#ဆန်းကြယ်သောလူ၊ ပုံရိပ်ယောင်ဗဟိုချက်#
Vol. 73 Ch. 1035
ဒီအချိန်မှာပင် လော့ဖုန်းနှင့် ကျန်နှစ်ယောက် သတိအပြည့်အမူအရာဖြင့် ရှေ့သို့ လျှောက်သွားကြသည်။ သူတို့အော်ရာကို ထုတ်လွှတ်ရင်း ပတ်၀န်းကျင်က အန္တရာယ်ကို ရင်ဆိုင်ကိုင်တွယ်ရန် ပြင်ဆင်ထားကြသည်။
သို့စေကာမူ သူတို့ပိုလျှောက်သွားလေလေ၊ ပုံရိပ်ယောင်မြူများက ပိုသိပ်သည်းလာလေလေဖြစ်သည်။ ၎င်းက လေဟာနယ်တွင်ပင် ဖြည့်ထားပြီး ပန်းရောင်အဆင်းကို ပြသထားသည်။
တိမ်ပုံရိပ်ယောင်ဆေးလုံး၏ အကာအကွယ်သာမရှိပါက နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြသည့် လော့ဖုန်းနှင့် ကျန်နှစ်ယောက်မှာ ကြာရှည်ခံနိုင်မည်မဟုတ်။
ရုတ်တရက် သူတို့သုံးယောက်အပြင် မုဖူရှန်းတို့ပါ လမ်းကြောင်း၌ ရပ်လိုက်ကြပြီး ရှေ့သို့ လေးနက်စွာ ကြည့်လိုက်ကြသည်။
အနီရောင်အမှတ်အသားဖြင့် အမှတ်ပြုထားသည့် ဒီအန္တရာယ်ရှိသည့်နေရာတွင် ဘာကြောင့် သူတို့မှော်သားရဲတစ်ကောင်တောင် မတွေ့ရသလဲဆိုတာ သူတို့သိကြသည်။
သူတို့ရှေ့ ပန်းရောင်မြူခိုးထဲ၌ မှော်သားရဲများ၏ ဧရာမအလောင်းများက ရွှံ့နွံပေါ်၌ ၀မ်းနည်းဖွယ်ရာ လဲလျောင်းနေကြသည်။
အနက်ရောင်အော်ရာအမျှင်စများက ၎င်းတို့ကိုယ်အစိတ်အပိုင်းတိုင်းကို ကပ်ငြိနေပြီး ဆွေ့မြေ့နေသည့်အသားများကို ကိုက်စားနေသည်။
ဘာဖြစ်ခဲ့တာလဲ၊ တစ်ယောက်ယောက်ဒီမှာ ရှိခဲ့တာလား!
ဒီအော်ရာအမျှင်စက မပျောက်ကွယ်သွားသေးသဖြင့် ဒါက ဒီမှော်သားရဲများကို သတ်ပစ်ခဲ့သည့်သူက အဝေးကို မရောက်သေးဟု ဆိုလိုနေခြင်းပင်။
လော့ဖုန်း၏ အမူအရာက ထိတ်လန့်နေသည်။
"ဒီမြူခိုးထဲမှာ နတ်အင်ပါယာနယ်ပယ် မှော်သားရဲများစွာကို သတ်နိုင်တဲ့သူတွေက ငါတို့ထက် နိမ့်ကျမှာမဟုတ်ဘူး၊ သူတို့က ငါတို့ထက်တောင်......"
