ဟေးကော်
Vol. 21 Ch. 315
ဟေးကော် လှေသမလေးကို အိမ်ထဲကို ခေါ်သွင်းပြီး လှည့်ဟောင်လိုက်၏။
လှေသမလေးက အံ့အားသင့်သွားပြီး။
"ချန်ကျဲယွမ်က စာမေးပွဲအောင်ပြီး ထိပ်တန်း ပညာရှင် ဖြစ်သွားပြီလား နင်က ငါ့ကို ချန်ကျဲယွမ်လို့ မခေါ်ခိုင်းဘူးဆိုတော့ ချန်ကျွမ့်ယွမ်လို့ ခေါ်ရမယ်... နင်ဘယ်တော့မှ မရဏပြည်ကို ပြန်လာမှာလဲ နောက်ဆုံးတော့ နင်လည်း မြေအောက်ကမ္ဘာမှာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လေ... သက်ရှိကမ္ဘာပေါ်မှာ ကြာကြာနေဖို့ မသင့်တော်ဘူး"
"ဝုတ် ဝုတ်"
"မှန်တယ်... ချန်ကျွမ့်ယွမ်က နင်မရှိရင် အသက်မရှင်နိုင်ဘူး"
ချန်ရှီ သူ့ဆီ လာနေတာတွေ့တော့ လှေသမလေးလည်း သူ့ကို နှုတ်ဆက်ဖို့ အလျင်စလို လျှောက်သွားလိုက်သည်။ သူ့ကို နှုတ်ဆက်ခါနီးမှာ ချန်ရှီက စိုးရိမ်တကြီးနဲ့ နှုတ်ဆက်တာကို ကျော်ပစ်ဖို့ လက်ပြလာသည်။
“မိန်းကလေး... မင်း ငါ့အမေရဲ့ ဝိညာဉ်ကို ကယ်ခဲ့တာလား”
လှေသမလေးလည်း တုံ့ဆိုင်းသွားပြီး။
“သူမကို ကယ်ခဲ့တယ်.. ဒါပေမယ့် လုံးလုံးတော့ မဟုတ်ဘူး။”
ချန်ရှီလည်း အံ့သြသွားသည်။
"အဖေနဲ့ငါ မရဏနိုင်ငံကိုသွားပြီးနောက် မင်းအမေရဲ့ဝိညာဉ် အကျဉ်းချခံထားရတဲ့ ယွမ်ချန်နန်းတော်ကိုရှာဖို့ မိုင်ပေါင်းသောင်းချီ ခရီးထွက်ခဲ့တယ်... ယွမ်ချန်နန်းတော်ရဲ့ အစောင့်တွေက သိပ်တင်းကြပ်မှု မရှိကြဘူး... ငါတို့ခိုးဝင်ပြီး မရဏအရာရှိ တချို့ဒဏ်ရာရပြီး မင်းအမေရဲ့ဝိညာဉ်ကို ကယ်တင်ခဲ့တယ်... မင်းအမေရဲ့ဝိညာဉ်ကို ကယ်ဆယ်ခဲ့မယ်ဆိုရင် ဒီကမ္ဘာအောက်က ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး ဆိုတာကို ငါ့အဖေနဲ့ ငါသိတယ်... မင်းအမေဝိညာဥ်ကို ကယ်ပြီးတာနဲ့ သက်ရှိလောကထဲက ရှီးကျင်းကို အမြန်ပြေးလာခဲ့တယ်"
ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာသည်။
"တော်တယ်!"
"ငါတို့ သက်ရှိလောကကို ရောက်ပြီးရင် မင်းအမေရဲ့ ဝိညာဉ်ကို ယူပြီး သုံးရက်အတွင်း ရှီးကျင်းကို ရောက်နိုင်တယ် ဒါပေမယ့် မနေ့ညက တစ်ခုခုဖြစ်သွားတာ ငါတွေ့လိုက်ရတယ်။ အမှောင်ထဲမှာ ပုန်းနေတဲ့ တစ်ခုခုက အမှောင်ထဲကနေ ငါတို့ကို စိုက်ကြည့်နေတာ... မြေအောက်အာဏာပိုင်တွေက ညဘက်မှာ ငါတို့ကို မြောက်ပိုင်းနယ်စပ်ကို ဆွဲချသွားခဲ့တယ်..."
