← Chapters

#‌အန္တရာယ်မှလွတ်မြောက်ခြင်း၊ အသက်ကန့်သတ်ဇုန်#

Vol. 73 Ch. 1034

#‌အန္တရာယ်မှလွတ်မြောက်ခြင်း၊ အသက်ကန့်သတ်ဇုန်#

Vol. 73 Ch. 1034

နည်းလမ်းတစ်ခုစဉ်းစားပြီးနောက် သူတို့ကြိုးစားရပေမည်။ 

ယဲ့ချိုးပိုင်လက်ထဲက ငွေနဂါးဓား အနည်းငယ် တုန်ခါသွားပြီး ဓားပိုင်နက်က ကောင်းကင်ပေါ် ထိုးတက်သွား၏။ 

ဓားနတ်ဘုရားနယ်ပယ်ဓားဆန္ဒက ဒီအခိုက်အတန့်မှာပင် အရူးအမူးသိပ်သည်းလာပြီး ပါးလွှာသည့်ငွေနဂါးဓားက ဖြည်းဖြည်းချင်း သိပ်သည်းနေသည်။ 

"ဓားနတ်ဘုရားနယ်ပယ်" လော့ဖုန်း အထိတ်တလန့်ပြောလိုက်သည်။ 

"ဒီကလေးက နတ်ဘုရင်နယ်ပယ်မှာတင် ခေးအောစ့်အနှစ်သာရဓားသခင်နဲ့ တူညီတဲ့ ဓားနတ်ဘုရားနယ်ပယ်ကို ရောက်နေပြီလား"

ယွန်ဇီလေးနက်စွာ ခေါင်းခါယမ်းသည်။ 

"ခေးအောစ့်အနှစ်သာရဓားသခင်ရဲ့ ဓားတာအိုနယ်ပယ်က သူ့ထက်ပိုမြင့်တယ်၊ ဒါပေမယ့် ဓားနတ်ဘုရားနယ်ပယ်ကို ရောက်တာကတင် အရမ်းကြောက်စရာကောင်းနေပြီ..."

သူတို့၏နားလည်မှုအရ ခေးအောစ့်အနှစ်သာရဓားသခင်အတွက်ပင် ဓားနတ်ဘုရားနယ်ပယ်ကို ရောက်ခြင်းက အမြန်ဆုံးဖြစ်နေလေပြီ။ 

ယဲ့ချိုးပိုင်က နတ်ဘုရင်နယ်ပယ်နှင့် ဓားနတ်ဘုရားနယ်ပယ်ကို ချိုးဖျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ 

တခြားတစ်ဘက်တွင် ရှောင်ဟိုင်တစ်ကိုယ်လုံးရှိ နတ်ဆိုးချီများက စတင်ထိုးတက်လာကြ၏။ သူ့သွေးကြောစွမ်းအားကလည်း တစ်ချိန်တည်းမှာပင် အသက်၀င်လာပြီး သူလက်ထဲတွင် ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို ကိုင်လိုက်၏။ 

နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ရှောင်ဟိုင်နောက်တွင် စတင်ပေါ်လာခဲ့သည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ရှုလောင်နှင့် ကျန်နှစ်ယောက်က ပို၍ပင် ထိတ်လန့်သွားသည်။ 

ဒီအော်ရာ၊ ဒီနတ်ဆိုးဘုရင်ပုံရိပ်ယောင်နှင့် သူတို့အရင်ကကြားဖူးသည့် သတင်းများအရ ရှောင်ဟိုင်၏ ကိုယ်ပိုင်လက္ခဏာကို နတ်ဆိုးဘုရင်ပိုင်နက်က အရင်နတ်ဆိုးသခင်ဟု သူတို့အလျင်အမြန် မှန်းဆနိုင်ခဲ့ကြသည်။ 

ရုတ်တရက် ဖျက်ဆီးခြင်းအော်ရာအမျှင်စများက ဘေးကနေ မရပ်မနားစိမ့်ထွက်လာသည်။ 

အစီအရင်ဆရာမဟာမိတ်က ဖြစ်သည့် ရှုလောင်ထိတ်လန့်တုန်လှုပ်သွား၏။ 

ဒီအော်ရာနှင့် သူအတော်လေးရင်းနှီးသည်။ 

အစီအရင်!

