← Chapters

#‌မုဖူရှန်း၊ အရိပ်အမြွက်မပေးနဲ့#

Vol. 73 Ch. 1030

#‌မုဖူရှန်း၊ အရိပ်အမြွက်မပေးနဲ့#

Vol. 73 Ch. 1030

အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဟုန်ရင် ဂိုဏ်းအသီးသီးကို အဆက်မပြတ်အုပ်ချုပ်ရန်နှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံး၌ တိမ်ဖီးနစ်အင်ပါယာကို ဖြည်းဖြည်းချင်း စိမ့်၀င်သွားစေရန်အတွက် တိမ်ဖီးနစ်အင်ပါယာကို ဦးဆောင်ခဲ့သည်။ 

နင်းချန်ရှင်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့က တိမ်ဖီးနစ်အင်ပါယာတွင် ဟုန်ရင်ကို ကူညီပေးနေကြသည်။ 

အရိပ်နယ်မြေဟုခေါ်သည့် နေရာတစ်ခုတွင် ဟုန်ရင်က အုပ်စုကြီးတစ်စုနှင့်အတူ ရှိနေသည်။ 

လျိုကျိယုရောက်လာသောအခါ ဟုန်ရင်နှင့် ကျန်သောသူများ အနည်းငယ် ကြက်သေသေသွားကြ၏။ 

"အန်ကယ်လျို၊ ဘာလို့ဒီမှာရှိနေရတာလဲ"

"တစ်ခုခုအတွက်ကြောင့်ပေါ့" လျိုကျိယုလှည့်ကြည့်လိုက်စဉ် မု၀မ်အာကို မတွေ့သဖြင့် မေးလိုက်သည်။ 

"မု၀မ်အာဘယ်မှာလဲ"

ရှီရှန်း သူ့နောက်ဘက်ကို လက်ညိုးထိုးပြသည်။ 

"ဂျူနီယာညီမလေး၀မ်အာက နောက်ဘက်က ဆေးလုံးသန့်စင်ခန်းမှာ ဆေးလုံးတွေကို သန့်စင်နေတယ်"

လျုကျိယုလှည့်ကြည့်လိုက်သည်။ 

ထိုနေရာကနေ မှိန်ဖျော့သည့် ဆေးလုံးရနံ့တစ်ခုထွက်နေသည်။ 

"ကြည့်ရတာ ပြီးခါနီးပြီထင်တယ်၊ ဒါဆို သူထွက်လာတဲ့အထိ စောင့်ကြတာပေါ့"

ဆေးလုံးရနံ့ထွက်လာသောအခါ ဒါက ဆေးလုံးက နောက်ဆုံးအဆင့်ကို ရောက်နေပြီဟု ဆိုလိုနေခြင်းပင်။ 

မျှော်လင့်ထားသည့်အတိုင်းပင် ငါးမိနစ်အတွင်း မု၀မ်အာထွက်လာပြီး ဟုန်ရင်အား လက်စွပ်တစ်ကွင်းပေးသည်။ 

"အစ်မကြီး၊ အထဲက ဆေးလုံးတွေက စစ်တပ်ကလူတွေအတွက် လုံလောက်မှာပါ"

ဟုန်ရင်ပြုံးရင်း ခေါင်းညိတ်ပြီးနောက် ပြောသည်။ 

"ကျေးဇူးပါ၊ ညီမလေး၊ အိုး၊ ဟုတ်သားပဲ၊ အန်ကယ်လျို နင့်ကိုရှာနေတယ်"

အို!

