← Chapters

ဒုတိယငရဲ

Vol. 21 Ch. 301

ဒုတိယငရဲ

Vol. 21 Ch. 301

အမတတံတားကောင်းချီးမြေထဲ၌ မြူခိုးများက ပိုပို၍ ပြင်းထန်လာသည်။ ကျင့်ကြံသူ ကျင်းလူသည် ပြိုကျနေသော အမတ တံတားဘေးတွင် ရပ်နေကာ သူ့​နှလုံးခုန်သံ တဖြည်းဖြည်း မြန်လာသည်။

မြူခိုးတွေ တဟုန်းဟုန်း တက်လာ​ပြီ။ မြူခိုးတွေကို တွေ့ပြီးနောက်မှာ ထွက်သွားချင်တဲ့အခါ နည်းနည်း နောက်ကျသွားလိမ့်မည်။ ရုတ်​တရက်​ မြူခိုး​ထဲက အော်​သံတစ်သံ ထွက်ပေါ်လာရာ တစ်စုံတစ်ယောက် အသတ်ခံရကြောင်း ကျင်းလူ သိလိုက်သည်။

ထို့နောက် နောက်ထပ် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး နောက်တွင် အမတတံတား ကောင်းချီးမြေ၏ နေရာအရပ်ရပ်မှ အော်သံများ ဆက်လက် ထွက်ပေါ်လာသည်။

"ချန်ရှီပြောတာ မှန်တယ် ဒီနေရာက အရမ်းအန္တရာယ်များတယ်... ငါတို့ အရင်ထွက်သင့်တယ်!"

ကျင်းလူ တုံ့ဆိုင်းမနေတော့ဘဲ ချန်ရှီ ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ချက်ချင်း လိုက်သွားခဲ့တော့သည်။

စိတ်ကို အာရုံပြုလိုက်တဲ့အခါ နတ်ကွန်းက သူ့ခေါင်းနောက်၌ လွင့်နေ၏၊ နတ်သန္ဓေသားက အုပ်မိုးလျက် ထိုင်နေကာ ဓားစွမ်းအင်ကို ပေါင်းစည်းကာ ပတ်ဝန်းကျင်ကို လင်းထိန်အောင်လုပ်လျက် မြူအန္တရာယ်ကို စောင့်ရှောက်ထားသည်။

သူသည် နတ်ဓားပျံကျမ်းကို လေ့ကျင့်ခဲ့သည်။ ဤကျွမ်းကျင်မှုသည် လူတစ်ဦးအား မသေနိုင်သော အလောင်းကောင်တစ်ယောက် ဖြစ်လာစေရန် ကူညီပေးနိုင်သည်ဟု ဆိုထားသည်။ နောက်ဆုံးအဆင့်မှာ မိမိအတွက် အသေခံရန် ဖန်တီးထားသော ဓားကို အသုံးပြုပြီး မရဏကမ္ဘာကို လှည့်စားပြီးနောက် သူ့ခန္ဓာကိုယ်အစစ်ကို သေခြင်းတရားမှ လွတ်မြောက်စေရမည်။

ဤဓားကျမ်းသည် ဟောက်ဟွမ် နန်းတော်၏ အထွတ်အထိပ် အတတ်ပညာဖြစ်သည်။ ရွှမ်ဝေးဓားကျမ်းလောက် သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်တာတော့မဟုတ်ပေမယ့် ဓားစွမ်းအင်ရဲ့ စွမ်းအားက အံ့သြစရာကောင်းပြီး ဖျက်ဆီးလို့ မရချေ။

ပတ်ပတ်လည်တွင် အော်ဟစ်သံများက ထွက်ပေါ်လာနေပြီး ပညာရှင်တို့ကလည်း အချိန်တိုင်းနီးနီး သေဆုံးနေသည်။ ကျင်းလူသည် အလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့ မြန်မြန်ဆန်ဆန် ပြေးသွားခဲ့သည်။

