#သေမင်းထောင်ချောက်ကို ဘယ်လိုချိုးဖျက်မလဲ#
Vol. 73 Ch. 1033
၎င်း၏ဗိုက်ထဲတွင် နေရာတိုင်းရှိ တိုက်စားခံထားရသည့် အရိုးများဖြစ်စေ၊ အစွမ်းထက် ဆွဲငင်အားစက်ကွင်းဖြစ်စေ၊ ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီတို့၏ ကြီးမားသည့် ချို့တဲ့မှုဖြစ်စေ ရှုထောင့်ပေါင်းစုံမှ မျှော်လင့်ချက်ကင်းမဲ့သည်။
ယခုလိုနေရာမျိုးကို ၀င်လာသရွေ့ ဘယ်ကျင့်ကြံသူမဆို စိတ်ပျက်အားငယ်ကြပေလိမ့်မည်။ သူတို့ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီများ ကုန်ခမ်းပြီးနောက် တိုက်စားစေသည့် အကျစ်အချွဲများ၏ တိုက်စားမှုနှင့်အတူ နေရာတိုင်းရှိ အလောင်းများထဲက တစ်လောင်းဖြစ်လာရန်အတွက် စောင့်နေရုံသာ တတ်နိုင်ပါသည်။
နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်သုံးဦးဖြစ်သည့် လော့ဖုန်း၊ ရှုလောင်နှင့် ယွန်ဇီတို့ကလည်း သိပ်မကောင်းလှပေ။
"ငါတို့ရွှံ့နွံ့သားရဲကြီးနဲ့ ပက်ပင်းတွေ့လိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး"
"ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ရွှံ့နွံသားရဲကြီးက အနီစက်အမှတ်အသားများတွင်သာ ပေါ်လာတတ်တယ်...."
တိတ်ဆိတ်နေသည့် ယွန်ဇီ၏ အမူအရာကလည်း ကြည့်ရဆိုးနေသည်။
"ဒီလိုမျှော်လင့်မထားတဲ့အရာတစ်ခု ဖြစ်ပျက်လာတာက ရွှံ့နွံသခင်ကြီးရဲ့ ၄၇နှစ်ကြိုပြီး ထုတ်လွှတ်တဲ့ ကျယ်လောင်တဲ့ ဟိန်းသံကြောင့်ဖြစ်မယ်"
ယဲ့ချိုးပိုင်မေးသည်။
"ရွှံ့နွံသားရဲကြီးကဘာလဲ"
"ရွှံ့နွံသားရဲကြီးကဘာလဲဆိုတာ ဘယ်သူမှမသိကြဘူး၊ ပါးစပ်ကို မြင်သူတိုင်းနီးပါး သေဆုံးကြရတယ်၊ ဒီအကြောင်းကို သိကြတာက ငါတို့ တာအိုအဆောင်မဟာမိတ်က ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဘေးမှာ လှည့်ပတ်သွားလာနေခဲ့ပြီး ဝါးမြိုမခံခဲ့ရလို့ပဲ" လော့ဖုန်းရှင်းပြသည်။
"ဒါပေမယ့် ဒီပါးစပ်ရဲ့ပိုင်ရှင်က တကယ်တော့ ရွှံ့နွံသခင်ကြီးဖြစ်တယ်လို့လည်း တွေးကြတဲ့သူတွေရှိတယ်၊ ဒီလိုဆိုရင်တောင် ဘယ်သူကမှ အတည်မပြုနိုင်ခဲ့ဘူး"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
ဒီပါးစပ်ကြီးကနေ ဘယ်သူမှ မလွတ်မြောက်ဖူးဘူးလား!