မု၀မ်အာ လှည့်ကြည့်လိုက်သောအခါ လျိုကျိယုလျှောက်လာတာကို တွေ့လိုက်ရသည်။ လျိုကျိယုတိုက်ရိုက်ပင်ပြောသည်။ 

"မင်းရဲ့အစ်ကိုကြီးက မင်းကို တိမ်ပုံရိပ်ယောင်ဆေးလုံးတွေတစ်ပုံကြီး သန့်စင်ဖို့အတွက် ပြောဖို့ ငါ့ကိုပြောခဲ့တယ်"

ထို့နောက် သူမု၀မ်အာကို ယဲ့ချိုးပိုင် သူ့ကို ပြောခဲ့တာကို ပြောပြလိုက်သည်။ 

ပတ်၀န်းကျင်က လူများကလည်း ကြားကြပါသည်။ 

မု၀မ်အာပြုံးသည်။ 

"ကြည့်ရတာ အစ်ကိုကြီးက အစ်မကြီးအတွက် စီးပွားရေးလုပ်ငန်းတစ်ခု ရှာတွေ့သွားပုံပဲ"

ရှီရှန်း စိတ်ရှုပ်ထွေးစွာမေးသည်။ 

"ဘာကိုဆိုလိုတာလဲ"

ဟုန်ရင်ပြုံးရင်း ရှင်းပြသည်။ 

"တိမ်အိပ်မက်ကြယ်ဒေသမှာ တိမ်ပုံရိပ်ယောင်ဆေးလုံးကို လဲလှယ်ဖို့အတွက် ဒီလောက်ထိ ဒုက္ခခံနေစရာမလိုပါဘူး၊ ဆေးညွှန်းကို လက်ဆင့်ကမ်းလိုက်ရုံပဲလေ"

"ဒါပေမယ့် အစ်ကိုကြီးက ဂျူနီယာညီမလေး၀မ်အာကို သန့်စင်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဆိုလိုတာက သူ့ရည်ရွယ်ချက်က အချိန်အကြာကြီး ပူးပေါင်းဆောင်ရွက်ဖို့ပဲ၊ သူ တိမ်ပုံရိပ်ယောင်ဆေးလုံးကို အဆင့်မြင့်ကြယ်နယ်မြေက အစွမ်းထက်ဂိုဏ်းတွေနဲ့ အရင်းအမြစ်တွေ လဲလှယ်တဲ့အခါ လဲလှယ်ဖို့ အသုံးပြုချင်တာပဲ"

"ပြီးတော့ ဒီအရင်းအမြစ်ပမာဏအများအပြားက ငါတို့အတွက်ဆိုရင် အရမ်းအသုံးမ၀င်ဘူး၊ တကယ်တော့ ဒါတွေကို တိမ်ဖီးနစ်အင်ပါယာကို အားဖြည့်ဖို့အ‌တွက် သုံးနိုင်တယ်"

မု၀မ်အာဆက်သည်။ 

"အဲဒီအချိန်ကျရင် ကျွန်မက တိမ်ဖီးနစ်အင်ပါယာက အဂ္ဂိရတ်ပညာရှင်တွေကို တိမ်ပုံရိပ်ယောက်ဆေးလုံးရဲ့ သန့်စင်နည်းနဲ့ အသေးစိတ်ကို ပြောပြဖို့ပဲလိုတယ်"

ဒီနည်းလမ်းဖြင့် တိမ်ဖီးနစ်အင်ပါယာက အဆင့်မြင့်ကြယ်နယ်မြေကနေ အရင်းအမြစ်များကို ဆက်တိုက်ရယူနိုင်မည်ဖြစ်ပြီး ဒါက လက်ရှိတိမ်ဖီးနစ်အင်ပါယာအတွက် သံသယမရှိ ကြီးမားသည့် အကူအညီတစ်ခုဖြစ်သည်။ 

လျိုကျိယုဘေးကနေ နားထောင်ရင်းပြုံးသည်။ 

"မင်းတို့ဆရာတူညီအစ်ကိုမောင်နှမတွေမှာ အပြန်အလှန်နားလည်မှုတစ်ခုစီ ရှိတာပဲ"

သူတို့ကို ကြယ်နယ်မြေတစ်ခုခြားထားသော်လည်း တစ်ဘက်လူ၏အတွေးကို တွေးနိုင်နေသေးပြီး ဒါကမှန်ပါသည်။ 

သူ့လို ခရီးတိုဆစ်ခုဆင်နွှဲရမည့် ကောင်လေးအတွက်သာ ခက်ခဲနေခြင်းဖြစ်သည်။ 

.....