သူသည် မိုင်တစ်ရာကျော် ပြေးခဲ့ရသော်လည်း မိုင်ပေါင်းများစွာ ပြေးပြီးနောက်တွင်တော့ မြူခိုးများက ရှိနေသေးသည်။

ပညာရှင် တစ်ဒါဇင်ကျော်ကလည်း သူ့ရှေ့တွင် ရိုင်းစိုင်းစွာ ပြေးလွှားနေကြသည်။ ကျင်းလူလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး ၎င်းတို့နှင့်ပူးပေါင်းရန် အပြေးအလွှား သွားတော့မည့်အခိုက် ရုတ်တရက် ကြမ်းတမ်းသော ခြေသည်းတစ်ချောင်းက မြူထဲမှ ဆန့်ထွက်ကာ ပညာရှင်တစ်ဦးကို ဖမ်းကိုင်ကာ မြူခိုးထဲသို့ ပြန်ဆုတ်သွားခဲ့သည်။

မြူခိုးများထဲမှ ထူးဆန်းသော ခြေသည်းများ ထွက်ပေါ်လာပြီး ထိုလူများကို ဖမ်းဆုပ်လိုက်စဥ် ထိုလူ အလွန်အစွမ်းထက်လျှင်ပင် ၎င်းတို့ခမျာ မလွတ်မြောက်နိုင်ဘဲ ထိုထူးဆန်းသော လက်သည်းများဆီက အဖမ်းခံရကာ ပျောက်ကွယ်သွားကြသည်။

ကျင်းလူလည်း တစ်ခုခုမှားနေပြီဆိုတာ သိပြီး သူ့ဓားစွမ်းအင်ကို ချက်ချင်း တိုက်တွန်းလိုက်၏။ သူ့ခန္ဓာကိုယ်နှင့် ဓားစွမ်းအင်တို့ ပေါင်းစပ်သွားပြီး လေထဲ ဖြတ်သွားကာ လေချွန်ကာ ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"နောက်တစ်ယောက်ရှိသေးတယ်!"

သူ ပျံတက်လာစဉ် ကြမ်းတမ်းသော လက်တစ်ချောင်းက အခိုးအငွေ့ထဲက ထွက်လာကာ သူ့ဓားအလင်းကို ဖမ်းဆုပ်ထားလိုက်သည်။

ကျင်းလူ ထိတ်လန့်ပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော်လည်း ကြမ်းတမ်းသောလက်က မယုံနိုင်လောက်အောင် အစွမ်းထက်နေ၏။ မြူထဲတွင် ကြီးမားသော ပါးစပ်ကြီးင ပွင့်သွားကာ ပတ်ဝန်းကျင်မှ အမှုန်အမွှားများကို လွှင့်ထူလာသည်။ ထိုစဥ် ပါးနပ်သော လျှာတစ်ခုက ကျင်းလူကို ဖက်တွယ်ကာ ပါးစပ်ထဲသို့ ဆွဲသွင်းလိုက်ပေ၏။

ကျင်းလူ ဘီလူး၏ ပါးစပ်ထဲသို့ ဝင်သွားလေသည်။ သူ မော့ကြည့်လိုက်တော့ ဘီလူး၏ သွားများသည် ကောင်းကင်မှ ပြုတ်ကျလာသော အဖြူရောင်တူတွေလို ဖြစ်နေတာ မြင်လိုက်ရာသည်။ တစ်ချက် ကိုက်လိုက်ရုံနဲ့ သူ့တစ်ကိုယ်လုံး ကြေမွသွားနိုင်သည်။

သူ့ဝိညာဉ်သည် အသည်းအသန် လွတ်မြောက်ရန် ကြိုးစားခဲ့ပြီး ခန္ဓာကိုယ်မှ ပျံထွက်သွားစဉ်တွင် အေးစက်သော လေပြင်းကြောင့် လွင့်စင်သွားကာ ဘီလူး၏ အတွင်းအင်္ဂါများထဲအထိ ရောက်သွားခဲ့သည်။

"ချန်ရှီ စကားနားမထောင်ခဲ့တာ စိတ်မကောင်းစရာပဲ..."

