← Chapters

#‌အသူရာချောက်၏ ဧရာမပါးစပ်ကြီး၊ စိတ်ပျက်အားငယ်မှု၏ အသားနံရံ#

Vol. 73 Ch. 1032

#‌အသူရာချောက်၏ ဧရာမပါးစပ်ကြီး၊ စိတ်ပျက်အားငယ်မှု၏ အသားနံရံ#

Vol. 73 Ch. 1032

ထိုနက်ရှိုင်းပြီး ကြောက်စရာကောင်းသည့် ဟိန်းသံက အချိန်အတော်ကြာ ဒီနေရာကနေ ပျောက်ကွယ်မသွားခဲ့ပေ။ 

ဒီကျယ်လောင်သည့်ဟိန်းသံက အသံ၏ အမြန်နှုန်းနှင့်အတူ တိမ်အိပ်မက်ကြယ်ဒေသတစ်ခုလုံးအတွင်း ပျံ့နှံ့သွားသည်။ 

တိမ်အိပ်မက်မြို့က အဓိကဂိုဏ်းသုံးဂိုဏ်းဖြစ်စေ၊ တိမ်အိပ်မက်မြို့အပြင်ပက ဥပဒေမဲ့ဂိုဏ်းများဖြစ်စေ သူတို့အားလုံး မယုံနိုင်သည့် အမူအရာများကို ပြသသည်။ 

"သွားကြမယ်၊ ချက်ချင်းထွက်ကြမယ်" တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အနက်ပိုင်း၌ လော့ဖုန်းတုံ့ပြန်လာပြီး ပထမဆုံးပြောသည့်အရာက ဒီစကားဖြစ်သည်။ သူ့မျက်နှာပေါ်က အပြုံးက လုံး၀ပျောက်ကွယ်သွားပြီး တည်ကြည်မှု၊ လေးနက်မှု၊ အနည်းငယ်တုန်ယင်မှုနှင့် မျက်သူငယ်အိမ်များ ရှုံ့တွမှုတို့က အစားထိုး၀င်လာခဲ့သည်။ 

ရွှံ့နွံသခင်ကြီးက နတ်သခင်နယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ 

မူလက သူကနှစ်ငါးဆယ်မှ တစ်ခါ ဟိန်းတတ်သော်လည်း ယခုတွင်မူ ၄၇နှစ်အပြည့် လို‌အပ်နေသေးသည်။ 

ဘာဆက်ဖြစ်လာမလဲဆိုတာကို ဘယ်သူမှမသိပေ။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကမူ မလှုပ်ရှားကြပါ။ 

သူတို့အကြောက်လွန်ပြီး မလှုပ်ရှားနိုင်ကြဘူးဟု လော့ဖုန်းတွေးမိသွားပြီး ပူပန်နေသည့် အမူအရာဖြင့် အနားတိုးကာ သူတို့အား နိုးထစေချင်သည်။ 

မျှော်လင့်မထားစွာပင် သူတို့က တိတ်တဆိတ်စကားပြောနေကြသည်။ 

"ဒါကဆက်စပ်မှုရှိတာ မင်းသေချာလား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ဖြစ်နိုင်ချေအရှိဆုံးပဲ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဒါဆိုငါတို့တစ်ချက်သွားကြည့်ကြတာပေါ့"

မုဖူရှန်း အကူအညီမဲ့စွာ လက်အစုံကို ဖြတ့်လိုက်သည်။ 

"ဒါကတစ်ခုတည်းသောနည်းလမ်းပဲလေ၊ ဘာပဲဆိုဆို ကျွန်တော်တို့မှာ တိမ်အိပ်မက်ကြယ်ဒေသမှာနေဖို့ အချိန်အများကြီးမရှိဘူး"

သူတို့၏စကားလုံးများကြားသောအခါ လော့ဖုနါး၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားပြီး ဒေါသတကြီးအော်ဟစ်သည်။ 

