#အစီအရင်ကို ခန္ဓာနဲ့ထိန်းချုပ်ခြင်း၊ အဆောင်မုန်တိုင်း#
Vol. 73 Ch. 1024
တိမ်အိပ်မက်ရွှံဗွက်အိုင်၏ အလယ်ပိုင်းတွင် ကျင့်ကြံသူများအပေါ် ပုံရိပ်ယောင်မြူခိုးများ၏ လွှမ်းမိုးမှုက မြင့်သထက်ပို၍ မြင့်မားလာသည်။
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ပုံရိပ်ယောင်မြူကို အချိန်အကန့်အသတ်နှင့်သာ ခံနိုင်ရည်ရှိတော့သည်။
သွေးဝံပုလွေဂိုဏ်းနှင့် နတ်ဆိုးဘုရင်ပိုင်နက်မှ နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူများ၏ ဝိဉာဉ်ချီများကမူ စတင်အလျင်အမြန် ကုန်ဆုံးနေလေပြီ။
သို့သော် မိုလီဒါကိုဂရုမစိုက်ပေ။
သူ့အတွက် ယခုအရေးအကြီးဆုံးအရာက ရှောင်ဟိုင်ကို သတ်ရန်ပင်။
ရှောင်ဟိုင်ကို အသက်ရှင်ကျန်ထား၍မရပေ။
သို့စေကာမူ ဒီအချိန်မှာပင် မိုလီနှင့် ကျန်သောသူများရှေ့၌ အဆောင်များက ထူထဲသည့်သစ်ကိုင်းများကနေ အဆုံးမဲ့မိုးကြိုးစွမ်းအားဖြင့် ရုတ်တရက်တောက်ပသွား၏။
မိုးကြိုးစွမ်းအားစီးကြောင်းများက မိုးကြိုးအလင်းတိုင်ကိုးခုအဖြစ် ပြောင်းသွားပြီး မိုလီတို့အုပ်စုကို ၀န်းရံပစ်သည်။
သူတို့မတုံ့ပြန်နိုင်ခင်မှာပင် မရေမတွက်နိုင်လောက်သည့် လျှပ်စီးစီးကြောင်းများက သူတို့အား ၀န်းရံနေသည့် မိုးကြိုးတိုင်များပေါ်၌ တီကောင်များပမာ လင်း၀င်းကာ သွားလာနေပြီး အပြင်က ကျင့်ကြံသူများ၏ ကိုယ်ခန္ဓာများအား ဆက်တိုက်၀င်တိုက်သည်။
ဂျုန်း......!
မိုးကြိုး၏အစွမ်းထက်စွမ်းအားက ပုံရိပ်ယောင်မြူခိုးများကို ခုခံရန်အတွက် ဝိဉာဉ်ချီပမာဏ အများအပြားကုန်ဆုံးခဲ့ရသည့် နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်က ကျင့်ကြံသူများကို လုံး၀အနိုင်ယူပစ်ခဲ့သည်။
သူတို့၏ခန္ဓာများက ချက်ချင်းဆိုသလို မီးသွေးများပမာ မည်းနက်သွားပြီး တူးနေသည့် အနံ့များကို ထုတ်လွှတ်နေသည်။
လျှပ်စီးစီးကြောင်းက သူတို့အရိုးများကို ထိုးဖောက်ကာ အသက်ဓာတ်ကိုဖျက်ဆီးပစ်သဖြင့် အသက်ရှူသံနှင့် နှလုံးခုန်နှုန်းကို လုံး၀ဆုံးရှုံးသွားစေသည်။
သူတို့အောက်က ရွှံ့နွံပေါ်၌ အားနည်းစွာ လဲပြိုကျသွားကြပြီး ရွှံ့နွံများ၏ တဖြည်းဖြည်းမျိုချခြင်းကို ခံလိုက်ရသည်။
မိုလီအပါအ၀င် နတ်အင်ပါယာနယ်ပယ်က ကျွမ်းကျင်သူများက ဒီတဒင်္ဂမှာပင် အလျင်အမြန်လှုပ်ရှားကြသည်။
အဆောင်ကိုချိုးဖျက်ရမယ်!
မိုလီဒီမြင်ကွင်းကို နက်မှောက်သည့် အမူအရာဖြင့် ကြည့်ရင်း အံကြိတ်သည်။
"ကြည့်ရတာ ဒီဖြစ်စဉ်မှာ သူတို့က ငါတို့ကို ဒီကိုခေါ်လာပြီး ဒီနေရာမှာထားချင်နေပုံပဲ"
"ဒါပေမယ့် မင်းတို့က ငါ့ကိုလျှော့တွက်ထားပုံပဲ...."