ချန်ရှီရဲ့ နှလုံးခည်း အနည်းငယ် လှုပ်ရှားသွားသည်။ မြောက်ပိုင်းနယ်နိမိတ်သည် ရေခဲများနှင့် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး နေရောင်ခြည်နှင့် လရောင်တို့မှာ အတော်လေး ကျဲသွားခဲ့သည်။
ကောင်းကင်၌ နေမင်းကြီးသည် အာကာသ၌ တည်၍ ထာဝရတည်သော နတ်ဘုရား၏ မျက်စိတော် ဖြစ်သောကြောင့် နေရာတစ်ခုစီ၏ ရာသီဥတုသည် မပြောင်းလဲဘဲ ရာသီလေးရပ်လုံး တူညီသည်။
မြောက်ပိုင်းနယ်နိမိတ်သည် နေရောင်ခြည်အနည်းငယ်သာ ရရှိသောကြောင့် အလွန်အေးပြီး ခါးသီးသော အအေးဆုံး နေရာတစ်ခုဖြစ်သည်။
"မရဏကမ္ဘာက အကောင်တွေက သက်ရှိလောကမှာလည်း လှည့်ပတ်သွားလာလို့ ရနိုင်လား"
ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
သူသိသလောက်တော့ မရဏကမ္ဘာက သရဲတစ္ဆေတွေနဲ့ နတ်တွေဟာ သက်ရှိလောကထဲမှာ သွားလာလှုပ်ရှားတာ ရှားပါ၏။ မရဏကမ္ဘာနှင့် သက်ရှိကမ္ဘာ နှစ်ခုတွင် ကိုယ်ပိုင်စည်းမျဉ်းများရှိသည်။ မရဏလောက၌ရှိသော သတ္တဝါတို့သည် ဇာတိပကတိ သက်ရှိလောကသို့ မဝင်ရောက်နိုင်ကုန်ဘဲ မရဏတမန်တို့ကသာ များသောအားဖြင့် အသွေးအသား ရှိကြ၏။
လှေသမားနှင့် လှေသမလေးတို့သည် အလောင်းကောင်မှတစ်ဆင့် ရှင်ပြန်ထမြောက်ပြီး ၎င်းတို့၏ မူလအသားကို စွန့်ကာ ရေနစ်သေဆုံးသွားသော သားအဖ၏ အသားကို သိမ်းပိုက်ထားသောကြောင့် သက်ရှိများ အသက်ရှင်နေထိုင်သည့် လောကတွင် ပေါ်လာနိုင်သည်။
လှေသမလေး : "တစ္ဆေ နတ်ဘုရားတွေကြားမှာ ငါတို့က အတော်လေး အားနည်းတယ် သူတို့ရဲ့ ယင်စွမ်းအင်က အပြင်းထန်ဆုံးပဲ.. ညဘက်မှာ သက်ရှိလောကထဲကို ဝင်နိုင်ပြီး သေနေတဲ့ ဝိညာဉ်တွေကို မရဏကမ္ဘာထဲကို ပြန်ခေါ်ဆောင်သွားနိုင်တယ်... ဒီအချိန်မှာ ယင်နဲ့ယန် ကမ္ဘာတွေ ပေါင်းစည်းပြီး ဝိညာဉ်တွေကို စုဆောင်းဖို့ သက်ရှိလောကထဲကို ဝင်ဖို့ မခက်ပါဘူး... ဒါပေမယ့် အဲဒီတစ္ဆေတွေက ငါတို့ကို သတ်ပစ်ဖို့ စီစဉ်နေတုန်းပဲ မိုးလင်းတာတောင် နယ်စပ်က မှောင်နေတုန်းပဲ”
ချန်ရှီ မျက်မှောင်ကြုတ်လိုက်သည်။ ဘေးက ဟေးကော်ကလည်း ဟောင်လေ၏။
"ဝုတ်?"
"မှန်တယ်...လူကြီးမင်း... မှောင်နေသေးတုန်းပဲ..အမြဲတမ်း မှောင်နေတာ အဖေနဲ့ ငါ အမှောင်ထဲမှာ ရေခဲနဲ့ နှင်းတွေပေါ် လမ်းလျှောက်လာခဲ့ရတယ် တခါတလေတော့ မရဏကမ္ဘာက တစ္ဆေတမန်တွေက ငါတို့ကို လိုက်ရှာသေးတယ်... တိုက်ပွဲတွေ တော်တော်များများ ပြီးသွားတော့ မိုင်ပေါင်း သန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတယ်... အမြဲတမ်းကို မှောင်နေတာ... နောက်ဆုံးတော့ အမတမြို့ကို မရဏကမ္ဘာမှာ တွေ့ခဲ့တယ်..."