"မင်းတို့၀င်ချင်ကြသေးတာလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"ကျွန်တော်တို့မှာ တခြားရွေးချာ်စရာမရှိဘူး"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ဇွဲနပဲကြီးသည့် အကြည့်များကိုကြည့်ရင်း လော့ဖုန်း၏ ကျိန်ဆဲ‌လိုသည့်စကားလုံးများက ပါးစပ်တွင် ရပ်တန့်သွားရသည်။ 

သူတို့က အလေးအနက်ထားကြသည်။ 

ထိုနေရာ၌ ကျော်လွှား၍မရနိုင်သည့် အန္တရာယ်ရှိသည်ကို သိနေသည့်တိုင် သူတို့ဘယ်လောက်ပင် ကုန်ကျပါစေ ၀င်ရမည်ဖြစ်သည်။

ရှုလောင်တစ်ခုခုပြောတော့မည့်အချိန်တွင် ယွမ်ဇီသူ့ကို တားပစ်သည်။ 

လော့ဖုန်း အနည်းငယ်တည်ငြိမ်သွားပြီးနောက် နက်မှောင်နေသည့်အမူအရာဖြင့် ပြောသည်။ 

"မင်းကို ခန့်မှန်းလို့မရနိုင်တဲ့အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် ငါတို့မင်းတို့ကို အတင်းတွန်းထုတ်ပေးမယ်"

သူတို့သုံးယောက် အမှန်တကယ်ထွက်ချင်ကြသည်။ 

စွန့်စားမှုက အတော်လေးကြီးမားပြီး သေဆုံးနိုင်ချေက မြင့်မားလွန်းသည် မဟုတ်ပေလော။ 

သူတို့က တိမ်အိပ်မက်ကြယ်ဒေသ၏ အမြင့်ဆုံးတွင်ရပ်တည်နေခဲ့ပြီဖြစ်သလို နှစ်ခြိုက်ခံစားရန်အတွက်လည်း လုံလောက်သောအချိန်ရှိနေဆဲပင်။ သူတို့ အချုပ်အတည်းများကို ချိုးဖျက်ပြီး လေးစားအားကျရသည့်နယ်ပယ်ကို ရောက်ရန်အတွက်ပင် အခွင့်အလမ်းတစ်ခုရှိသည်။ 

သို့စေကာမူ တိမ်ပုံရိပ်ယောင်ဆေးလုံးအတွက် လော့ဖုန်းနှင့်ကျန်နှစ်ယောက် ယဲ့ချိုးပိုင်တို့ကို ဘယ်လောက်ပင်ကုန်ကျပါစေ ကာကွယ်ရပေမည်။ 

အကြောင်းရင်းက တိမ်ပုံရိပ်ယောင်ဆေးလုံးက တိမ်အိပ်မက်မြို့ရင်ဆိုင်နေရသည့် အခြေအနေကို လုံး၀ချိုးဖျက်ပစ်နိုင်သောကြောင့်ပင်။ 

လာမည့်နေ့ရက်များက ကျင့်ကြံသူများက မြို့ထဲတွင် သူရဲဘောကြောင်သူများပမာ နေစရာမလိုတော့သလို အပြင်ထွက်ပြီး အရင်းအမြစ်များကို ရှာဖွေရဲကြတော့မည်ဖြစ်သည်။ 

သူတို့တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တွင်လည်း သေဆုံးရတော့မည်မဟုတ်။

ဒီအတွက်ကြောင့် ‌လော့ဖုန်း၊ ရှုလောင်နှင့် ယွန်ဇီတို့က သေဆုံးရမည်ဆိုလျှင်ပင် ယဲ့ချိုးပိုင်တို့ကို ကာကွယ်ပေးရပေမည်။ 

လော့ဖုန်း ရှေ့ကိုအရင်ဆုံးလျှောက်သွားသည်။ 

"သွားကြရအောင်"

.....

