအနေသည်။ 

"ရှင်လွတ်မြောက်ဖို့ကြိုးစားနေတာတော့ မဟုတ်ဘူးမလား"

လျိုကျိယု ဟွမ်ချင်းကို လှည့်ကြည့်ပြီးနောက် အော်ဟစ်သည်။ 

"လွတ်မြောက်ချင်နေတယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ၊ ငါကဒီလိုလူမျိုးလား၊ စီနီယာလု ငါ့ကို ပေးခဲ့တဲ့ဆေးလုံးတွေက နည်းနည်းကြမ်းပေမယ့် ငါနတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကို ချိုးဖျက်သွားပြီလေ"

"ဒါဆိုဆက်လုပ်လေ၊ ငါသူတို့ကို ကူညီလိုက်မယ်" ဟွမ်ချင်းစနောက်လိုက်သည်။ 

လျိုကျိယု၏ အမူအရာက အေးခဲသွားပြီး ပါးစပ်ကိုပိတ်ကာ ချောင်းဟန့်လိုက်၏။ 

"အမ်း၊ အဟမ်း.... ငါ့နယ်ပယ်ချိုးဖျက်မှုက အရမ်းမြန်လွန်းတော့ အပြင်ထွက်ပြီး တည်ငြိမ်အောင်လုပ်တာက ပိုကောင်းတယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"အရမ်းကောင်းတယ်၊ အန်ကယ်လု၊ ကျွန်တော် ခင်ဗျားကို ဂျူနီယာညီလေး၀မ်အာဆီကို သွားပြီး တိမ်ပုံရိပ်ယောင်ဆေးလုံးတွေကို တတ်နိုင်သမျှ သန့်စင်ပြီး တိမ်အိပ်မက်ကြယ်ဒေသကို ပို့ဖို့အတွက် ပြောစေချင်တယ်၊ အာကာသတယ်လီပို့ အစီအရင်ကို ဖွင့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"

လျိုကျိယု မျက်မှောင်ကြုတ်သည်။ 

မု၀မ်အာက ယခု ဟုန်ရင်တို့နှင့်အတူ ရှိနေပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေကနေ အဆင့်မြင့်ကြယ်နယ်မြေသို့ ခရီးသွားနေသည်။ 

ငါ အာကာသတယ်လီပို့အစီအရင်တစ်ခုကိုလည်း ဖွင့်ရဦးမှာလား!

စီနီယာလု သူ့ကို အာကာသတယ်လီပို့အစီအရင်ဖွင့်ရန်အတွက် အစီအရင်စာလိပ်တစ်ခု ပေးထားသော်လည်း ဒါက ကြိုးစားအားထုတ်မှုအများကြီး လိုအပ်သည်။ 

ယဲ့ချိုးပိုင်ရုတ်တရက် နောင်တရစွာပြောသည်။ 

"ဒါက အန်ကယ်လုအတွက် အဆင်မပြေဘူးလား၊ ဒါဆိုရင်တော့ အစ်ကိုဟွမ်ချင်း..."

"မဟုတ်ဘူး၊ မဟုတ်ဘူး" လျိုကျိယု အလျင်အမြန်လက်ဝှေ့ယမ်းသည်။ 

"အဆင်ပြေတယ်၊ အရမ်းအဆင်ပြေတယ်"

ထို့နောက် သူ လုချန်ရှန်းဆီကနေ ကြီးမားသည့် တာဝေးတယ်လီပို့အစီအရင်အနည်းငယ်ကို ယူပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ပြေးသွားလေတော့သည်။ 

သူဒီနေရာတွင် အစမ်းသပ်ခံသူ မဖြစ်ချင်တော့ပါ။ 

လုချန်ရှန်းလှည့်ကာ လျိုကျိယု ထွက်ပြေးသွားတာကို ကြည့်နေသည့် ဟွမ်ချင်းအား ကြည့်ပြီး ပြုံးသည်။ 

"ငါ့ရဲ့နောက်ဆေးလုံးဆေးပြင်းဖိုက အဆင့်သင့်ဖြစ်လုနီးပါးဖြစ်နေပြီ၊ ဟွမ်ချင်း၊ မင်းမကြိုးစားကြည့်ချင်ဘူးလား"

ဟွမ်ချင်း၏ မျက်ခုံးများက ရှုံ့တွတုန်ယင်သွားပြီး လှည့်ကာထွက်သွားသည်။ 

လျိုကျိယုကို နမူနာထားရင်း ဒီလို ကြမ်းတမ်းသည့်အလုပ်မျိုးကို သူမလုပ်မည်မဟုတ်။ 

ငါ့ရဲ့ပုံရိပ်ကို ငါဂရုမစိုက်ဘူးလို့ထင်နေတာလား!

လုချန်ရှန်းရှေ့တွင် သူမ၏ စစ်မှန်သောပုံစံကို ပြသခြင်းထက် သူမသေသွားတာက ပိုကောင်းသည်။ 

အပိုင်း(1030) coming။ 

All Chapters