ပိုအစွမ်းထက်ပါသည်။
မုဖူရှန်းမျပ်မှောင်ကြုတ်သည်။ သူ့ကိုယ်ခန္ဓာက အနည်းငယ်တင်းကြပ်သွားပြီး နတ်အသိကို တိတ်ဆဆိတ် ထုတ်လွှတ်လိုက်၏။
ဒီအချိန်မှာပင် သူတို့ဘေးကနေ အသံတစ်သံ ရုတ်တရက်ထွက်လာသည်။
"အိုး၊ ဒီနေရာမှာ ဒီလိုအစွမ်းထက်ဝိဉာဉ်စွမ်းအင်နဲ့ လူတွေရှိမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
မုဖူရှန်းချက်ချင်းလှည့်ပြီး တစ်ဘက်လူအား ကြည့်လိုက်သည်။
ကျန်သောသူများကလည်း လှမ်းကြည့်သည်။
သူတို့အား အပြုံးဖြင့်ကြည့်နေသည့် မျက်နှာ၌ အနက်ရောင်ပုံစံကွက်များရှိသော အနက်၀တ်လူရှည်တစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။
သူတို့ကို ထိတ်လန့်စေတာက ထိုလူက လက်တစ်ဖက်စီတွင် ဧရာမရွှံ့နွံသားရဲအလောင်းကို ကိုင်ထားပြီး အလောင်းပေါ်၌ အနက်ရောင်အော်ရာတစ်ခု ပျံ့နေသည်။
ဒီမှော်သားရဲများက ဒီအနက်၀တ်လူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ ရှင်းနေသည်။
သို့စေကာမူ မုဖူရှန်းကို အတော်လေး ထိတ်လန့်စေတာက ဒီမှော်သားရဲများမဟုတ်ဘဲ ယင်းအစား သူ့နတ်အသိ ထုတ်လွှတ်မှုကို ထိုလူအာရုံခံနိုင်ခြင်းပင်။
မုဖူရှန်းနတ်အသိကို ထုတ်လွှတ်သောအခါ အမြဲလိုလိုဖုံးကွယ်ထားတတ်သည်။
ဒါ့အပြင် သူ့ဝိဉာဉ်စွမ်းအားအရ ဝိဉာဉ်ကို ကျင့်ကြံထားကြသည့် လော့ဖုန်းနှင့် ရှုလောင်တို့ပင်လျှင် အလွယ်တကူ ရှာတွေ့မည်မဟုတ်။
အနက်၀တ်လူက မုဖူရှန်း၏ အတွေးများကို အာရုံခံမိသည့်အလား ရယ်မောသည်။
"မင်းဘာတွေးနေသလဲဆိုတာ ငါနားလည်ပါတယ်၊ ငါတို့မျိုးနွယ်စုမှာ ဝိဉာဉ်နဲ့ပတ်သက်တဲ့ ထူးခြားတဲ့အသိအမြင်တစ်ခုရှိတယ်"
ဒီအချိန်မှာပင် လော့ဖုန်း လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"တိမ်အိပ်မက်ကြယ်ဒေသက ကျွမ်းကျင်သူအားလုံးနီးပါးကို ငါသိတယ်၊ မင်းဘယ်သူလဲ"
"တု၀မ်ဟန်" ထိုလူက ဘာတစ်ခုကိုမှ ဖုံးကွယ်မထားဘဲ ပြုံးသည်။
"ငါက ခရီးထွက်သွားလာတတ်တဲ့ ခရီးသည်တစ်ယောက်ပါ၊ ဒါ့အပြင်ငါက မင်းတို့ရဲ့ တိမ်အိပ်မက်ကြယ်ဒေသနဲ့ မသက်ဆိုင်ပါဘူး"
"ဒါပေမယ့် မင်းတို့ဒီကို လာနိုင်တယ်ဆိုတဲ့အချက်က မင်းတို့ခွန်အားက မဆိုးဘူးလို့ သက်သေပြနေတာပဲ၊ မင်းတို့ငါနဲ့ ပူးပေါင်းချင်လား"
"ပူးပေါင်းရမယ်" ယဲ့ချိုးပိုင်ဝေခွဲမရဖြစ်သွားသည်။
"မှန်တယ်" တု၀မ်ဟန်ခေါင်းညိတ်ပြီး ရွှံ့နွံသားရဲကြီးနှစ်ကောင်ကို ဘေးသို့ ပစ်ချလိုက်လေရာ ရွှံ့များကို လွင့်ပျံသွားစေသည်။
"မင်းတို့အထဲက ပစ္စည်းတွေကြောင့်ဖြစ်ရမယ်၊ ဒီတော့ ငါတို့ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့ရဲ့ထိရောက်မှုက ပိုမြင့်သွားမယ်မလား"
ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် ကျုပ်တို့ခင်ဗျားရဲ့ပန်းတိုင်ကို မသိဘူးလေ"
တု၀မ်ဟန်၏အော်ရာနှင့် ရှောင်ဟိုင် ရှင်းပြ၍မရနိုင်သည့် ရင်းနှီးမှုသဘာ၀တစ်ခုကို ခံစားနေရသည်။
တု၀မ်ဟန်ပြုံးရင်း လက်ဝှေ့ယမ်းသည်။
"မစိုးရိမ်ပါနဲ့၊ ဘာကွဲလွဲမှုမှ ရှိမှာမဟုတ်ဘူး၊ ငါက ငါ့ခွန်အားကို အဓိကလေ့ကျင့်ချင်တယ်"
ခွန်အားကိုလေ့ကျင့်တာလား!
လော့ဖုန်းနှင့် ကျန်နှစ်ယောက်တွင် ထူးဆန်းနေသည့် အမူအရာများရှိနေကြသည်။
ဒါက သာမန်လူတစ်ယောက် လေ့ကျင့်ဖို့အတွက် အသက်ကန့်သတ်ဇုန်ကို လာဖို့ စဉ်းစားနိုင်တဲ့ နည်းလမ်းတစ်ခုလား!
