← Chapters

#‌တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အနက်ပိုင်း၊ ကြောက်မက်ဖွယ်ရာဟိန်းသံ#

Vol. 73 Ch. 1031

#‌တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အနက်ပိုင်း၊ ကြောက်မက်ဖွယ်ရာဟိန်းသံ#

Vol. 73 Ch. 1031

င

မိုးသောက်ယံ၏ အရုဏ်ဦးအလင်းက မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းကာ လှိုင်းများကို ဖြန့်ကြက်ရင်း ပုလဲသီးလေးများပမာ ဖြည်းဖြည်းချင်း မြှင့်တက်လာသည်။ 

မုဖူရှန်းနှင့် ကျန်သုံးယောက်မှာ တိမ်အိပ်မက်မြို့ဂိတ်တွင် စုစည်းနေကြ၏။ 

များမကြာမီ လူသုံးယောက် သူတို့ဘေး၌ တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။ 

"မင်းတို့က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အနက်ပိုင်းကို သွားကြမယ့် ဂျူနီယာလေးတွေလား" သူတို့ထဲမှ ရှည်လျားသည့် ၀တ်ရုံ၀တ်ဆင်ထားသော ပိန်သွယ်သည့် သက်လတ်ပိုင်းအရွယ်လူက တည်ငြိမ်စွာမေးသည်။ 

မုဖူရှန်းနှင့် ကျန်သောသူများခေါင်းညိတ်ကြသည်။ 

သက်လတ်ပိုင်းအရွယ်လူ သူတို့လေးယောက်ကို စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများ၌ မကျေမနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ 

"မင်းတို့ အဆောင်သခင်နဲ့ ကျန်တဲ့သူတွေကို ဒီအဆင့်ကျင့်ကြံခြင်းနဲ့ ဘယ်လိုစည်းရုံးသိမ်းသွင်းခဲ့သလဲဆိုတာကို ငါမသိဘူး၊ မင်းတို့သေချင်နေကြတာလား"

မုဖူရှန်းစကားပြောရန်ပြင်လိုက်စဉ် သူတို့ထဲမှ ဆံပင်ဖြူနှင့်လူက နွေးထွေးစွာပြုံးရင်း ပြောသည်။ 

"ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ဒီထိ ရောက်လာကြပြီဆိုမှတော့ ‌တခြားဘာမှ ပြောနေစရာမလိုဘူး"

ဒီနေရာတွင် ဆံပင်ဖြူနှင့်လူ မုဖူရှန်းနှင့် ကျန်သောသူများကို ကြည့်ပြီးပြုံးသည်။ 

"သူ့ကိုစိတ်ထဲမထားနဲ့၊ သူက အစီအရင်ဆရာမဟာမိတ်က အကြီးအကဲရှုလောင်ဖြစ်ပြီး သူကစိတ်မရှည်တတ်ဘူး"

ထို့နောက် သူတိတ်ဆိတ်နေသည့်လူကို လက်ညိုးထိုးပြသည်။ 

"သူကမြို့တော်၀န်စံအိမ်က ယွန်ဇီဖြစ်ပြီး ငါက အဆောင်သခင်မဟာမိတ်က လောဖုန်းပါ"

မိတ်ဆက်ပြီးနောက် လော့ဖုန်းပြုံးသည်။ 

"အဲဒီအချိန်ကျရင် ငါမင်းတို့ကို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အနက်ပိုင်းကို ပို့ဆောင်ပေးမယ်၊ ဒီအနက်ပိုင်းက ဘယ်လောက်ထိ အန္တရာယ်များသလဲ‌ဆိုတာ မင်းတို့လည်းသိမှာပါ၊ ဒီတော့ မင်းတို့ ငါတို့နဲ့ သုံးမီတာအောက် အကွာအဝေးကို ထိန်းသိမ်းထားဖို့လိုတယ်"

"အချိန်ကျလာတဲ့အခါကျရင် ရွှံ့နွံရဲ့အနက်ပိုင်းကို တစ်ချက်ကြည့်ပြီး ပြန်လာဖို့ ပြင်ဆင်ကြတာပေါ့"

မုဖူရှန်းနှင့် ကျန်သောသူများပြုံးလိုက်ကြသည်။ 

သူတို့လေးယောက်က မသိနားမလည်တတ်သည့်သူများဖြစ်ပြီး သူတို့ကိုသာ မြင်ချင်ကြသူများဟု လော့ဖုန်းတွေးနေသည်မှာ ရှင်းနေသည်။ 

သို့စေကာမူ သူတို့လေးယောက်မငြင်းဘဲ ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။ 

"ဒါဆိုစီနီယာတို့ကို ဒုက္ခပေးရတော့မယ်"

"အရမ်းကောင်းတယ်" လော့ဖုန်းခေါင်းညိတ်ပြီး မြို့တံခါးကအရင်ထွက်သွားသည်။ 

"သွားကြရအောင်"

......