တိမ်အိပ်မက်မြို့၌ တစ်ရက်အကြာတွင် တိမ်အိပ်မင်မြို့တော်၀န် အဖိုးအိုနှစ်ဦးကို မုဖူရှန်းနှင့် ကျန်သောသူများ၏ ခြံ၀င်းထဲသို့ ခေါ်လာခဲ့သည်။ 

"သူတို့က အဆောင်သခင်မဟာမိတ်နဲ့ အစီအရင်ဆရာမဟာမိတ်ရဲ့ ခေါင်းဆောင်တွေပါ"

စကားအနည်းငယ်ပြောဆိုပြီးနောက် ခေါင်းဆောင်နှစ်ဦး စိတ်မရှည်စွာပြောသည်။ 

"တစ်ကြိမ်မှာ မင်းတို့တိမ်ပုံရိပ်ယောင်ဆေးလုံး ဘယ်နှစ်လုံးလောက် ထောက်ပံ့ပေးနိုင်လဲ၊ ပြီးတော့ ဘယ်နှစ်ကြိမ်လောက်စီ ပေးနိုင်လဲ"

သူတို့ တိမ်ပုံရိပ်ယောင်ဆေးလုံး၏ သက်ရောက်မှုကို စမ်းသပ်ရန်အတွက် တစ်ယောက်ယောက်ရှာခဲ့ပြီး ရလဒ်က သူတို့စိတ်ကူးထားတာထက် သာလွန်နေသည်ဟု ဆို၍ရသည်။ 

ထို့ကြောင့် ဘယ်လောက်ပဲပေးဆပ်ရပါစေ သူတို့သုံးယောက် တိမ်ပုံရိပ်ယောင်ဆေးလုံးကို ရရန်လိုအပ်သည်။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဒီအကြောင်းကို ကျွန်တော်တို့ မသိပေမယ့် အရမ်းကြာမယ်လို့တော့ မထင်ဘူး"

သူတို့ အန်ကယ်လျို ဒီနေရာထိ အာကာသတယ်လီပို့အစီအရင်တစ်ခု ဆွဲတာကို စောင့်ရန်သာ လိုအပ်သည်။ 

"တိကျတဲ့ဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က စီနီယာတို့သုံးယောက်နဲ့ ညှိနှိုင်းပေးပါလိမ့်မယ်"

ယဲ့ချိုးပိုင်စကားပြောနေစဉ် သူ့အကြည့်က တိမ်အိက်မက်မြို့တော်၀န်ဆီသို့ ကျလာခဲ့သည်။ 

ဒါကိုမြင်သော် တိမ်အိပ်မက်မြို့တော်၀န်လည်း ဒီအကြည့်၏ အဓိပ္ပာယ်ကို နားလည်သွား၏။ 

"သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ပြဿာနာမရှိဘူးဆိုပေမယ့် ငါတို့လူတွေက ပထမဆုံး၀င်ချိန်မှာ မင်းတို့နဲ့အတူ လိုက်သွားရမယ်၊ တစ်ခုခုဖြစ်ပျက်သွားတာနဲ့ တိမ်ပုံရိပ်ယောင်ဆေးလုံးအတွက် ပေးချေမှုကလည်း ရပ်သွားမယ်၊ ဒါ့အပြင် ငါတို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အနက်ပိုင်းက ကြောက်စရာကောင်းတဲ့ ပုံရိပ်ယောင်မြူတွေကို ခံနိုင်စွမ်းရှိတယ်ဆိုရင်တောင် အထဲက ရွှံ့နွံမှော်သားရဲတွေအားလုံးက နတ်အင်ပါယာနယ်ပယ်ကို ရောက်နေကြပြီ၊ ဒါ့အပြင် မှတ်တမ်းတွေအရဆိုရင် ဗဟိုချက်နေရာမှာ နတ်သခင်အဆင့်ရွှံ့နွံသခင်တစ်ပါးရှိတယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။ 