ချန်ရှီ၏နှလုံးသား အနည်းငယ် လှုပ်ခတ်သွားသည်-
"အမတမြို့? အဲဒါက ဘာလဲ"
"ယွမ်ချန်နန်းတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့တော်... ယွမ်ချန်နန်းတော်က ဝိညာဉ်တွေနေထိုင်တဲ့ နေရာ... သေပြီးတဲ့ လူတိုင်းမှာ ယွမ်ချန်နန်းတော်ရှိတယ်... ယွမ်ချန်နန်းတော်တွေ စုဝေးသွားတော့ အမတမြို့ ဖြစ်သွားတာ... လူတစ်ဦးသေဆုံးသွားရင် မီးလင်းသွားသလိုမျိုးပဲ လူတစ်ဦး သေဆုံးပြီးရင် ယွမ်ချန် နန်းတော်ကလည်း ပျောက်ကွယ်သွားမယ်... အဲ့မှာ ကိုယ်အလောင်း ၃ လောင်းကို ကိုယ်ပိုင်အခန်း (၃)ခန်းထဲမှာ တွေ့ရမယ်... အဲဒါကို နတ်အလောင်းသုံးလောင်းလို့ ခေါ်တယ် ငါတို့ အမတမြို့ထဲကို ခိုးဝင်ပြီး မင်းအမေရဲ့ ယွမ်ချန်နန်းတော်ကို ရှာပြီး သူ့ဝိညာဉ်ကို ကယ်တင်ခဲ့တယ်... အမတမြို့က သူ့ကိုယ်ပိုင် ယွမ်ချန်နန်းတော်မှာ ထိပ်တန်း ပညာရှင်တစ်ယောက်က အဖေနဲ့ ငါ့ကို နှိမ်နှင်းခဲ့တယ်”
ဒီလိုပြောတဲ့အခါ သူမဟာ ဝမ်းနည်းစွာ ပြုံးနေခဲ့ပါသည်။ ချန်ရှီ စိတ်ရှုပ်သွားသည်။
"မင်းတို့ အမတမြို့က ထွက်ပြေးပြီး အသက်ရှင်နေတဲ့ကမ္ဘာကို လာဖို့ မိုင်သန်းပေါင်းများစွာ ခရီးနှင်ခဲ့ရတာလား မင်းတို့ လမ်းပျောက်နေတာလား?"
လှေပေါ်က မိန်းကလေးက သက်ပြင်းချပြီး။
“အဖေနဲ့ ငါလည်း အရင်ကတော့ အဲဒီလို ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှ မူမမှန်တာကို သိလိုက်ရတာ.."
ချန်ရှီသည် ပို၍ပင် စိတ်ရှုပ်သွားသည်။
ဟေးကော်: "ဝုတ် ဝုတ်?"
လှေသမလေးက ကြောက်ရွံ့တဲ့အကြည့်နဲ့ ခေါင်းညိတ်လေသည်။
"ဟုတ်ပါတယ် လူကြီးမင်း... ကျွန်မတစ္ဆေနံရံကို တွေ့တယ်... ပထမညမှာ ကျွန်မတို့ ထိခိုက်ပြီး မရဏကမ္ဘာထဲကို ဆွဲချခံရတယ် နားမလည်နိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုက ကျွန်မတို့သားအဖရဲ့ စိတ်နဲ့ တွေးခေါ်မှုကို ထိခိုက်စေနိုင်တယ် ကျွန်မတို့ကို သက်ရှိကမ္ဘာကြီးမှာ ရှိနေတုန်းပဲလို့ တွေးလာစေတယ်... အမတမြို့ကို မြင်တော့မှ သိလိုက်ရတာ... အဖေက ကျွန်မကို ကယ်တင်ပြီး လွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်"
သူမလက်ထဲက ဝါးတိုင်တစ်ဝက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ချန်ကျွမ့်ယွမ်... ငါ့အဖေနဲ့ငါ အကောင်းဆုံးကြိုးစားပြီးပါပြီ"
ချန်ရှီ မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လိုကြောက်စရာ ကောင်းတဲ့ တည်ရှိမှုမျိုးက ဒီသားအဖရဲ့ အတွေးအမြင်ကို သူတို့ မသိလိုက်ဘဲ နားမလည်ဘဲနဲ့ မရဏကမ္ဘာထဲကို ရောက်သွားနိုင်စေတာလဲ။
ဟေးကော်ကို တစ်ချက်ကြည့်လိုက်သည်။ ဤစွမ်းရည်သည် ဟေးကော်ရဲ့ စွမ်းရည်နှင့် အလွန်ဆင်တူသည်။
မြေအောက်ကမ္ဘာမှာ နောက်ထပ် ဟေးကော်လို မျိုးနွယ်စု ရှိနေတာများလား။
ချန်ရှီလည်း သူ့ကို အရင် အနားယူပြီး ပြန်ကောင်းလာအောင် လုပ်ဖို့ မှာလိုက်သည်။ မိန်းကလေးက ချီတုံချတုံနဲ့။
"ချန်ကျွမ့်ယွမ် လူတွေကို ကယ်ဆယ်ဖို့ အမတမြို့ကို သွားမယ်ဆိုရင် ကျွန်မကိုလည်း ဆက်သွယ်ပေးပါ... ကျွန်မအဖေက အမတမြို့မှာ ပိတ်မိနေပြီ.. သူ့ကို ကယ်တင်ရမယ်"
ထိုမိန်းကလေးကို လွှတ်လိုက်ပြီးနောက် ချန်ရှီက စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင် ချန်ထန်သည် ဘီးတပ်ကုလားထိုင်ကို တွန်းကာ အဝေးတွင်ရပ်နေ၏။ မိခင်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေဆဲ။
"အကုန်လုံး ကြားလိုက်တာလား?"