အဓိကဂိုဏ်းသုံးဂိုဏ်းက မုဖူရှန်းနှင့်ကျန်သုံးယောက်ကို အတော်လေးတန်ဖိုးထားသည်။ 

ထို့ကြောင့် သူတို့ကိုကောင်းမွန်စွာ ကာကွယ်ရန်နှင့် ဘာတစ်ခုမှမဖြစ်လာစေရန်အတွက် သေချာစေရန် သူတို့ပို့ခဲ့သည့်လူသုံးယောက်က ထိပ်တန်းအဆင့်ကျွမ်းကျင်သူများဖြစ်သည်။ 

သူတို့သုံးယောက်စလုံးက နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြသည်။ 

လမ်းတစ်လျှောက်၌ လော့ဖုန်း မုဖူရှန်းနှင့် ကျန်သောသူများကို သတိထားနေရန်အတွက် အဆက်မပြတ်ပြောနေသည်။ 

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်သို့ ဦးတည်နေသည့် ဒီဖြစ်စဉ်အတွင်း သူတို့ကိုတားခဲ့သည့် မြို့အပြင်ဘက်က တရားဥပဒေမဲ့လူများလည်းရှိကြသည်။ 

သို့စေကာမူ နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်သုံးဦး၏ ဟန့်တားမှုအောက်တွင် တစ်ဘက်လူများ၌ ခုခံရန်အတွက် စွမ်းရည်မရှိဘဲ တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ 

သူတို့တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲကို ဘေးကင်းစွာ ၀င်လာခဲ့ကြသည်။ 

တိမ်ပုံရိပ်ယောင်ဆေးလုံး၏ အားဖြည့်မှုနှင့်အတူ သူတို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းကို ရောက်လာခဲ့ကြသည်။ 

သူတို့အနက်ပိုင်းကိုရောက်လာသောအခါ ရှုခင်းကလည်း အရင်မြင်ကွင်းနှင့်စာပါက အကြီးအမားပြောင်းလဲသွားခဲ့သည်။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများရှေ့တွင် ထူထဲသည့်မြူများက လေထဲတွင်ပြည့်နေပြီး ခပ်ဝါးဝါးမြူခိုးဖြူများက ရွှံ့နွံတစ်ခုလုံးကို လွှမ်းခြုံထားသည်။ 

ပုံရိပ်ယောင်မြူခိုးများ၏ သိပ်သည်းမှုက ငါးဆပိုမြင့်သည်။ 

ဆွဲငင်အားစက်ကွင်း၏ အားဖြည့်မှုအောက်တွင် သူတို့မပျံသန်းနိုင်ကြသဖြင့် သူတို့၏ ဝိဉာဉ်ချီကို လှည့်ပတ်စေပြီး ရွှံ့နွံဗွက်အိုင်ထဲတွင် ရပ်ရုံသာတတ်နိုင်သည်။ 

ရွှံ့နွံက ချောမွတ်ကာ လေးလံသည်။ ခြေလှမ်းတိုင်းက ခြေရာများကို ဆွဲယူနေသည့်အလား နက်ရှိုင်းသည့်ရွှံ့ထဲတွင် နစ်မမြုပ်သွားပုံရသည်။ 

မျက်စိတစ်လျှောက် အကွာအဝေးတစ်နေရာက သစ်ပင်များက နိမ့်ကျပြီး ကွေးညွတ်နေကြ၏။ ၎င်းတို့၏ သစ်ကိုင်းများနှင့် သစ်ရွက်များက တစ္ဆေလက်များကို အမှောင်ထုထဲတွင် ခပ်ရေးရေးမြင်နေရသည့်အလား အရိုးများပမာ ဆန့်ထွက်နေကြသည်။ သစ်ကိုင်းများအကြားမှ တစ္တေများက သစ်ပင်၏ ပင်စည်ကနေ အကူအညီကို တောင်းဆိုနေသည့်အလား ရှူးရှူးရှဲရှဲမြည်သံများထွက်နေပြီး ကြောက်စိတ်ကို ခံစားရစေသည်။ 

အရာအားလုံးက အတော်လေးကို ပုံမှန်မဟုတ်ဟု ထင်ရသည်။ 

ဒီနေရာကိုရောက်ပြီးနောက် လော့ဖုန်းနှင့် ကျန်နှစ်ယောက်တို့က သူတို့၏ပုံမှန်အေးဆေးနေသည့် အမူအရာများကို ဆုံးရှုံးလိုက်ရပြီး လေးနက်သွားကြ၏။ 