အနက်ပိုင်းတွင် ပုံရိပ်ယောင်မြူနှင့် ဆွဲငင်အားစက်ကွင်းများတင်မဟုတ်ဘဲ အားကောင်းလှသည့် ရွှံ့နွံမှော်သားရဲများလည်းရှိသည်။ 

အစပိုင်းတွင် လော့ဖုန်းတို့ ကိုင်တွယ်နိုင်သေးသော်လည်း အနက်ပိုင်းကို ပိုသွားလေလေ၊ ရွှံ့နွံထဲက မှော်သားရဲများ၏ အရေအတွက်နှင့် ခွန်အားက ပိုမြင့်လေလေပင်။ 

ဆွဲငင်အားစက်ကွင်းကိုပါ ပေါင်းစပ်လိုက်ပါက လော့ဖုန်းနှင့် ကျန်နှစ်ယောက် အနည်းငယ် စိတ်ဖိစီးသလိုခံစားနေရသည်။  

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်း အဆောင်များကို ပစ်ကာ လူတိုင်း၏ ကျော၌ ကပ်စေသည်။ 

"ဒါဘာလဲ" လော့ဖုန်းနှင့် ကျန်နှစ်ယောင် အနည်းငယ် ထိတ်လန့်သွား၏။ 

သို့စေကာမူ နောက်အခိုက်အတန့်လေး၌ လေအော်ရာက အဆောင်ထဲကနေ ထိုးထွက်လာပြီး သူတို့ကို ၀န်းရံပစ်သည်။ 

သူတို့၏မူလက လေးလံနေသည့်ခန္ဓာများက ဒီတဒင်္ဂ၌ အများကြီးကိုပေါ့ပါးလာသည်။ 

ဒီအဆောင်တွင် ဆွဲငင်အားစက်ကွင်းကို ခုခံနိုင်သည့် သက်ရောက်မှုတစ်ခု အမှန်တကယ် ရှိခဲ့သည်။ 

အဆောင်သခင်မဟာမိတ်၏ အဖွဲ့၀င်တစ်ဦးဖြစ်သည့် လော့ဖုန်းမှာ မုဖူရှန်းကို အလျင်အမြန်လှည့်ကြည့်ပြီးမေးသည်။ 

"ဒီအဆောင်ကို ဘယ်လိုခေါ်လဲ"

မုဖူရှန်းစိတ်ရှုပ်ထွေးစွာ ခေါင်းခါယမ်းသည်။ 

"ဒါဆိုမင်းကိုယ်တိုင် ရေးထွင်းခဲ့တာလား"

မုဖူရှန်းခေါင်းခါယမ်းနေဆဲပင်။ 

"ကျွန်တော်ဒါကို လျှို့ဝှက်နယ်မြေတစ်ခုက ရလာတာပါ၊ နည်းနည်းပဲရှိတယ်"

လော့ဖုန်းခေါင်းညိတ်သည်။ 

ဒါကအဓိပ္ပာယ်ရှိပါသည်။ 

ယခုလိုဆွဲငင်အားစက်ကွင်းအဆင့်တစ်ခုကိုပင် ခုခံနိုင်ရန်ဆိုပါက ဒီအဆောင့်က ဘယ်အဆင့်တွင် ရှိရန် လို‌သနည်း။ 

အထဲက ပုံစံကွက်များက သေချာပေါက် အင်မတန်ရှုပ်ထွေးပေလိမ့်မည်။ ဒါက နတ်သခင်အဆင့်ကို မရောက်သေးသော်လည်း သူသာ ရေးထွင်းသည့်နည်းလမ်းကို မသိပါက လော့ဖုန်းအတွက်ပင် ရေးထွင်းရန် မဖြစ်နိုင်ပါ။ 

ဒီအချိန်မှာပင် သူတို့အောက်က ရွှံ့နွံက စတင်လိမ့်တက်လာပြီး ရွှံ့နွံပေါ်၌ ရပ်နေသောသူများမှာ ငလျင်တစ်ခုအလား ခံစားလိုက်ရသည်။ 