ဒါ့အပြင် သူ အသက်ကန့်သတ်ဇုန်ကို လေ့ကျင့်ရန်အတွက်လာပြီး လျှို့ဝှက်ရတနာများကို မတောင်းဆိုပါက ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
တု၀မ်ဟန်ထပ်ပြုံးကာ ယဲ့ချိုးပိုင်တို့ ငြင်းဆန်မည်ကို ကြောက်သည့်အလား ဆက်ပြောသည်။
"မင်းတို့ငါနဲ့ မပူးပေါင်းဘူးဆိုရင် ဒီနေရာမှာ အသက်ရှင်နိုင်ဖို့ဆိုတာ မင်းတို့အတွက် ခက်ခဲလိမ့်မယ်ဆိုတာ ငါယုံတယ်၊ ဒါမှမဟုတ် မင်းတို့ထွက်ပေါက်ကို ရှာတွေ့မှာမဟုတ်ဘူးဆိုရင် ပိုမှန်တယ်မလား"
လော့ဖုန်းနှင့် ကျန်နှစ်ယောက် အေးခဲသွား၏။
"သူပြောတာက အမှန်တရားပဲ၊ ဒီနေရာကနေ ထွက်ဖို့ဆိုတာ အရမ်းခက်တယ်၊ ပုံရိပ်ယောင်မြူတွေရဲ့ ဖုံးလွှမ်းမှုအောက်မှာ ဒါက ၀င်္ကပါတစ်ခုလို့တောင် ထင်ရတယ်၊ အနှေးနဲ့အမြန်ဆိုသလို ငါတို့မှော်သားရဲတွေရဲ့ ၀န်းရံခြင်းကို ခံရပြီး ဝိဉာဉ်ချီ ကုန်ခမ်းသွားရလိမ့်မယ်"
ဒီအချိန်တွင် ယွန်ဇီထရပ်သည်။
"ဒီလိုဆိုမှတော့ ပူးပေါင်းကြရအောင်"
တစ်ဘက်လူ၏ ခွန်အားက သေချာပေါက် သူတို့ထက်မနိမ့်ကျသလို သူတို့ထက် ပိုအားကောင်းရုံသာရှိသည်။
ယခုအချိန်တွင် တု၀မ်ဟန်နှင့် ပူးပေါင်းခြင်းက အကောင်းဆုံးဖြေရှင်းနည်းပေတည်း။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒါကိုမြင်သောအခါ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့၏ အမူအရာများသာလျှင် အေးခဲနေကြ၏။ သူတို့ဘာတွေးနေသလဲဆိုတာကို ဘယ်သူမှမသိပါ။
.....
လူတိုင်း တု၀မ်ဟန်နောက်က လိုက်သွားကြသည်။
"ဒီနေရာက ပုံရိပ်ယောင်မြူကဘာလို့ တခြားနေရာတွေထက် ပိုသိပ်သည်းနေရသလဲဆိုတာ မင်းတို့သိလား" လမ်းလျှောက်နေစဉ် တု၀မ်ဟန်မေးသည်။
ကျန်သောသူများ ခေါင်းခါယမ်းကြသည်။
လော့ဖုန်းနှင့် ကျန်နှစ်ယောက်ကလည်း မသိကြပါ။
မည်သို့ပင်ဆိုစေကာမူ မည်သူမှ ဒီနေရာကို မစူးစမ်းရဲကြပေ။
တု၀မ်ဟန် ဒီနေရာကို ကောင်းကောင်းသိပုံရပြီး ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
"ဘာလို့လဲဆိုတော့ ဒီနေရာက ပုံရိပ်ယောင်ဗဟိုချက်နဲ့ အနီးစပ်ဆုံးဖြစ်လို့ပဲ"
"ပုံရိပ်ယောင်ဗဟိုချက်" ဒါက လော့ဖုန်းနှင့် ကျန်နှစ်ယောက် ဒီစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ယဲ့ချိုးပိုင်အလျင်အမြန်တုံ့ပြန်သည်။
"ခင်ဗျားပြောချင်တာက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က ပုံရိပ်ယောင်မြူအားလုံးကို ဒီပုံရိပ်ယောင်ဗဟိုချက်က ထုတ်လွှတ်ပြီး ဒီနေရာက ပုံရိပ်ယောင်ဗဟိုချက်နဲ့ အနီးဆုံးနေရာပေါ့"
တော်တယ်" တု၀မ်ဟန် သဘောတူညီစွာ ခေါင်းညိတ်သည်။
"ဒါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲက အဖိုးအတန်ဆုံးရတနာပဲ၊ မင်းတို့ဒီအတွက် လာကြတာမလား"
ဒါကမမှန်သော်လည်း သူရှောင်ဟိုင်၏ စေ့ဆော်မှုကို မဖော်ထုတ်နိုင်လေရာ ခေါင်းညိတ်လိုက်သည်။
ဒီတဒင်္ဂမှာပင် မုဖူရှန်း၏အသံလွှင့်မှုက ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်၏ စိတ်ထဲကို ရောက်လာသည်။
"ဒီလူကမရိုးရှင်းဘူး၊ သတိထားကြ၊ သူက ကျွန်တော့်ဝိဉာဉ်စွမ်းအားကို ချက်ချင်းအာရုံခံနိုင်တယ်ဆိုရင် ဒါက သူအရင်က ဝိဉာဉ်ကို ကျင့်ကြံခဲ့တယ်လို့ ဆိုလိုနေတာပဲ"
ဖန်ချန်းသိချင်စိတ်ဖြင့်မေးသည်။
"သူပုံရိပ်ယောင်မြူတွေရဲ့ သက်ရောက်မှုကို မခံရပုံပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"သူ့အော်ရာက နည်းနည်းရင်းနှီးနေတယ်လို့ ကျွန်တော်လည်းခံစားရတယ်၊ သူ့ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ"
ယဲ့ချိုးပိုင်ဆုံးဖြတ်ချက်ချသည်။
"အခုတခြားကောင်းတဲ့နည်းလမ်းမရှိဘူး၊ ငါတို့တစ်ကြိမ်မှာ တစ်ဆင့်စီပဲ လုပ်လို့ရမယ်"
.....