"ငါတို့ဒီမှာသတိထားဖို့လိုတယ်၊ ကိုယ့်ဘာသာမဆင်မခြင်ပြုမူလို့မရဘူး၊ မဟုတ်ဘူးဆိုရင် ငါတို့သုံးယောက် ရှိမယ်ဆိုရင်တောင် မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး၊ နားလည်လား"

ထို့နောက် လော့ဖုန်းပြောသည်။ 

"ဒီ၀န်းကျင်မှာ ငါတို့လုပ်ကြမယ်၊ တစ်ရက်အတွင်း ငါတို့ထွက်သွားကြမယ်"

သို့စေကာမူ သူတို့၏မျက်လုံးများက အံ့ဩမှုများနှင့် ပြည့်နှက်နေဆဲပင်။ 

သူတို့ဒီကို နောက်ထပ်ရည်ရွယ်ချက်တစ်ခုနှင့် ရောက်လာခြင်းဖြစ်သည်။ 

ဒါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းတွင် တိမ်ပုံရိပ်ယောင်ဆေးလုံးက ဘယ်လောက်ထိ ကြာရှည်ခံသလဲဆိုတာကို စမ်းသပ်ရန်ပင်။ 

ယခုကြည့်ရသည်မှာ ခြိမ်းခြောက်မှုတစ်ခုခုမရှိသရွေ့ သုံးရက်ဆိုတာက ပြဿာနာမဟုတ်သည့်ပုံရသည်။ 

ဒီနေရာတွင် လော့ဖုန်းနှင့် ကျန်နှစ်ယောက်မှာ မည်သည့်အတွက်ကြောင့် မျှော်စင်သခင်များနှင့် မြို့တော်၀န်တို့က သူတို့ကို ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့အား ဘယ်လောက်ပဲ ကုန်ကျပါစေ ကာကွယ်ပေးရန်အတွက် အလေးအနက် ညွှန်ကြားခဲ့သလဲဆိုတာကို နားလည်လာကြသည်။ 

ဒါကအရမ်းအသုံး၀င်လွန်းပြီး တိမ်အိပ်မက်ကြယ်ဒေသတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်ရန် လုံလောက်ပါသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်၏ နောက်ထပ်စကားလုံးများက သူတို့နှလုံးများကိုပင် ရပ်တန့်စေလုနီးပါးပင်။ 

ယဲ့ချိုးပိုင်မြေပုံကို ထုတ်ယူပြီး အနီစက်နှစ်စက်လုံးကို ညွှန်ပြသည်။ 

"စီနီယာ၊ ကျွန်တော်တို့ ဒီနေရာကို သွားချင်တယ်"

"မဖြစ်နိုင်တာ"

"မဖြစ်နိုင်ဘူး"

"ပေါက်ကရတွေ" 

သူတို့သုံးယောက် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ 

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် မြို့တော်၀န်စံအိမ်က ကျွမ်းကျင်သူ ယွန်ဇီ ဒေါသတကြီးပြောသည်။ 

"ငါတို့သုံးယောက်၊ မြို့တော်၀န်၊ ခေါင်းဆောင်နဲ့ ကျန်တဲ့သူတွေဆိုရင်တောင် ငါတို့ဒီအနီစက်မြေကို၀င်တာနဲ့ အသက်ရှင်နိုင်မယ့်အခွင့်အ‌လမ်းက အရမ်းနည်းပါးတယ်"

"အပြင်ထွက်လာနိုင်မယ်ဆိုရင်တောင် အဆုံးမှာ အရမ်းနာကျင်ရတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်ရဦးမှာပဲ၊ မင်းတို့နတ်ဘုရင်နယ်ပယ်ဂျူနီယာလေးသုံးယောက်မှာ ၀င်ဖို့ ဘာအခွင့်အလမ်းများရှိလို့လဲ"

လော့ဖုန်း အပြုံးကိုပြန်ရုပ်သိမ်းလိုက်၏။ 

"မင်းတို့ရဲ့ပါရမီက မဆိုးပါဘူး၊ ဒါပေမယ့် ဒါက မင်းတို့ ဝါးနိုင်တာထက် ပိုကိုက်နိုင်မယ့် အကြောင်းပြချက်မဟုတ်ဘူး၊ ရိုးသားကြ၊ မင်းတို့နတ်သခင်နယ်ပယ်ကို တက်လှမ်းနိုင်တာနဲ့ ဒီနေရာနှစ်ခုကို စူးစမ်းဖို့ အခွင့်အရေးရှိလာလိမ့်မယ်"

ရှုလောင် လက်နှစ်ဖက်ပိုက်ပြီး အေးစက်စွာပြောသည်။ 

"ဒါကမင်းတို့ပန်းတိုင်ဆိုရင်တောင် ငါတို့ ပြန်သွားသင့်ပြီလို့ထင်တယ်"