ဒါက သူတို့လေးယောက်တွင် တခြားစေ့ဆော်မှုများရှိမှာကို ကြောက်သည့်အပေါ် သူတို့လှုပ်ရှားမှုများကို အမှန်တကယ် အာရုံစိုက်ချင်သည်ဟု ဆိုလိုနေခြင်းပင်။ 

"ပြဿာနာမရှိဘူး"

အကြည့်များဖလှယ်ပြီးနောက် ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

ဒါကိုမြင်သော် မြို့တော်၀န်နှင့်ကျန်နှစ်ဦး စိတ်သက်သာရာရစွာ သက်ပြင်းချပြီး သတင်းအချက်အလက်ကို ယဲ့ချိုးပိုင်အား ပေးကြသည်။ 

သူတို့သုံးယောက်ထွက်ခွာပြီး တစ်ရက်တည်းတွင် ထွက်ခွာရန်အတွက် သဘောတူလိုက်ကြသည်။ 

ယဲ့ချိုးပိုင် သတင်းအချက်အလက်ကို ဖွင့်ကြည့်သော်လည်း သူစိတ်ကူးထားသည့်အတိုင်း တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းနှင့် ပတ်သက်သည့် သတင်းအများကြီးမရှိပါ။ 

အနက်ပိုင်းဒေသက အလွန်အမင်း သေးငယ်သော်လည်း မှော်သားရဲများ အများကြီး စူးစိုက်ထားသည့်နေရာဖြစ်ပြီး ၎င်းတို့အားလုံးက နတ်အင်ပါယာနယ်ပယ်များ ဖြစ်ကြသည်။ 

တစ်ချိန်တည်းမှာပင် အနက်ပိုင်းရွှံ့နွံနှင့် အရင်ပိုင်းကြား၌ ကမ္ဘာတုန်လှုပ်ဖွယ် ကွာခြားချက်တစ်ခုရှိသည်။ 

အနက်ပိုင်းတွင် ဆွဲငင်အားစက်ကွင်းတစ်ခု အမှန်တကယ်ရှိနေခဲ့သည်။ 

သူတို့ ရွှံ့နွံထဲကို အနည်းငယ်ကျသွားတာနှင့် ဆွဲငင်အားစက်ကွင်း၏ ချက်ချင်းဆွဲယူခြင်းကို ခံရပေလိမ့်မည်။ ထို့နောက် သူတို့အတွက် လွတ်မြောက်ရန်ဟူသည် အတော်လေးခက်ခဲသွားပေလိမ့်မည်။ 

သူတို့ဆက်ဖတ်ကြသည်။ 

ရုတ်တရက် အနီစက်နှစ်စက်က သူတို့လေးယောက်၏ အာရုံကို လုံး၀ဆွဲဆောင်သွားခဲ့သည်။ 

ဒီနေရာ‌နှစ်နေရာကို အနီရောင်ဖြင့် အမှတ်အသားပြုထားပြီး သီးခြားမှတ်စုတစ်ခုရှိသည်။ 

ထိုနေရာ၌ အဖိုးတန်ရတနာများရှိသော်လည်း အတော်လေးအန္တရာယ်များသည်။ 

နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ဆိုလျှင်ပင် အသက်ရှင်နိုင်မည့် အခွင့်အလမ်းက အင်မတန်နည်းပါးသည်။

ဒါက ယဲ့ချိုးပိုင်တို့ကို မျက်မှောင်ကြုတ်သွားစေသည်။ 

အံ့ဩစရာမရှိစွာပင် စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုက ဒီအနီစက်နှစ်ခုမှ တစ်ခုဖြစ်လောက်သည်။ 

ဒါပေမယ့် နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တောင် အသက်ရှင်ဖို့ ခက်ခဲတယ်ဆိုရင် ငါတို့တကယ်၀င်နိုင်မှာလား!