ချန်ထန် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ချန်ရှီက ရှေ့ကိုလှမ်းလာပြီး ဘီးတပ်ကုလားထိုင်ကို ယူလိုက်သည်။
"ဒီအိမ်ဖော်တွေက စိတ်မချရဘူး... ကျနော်တို့ထဲက တစ်ယောက်ယောက်က အမေ့ကို ပြုစုစောင့်ရှောက်ရမယ်။ အဖေနေမှာပဲ ဖြစ်ဖြစ် ကျနော်ဖြစ်ဖြစ် နေခဲ့ရမယ်... အဖေ့ရဲ့ခွန်အားကို ပြပြီးပြီမလို့ ရှီးကျင်းက အရမ်းသတိထားကြလိမ့်မယ်... မိသားစုကြီး ဆယ့်သုံးစုက အဖေ့ကို ဖယ်ထုတ်ဖို့ အခွင့်အရေးရရင် ပျော့ကွက်ကို ဖယ်ပစ်မှာ သေချာတယ်..."
မိခင်က ချန်ထန်ရဲ့ အားနည်းချက်ဖြစ်သည်။
ချန်ထန်သည် ပြုပြင်မွမ်းမံနေသော ချန်အိမ်ကြီးကို တွန့်ဆုတ်စွာ ကြည့်ရင်း ဆိုလေ၏။
"မင်း မြေအောက်ကမ္ဘာကို သွားလိုက်... ငါနေမယ် မင်းနဲ့အတူ ဟေးကော်ကိုပါ ခေါ်သွား မင်းသွားပြီးနောက် မင်းအမေကို ရှီးကျင်းကနေ ချက်ချင်းခေါ်သွားမယ်... ငါတို့ ချန်ယန်တောင်နဲ့ ဝေးကွာနေတာ ကြာပြီ။ ဒီနှစ်တွေထဲ မပြန်ဖြစ်တော့ဘူး... ဟွမ်ဖောရွာကိုလည်း လွမ်းနေပြီ...."
ဒါကိုကြားတော့ ချန်ရှီက သူ့ခေါင်းကို ချာကနဲ လှည့်ကြည့်လိုက်သည်။
"ရှီးကျင်းရဲ့ ဘုန်းအသရေနဲ့ စည်းစိမ်တွေကို စွန့်လွှတ်မယ်လား... သမားတော်ရုံလု ဆိုတဲ့ တရားဝင်ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်လား"
"ဘာတွေ ဝန်လေးစရာရှိလို့လဲ"
ချန်ထန်က ခေါင်းခါပြီး။
"ငါက ကြံ့ခိုင်မှုမရှိဘူးလို့ ခံစားမိလို့ ရှီးကျင်းကို လာခဲ့တာ.. ကျေးလက်မှာ လေ့ကျင့်မယ်ဆိုရင် မင်းကိုသတ်တဲ့လူကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး... သူ့ကို တွေ့ရင်တောင် လက်စားချေနိုင်မှာ မဟုတ်ဘူး။ သတင်းအချက်အလက်တွေ ရှာဖွေပြီး ခွန်အားတွေ စုဆောင်းရတာမို့ တရားရုံးမှာ အရာရှိတစ်ယောက်အနေနဲ့ ထမ်းဆောင်ခဲ့ရတာ... အခုဆို ဆယ့်တစ်နှစ်ကျော်သွားပြီ"
သူ့နှလုံးသားထဲမှာ ထောင်ပေါင်းများစွာသော ခံစားချက်တွေ တဟုန်ထိုး ခုန်ဆင်းလာပြီး စကားပြောချင်လာသည်။ နှုတ်ခမ်းတွေဆီရောက်လာတဲ့အခါမှာတော့ သူက ပြုံးပြီး။
"ဒါပေမဲ့ အခု မင်းပြန်လာမှတော့ ရှီးကျင်းရဲ့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ဥစ္စာက ငါနဲ့ ဘာဆိုင်တော့လို့လဲ? ဒါ့အပြင် အိမ်ကိုလည်း နည်းနည်းလွမ်းလာတယ်"
သားအဖနှစ်ယောက် ရပ်သွားခဲ့သည်။
ချန်ရှီ: "ရှီးကျင်းတရားရုံးက ခင်ဗျားကို မပြန်ချင်စေဘူး... ခင်ဗျားက နဂါးတစ်ကောင်လို ရှီးကျင်းမှာ ပုန်းနေခဲ့တာ...ခင်ဗျား ထွက်သွားရင် ပင်လယ်ထဲ ဝင်သွားတဲ့ နဂါးတစ်ကောင်လို ဖြစ်လိမ့်မယ်။ သူတို့ စိုးရိမ်နေလိမ့်မယ်.."