ယဲ့ချိးပိုင်ပြုံးသည်။ 

"ကျွန်တော်တို့မှာ ဒီနေရာကိုသွားဖို့ အကြောင်းရင်းရှိပါတယ်၊ စီနီယာတို့သုံးယောက် ကျွန်တော်တို့နောက်က လိုက်လာစရာမလိုပါဘူး"

လော့ဖုန်းတစ်ခုခုပြောချင်နေသော်လည်း ဒီအခိုက်အတန့်မှာပင် ရွှံနွံ၏ တိတ်ဆိတ်မှုက ရုတ်တရက်ပြင်းထန်သည့်ဟိန်းသံကြောင့် ချိုးဖျက်ခံလိုက်ရသည်။ 

ဒါက တောရိုင်းတိရိစ္ဆာတစ်ကောင်ပမာ နက်ရှိုင်းပြင်းထန်သည့် ဒေါသတကြီးဟိန်းသံကို ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး ရွှံ့နွံ၏ ချိပ်ပိတ်ထားသည့်နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ 

လေဟာနယ်ကတုန်ခါကာ ရွှံ့နွံထဲက ရွှံ့နှင့်စိုစွတ်သည့်မြေများက ဒီဟိန်းသံကြောင့် အမှန်တကယ်လှုပ်ခတ်သွားခဲ့သည်။ 

၎င်းက ကြောက်စရာကောင်းသည့် အရာတစ်ခုခု၏ ရောက်လာခြင်းကို ကြေညာနေသည့်အသွင်။ 

လော့ဖုန်းနှင့် နတ်အင်ပါယာနယ်ပယ် အထွပ်အထိပ်အဆင့်ကျွမ်းကျင်သူနှစ်ဦးအပြင် ယဲ့ချိုးပိုင်တို့လေးယောက်တွင်ပင် ထိတ်လန့်နေသည့် အမူအရာများရှိနေကြသည်။ 

"ဒါဘာလဲ" ဖန်ချန်းအော်ဟစ်လိုက်သည်။ 

လော့ဖုန်း၏အမူအရာက ကြည့်ရဆိုးနေသည်။ 

"ရွှံ့နွံသခင်ကြီးက နတ်သခင်နယ်ပယ် တည်ရှိမှုတစ်ခုပဲ"

ရှုလောင် လေးနက်သည့်အမူအရာဖြင့် ပြောသည်။ 

"ဒါပေမယ့် ရွှံ့နွံ့သခင်ကြီးရဲ့ ‌ဟိန်းသံက နှစ်ငါးဆယ်မှာ တစ်ခါပဲဖြစ်တတ်တာလေ၊ နောက်ဆုံးတစ်ကြိမ်ပြီးကတည်းက သုံးနှစ်ပဲကြာသေးတာ ရှင်းနေတာပဲ...."

ယွမ်ဇီ ကျောက်စိမ်းဆွဲသီးတစ်ခုကိုပင် ထုတ်ယူကာ အသံပို့ရန်ပင်ပြင်ဆင်လိုက်၏။ 

"ငါတို့မြို့တော်၀န်ကို ဒီအကြောင်းကို ပြောရမယ်၊ ငါမကောင်းတဲ့ ခံစားချက်တစ်ခု ရနေတယ်"

သို့စေကာမူ ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြာတ်ကာ နက်ရှိုင်းပြီး ကြာရှည်စွာ ပဲ့တင်ထပ်နေသည့် ဒီအသံကို ဂရုတစိုက်နားထောင်ရင်း ပြောသည်။ 

"ဒါပေမယ့် ဘာလို့ ဒီအသံက နာကျင်မှုနဲ့ ပြည့်နှက်နေရတာလဲ"

နာကျင်မှုနဲ့ပြည့်နှက်နေတာလား!

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ရှောင်ဟိုင်ကို ကြည့်လိုက်ကြ၏။ 

"ဒါက ပူပင်သောကဖြစ်နေတဲ့ အချက်ပြမှုတစ်ခုလိုလား"

"နတ်ဘုရင်နယ်ပယ်ကလူတွေ၊ လာကြ"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ခုခုကို တွေးမိသွားသည့်အလား ချက်ချင်း ထိတ်လန့်သွားကြသည်။ 

ရွှံ့နွံသခင်ကြီးက ရှောင်ဟိုင်ရဲ့ စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုနဲ့ ဆက်စပ်နေတာများလား!

မဟုတ်ဘူးဆိုရင် ‌ဘာလို့ရှောင်ဟိုင်တစ်ယောက်တည်းပဲ ဒီလိုခံစားနေရတာလဲ!

အပိုင်း(1032) coming။ 

All Chapters