ထို့နောက် မိုလီ ဘေးက နတ်အင်ပါယာနယ်ပယ်က လူတစ်ယောက်ကို ကြည့်လိုက်၏။
"ငါတို့ရှေ့မှာ အလားတူထောင်ချောက်တွေရှိလိမ့်မယ်"
"နားလည်ပါပြီ" နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူ ခေါင်းညိတ်သည်။ ထို့နောက်သူအော်ရာက ထိုးတက်လာပြီး ကျော၌ ဧရာမအနက်ရောင်အတောင်ပံတစ်စုံအဖြစ် ကျုံ့သွားသည်။
ထို့နောက် သူကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားကာ အတောင်ပံများကို ယပ်ခတ်လိုက်စဉ် လေပြင်းက မြေကြီးကို ဖြတ်သန်းသွား၏။
သူဦးဆောင်ပြီး ရှေ့သို့ပြေးသွားကာ နတ်အသိကို ထုတ်လွှတ်ရင်း လမ်းတစ်လျှောက် အဆောင်ငါးဆယ်ကျော်ကို ဆွဲထုတ်ပစ်ခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ နောက်ကနေ ဖြည်းဖြည်းချင်းတိုးလာနေသည့် မိုလီနှင့် ဝံပုလွေဘုရင်တို့မှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။
အချိန်ခဏတာအတွင်းမှာ သူတို့က အဆောင်ငါးဆယ်ကျော်ကို ထုတ်နိုင်တာလား!
အဲဒီအဆောင်ထုတ်သုံးတဲ့ကောင်ရဲ့ မိသားစုက ဘယ်လောက်တောင် ချမ်းသာတာလဲ!
ရှေ့က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူက ဒီတဒင်္ဂမှာပင် မိုလီဘေးကိုရောက်လာပြီး ပြောသည်။
"ကျုပ်ရဲ့နတ်အသိအကွာအဝေးအတွင်းမှာ ဘာမှမကျန်ရှိတော့ပါဘူး"
"ပြီးတော့ ခင်ဗျားရှေ့ဆက်သွားနိုင်ဖို့အတွက် ကျွန်တော်စွမ်းအားအကုန်လုံးကို သုံးပေးပါမယ်"
မိုလီခေါင်းညိတ်သည်။
နတ်အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့် ကျွမ်းကျင်သူအော်ဟစ်ပြီး သူ့ကျောက အတောင်ပံများက အရူးအမူး ကျယ်ပြောသွား၏။
ထို့နောက် ကောင်းကင်ပေါ်ထိုးတက်နေသည့် ပတ်၀န်းကျင်က ထူထဲသည့်သစ်ပင်များနှင့် အကိုင်းများကို ချိုးဖျက်ကာ လူတိုင်းအား ဝန်းရံပစ်သည်။
တစ်ခဏအကြာတွင် ပတ်ပတ်လည်က နတ်ဘုရင်နယ်ပယ်ကျင့်ကြံသူအားလုံး စိတ်သက်သာရာရသွားသည့်ပမာ ခံစားလိုက်ကြရသည်။
သူတို့ကိုယ်ခန္ဓာများက ပေါ့ပါးသွားသည်သာမက ရှေ့ကခုခံမှုကလည်း သုညနီးပါးပင်။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်မြူများ၏ ၀င်စွက်ဖက်မှုကလည်း လျင်မြန်စွာ စတင်ကျဆင်းလာခဲ့သည်။
ကြည့်ရသည်မှာ ဒီဧရာမတောင်ပံနက်များက သူတို့ရှေ့က ပုံရိပ်ယောင်မြူခိုးအများစုကို ပိတ်ဆို့ထားသည့်အသွင်။
သို့စေကာမူ ယခုလိုကြီးမားကျယ်ပြန့်သည့် ကာကွယ်မှုက ထိုနတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူ၏ ဝိဉာဉ်ချီကို ပို၍မြန်မြန်ကုန်ခမ်းစေသည်။
ဒီအတွက်ကြောင့်ပင် မိုလီနှင့်ကျန်သောသူများ၏ အရှိန်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။
သူတို့နှင့် ရှောင်ဟိုင်တို့အကြားက အကွာအဝေးက တိုတောင်းသထက်ပို၍ တိုတောင်းလာသည်။
.....