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှုလောင် ရုတ်တရက် ဖန်ချန်းကို ကြည့်လိုက်သည်။ သူ့ခန္ဓာတစ်ဝိုက်က သတ်ဖြတ်ခြင်းအော်ရာအမျှင်စများက သူ့၀န်းကျင်၌ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ဖန်တီးနေသည်။ 

ဒီနေရာ၌ မည်သည့်နိယာမစွမ်းအင်မှ မရှိတော့တာရှင်းနေသည်။ 

ဒီလိုဆိုပါက မိုးနှင့်မြေ၏ နိယာမစွမ်းအားကို ငှားယမ်းရန်လိုအပ်သည့် အစီအရင်တစ်ခုကို သေချာပေါက် သိပ်သည်းနိုင်မည်မဟုတ်။ 

ဒါပေမယ့် ဒီကလေးဒါကို ဘယ်လိုလုပ်ခဲ့တာလဲ!

ဖြစ်နိုင်တာက....!

ရုတ်တရက် သူမြင်ခဲ့ဖူးသည့် ရှေးဟောင်းစာအုပ်တစ်အုပ်က ရှုလောင်၏စိတ်ထဲတွင် ပေါ်လာသည်။ 

ထိုစာအုပ်တွင် အစီအရင်ကို သုံးသည့် အတော်လေးဆန်းကြယ်သည့် နည်းလမ်းတစ်ခုကို မှတ်တမ်းတင်ထားသည်။ 

ယင်းက ကိုယ်ခန္ဓာကိုသုံးရင်း အစီအရင်တစ်ခု ဖန်တီးခြင်းပင်။ 

ဒါပေမယ့် ဒီနည်းလမ်းက ပျောက်သွားတာကြာပြီမလား၊ သူဘယ်ကနေ ရခဲ့တာလဲ!

ရှုလောင်ဘေးက လော့ဖုန်းကလည်း ရေရွတ်သည်။ 

"သူရောအဆောင်တွေကို သုံးနိုင်လား"

မုဖူရှန်းအဆောင်လေးခုကို ထုတ်ယူပြီး တစ်ခုကို သူ့ကိုယ်ပေါ်၌ကပ်ကာ ကျန်သုံးခုကို ယဲ့ချိုးပိုင်တို့၏ကိုယ်ပေါ်၌ ကပ်လိုက်သည်။ 

ရုတ်ချည်းဆိုသလို သူတို့လေးယောက်၏ အော်ရာများက အရူးအမူး ထိုးတက်လာကြပြီး အဆက်မပြတ်တိုးနေသည်။ 

ဖန်တီးခြင်းနတ်အဆောင်!

သူတို့ အပြင်ပကမ္ဘာက နိယာမစွမ်းအားနှင့် ပေါင်းစပ်ရန် မလိုအပ်ပါ။ 

ဒီတဒင်္ဂ၌ သူတို့လေးယောက်၏ အော်ရာများက ဆက်လက်မြှင့်တက်နေသည်။ 

ယဲ့ချိုးပိုင် မျက်လုံးများကိုမှိတ်ပြီး ဓားဆန္ဒစီးဆင်းမှုကို ခံစားနေသည်။ ဓားပိုင်နက်ထဲတွင် ငွေနဂါးဓားထိပ်ဖျားက ပို၍ပင် ထက်ရှလာသည်။ 

သူ့အဆီအနှစ်၊ စွမ်းအင်နှင့် စိတ်ဝိဉာဉ်က အမြင့်ဆုံးကို ရောက်သွားတာကို ခံစားမိသောအခါ ယဲ့ချိုးပိုင်ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ 

ဓားဆန္ဒက သူ့မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ 

ဒီအချိန်တွင် ယဲ့ချိုးပိုင် ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ပါးပမာ လက်ချောင်းကို လှုပ်ရှားလိုက်၏။ 

ငွေနဂါးဓားရှည်က အသားနံရံပေါ်က အမှတ်တစ်ခုဆီသို့ ထိုးဖောက်သံားသည်။ 

ဓားဆန္ဒထုတ်လွှတ်ခြင်းမရှိဘဲ ဓားဆန္ဒအားလုံးနှင့် ယဲ့ချိုးပိုင်၏ဓားတာအိုတို့က တစ်ခုတည်းအဖြစ် သိပ်သည်းသွားကြ၏။ 

လေဟာနယ်က ဒီနေရာကိုဖြတ်သန်းကာ စတင်စုတ်ပြဲလာသော်လည်း အက်ကြောင်းက မပျံ့သွားပေ။ ယင်းအစား ငွေနဂါးဓားရှည် ဖြတ်သွားသောနေရာတွင်သာ ပေါ်လာခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို လွှဲယမ်းပြီး ခွန်အားကိုစုစည်းကာ တူညီသည့် နေရာသို့ပင် ထောင်းချပစ်သည်။ 