ဒီလိုဆိုပါက ဒီအရာက အနည်းငယ် ဒုက္ခရောက်ပေတော့မည်။
ဘေးတွင် မုဖူရှန်း လုချန်ရှန်း၏ ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်စဉ် သုံး၍ရနေသေးတာကို တွေ့ရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
အနည်းဆုံးတော့ ဒီဝှက်ဖဲကို သုံးနိုင်ပါသေးသည်။
သို့စေကာမူ မုဖူရှန်းနှင့် ကျန်သောသူများ သူတို့ဆရာကို တိုက်ခိုက်ဖြေရှင်းခွင့်ပြုရန် ဆန္ဒမရှိကြသေးပါ။
သူတို့ သူ့အပေါ်အရမ်းကြီးမအားကိုးဘဲ ဒါကို ဖြေရှင်းရန်အတွက် အမှန်တကယ် နည်းလမ်းမရှိသောအခါမှသာ သူတို့ဆရာကို ခေါ်ဆိုမည်ဖြစ်သည်။
ရုတ်တရက် ယွန်ဇီ ဘေးက သွေးနီရောင်အသားနံရံဆီသို့ လျှောက်သွားသည်။ တိုက်စားတတ်သည့် အကျိအချွဲများကို သူရှောင်တိမ်းရင်းပြောသည်။
"ငါတို့ဘာမှမလုပ်ဘဲ နေလို့်မရဘူး၊ တစ်ခုခု ကြိုးစားကြည့်ကြရအောင်"
လော့ဖုန်းနှင့် ရှုလောင်ခေါင်းညိတ်ပြီး ရှေ့ကို သွားလိုက်ကြသည်။
သူတို့သေခြင်းတရားကို စောင့်နေပါက သေရုံသာရှိသည်။ အနည်းဆုံးတော့ သူတို့အကောင်းဆုံး ကြိုးစားနိုင်ပါသေးသည်။
ယွန်ဇီလက်ထဲတွင် ငွေလှံတစ်ချောင်းပေါ်လာသည်။ လှံက ငွေအလင်းနှင့် တောက်ပနေသည်။
ဒါက သာမန်လက်နက်တစ်ခုမဟုတ်တာ သိသာထင်ရှားနေသည်။
တစ်ချိန်တည်းမှာပင် လော့ဖုန်း အဆောင်စုတ်တံတစ်ချောင်းကို ထုတ်ယူသည်။ နိယာမစွမ်းအားက ဖိနှိပ်ခံထားရသည့် အခြေအနေတွင် အဆောင်များနှင့် အစီအရင်များကို အသုံးမပြုနိုင်သည့်တိုင် အဆောင်စုတ်တံက လော့ဖုန်း၏ လက်နက်ဖြစ်နေဆဲပင်။
အဆောင်ထဲကို နိယာမစွမ်းအားကို ထည့်သွင်းရန်အတွက် အဆောင်ကို ကြားခံအဖြစ် သုံးကြသည်။
အစီအရင်များအတွက်မူ အစီအရင်တစ်ခုဖန်တီးရန်အတွက် မိုးနှင့်မြေ၏ နိယာမစွမ်းအားများကို ငှားယမ်းကြရသည်။
ယခုလိုအခြေအနေအောက်တွင် အဆောင်များနှင့် အစီအရင်များက သက်ရောက်မှုကို ဆုံးရှုံးသွားရသည်။
ရှုလောင် အေးစက်စွာနှာခေါင်းရှုံ့လိုက်စဉ် ဝိဉာဉ်ချီလှိုင်းတစ်ခုက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
သူတို့ အဆောင်များနှင့် အစီအရင်များ၏ အထောက်အကူကို ဆုံးရှုံးသွားပြီဖြစ်သော်လည်း နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည့်အပေါ် အားမနည်းကြပါ။
မုဖူရှန်း၊ ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် ရှောင်ဟိုင်တို့ ဂရုတစိုက်ကြည့်နေကြစဉ် သူတို့သုံးယောက် သွေးနီရောင်အသားနံရံကို တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။
ဒီတိုက်ခိုက်မှုတွင် အားအင်အပြည့်ပါ၀င်သလို သူတို့ကိုယ်ထဲက ဝိဉာဉ်ချီတစ်၀က်ကျော်ကို တိုက်ရိုက်စုပ်ယူသွားခဲ့သည်။
ထိုးထွက်လာသည့် ဝိဉာဉ်ချီကြောင့် ပတ်ပတ်လည်က အရိုးများ လွင့်စင်သွားကြသည်။
ဖုတ်....ဖုတ်.....ဖုတ်!