ရှောင်ဟိုင်နှင့် ရှေ့ကတခြားသူများကလည်း ဒါကို သတိထားမိပါသည်။
ယင်ရှီလျန် လှည့်ကာ ကြီးမားသည့်အတောင်ပံနက်များကို ကြည့်ရင်း အလျင်အမြန်မေးသည်။
"အခုဘာလုပ်ကြမလဲ၊ တပ်ဆင်ထားတဲ့ အဆောင်တစ်၀က်ကျော် ဖယ်ရှားခံလိုက်ရုံတင်မက သူတို့က ငါတို့ဆီကို မိနစ်အနည်းငယ်အတွင်း သေချာပေါက် ရောက်လာနိုင်လောက်တယ်"
ချင်းယောင် တည်ငြိမ်နေသည့် မုဖူရှန်းကို ကြည့်ပြီး နူးညံ့စွာပြောသည်။
"တခြားနည်းလမ်းတစ်ခုရှိမှာပါ"
ရုတ်တရက် မုဖူရှန်းရပ်လိုက်ပြီး ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်သုံးခုကို ထုတ်ယူကာ ချင်းယောင်နှင့် ကျန်နှစ်ယောက်ထံ ပစ်ပေးလိုက်၏။
"အစီအရင်ကို အသက်သွင်းတဲ့အခါကျရင် ထွက်ပြေးဖို့အတွက် ဒီအဆောင်တွေကို သုံးလိုက်"
"ဒါဆို ဘာလို့ထွက်ပြေးဖို့အတွက် ငါတို့စောင့်နေရမှာလဲ" ဒါကိုကြားသောအခါ ယန်ရွှမ်အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
မုဖူရှန်း သူ့ကိုစိုက်ကြည့်သည်။
"မင်းအခုထွက်ပြေးမယ်ဆိုရင် သူတို့သံသယ၀င်မှာ ကျိန်းသေပဲ"
အရင်က အဆောင်များစွာကို မုဖူရှန်း သူတို့အား အထူးပေးခဲ့ခြင်းဖြစ်ပြီး တမင်တကာ ဖုံးကွယ်မထားခဲ့ပေ။
အစကနေ မုဖူရှန်း၏ပန်းတိုင်က သံသယရှိနေပြီဖြစ်သည့် မိုလီအား ရှေ့၌ ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုရှိနိုင်သည်ဟု တွေးမိစေရန်ပင်။
ထို့နောက် သူတို့အား တမင်တကာဆွဲထုတ်လာရန်အတွက် မုဖူရှန်း ငါးစာအဖြစ် အဆောင်များစွာကို သုံးခဲ့သည်။
ဒါက မိုလီကို အန္တရာယ်ကို ပိုကြီးမားသည့် အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပစ်လိုက်ပြီဟု တွေးမိစေလိမ့်မည်။
သူအမီလိုက်ရန်သာလိုအပ်သည်။
"မင်းတို့ဘယ်ကိုပြေးနေကြတာလဲ"
ရုတ်တရက်ဆိုသလို မုဖူရှန်းနှင့် ကျန်သောသူများအပေါ်၌ တောင်ပံနက်တစ်စုံရောက်လာပြီး တောင်ပံနက်ထဲကနေ မရေမတွက်နိုင်လောက်သည့် ပုံရိပ်များက ပျံသန်းလာကာ ရှောင်ဟိုင်နှင့် ကျန်သောသူများကို ရှေ့ဘယ်ညာဘက်စုံကနေ ပိတ်ဆို့ထားလိုက်ပြီး လေ၀င်လေထွက်ပင် မရှိသည့် ဝိုင်းရံမှုတစ်ခုကို ဖန်တီးလိုက်၏။
သူတို့က လုံး၀ဝိုင်းရံခံထားရသည်။
မိုလီနှာခေါင်းရှုံ့သည်။
"မင်းအင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ချို့ ရှိနေသေးတာပဲ၊ ကြည့်ရတာ မင်းဘေးမှာ နောက်ထပ်ကူညီသူတစ်ချို့ရှိပုံရတယ်၊ ကံဆိုးချင်တော့ ဒီကူညီသူတွေက လုံလောက်အောင် အားမကောင်းဘူး"
ရှောင်ဟိုင် မိုလီကို ကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်က ဒဏ်ရာများ လုံး၀ပျောက်ကင်းသွားပြီဖြစ်ကာ သူ့ရုပ်ခွန်အားကလည်း တိုးလာခဲ့သည်။
ဒါက မိုလီကို မျက်မှောင်ကြုတ်စေသည်။
ရှောင်ဟိုင်ရဲ့အရင်ဘ၀မှာ ဘာလို့ ဒီလိုသွေးကြောစွမ်းအားမျိုး မပေါ်လာခဲ့ရတာလဲ!
သူတခြားအခွင့်အလမ်းတစ်ချို့ရခဲ့လို့များလား!