ဖန်ချန်းကလည်း အလားတူလုပ်ဆောင်သည်။ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က သူ့ညာလက်ထဲတွင် စုစည်းလာပြီး သူလက်သီးဆုပ်ကာ ရှေ့သို့ ထိုးလိုက်၏။ 

သူတို့သုံးယောက်စလုံး၏ တိုက်ခိုက်မှုများက တစ်နေရာတည်းကို ဦးတည်ထားသည်။ 

လော့ဖုန်းတို့၏ ထိတ်လန့်ကာ မျှော်လင့်မထားသည့် အကြည့်များအောက်တွင် သူတို့၏ တိုက်ချက်များက တစ်နေရာတည်းကို ရုတ်တရက်တိုက်မိကြသည်။ 

ဒုတ်.....ဒုတ်.....ဒုတ်!

အသားနံရံက စတင်ပြင်းထန်စွာ တုန်ခါလာပြီး ဒီတဒင်္ဂမှာပင် စတင်ချိုင့်၀င်သွားခဲ့သည်။ 

ဒါကိုမြင်သော် လော့ဖုန်းသက်ပြင်းချသည်။ 

"ဒါကအလုပ်မဖြစ်သေးဘူး"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အသားနံရံက တုန်ခါကာနစ်၀င်သွားသော်လည်း ပတ်ပတ်လည်က အသားနံရံများ၌ ပျံ့သွားသည့်စွမ်းအားသိပ်မရှိတာကို သူတိုဘသဘောပေါက်သွားကြ၏။ 

ယင်းအစား တိုက်ခိုက်မှုများက အသားနံရံ၏ အနက်ပိုင်းသို့ ထိုးဖောက်သွားသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်၏ တိုက်ခိုက်မှုများကို ယဲ့ချိုးပိုင်၏ဓားဆန္ဒက ဦးဆောင်ခဲ့သည်။ 

အသားနံရံကို ထိသောအခါ ရှောင်ဟိုင်၏ ကြောက်မက်ဖွယ်ရာခွန်အားဖြစ်စေ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ဖန်ချန်း၏ သတ်ဖြတ်ခြင်းအစီအရင်ဖြစ်စေ အားလုံးကို ယဲ့ချိုးပိုင်၏ ဓားဆန္ဒက လွှမ်းခြုံသွားပြီး အသားနံဂံ၏ အနက်ပိုင်းသို့ ထိုးဖောက်သွားခဲ့သည်။ 

ဒါက အရမ်းထက်ရှလွန်းသဖြင့် အသားနံရံက ဒီစွမ်းအားကို တခြားအပိုင်းများသို့ လုံး၀ပျံ့အောင် လုပ်နိုင်ခြင်းမရှိချေ။ 

"ဓားနတ်ဘုရားနယ်ပယ်ကို ရောက်ဖူးတဲ့ လူတစ်ယောက်ကပဲ ဒါကိုလုပ်နိုင်တယ်၊ အဲဒီနောက်မှ သူဓားဆန္ဒကို ဒီလိုထက်ရှတဲ့အဆင့်အထိ သိပ်သည်းနိုင်ပြီး စိမ့်၀င်စေတဲ့ သက်ရောက်မှုတစ်ခုကို ဖြစ်စေနိုင်တယ်" ဒီအချက်ကို နားလည်သွားပြီးနောက် ယွန်ဇီ လေးနက်သည့် အမူအရာဖြင့်ပြောသည်။ 

အကယ်၍ ဒါက ကျိုးကြေနေသည့် မျက်နှာပြင်၏ စိမ့်ဝင်နိုင်သည့် သက်ရောက်မှုဆိုပါက အသားနံရံက ဒီထက်ရှသည့်စွမ်းအားကို တခြားတစ်နေရာရာသို့ ပျံ့အောင်လုပ်နိုင်မည်မဟုတ်။ 

ဒါက ဓားတာအို၌ ဓားနတ်ဘုရားနယ်ပယ်ကို ရောက်မှသာလျှင် လုပ်နိုင်သည့် အရာတစ်ခုပေတည်း။ 

ဂျုန်း.....!