သို့စေကာမူ သူတို့သုံးယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုအောက်တွင် သွေးနီရောင်အသားနံရံက ချိုင့်၀င်သွား၏။
ယွန်ဇီနှင့် ကျန်နှစ်ယောက်၏ အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားသည်။
သူတို့၏တိုက်ခိုက်မှုများက ပျော့ပျောင်းသည့် ဝါဂွမ်းစတစ်ခုအပေါ် ကျသွားသည့်အလား ထင်ရသည်။ သူတို့က အစွမ်းထက်သော်လည်း ဒါကိုသုံးရမည့်နေရာမရှိပါ။
ထို့နောက် သွေးနီရောင်အသားနံရံက ရုတ်တရက် ပြန်ကန်ထွက်လာသည်။
သူတို့သုံးယောက်စလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြပြီး သူတို့၏ ခွန်အားတစ်စိတ်တစ်ပိုင်းက သူတို့ကိုယ်ထဲ ပြန်ရောက်သွားစဉ် သူတို့အား လွင့်စင်သွားစေသည်။
တခြားတစ်ဘက်တွင် အသားနံရံက လုံး၀ထိခိုက်သွားခြင်းမရှိဘဲ အသက်ရှူသံနှင့်အတူ စည်းချက်တကျ လှုပ်ရှားမျောလွင့်နေသည်။
နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်သုံးယောက်ရဲ့ အားအပြည့်တိုက်ခိုက်မှုက အသုံးမ၀င်ဘူးလား!
ယွန်ဇီနှင့် ကျန်နှစ်ယောက်မှာ အသားနံရံကနေ ထလာကြပြီး ဒီမြင်ကွင်းကိုမြင်သော် သူတို့၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်သွား၏။
"အခွင့်အလမ်းမရှိတော့ဘူး...."
"ဒီတိုက်ခိုက်မှုက အသုံးမ၀င်ဘူး၊ နောက်ထပ်တိုက်ခိုက်မှုမှာ ငါတို့ဝိဉာဉ်ချီ အကုန်လုံးကို သုံးစွဲမယ်ဆိုရင်တောင် ဘာတစ်ခုမှ ပြောင်းလဲမှာမဟုတ်ဘူး..."
ရှုလောင်အံကြိတ်ပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်ရင်း အော်ဟစ်သည်။
"မင်းတို့မတင်းမာနေဘူးဆိုရင် ငါတို့အခု ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံရမှာလား"
သို့စေကာမူ ယဲ့ချိုးပိုင်တို့က ရှုလောင်၏ အော်သံကို လျစ်လျူရှုထားကာ ယင်းအစား လော့ဖုန်းတို့၏ တိုက်ခိုက်မှုကို ဆွေးနွေးနေကြ၏။
ယဲ့ချိုးပိုင် မေးစေ့ပွတ်ရင်းတွေးတောသည်။
"ကြည့်ရတာ သူတို့ရဲ့တိုက်ခိုက်မှုတွေက အရမ်းပျံ့သွားပုံပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"မှန်တယ်၊ အသားရံနံထဲက ချိုင့်က စွမ်းအားကို ဆက်တိုက်ပျောက်ကွယ်သွားစေပြီး အသားနံရံက အားလုံးကို သီးခြားစုပ်ယူပစ်ခဲ့တော့ ခွန်အားကို ၃၀ကနေ ၄၀ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားစေတယ်...."
"ဖြိုခွဲပစ်မယ်ဆိုရင်ရော"
သူတို့၏လက်ရှိနယ်ပယ်နှင့်ဆိုပါက ချိုးဖျက်ရန်ဟူသည် မခက်ခဲပေ။
ခက်နေသည့်အရာက ဒီအသားနံရံပေါ်၌ အားကို ပျံ့စေသည့် ချိုင့်ခွက်အခြေအနေတွင် ၎င်းကမျက်နှာပြင်ကို ချိုးဖျက်နိုင်ဆဲပင်။
ရှောင်ဟိုင်ပြောသည်။
"ကြိုးစားကြည့်လို့ရတယ်"
မုဖူရှန်း သူ့ကိုကြည့်လာသည့် ဖန်ချန်းအား ကြည့်ပြီး အချင်းချင်းပြုံးလိုက်ကြ၏။
လော့ဖုန်းနှင့် ရှုထောင်တို့၏ ယခုလေးတင်က တိုက်ခိုက်မှု၌ သူတို့အလွန်အရေးပါသည့် ဟာကွက်တစ်ခုကို တွေ့ခဲ့သည်။