သူကုသနှုန်းက မြန်ဆန်လွန်းပြီး ဒါကိုရုပ်ခွန်အားအဖြစ်ပင် ပြောင်းနိုင်သည်။ သူ့သွေးကြော၏ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နေသည့်စွမ်းအားက မိုလီ၏ နားလည်မှုထက် လုံး၀သာလွန်နေသည်။
ထိုနတ်သခင်များ၏ သွေးကြောစွမ်းအားများပင်လျှင် သေချာပေါက် ဒီလောက်အထိ ကြောက်စရာမကောင်းပေ။
"မင်းငါ့နောက်က လိုက်ဖို့ကနဦးခြေလှမ်းလှမ်းပြီး မခုခံဘူးဆိုရင်တော့ မင်းရဲ့စီနီယာအစ်ကိုညီတွေရဲ့အသက်ကို ငါချန်ထားပေးနိုင်ပါတယ်"
ရှောင်ဟိုင်ကို အသက်ရှင်လျက်ဖမ်းခြင်းက တိုက်ရိုက်သတ်ပစ်တာထက် ပိုအသုံး၀င်သည်။
သို့စေကာမူ တခြားနည်းလမ်းသာမရှိပါက သူ့ကိုတိုက်ရိုက်သတ်ပစ်ရုံသာရှိသည်။
"တခြားရွေးချယ်စရာတခုရှိနိုင်တာပဲလေ" ဖန်ချန်းရုတ်တရက် အပြုံးဖြင့်ပြောသည်။
မိုလီ ဖန်ချန်းအား ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ စစ်မြေပြင်၌ ရှိရာတွင် ပေါ်လာတတ်သည့် အန္တရာယ်ရှိသော ၀မ်းတွင်းအသိတစ်ခုက ရုတ်တရက် သူ့နှလုံးကို တုန်ခါသွားစေသည်။
တစ်ခဏအကြာတွင် ဒီအန္တရာယ်ရှိသည့် ဝမ်းတွင်းအသိက လက်တွေ့အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
အစီအရင်အလံကိုးခုက သူတို့ကို ဗဟိုပြုရင်း ကောင်းကင်ပေါ် ပျံသန်းသွား၏။
တစ်ချိန်တည်းမှာပင် ဖန်ချန်းက နတ်ဘုရားတစ်ပါးပမာ ကောင်းကင်ပေါ် တဖြည်းဖြည်းမြှင့်တက်လာပြီး အစီအရင်အလံကိုးခု၏ အလယ်တွင် ရပ်လိုက်သည်။
ဒီအခိုက်အတန့်၌ ဖန်ချန်းက ဒီသတ်ဖြတ်ခြင်းအစီအရင်၏ အစီအရင်ဝိဉာဉ်ဖြစ်လာပုံရသည်။
သူလက်တံဆိပ်များပြုလုပ်နေစဉ် အမြစ်သုတ်သတ်ဖြတ်ခြင်းအော်ရာက လေဟာနယ်ထဲတွင် စတင်ကျယ်ပြန့်လာခဲ့သည်။
ရုတ်ချည်းဆိုသလို လေဟာနယ်က ပျက်စီးခြင်းလေထုတစ်ခုထဲသို့ ကျရောက်သွား၏။ ဒီဖျက်ဆီးခြင်းအော်ရာက အရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အသွင်။
ထို့နောက် နတ်ဆိုးဝဲဂယက်တစ်ခုအဖြစ်ပြောင်းလဲကာ အလယ်ဗဟိုကလူတိုင်းကို အထဲသို့ စုပ်ယူပစ်သည်။
ချင်းယောင်နှင့် ကျန်နှစ်ယောက်မှာ ချက်ချင်းဆိုသလို ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ချေမွကာ အစီအရင်ကို ထိန်းချုပ်ရန် သူတို့ခန္ဓာများကို သုံးရင်း ထွက်ပြေးလွတ်မြောက်သွား၏။
အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်!
ဒီတဒင်္ဂ၌ နတ်အင်ပါယာနယ်ပယ်အောက်က မည်သူမှ ဒီသတ်ဖြတ်ခြင်းအစီအရင်ကို မခုခံနိုင်ပေ။
မိုလီ၏ မည်းမှောင်နေသည့်အမူအရာအောက်တွင် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်တင်မဟုတ်ဘဲ မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်များကလည်း လူတိုင်းကို အဆောင်မုန်တိုင်းတစ်စင်းပမာ လွှမ်းခြုံသွားပြန်သည်။
"ဒီရွေးချယ်မှုကို မင်းလက်ခံနိုင်မလားဆိုတာ ငါသိချင်မိသေးတယ်"
အပိုင်း(1025) coming။