"ငါ့မှာ ဓားတစ်လက်နဲ့ သေတ္တာတစ်လုံး ရှိတယ်... ငါ့ကို ဘယ်သူက တားရဲတာလဲ... ဒါပေမယ့် မင်းငါမပါဘဲ မြေအောက်ကမ္ဘာကို သွားရမှာ... မင်းလုပ်နိုင်ပါ့မလား"
"ခင်ဗျား မရှိတုန်းကလည်း ကောင်းကောင်းနေခဲ့တာပဲကို.."
ချန်ထန် မကျေမနပ်ဖြင့်: "ချန်ရှီ၊ ငါက မင်းအဖေအရင်းပဲ... မင်းငါ့ကို စကားပြောတဲ့အခါ မင်းပိုလေးစားသင့်တယ်"
"ကောင်းပြီ သိပါတယ်... ခင်ဗျား အမေ့ကို ကောင်းကောင်း ဂရုစိုက်ပါ... ဒီအိမ်ဖော်တွေနဲ့ ကျွန်တွေမရှိရင် ခင်ဗျားသူမကို မထိန်းနိုင်တော့မှာကို ကျနော် ကြောက်တယ်... လိုအပ်တဲ့အချိန်မှာ ပိုက်ဆံသုံးဖို့ ဆန္ဒရှိရင် ကျနော် ပိုက်ဆံပေးခဲ့မယ်..."
ချန်ထန်က ခေါင်းငုံ့ပြီး သုံးနိုင်သော တုတ်တစ်ချောင်းကို ရှာနေလေသည်။ ရှေးဆိုရိုးစကားအတိုင်း သားငယ်သည် တုတ်အောက်၌ မွေးပေ၏။ သားက ဝတ်မကျေရင် အရိုက်ခံရမည်။ ချန်ရှီလည်း ဒါကိုမြင်ပြီး အနက်ရောင်သံချောင်းကို ဘုံကျောင်းထဲ၌ အမြန်ဝှက်ထားလိုက်သည်။
မွန်းလွဲပိုင်းတွင် ချန်ရှီသည် တောင်မြင့်ခရိုင်က တောင်နီခန်းမ ဌာနခွဲမှာ အဘွားရှားကို သွားရှာပေမယ့် အဘွားရှားနဲ့ သူမသားတို့သည် ကျေးလက်ကို သွားကြောင်း သိလိုက်ရသည်။ ချန်ရှီ ထိုနေရာသို့ လိုက်သွားရာ အဘွားရှားသည် ရှန့်ထျန်းယွီကို ကျေးလက်ရှိ မိသားစုတစ်စုဆီကို ခေါ်ဆောင်သွားခဲ့တာ တွေ့လိုက်သည်။ ချန်ရှီ လာနေတာကို မြင်တော့ ရှန့်ထျန်းယွီ ပြေးလာ၏။
"အစ်ကိုတစ်ဆယ်လေး!"
"ငါ့ကို အစ်ကိုလို့ မခေါ်နဲ့ ညီလေး တစ်ဆယ်လေးလို့ခေါ်ပါ!"
အဘွားရှားက ပြုံးပြီး ချန်ရှီကို ကြည့်ဖို့ ခေါင်းကို လှည့်လာသည်။ သူမရဲ့ မျက်နှာက ညိုမှိုင်းနေသလိုပင်။
"ဒေါ်လေးလို့ ခေါ်!"
ချန်ရှီလည်း အဒေါ်လို့ ခေါ်ရင်း ရှန့်ထျန်းယွီကို ကြည့်လိုက်တော့ ထိုကောင်လေးမှာ ခန္ဓာကိုယ်ရှိနေပြီး တစ္ဆေမဟုတ်တော့တာ တွေ့ရတော့ အံ့သြသွားသည်။ ကိုယ်ခန္ဓာက တစ်ကိုယ်လုံး အသွေးအသားတော့ မဟုတ်ပေ။
အဘွားရှား: "ထျန်းယွီ... ဟေးကော် နဲ့ သွားကစားချေ... အမေ တစ်ဆယ်လေးနဲ့ စကားပြောဦးမယ်"
အဝေးမှ ရှန့်ထျန်းယွီကို လှမ်းကြည့်လိုက်သော် ဟေးကော်က စွန်လွှတ်နည်းကို သင်ပေးနေတာ တွေ့လိုက်ရသည်။ သူသည် ကလေးဆန်သော စိတ်ထားရှိပြီး လေရဟတ်များနှင့် စွန်များကဲ့သို့သော အရုပ်များကိုသာ အလွန်စိတ်ဝင်စားသည်။
"အဒေါ်...ထျန်းယွီက ဗုဒ္ဓဘာသာငရဲမှာ နှစ်သုံးဆယ်ကြာ ပိတ်မိနေခဲ့တာ... သူ တခြားလူတွေနဲ့ အဆက်အသွယ် မရခဲ့ဘူးဆိုတော့ သူ့စိတ်က ကလေးဆန်နေတုန်းပဲ ဒါပေမယ့် အမြဲတမ်း ကလေးဆန်တဲ့စိတ်တော့ မရှိပါဘူး..."