လူတိုင်းထိတ်လန့်သွားကြပြီး သူတို့၏ ခြေလှမ်းများက မတည်မငြိမ်ဖြစ်သွားကြသည်။ ထို့နောက် သူတို့အားအပြည့်ကို ဖြန့်ဝေကာ လှည့်ပတ်စေပြီး အပြင်းအထန် နောက်ဆုတ်ကြသည်။ 

သို့စေကာမူ ရွှံ့နွံ၏ အကွာအဝေးက ကြီးမားလွန်းသည်။ 

မွှေနှောက်လိမ့်တက်နေသည့် ရွှံ့နွံထဲတွင် မြေကြီးထဲကနေ အနက်ရောင်အသူရာချောက်ပါးစပ်ပေါက်တစ်ခုထွက်လာသည်။ 

လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် အသူရာချောက်နက်ပါးစပ်က စတင်ပိတ်စပြုလာသည်။ ၎င်းပိတ်လာစဉ် ဧရာမအပေါ်မေးရိုးကြီးက ကောင်းကင်ကို ဖုံးအုပ်ထားသည့်အလားပင် ထင်ရသည်။ 

ပတ်၀န်းကျင်က အလင်းကပိတ်ဆို့ခံလိုက်ရသည်။ 

ကြီးမားသည့်အရိပ်တစ်ခုက သူတို့ကိုယ်ခန္ဓာများပေါ်သို့ ကျဆင်းလာသည်။ 

လော့ဖုန်းနှင့်ကျန်နှစ်ယောက် အံကြိတ်လျက် သူတို့၏ နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားကို ထုတ်လွှတ်ကြသည်။ 

သို့စေကာမူ ဒီပါးစပ်ကြီးထဲတွင် ဆွဲငင်အားစက်ကွင်းက ရုတ်တရက်ဆယ်ဆကျော်အထိ တိုးလာခဲ့သည်။ 

မုဖူရှန်း၏ အဆောင်အထောက်အကူနှင့်ပင် သူတို့ခန္ဓာများက နစ်၀င်နေပြီး ဒီရပ်တန့်မှုက သူတို့အား လွတ်မြောက်ရန်အတွက် အခွင့်အရေးကို လက်လွတ်သွားစေသည်။ 

သူတို့သုံးယောက်ခါးသီးစွာပြုံးရင်း စိတ်ပျက်အားငယ်သွားမိကြ၏။ 

"ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးလိုက်" မုဖူရှန်းရုတ်တရက် အော်ဟစ်သည်။ 

သို့စေကာမူ သူတို့ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ထုတ်လိုက်ကြသောအခါ ၎င်းကသက်ရောက်မှုကို အမှန်တကယ် ဆုံးရှူံးသွားရသည်။ 

မုဖူရှန်း၏မျက်နှာက မှောင်မိုက်သွားသည်။ 

ဒီပါးစပ်ကြီးက ဆွဲငင်အားစက်ကွင်းကို အားဖြည့်ပေးသည်သာမက နိယာမစွမ်းအားအားလုံးကိုလည်း မျိုချနိုင်ပုံပင်။ 

ရလဒ်အဖြစ် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က မိုးကြိုးအဖြစ် ပြောင်းပြီး ထွက်ပြေးရန်အတွက် မိုးကြိုးတာအိုနိယာမစွမ်းအားကို အသုံးမပြုနိုင်ပေ။ 

ဒက်.......!

ဒီအခိုက်အတန့်မှာပင် အသူရာချောက်နက်ပါးစပ်ကြီးက လုံး၀ပိတ်သွားပြီး အပြင်ပကမ္ဘာ၌ ဧရာမပါးစပ်ကြီးက ရွှံ့ထူလှသည့် ရွှံ့နွံကြီးထဲသို့ မသိမသာပြန်ဆင်းသွားသည်။ 

.....