ယဲ့ချိုးပိုင်ပြောသည်။ 

"ဒါတွေက ပုံရိပ်ယောင်မြူတွေကို အခြေခံထားတာဖြစ်ရမယ်"

ဖန်ချန်းခေါင်းညိတ်သည်။ 

"ဒါပေမယ့် ဆွဲငင်အားစက်ကွင်းကို မကျော်လွှားနိုင်ရင်ရော"

ဒီပြဿာနာနှစ်ရပ်က မှော်သားရဲများကလွဲ၍ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းတွင် ဂိုဏ်းသုံးဂိုဏ်းအတွက် အခက်ခဲဆုံးဖြစ်သည်။ 

ဒါကိုဖြေရှင်းပြီးပါက အခက်အခဲက လျော့ကျသွားလောက်သည်။ 

သူတို့ဆွဲငင်အားစက်ကွင်းကို ဘယ်လိုကျော်လွှားကြမည်နည်း။ 

ရှောင်ဟိုင်ပြောသည်။ 

"ဆွဲငင်အားစက်ကွင်းက ငါတို့ဝန်းကျင်က ဆွဲငင်အားနဲ့ ကိုယ်ပိုင်ဆွဲငင်အားကို တိုးစေတယ်ဆိုမှတော့ ဒါကို အစားထိုးပစ်ဖို့အတွက် ပတ်၀န်းကျင်က ဆွဲငင်အားကို လျှော့ချလိုက်ရင် အဆင်ပြေသွားမယ်မလား"

ဖန်ချန်းမျက်မှောင်ကြုတ်သည်။ 

"လေတာအိုနိယာမမှာ ကျွမ်းကျင်တာအပြင် ဆွဲငင်အားကို လျှော့ချဖို့အတွက် တခြားဘာတွေရှိသေးလဲ"

ရုတ်တရက် ယဲ့ချိုးပိုင် မုဖူရှန်းကို ကြည့်လိုက်သည်။ 

ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ကလည်း အနီးကပ်လိုက်ပါကြည့်ရှုကြသည်။ 

ဘေးကနေ တွေးနေသည့် မုဖူရှန်းမှာ သူတို့အကြည့်များကို ခံစားမိသဖြင့် သူ့ကိုယ်ခန္ဓာက တုန်ယင်သွားရသည်။ 

မဟုတ်သေးဘူး၊ ဘာလို့ကျွန်တော့်ကို စိုက်ကြည့်နေကြတာလဲ!

တစ်ရက်ပဲကျန်တော့တာလေ၊ ကျွန်တော့်ကို ဆွဲငင်အားကို လျှော့ချနိုင်တဲ့အဆောင်တစ်ခု ဖန်တီးစေချင်ပြီး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်လို့ အသက်တားမြစ်ဇုန်အဆင့် ဆွဲငင်အားစက်ကွင်းကို အစားထိုးဖို့အတွက် သုံးစေချင်တာလား!

အစ်ကိုတို့ရူးနေကြတာလား ဒါမှမဟုတ် ကျွန်တော့်ကို အရမ်းအမြင့်ကြီး တွေးနေကြတာလား!

ယဲ့ချိုးပိုင်ပြုံးရင်း မုဖူရှန်းပခုံးကိုပုတ်သည်။ 

"အရည်အချင်းရှိသူတွေက အလုပ်ပိုလုပ်တယ်"

ရှောင်ဟိုင်ကလည်း မုဖူရှန်း၏ နောက်ထပ်ပခုံးတစ်ချက်ကို ဖိပြီးပြောသည်။ 

"မင်းစွမ်းအားကို ဖုံးကွယ်ထားဖို့ ဘယ်သူမင်းကို ပြောလို့လဲ၊ မင်းမှာ ဖုံးကွယ်ထားတာတွေ အများကြီးရှိနေသေးမှာကို ငါကြောက်မိတယ်"

ဖန်ချန်းဆက်ပြောသည်။ 

"ဒါကြောင့် စီနီယာအစ်ကိုမုရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအားနဲ့ဆိုရင် သူဒါကို အလွယ်တကူ လုပ်နိုင်မှာပါ"

မုဖူရှန်းသွေးအန်လုမတတ်ပင်။ 

အပိုင်း(1031) coming။ 

All Chapters