သူ မသေခင်မှာ အသုံးမဝင်တဲ့ အတွေးတစ်ခုတော့ ရုတ်တရက် ပေါ်လာခဲ့သေးသည်။

မြူခိုးများထဲမှ ဘီလူးများသည် အမတတံတားကောင်းချီးမြေက လူအားလုံးကို စားပြီးနောက် ဂရုတစိုက် ဆက်ရှာဖွေ​နေခဲ့သည်။ သက်ရှိသတ္တဝါများကို မတွေ့ခဲ့ရသောကြောင့် ဘီလူးများစွာသည် အချင်းချင်း ရိုက်နှက်ပြီး ကိုက်စားဖို့ပါ ကြိုးစားလာကြသည်။

ထိုအချိန်တွင် မြူခိုးထဲက အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရှည်လျားသော ကြာပွတ်များက ဝှေ့ယမ်းလာပြီး ထိုဘီလူးများကို အပိုင်းပိုင်းခွဲကာ ရိုက်နှက်နေလေသည်။ အလွန်ရက်စက် ကြမ်းကြုတ်သော ဘီလူးများသည် တိရိစ္ဆာန်များကဲ့သို့ ပို၍ နာခံမှုရှိလာကာ ဖြေဆိူသူ တစ်ဦးရှိတဲ့ ဦးတည်ရာဆီသို့ ပြေးသွားကြ​တော့သည်။

မြူခိုးတွေင စီးဆင်းနေပြီး ဘီလူးတွေရဲ့ နောက်ကွယ်က ဘီးတွေ လှိမ့်နေသလိုမျိုး အသံကို ယောင်ဝါးဝါး ကြားနေရသည်။ ခန္ဓာကိုယ်အောက်ပိုင်းရှိ ကြီးမားသောဘီးကြီးနှင့် လက်နှစ်ဖက်ပါသော တစ္ဆေတစ်ကောင်သည် ၎င်း၏ရှည်လျားသော ကြာပွတ်ကို ပြန်ဆွဲထုတ်ကာ မြူခိုးများကြားတွင် လျင်မြန်စွာ မောင်းနှင်သွားခဲ့သည်။

လက်ရှိ​နေရာက​တော့ စားကျက်ဖြစ်နေသလိုပင်။ မြူခိုးတွေထဲက ပညာတတ်တွေလို လူတွေဟာ တိရစ္ဆာန်တွေကို အစာကျွေးတဲ့ မြက်ပင်တွေလို ဖြစ်နေသည်။ ယခု ဤမြက်ပင်ကို စားပြီးပြီမလို့ နောက်မြက်ပင်ကို ရှာရန် အချိန်တန်ပြီ။

ချန်ရှီနှင့် အခြားသူများသည် ဤဧရာမ ဗုဒ္ဓရုပ်ပွားတော်များ၏ တောင်ခြေရင်းသို့ လျှောက်သွားကြသည်။ လူတိုင်း မျှော်ကြည့်ကြတဲ့အခါ အလင်းရောင် မှိန်မှိန်သာရှိသော မြေအောက်ကမ္ဘာပတ်ဝန်းကျင်တွင် ဧရာမဗုဒ္ဓရုပ်ပွားတော်များပေါ်ရှိ အနီရောင်မျက်လုံးများက အလွန်ဖမ်းစားနိုင်ခဲ့သည်။