ချန်ရှီ အဘွားရှားကို တစ်ချက်ကြည့်လိုက်ပြီး။
"သူက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကြီးပြင်းလာလိမ့်မယ်... သူ့ခန္ဓာကိုယ်က ရှစ်နှစ် ကိုးနှစ်သားလောက်မှာပဲ ကျန်နေခဲ့မယ်ဆိုရင် ဒါက ကောင်းတဲ့ကိစ္စ မဟုတ်တော့ဘူး"
အဘွားရှားက ခဏလောက် နှုတ်ဆိတ်နေပြီးမှ
"သူထွက်သွားတာကို ငါ သည်းမခံနိုင်ဘူး... ငါတို့ နှစ်သုံးဆယ်လောက် ခွဲခွာသွားခဲ့ရတာ သူ့ခန္ဓာကိုယ် ကြီးထွားဖို့ ငါ နည်းလမ်းရှာမယ်"
ထိုစဥ် မယ်မယ်ရှစ်ကျီရဲ့ အသံက ဘုံကျောင်းငယ်လေးထဲမှ ထွက်ပေါ်လာသည်။
"လူတစ်ယောက် သေပြီးတော့ သူ့ဆရာသခင်က သူ့ကို ကြာစွယ်ဖြစ်အောင် လုပ်ခဲ့တာကိုတော့ ငါသိတယ်... ဒါပေမယ့် ဒီကလေးက သူ့တစ်သက်မှာ ဘယ်တော့မှ ကြီးပြင်းမလာတော့ဘူး"
အဘွားရှား :"တစ်ဆယ်လေး မင်း ဘာလို့ငါ့ကိုရှာနေတာလဲ"
ချန်ရှီလည်း သူ့ရဲ့ ရည်ရွယ်ချက်တွေကို ပြောပြလိုက်သည်။
"ကျွန်တော် မရဏကမ္ဘာကို သွားပြီး အမတမြို့မှာ ကျွန်တော့်အမေရဲ့ ဝိညာဉ်ကို ရှာဖွေချင်တယ်... အဒေါ် ကျွန်တော်လည်း မြေအောက်ကမ္ဘာမှာ အလိုရှိနေတဲ့ ရာဇ၀တ်သားတစ်ယောက်ပါ... ရှောင်ရှားဖို့ နည်းလမ်းရှိလား"
အဘွားရှားက ပြုံးပြသည်။
"ငါ့မှာ စိတ်ဝိဥာဉ်ကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းရှိတယ်... ငါ မင်းကို သရဲတစ္ဆေဖြစ်အောင် ပြောင်းလဲပေးပြီး မရဏကမ္ဘာထဲကို ဝင်နိုင်တယ်"
ချန်ရှီ စိတ်သက်သာရာ ရသွားသည်။
"မရဏကမ္ဘာထဲက သရဲနဲ့ နတ်ဘုရားတွေကိုရှောင်ပြီး အမတမြို့က ယွမ်ချန်နန်းတော်ထဲကို တိုက်ရိုက်ဝင်ဖို့ရော နည်းလမ်းရှိလား"
အဘွားရှားက ခေါင်းယမ်းပြလေသည်။
"ယွမ်ချန်နန်းတော်ကို အသက်နန်းတော်လို့လည်း ခေါ်တယ်။ ယွမ်ချန်နန်းတော်ရဲ့ အသွင်အပြင်ကို ပြောင်းလဲလိုက်တာက ကံကြမ္မာကို ပြောင်းလဲစေနိုင်တယ်... ဒါပေမယ့် ယွမ်ချန်နန်းတော်ထဲကို ဝင်ဖို့ဆိုတာ မလွယ်ပါဘူး။ သူ့စိတ်ဝိညာဉ်ကသာ ဝင်နိုင်သလို တခြားသူတွေလည်း မဝင်နိုင်ဘူး... မင်းဆန္ဒအတိုင်း ဝင်နိုင်ရင် မင်းကို ပြန်ကယ်တင်ဖို့ သိပ်ဒုက္ခရောက်သွားလိမ့်မယ်"
ချန်ရှီရဲ့ နှလုံးသားလည်း အနည်းငယ် လှုပ်ရှားသွားသည်။
"ကျနော့်စိတ်ဝိညာဉ်နဲ့ရော ဝင်လို့ရလား"
"ခန္ဓာပေါင်းစည်းနယ်ပယ် အထိ ကျင့်ကြံထားရင် နတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်က တစ်ခုတည်း ဖြစ်သွားမယ်... တည်ငြိမ်ရင် နတ်ဝိညာဉ်လည်း ဝင်သွားလို့ရပြီ... မင်း အခု နတ်အသွင်ပြောင်း နယ်ပယ်ထဲ ရောက်နေပြီ မင်းရဲ့ နတ်ဝိညာဉ်က အဲဒီလောက် မသန်မာဘူး... ခဏစောင့် မင်းရဲ့ နတ်ဝိညာဉ်ကို ထုတ်ပြ... ငါ့ကို ကြည့်ပါရစေ"
ချန်ရှီ သူ့နတ်ဝိညာဉ်ကို ထုတ်ပြလိုက်သည်။ ယခုအချိန်တွင် သူ့နတ်ဝိညာဉ်သည် ဆယ်ပေခန့် ရှည်လျားလာပြီး သူ့ပတ်လည်ရှိ နတ်အလင်းရောင်သည် အရပ်ရပ်သို့ လင်းလက်နေသည်။
အဖွားရှား :"မင်းရဲ့နတ်ဝိညာဉ်ကို ထုတ်လိုက်တဲ့အခါ မင်းကိုယ်ခန္ဓာကနေ လှူလိုက်သလိုပဲ... ဒါပေမယ့် တကယ်တော့ မင်း... ခဏစောင့်နေဦး... မင်းရဲ့နတ်ဝိညာဉ်မှာ တစ်ခုခုမှားနေပြီ!"