ထို့နောက် သူတို့တခြားမည်သည့်စကားမှ မဆိုကြပါ။ လမ်းတစ်လျှောက်လုံးက ရွှံ့နွံမှော်သားရဲများကို တု၀မ်ဟန်ရှင်းပစ်ခဲ့သည်။
ဒါက ရှုလောင်နှင့် ကျန်နှစ်ယောက်ကို စိတ်လှည့်စားမှုတစ်ခု ပေးဆောင်သည်။
ဒီအသက်ကန့်သတ်ဇုန်လို့ ခေါ်တဲ့နေရာကလည်း အရမ်းအထင်ကြီးစရာမကောင်းဘူးဘဲ!
သို့စေကာမူ တိမ်ပုံရိပ်ယောင်ဆေးလုံးနှင့် တု၀မ်ဟန် ထိုရွှံ့နွံမှော်သားရဲများကို သတ်ပစ်ခြင်းကြောင့်သာ မဟုတ်ပါက သူတို့ဒီမှာပင် ပျောက်ဆုံးပြီး ရွှံ့နွံထဲ နစ်မြှုပ်သွားသည့် အလောင်းများအဖြစ် ပြောင်းလဲသွားသည်မှာ ကြာမြင့်နေလောက်ပြီ။
သူတို့ တု၀မ်ဟန်နောက်ကနေ ကွေးနေသည့်သစ်ပင်အောက်ခြေအထိ လိုက်သွားကြသည်။
ကွေးနေသည့် သစ်ပင်၏ပင်စည်အလယ်၌ ပန်းရောင်ပုလဲတစ်လုံးရှိသည်။
ပုလဲက အော်ရာအစက်အပျောက်များကို ထုတ်လွှတ်နေသည်။ ဒါကပုံရိပ်ယောင်ဗဟိုချက်ဖြစ်ရပေမည်။
တု၀မ်ဟန်၏မျက်လုံးများက လင်း၀င်းနေပြီး မုဖူရှန်းနှင့်ကျန်သောသူများကို ကြည့်ရင်းပြုံးသည်။
"ငါတို့ ဒီပုံရိပ်ယောင်ဗဟိုချက်ကို ချိုးဖျက်နိုင်သရွေ့ ဒီကနေထွက်သွားလို့ရပြီ"
ဒီအချိန်မှာပင် မုဖူရှန်း ရုတ်တရက် မေးခွန်းတစ်ခု တည်ငြိမ်စွာမေးလာသည်။
"ခင်ဗျားက ကျုပ်တို့ထက်ပိုအားကောင်းတာပဲ၊ ဘာလို့ကိုယ့်ဘာသာ မဖြေရှင်းရတာလဲ"
တု၀မ်ဟန်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီးနောက် မည်သည့်အရိပ်အယောင်မှ မကျန်ခဲ့ဘဲ ပြုံးလိုက်သည်။
"ငါ့နည်းလမ်းတွေက ဒီဗဟိုချက်ပေါ်မှာ အသုံးမ၀င်ဘူး၊ ဒီတော့ ငါက မင်းတို့ရဲ့ ကံတရားကို စမ်းစေချင်ရုံပါပဲ"
တု၀မ်ဟန်၏ အမူအရာပြောင်းလဲမှုက အတော်လေးမြန်ဆန်သော်လည်း မုဖူရှန်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
တု၀မ်ဟန်က တစ်ခုခုကို ဖုံးကွယ်နေသည်။