ပညာရှင်တစ်ဦးသည် မီးအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်တဲ့အခါ မီးတောက်သည် လေထဲတွင် အတောင်ပံများ ပေါက်ထွက်လာကာ မီးငှက်တစ်ကောင် အသွင် ပြောင်းလဲသွားသည်။ ဖီးနစ်မီး ဖြတ်သွားလေရာ နေရာ၌ သွေးနီရောင် မျက်လုံးများ၏ ပတ်၀န်းကျင်ကို လင်းထိန်စေသည်။

ထိုမျက်လုံးများသည် မျက်စိအနောက်ဘက်တွင် ထူထဲပြီး ရှည်လျားသော လက်တံကြီးများ ပေါက်နေသော ရုပ်ပွား​တော်ကြီး၏ မျက်လုံးများပဲ ဖြစ်သည်။

ထိုမျက်လုံးများသည် ဖီးနစ်ငှက်ကို အလွန်သိချင်ဟန်ဖြင့် လိုက်ကြည့်နေပုံရသော်လည်း ၎င်းတို့နောက်ကွယ်မှ လက်တံသဖွယ် ကြိုးများသည် ရုတ်တရက် ရှည်လျားလာပြီး အချို့သော အကွာအဝေးကို ပျံသန်းပြီးနောက် ၎င်းကို ဖမ်းဆုပ်လိုက်ကြသည်။

"ဒီမျက်လုံးတွေက ဘာလဲ"

"သူတို့က မြေအောက်က သတ္တဝါတွေလား ဗုဒ္ဓမျက်လုံးတွေလား... ဒီဘုရားကြီးတွေက ကျောက်ဆင်းတုတွေလား တောင်တစ်ခုလုံးက ထွင်းထားတာလား ဘယ်လိုများ ဒီလောက်များနေတာလဲ"

နည်းနည်း ကြောက်သွားကြသည်။

ဗုဒ္ဓရုပ်ပွားတော်အား တောင်ပေါ်မှ ထွင်းထုမည်ဆိုပါက လူအင်အား ဘယ်လောက်တောင် လိုအပ်ပြီး ထွင်းထုဖို့ အချိန်ဘယ်လောက်တောင် ကြာလိုက်မလဲ။ ထို့အပြင် ဤအသွေးအသား မျက်လုံးများက ကျောက်ရုပ်ထုပေါ်တွင် ဘယ်လိုလုပ်များ ကြီးထွားလာနိုင်တာလဲ။

ဘုရားသည် ကျောက်ဆင်းတုတော် မဟုတ်လျှင် အသွေးအသား ခန္ဓာဖြစ်နိုင်သလော။

"ကူကျီး...."

ထူးဆန်းသော အသံတစ်ခု သူတို့အနားရှိ ဗုဒ္ဓခြေတော်ရင်းမှ ထွက်ပေါ်လာပြီး ဗုဒ္ဓခြေကျင်းဝတ်တွင် မျက်ခွံများ ပွင့်လာကာ သူတို့ကို လှည့်ကြည့်နေသည့် သွေးနီရောင် မျက်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်းရဲ့ ဦးရေပြားများ ထုံကျင်လာခဲ့သည်။ ၎င်းတို့ထဲမှ အများစုမှာ အခြေတည် ဝိညာဥ်နယ်ပယ်နှင့် ဘုရားသခင် နတ်အသွင်ပြောင်း နယ်ပယ်တွင် ရှိနေကြသည်။ သူတို့သည် မပျော့ကြပေမာ့် ဗုဒ္ဓကို ဖူးမျှော်လိုကိရသောအခါတွင် အနည်းငယ် ကြောက်ရွံ့နေသေးသည်။

သွေးနီရောင်မျက်လုံးများ လွင့်ပျံလာပြီး သူတို့ ခေါင်းပေါ်သို့ မှုန်မှိန်ပျပျဖြင့် စိုက်ကြည့်နေသည်။ ထိုမျက်လုံးသည် တစ်ဧကခန့် အရွယ်အစား ရှိပြီး သူတို့နှင့် ဝေးကွာနေသေးပေမယ့် မျက်လုံးထဲက အနီရောင် အလင်းတန်းတွေကတော့ သူတို့ရှေ့က လမ်းကို လင်းထိန်သွားစေသည်။