သူမသည် ချန်ရှီ၏ နတ်ဝိညာဉ်ကို ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း ကျော်သွားခဲ့သည်။
အဖွားရှားက ပေါ့ပါးသော အာမေဋိတ်သံကို ထုတ်လိုက်ပြီး သူမ လက်ဖဝါးသည် ချန်ရှီရင်ဘတ်ပေါ်သို့ ညင်သာစွာ ပုတ်လိုက်သည်။ ချန်ရှီ၏ ဝိညာဉ်သည် တစ်ချက် တုန်လှုပ်သွားကာ သူ့နတ်ဝိညာဉ်နှင့် ခဏမျှ ကွဲကွာသွားပြီးနောက် နတ်ဝိညာဉ်ထဲသို့ တစ်ဖန် ပြန်လည် ပေါင်းစည်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အဖွားရှားသည် ဆယ်ပေခန့်ရှည်သော အဖြူရောင် အလင်းတန်းများဟာ ချန်ရှီရဲ တစ်ကိုယ်လုံးက ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရပြီး သူမ ထိတ်လန့်သွားသည်။
"မင်းရဲ့စိတ်ဝိညာဉ်မှာ တစ်ခုခုမှားနေပြီ!"
သူမသည် ချန်ရှီ၏ နတ်ဝိညာဉ်ကို တစ်ပတ်နှစ်ပတ် လှည့်ပတ်ကြည့်နေသည်။
"မင်းရဲ့ဝိညာဉ်က သန်မာလွန်းတယ်။ ဒီလိုပြင်းထန်တဲ့ ဝိညာဉ်နဲ့ဆို အလောင်းသုံးကောင်ဘုံလိုမျိုး ကြောက်စရာကောင်းလောက်အောင် သန်မာနေပြီ... အလောင်းသုံးကောင်ဘုံ ရောက်တာနဲ့ ခက်ခဲလာလိမ့်မယ်!"
သူမသည် ချန်ရှီကို စာနာစိတ်ဖြင့် ကြည့်ကာ။
"အလောင်း ၃ ကောင်ဘုံ ရောက်တဲ့ လူတွေ ဘာကြောင့် ဒီနယ်ပယ်မှာ မကြာခဏ ပိတ်မိနေကြတာလဲ သိလား... အများအားဖြင့်တော့ သူတို့က အပြစ်တွေများပြီး အသက်ပေါင်းများစွာကို သတ်ခဲ့ကြတဲ့အတွက်ကြောင့်ပဲ... အလောင်း၃ လောင်းကို သတ်ပစ်တာတင် အရမ်းသန်မာလွန်းနေတယ်လေ... မင်း အဲ့နယ်ပယ်မှာ တန်ခိုးကြီးအောင် လုပ်လိုက်တာနဲ့ နတ်သုံးကောင်က မင်းကို သတ်ပစ်လိမ့်မယ်.."
ချန်ရှီ ပြုံးလိုက်သည်။
"ကျွန်တော်က အလောင်းသုံးကောင်ဘုံနဲ့ ဝေးသေးပါသေးတယ်... နေဦး... အဒေါ်ရှား ယွမ်ချန်နန်းတော်ပိုင်ရှင် သေပြီးရင် ယွမ်ချန်နန်းတော်က ရှိနေဦးမှာလား"
"လူသေရင် မီးခွက်ကြီး ပျက်သွားသလိုပဲ သေပြီးရင် ယွမ်ချန်နန်းတော်လည်း ပျောက်ကွယ်သွားလိမ့်မယ်... ဝိညာဉ်က ဘယ်ကိုမှ သွားစရာမရှိသလို အထီးကျန်တဲ့ သရဲတစ္ဆေ ဖြစ်သွားလိမ့်မယ် ဒါပေမယ့် မသေနိုင်ရင်တော့ သူ့ယွမ်ချန်နန်းတော်က ကမ္ဘာပေါ်မှာ ကျန်နေဦးမှာပဲ အဲဒီလို ယွမ်ချန်နန်းတော်မျိုးကို မြင်ဖူးလို့လား..."