ဒီ၀မ်းဗိုက်တွင်း၌ နိယာမစွမ်းအားမရှိသော်သဖြင့် အဆောင်များနှင့် အစီအရင်များကို အသုံးမပြုနိုင် ဖြစ်သွားစေသော်လည်း လော့ဖုန်းနှင့် ရှုလောင်တို့၏ တိုက်ခိုက်မှုများတွင် အလိုအလျောက် နိယာမစွမ်းအား ပါ၀င်နေခဲ့သည်။
ဒါက ဒီပတ်၀န်းကျင်ဒေသက နိယာမစွမ်းအားကို ငှားယမ်းထားခြင်းမဟုတ်ဘဲ သူတို့ကိုယ်ပိုင်နိယာမစွမ်းအားဖြစ်သည်။ သူတို့နှစ်ယောက်က အစွမ်းထက်အဆောင်သခင်နှင့် အစီအရင်ဆရာဖြစ်လေရာ ဒီလိုလုပ်ရန် မခက်ခဲပေ။
တစ်နည်းအားဖြင့် နိယာမစွမ်းအားကို သုံးနိုင်နေသေးပြီး သူတို့ဒါကို အပြင်ပကမ္ဘာကနေ မရယူနိုင်ခြင်းသာဖြစ်သည်။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်နှင့် ကျန်အဆောင်များကို မသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီအဆောင်များက အပြင်ပကမ္ဘာက မိုးကြိုးသဘာ၀နိယာမစွမ်းအားနှင့် ပေါင်းစပ်ရန် လိုအပ်သည် မဟုတ်ပေလော။
မုဖူရှန်းပြုံးသည်။
"ကြည့်ရတာ ဂျူနီယာညီလေးဖန်ရဲ့ အစီအရင်က အသုံး၀င်သေးပုံပဲ"
ဖန်ချန်းပြုံးရင်းခေါင်းညိတ်သည်။
"စီနီယာအစ်ကိုမုရဲ့အဆောင်တွေမှာည်း ပြဿာနာမရှိပါဘူး"
သူတို့လေးယောက်ဖုံးကွယ်မထားသည့် စကားများကိုနားထောင်ရင်း လော့ဖုန်းနှင့် ကျန်နှစ်ယောက်ထိတ်လန့်သွားသည်။
ဒီလိုအချိန်တိုအတွင်းမှာ သူတို့အများကြီး တွေ့သွားခဲ့တာလား!
ဒါပေမယ့် ပြောနိုင်တယ်ဆိုရင်တောင် ဘာအသုံး၀င်သေးလို့လဲ!
လော့ဖုန်း၏ အမူအရာက ကြည့်ရဆိုးနေသည်။
"မင်းတို့နယ်ပယ်က လုံလောက်အောင် မမြင့်ဘူး၊ မင်းတို့လည်း ဒါကို မချိုးဖျက်နိုင်ဘူး"
"ဒါ့အပြင် ဒီအသားနံရံရဲ့ အထူးအခြေအနေအောက်မှာ ငါတို့အတွက်တောင် ချိုးဖျက်ဖို့ ခက်ခဲတယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါဆိုကြိုးစားကြည့်တာပေါ့"
ယခုလို သေခြင်းတရားအတွက် သေချာနေသည့် အခြေအနေတွင်ပင် သူတို့ကို တည်ငြိန်စွာနှင့် မျှော်လင့်ချက်ရှိနေစေသည့် သူတို့၏ စိတ်ဓာတ်၊ အမြင်နှင့် စိတ်ပိုင်းဖြတ်မှုတို့က လော့ဖုန်းနှင့်ကျန်နှစ်ယောက်ကို ထိတ်လန့်စေသည်။
အကယ်၍ အပြင်ပကမ္ဘာတွင်ဆိုပါက သူတို့အသက်ရှင်နေသရွေ့ အနာဂတ်တွင် သူတို့နာမည်များက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ ပဲ့တင်ထပ်သွားပေလိမ့်မည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါဆိုကြိုးစားကြည့်ရအောင်၊ ငါတို့ဆရာကိုလည်း ထပ်ပြီးမခေါ်နိုင်ဘူးလေ"
ဖန်ချန်းပြုံးလိုက်သည်။
"သိပ်တောင်မကြာသေးဘူး၊ ဆရာရဲ့ အကူအညီကိုသာ တောင်းဆိုမယ်ဆိုရင် ဆရာရူးသွားလိမ့်မယ်"
မုဖူရှန်းဆက်ပြောသည်။
"ဒီလိုဆိုရင်တော့ အစ်ကိုကြီးက ဒုက္ခရောက်သွားလိမ့်မယ်"
ရှောင်ဟိုင်ရယ်မောလိုက်သည်။
"ဒီအပြစ်ဒဏ်ကို အစ်ကိုကြီး ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး"
အပိုင်း(1034) coming။