သူတို့ ရှေ့ကို လျှောက်သွားသည်နှင့် နောက်ထပ် 'ကူကျီး...ကူကျီး' ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော မျက်လုံးများ နီရဲနေသည့် မြတ်စွာဘုရား၏ ခေါင်းပေါ်မှ လွင့်မျောကာ သူတို့အတွက် လမ်းမီးများသဖွယ် လင်းထိန်လာသည်။

ချန်ရှီသည် နိုးကြားသော အကြည့်ဖြင့် ခြေထောက်ကိုမြှောက်ကာ ပေါ့ပေါ့တန်တန်ရပ်လိုက်သည်။ အခြေတည်ဝိညာ၏ ဉ်စွမ်းအားနယ်ပယ်ကို တိတ်တဆိတ်ဖြန့်ကာ လေနှင့်မိုးကြိုးအသွင်ပြောင်းမှုကို အသက်သွင်းထားခဲ့သည်။

အလယ်ဗဟိုအဖြစ် သူနှင့်အတူ သူ၏ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေ၏ အကွာအဝေးသည် ငါးမီတာရှိသော စက်လုံးကွင်းတစ်ခု ဖြစ်လာသည်။ ဒါက သူ၏ လေနှင့် မိုးကြိုး အသွင်ကူးပြောင်းမှု ဖုံးလွှမ်းနိုင်သော အကွာအဝေးလည်း ဖြစ်ပါသည်။

တခြားသူအများစုမှာ သူ၏ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေကို သတိမထားမိဘဲ ကော်တောက်ကျစ်ကသာ တစ်ခုခုမှားနေတာကို သတိပြုမိပြီး ပတ်ပတ်လည်ကို သတိကြီးစွာကြည့်ကာ ရုတ်တရက် သူ့လက်ချောင်းနဲ့ အဆောင်စာလုံးကို ဆွဲ၍ လေထဲက မိုးခြိမ်းသံကို ဆွဲထုတ်လိုက်ပါ၏။

မိုးခြိမ်းသံသည် မီးလောင်သွားသော်လည်း အစွမ်းလုံးဝ မပြလာခဲ့ပါ။

ကော်တောက်ကျစ် အလွန်အံ့အားသင့်သွားခဲ့သည်- "တာအိုဘုံလား ဒါမှမဟုတ် ဘာလဲ..."

ကောင်းကင်ဆရာစံအိမ်၏ တာအိုအယူဝါဒသည် လေးနက်ပြီး နားမလည်နိုင်အောင် ဆန်းကြယ်သည်။ ကော်တောက်ကျစ် ကျင့်ခဲ့သော ရတနာသုံးပါးရွှေကိုးကျမ်း ကျင့်စဥ်စာအုပ် ဆယ်အုပ်တွင် ထိပ်တန်း ဖြစ်သည်။ သူဆွဲထားတဲ့ စာလုံးတွေက တခြားဆရာတွေထက် ပိုအားကောင်းပေမယ့် လုံးဝ အစွမ်းမပြခဲ့။

သူတို့ပတ်ဝန်းကျင်တွင် သူ နားမလည်နိုင်သော စွမ်းအားတစ်ခုရှိပြီး မိုးခြိမ်းသံနဲ့ ပက်သက်သော အရာအားလုံး၏ စွမ်းအားကို ငှားရမ်းထားသည်။ ထို့ကြောင့် သူသည် အနတ္တသန့်စင်နယ်ပယ်က တန်ခိုးကြီးသူတစ်ဦး၏ တာအိုဘုံလားဟု သံသယဝင်ခဲ့သည်။