ချန်ရှီ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"တကယ်မြင်ဖူးတာလား"
"ဟေးကော်မှာ ယွမ်ချန်နန်းတော်ကနေ ရလာတဲ့ သရဲတစ္ဆေစာအုပ်တွေ အများကြီးရှိတယ်... ကျွန်တော် ကုံကျိုးမှာ ရွှေအမြုတေ ရလာတော့ ဟေးကော် မီးဖိုအောက်ကနေ မရဏကမ္ဘာထဲကို တူးပြီး နန်းတော်ထဲဝင်သွားတယ် ပြီးတော့ သရဲစာအုပ်တွေကို ထုတ်ယူလာတာ တွေ့လိုက်တယ်..."
"အဲဒါက ဟေးကော်ရဲ့ ယွမ်ချန်နန်းတော် ဖြစ်နိုင်မလား?"
ချန်ရှီ ခေါင်းခါလိုက်ပြီး :"ဟေးကော်ရဲ့ ယွမ်ချန် နန်းတော်မှာ သရဲတစ္ဆေစာအုပ်တွေ ဘယ်လိုရှိနိုင်မှာလဲ "
ရှန့်ထျန်းယွီ နဲ့ ကစားနေတဲ့ ခွေးလေးကို ကြည့်ရင်း မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
"မင်းအဖိုး ဒီခွေးကို မြေအောက်ကနေ ပြန်ခေါ်လာတုန်းက အရမ်းထူးဆန်းတယ်လို့ ငါထင်ခဲ့တာ... ဒါပေမယ့် အဲဒီအချိန်က လက်ဖဝါးလောက်လေးပဲ ရှိတော့ မင်းအဘိုးကလည်း ငယ်ငယ်ကနေ အရွယ်ရောက်တဲ့အထိ ကျွေးမွေးလာခဲ့တာဆိုတော့ ပြဿနာတော့ မရှိဘူးပေါ့... ဒါပေမယ့် အခုစဉ်းစားကြည့်တော့ မင်းအဘိုးက သူ့ဆီက ထိန်းချုပ်ခံရလို့ အိမ်ပြန်ခေါ်လာတာလား.... သူမင်းအဘိုးရဲ့ အတွေးတွေကိုပါ ထိန်းချုပ်နေတာများလား"
ဟေးကော်က နားရွက်ကို လှုပ်ကာ ခေါင်းကိုလှည့်လာသည်။ ၎င်းက အပြစ်ကင်းသော အပြုံးကို ပြသလိုက်သည်။
အဘွားရှား :"ငါ့ကိုလွှမ်းမိုးဖို့ ကြိုးစားနေတာ ငါ့စိတ်ကို ပြောင်းဖို့ကြိုးစားနေတာ... ဒါပေမဲ့ တစ်ဆယ်လေး ဟေးကော် ကြီးပြင်းလာတာကို မင်းကြည့်နေတာပဲလေ.. သူ့မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနိုင်လဲ"
အဘွားရှား: "အဘွား...တကယ် အဲ့လိုထင်နေတာလား?"
"ဒါက ငါတကယ် ထင်နေတာပဲ ဖြစ်မယ်!"
အဘွားရှားက အရမ်းသေချာနေသည်။ ချန်ရှီလည်း ဟေးကော်ကို အပြင်းအထန် စိုက်ကြည့်ကာ လှည့်ကွက်ကစားနေကြောင်း သေချာသိသွားသည်။
"ဟေးကော် ပြန်လာခဲ့! အဒေါ်... ကျနော်တို့ ပြန်တော့မယ်!"
ဟေးကော်လည်း သူ့လက်ထဲက စွန်ကြိုးကို ရှန့်ထျန်းယွီဆီ လွှဲပေးရုံကလွဲလို့ ရွေးစရာမရှိတော့ချေ။ အဘွားရှားက ရှန့်ထျန်းယွီလက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
ချန်ရှီသည် တောင်မြင့်ခရိုင်မှ ထွက်ခွာပြီး ရှီးကျင်းသို့ ပြန်သွားနေခဲ့သည်။
"ဟေးကော်ရဲ့ စွမ်းရည်က ပိုအားကောင်းလာတယ်... ဒါပေမယ့် လှေသမားနဲ့ သူ့သမီးကို လှည့်စားနိုင်တဲ့သူက သရဲနဲ့ နတ်တွေရဲ့ အတွေးအမြင်တွေကို ထိခိုက်အောင် လုပ်နိုင်မှာပဲ... သူတို့ သတိမထားမိဘဲ မရဏကမ္ဘာထဲကို ကျသွားရင်တောင် ဟေးကော်ထက် ပိုသန်မာတယ်... အမေ့ကို ကယ်တင်ချင်ရင်တော့ ဟေးကော်ကို တတ်နိုင်သလောက် ထိန်းထားရမှာပဲ!"