ပါးစပ်ထဲတွင် မျိုချခံလိုက်ရသောအခါ သူတို့ အလေးချိန်ကင်းမဲ့သည့်နေရာတစ်ခုကို ကျသွားပုံရသည်။ သူတို့ဝါးမြိုခံလိုက်ရသည့်အချိန်တွင် အချိန်နှင့် လေဟာနယ်ကလည်း ပုံပျက်သွားပြီး သူတို့အမည်မသိ ကာလတစ်ခုကို ကျရောက်သွားကြ၏။ 

ဝိဉာဉ်ချီ၊ အင်မော်တယ်ချီနှင့် နိယာမစွမ်းမား မရှိသလောက်ကင်းမဲ့သည့် ယခုလိုနေရာတွင် အနံ့ဆိုးတစ်ခုနှင့် မအီမသာအနံ့တစ်ခုက သူတို့၏ နှာခေါင်းများကို ကလူကျီစယ်နေသည်။ 

မကြာမီသူတို့သတိလစ်သွားကြ၏။ 

သူတို့ပြန်နိုးလာသောအခါ ဘေးပတ်၀န်းကျင်ကို ကြည့်ရုံမျှနှင့် သူတို့၏ အခြေအနေကို နားလည်သွားသဖြင့် အမူအရာများက အတော်လေး လေးနက်သွားကြသည်။ 

သွေးနီရောင်အသားနံရံက အသက်ရှုသံနှင့်အတူ တုန်ခါနေသည်။ 

မရေမတွက်နိုင်လောက်သည့် ချွဲသလိပ်များက အသားနံရံများကနေ စီးဆင်းကာ အလောင်းများပေါ် ကျနေပြီး မီးခိုးဖြူများကို ထုတ်လွှတ်နေသည်။ 

သူတို့ကိုထိတ်လန့်စေတာက အနီးတွင် အလောင်းများစွာ ရှိနေခြင်းပင်။ 

တစ်ချို့အရိုးများကမူ ထိုချွဲသလိပ်များ၏ တိုက်စားခြင်းကို ခံရပြီဖြစ်ကာ အကောင်းပကတိအရိုးဟူ၍ မရှိသလောက်ပင်။ 

ဒီပါးစပ်ကြီး၏ မျိုချခြင်းကိုခံရပြီး မလွတ်မြောက်နိုင်ခဲ့ကြသည့် ကျွမ်းကျင်သူများရှိခဲ့သည်မှာ ရှင်းနေသည်။ 

လော့ဖုန်း ပတ်၀န်းကျင်ကို အာရုံခံကြည့်ပြီးနောက် ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။ 

"ဝိဉာဉ်ချီလုံး၀မရှိဘူး၊ ဒါ့အပြင် ဆွဲငင်အားစက်ကွင်းက ငါတို့ကိုယ်ထဲက အဆီအနှစ်၊ စွမ်းအင်နဲ့ စိတ်ဝိဉာဉ်ကို ကုန်ခမ်းစေတယ်"

"ငါတို့သုံးရက်ပဲ ကြာရှည်ခံနိုင်မယ်၊ တကယ်လို့သုံးရက်အကြာမှာ ငါတို့မထွက်နိုင်ဘူးဆိုရင်တော့ ဒီအရိုးစုတွေထဲက တစ်ခုဖြစ်လာကြလိမ့်မယ်"

မုဖူရှန်းအတွေးနက်နေသည်။ 

လွတ်မြောက်အဆောင်အနည်းငယ် ရှိသေးသော်လည်း ယခုလိုအခြေအနေရပ်မျိုးကို ကြုံရသောအခါ ထိုအဆောင်အားလုံးက အသုံးမ၀င်ပါ။ 

သို့သော် ကမ္ဘာကြီးက မရေရာမှုများနှင့် ပြည့်နှက်နေသည်။ 

မုဖူရှန်းအတွက်ဆိုလျှင်ပင် အရာရာတိုင်းကို ပြီးပြည့်စုံစွာ ခန့်မှန်းနိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

မည်သို့ပင်ဆိုစေကာမူ ဒီနေရာက အသက်ကန့်သတ်ဇုန်တစ်ခုဖြစ်နေသည် မဟုတ်ပေလော။ 

အပိုင်း(1033) coming။ 

All Chapters