ဒီအခိုက်အတန့်တွင် အသားနံရံက စတင်ပြင်းထန်စွာတုန်ခါလာသည်။ ၀မ်းဗိုက်တစ်ခုလုံးအတွင်း ညည်းညူကာ ကျယ်လောင်သည့် ဟိန်းသံတစ်သံက ပျံ့သွားခဲ့သည်။ 

ဒီဧရာမဟိန်းသံက ကြီးမားသည့်လေပြင်းတစ်ခုကို ထုတ်လွှတ်ပေးပြီး သူတို့က်ု မုန်တိုင်းတစ်ခုထဲ တွန်းထည့်ပစ်ခဲ့သည်။ 

ယဲ့ချိုးပိုင်တို့ကလည်း ခြွင်းချက်မဟုတ်ပါ။ 

ကြီးမားသည့်လေပြင်းနှင့် ပတ်၀န်းကျင်က အသားနံရံများ၏ ဆက်တိုက်ဖိအားနှင့်အတူ ၎င်းကသူတို့ကို နှင်ထုတ်ပစ်ချင်ပုံရသည်။ 

သူတို့ ထွေးထုတ်ခံရတော့မည်ဟု ခံစားနေရသည်။ 

ယှဉ်၍မရနိုင်လောက်အောင် မှောင်မိုက်သည့် လမ်းကြောင်းတစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့ ပါးစပ်ကြီးကနေ ထွေးထုတ်ခံရသည်။ 

ထို့နောက် ပါးစပ်ကြီးက ညည်းညူသံများကို ထုတ်လွှတ်ရင်း လူတိုင်း၏ အကြည့်အောက်တွင် ရွှံ့နွံ၏ အနက်ပိုင်းသို့ ထပ်မံထွက်ပြေးသွားသည်။ 

လော့ဖုန်းနှင့် ကျန်နှစ်ယောက်၏ အကြည့်များက တွေဝေနေခြင်းကနေ အံ့ဩမှုအဖြစ် ပြောင်းသွားပြီး ထိန်းချုပ်၍မရနိုင်လောက်သော အံ့ဩသင့်မှုက စတင်ပေါ်လာခဲ့သည်။ 

သူတို့တကယ်လုပ်နိုင်ခဲ့တာလား!

မျိုချခံရပါက သေချာပေါက်သေဆုံးရမယ့် နေရာကနေ သူတို့လွတ်မြောက်လာခဲ့တာလား!

ဒါ့အပြင် ဒီအရာအားလုံးကို နတ်ဘုရင်နယ်ပယ်က ဂျူနီယာတစ်ချို့ လုပ်ခဲ့ကြတာပဲ!

သူတို့လှည့်ကာ ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်စဉ် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့၏ မျက်နှာက ဖြူရော်နေတာကို တွေ့လိုက်ရသည်။ သူတို့က မုဖူရှန်း၏ အကူအညီနှင့် ရွှံ့နွံ့ပေါ်၌ ရပ်နေရုံမျှသာ ရပ်နေနိုင်သည်။ မဟုတ်ပါက သူတို့နစ်မြှုပ်သွားလောက်သည်။ 

"ကုန်ခမ်းနှုန်းက အရမ်းကြီးလွန်းတယ်" ယွန်ဇီလှည့်ကြည့်သည်။ 

"တိမ်အိပ်မက်မြို့ကို အရင်ပြန်ကြရအောင်"

လော့ဖုန်းမျက်မှောင်ကြုတ်သည်။ 

"ဒါပေမယ့် ဒါဘယ်နေရာလဲ၊ ဒီနေရာက အရမ်းရင်းနှီးမနေဘူး၊ ဒါက ငါတို့တခါမှ မပါ၀င်မပတ်သက်ဖူးတဲ့ နေရာတစ်ခုဖြစ်ပုံပဲ"

ဘေးက ရှုလောင်၏ကိုယ်က အထိန်းအချုပ်မဲ့ စတင်တုန်ယင်လာသည်။ 

ရှုလောက်၏ ပုံမမှန်မှုကို သတိထားမိသဖြင့် လော့ဖုန်းနှင့် ယွန်ဇီတို့ကလည်း သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြစဉ် သူတို့၏ အကြည့်များက အေးခဲသွားကြ၏။ 

သူတို့ရှေ့တွင် ကောင်းကင်ပေါ် ထိုးတက်နေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ရှိသည်။ 

သို့စေကာမူ သစ်ပင်၏ကိုယ်ထည်က ကွေးနေပြီး သစ်ကိုင်းများပေါ်တွင် သစ်ရွက်များမရှိပါ။ 

သူတို့ဒီရှေးဟောင်းသစ်ပင်ကို မြင်သောအခါ ဒါက သူတို့ အနီရောင်အမှတ်အသားနှစ်ခုထဲက တစ်ခုကို ၀င်လာပြီဟု ဆိုလိုနေခြင်းပင်။ 

ဒါက တကယ့်အသက်ကန့်သတ်ဇုန်ပေတည်း။ 

အပိုင်း(1035) coming။ 

All Chapters