သို့သော် အနတ္တသန့်စင်နယ်ပယ်က တန်ခိုးကြီးသူတစ်ဦး၏ တာအိုဘုံသည်ပင် ထူးဆန်းမည် မဟုတ်ပေ။ ယခုခံစားချက်က အနည်းငယ်မျှ မကောင်းချေ။

ဤအခိုက်အတန့်တွင် သူတို့၏ဦးခေါင်းပေါ်ရှိ သွေးနီဥကြီးသည် ရုတ်တရက် အက်ကွဲသွားပြီး ပန်းပွင့်တစ်ပွင့်လို ပွင့်လာကာ ပွင့်ချပ်ငါးပွင့်အဖြစ် အပြင်ဘက်သို့ ကွဲထွက်လာသည်။ မျက်နှာစိမ်း၊ အစွယ်ရှိသော သရဲတစ္ဆေတစ်ကောင်သည် ဝတ်ဆံဖို၏ အလယ်တွင် ရှိကာ အသားထူထူ ၀တ်ဆံဖိုများကို ၎င်းတို့နောက်တွင် ထည့်သွင်းနေသည်။

တစ္ဆေကြီးသည် နှစ်ပေသုံးပေခန့် မြင့်ပြီး ဇောက်ထိုး ဆွဲချထားသည်။ အနှီတစ္ဆေသည် လူအုပ်ထဲက အရပ်အရှည်ဆုံးလူကို ဖမ်းဆုပ်ရန် လက်လှမ်းလာပြီး သူ၏ မဲနယ်သဖွယ် မျက်နှာပေါ်၌ ရွှင်လန်းသော အကြည့်တစ်ခု ပေါ်လာသည်။

တစ္ဆေခေါင်းမှာ ဆံပင်မရှိတဲ့ ဘုန်းကြီးလိုမျိုး ခေါင်းမှာလည်း အမာရွတ်ရှိသည်။ သူသည် လူအုပ်ကြီးအနီးသို့ ချဉ်းကပ်လာစဉ် လေနှင့် မိုးခြိမ်းသံသည် လေထဲတွင် လှိမ့်ဆင်းလာကာ တောက်ပသော လျှပ်စီးကြောင်းများ ရုတ်တရက် ဖြာထွက်သွားကာ တစ္ဆေဘုန်းကြီးအား ထိုးဖောက်သွားလေသည်။

တစ္ဆေဘုန်းကြီးက မှိန်းပြီး လဲကျသွား၏။

တစ္ဆေဘုန်းကြီး ဆင်းသက်လာသည်ကို မြင်ရုံမျှဖြင့် လူတိုင်း အလျင်အမြန် လူစုခွဲလိုက်ကြသည်။ တစ္ဆေဘုန်းကြီးက ရုတ်တရက် သွေးစွန်းနေသော ပါးစပ်ကို ဖွင့်ကာ ကျယ်လောင်စွာ အော်လိုက်လေ၏။ ထိုစဥ် ပါးစပ်ထဲမှ သွေးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်သည်။

သွေးများသည် ဆယ်ပေကျော်မြင့်သော ကောင်းကင်ပေါ်သို့ တဟုန်ထိုး စီးကျကာ သွေးမှုန်များ ဖြစ်ပေါ်လာသည်။

တစ္ဆေဘုန်းကြီးဟာ သွေးတွေ အခိုးအငွေ့တွေအဖြစ် ပြောင်းလဲနေချိန်မှာ အသက် ဆုံးရှုံးသွားပုံရသည်။ ခန္ဓာကိုယ်က သေးငယ်သွားကာ မကြာခင်မှာပဲ အရေပြားအိတ်တစ်ခုသာ ကျန်ရှိတော့ပေမယ့် အရေပြားကတင် ကြီးမားပြီး အံ့သြစရာကောင်းနေ၏။

တစ္ဆေဘုန်းကြီး ဘာဖြစ်သွားမှန်း မသိသဖြင့် အားလုံး ထိတ်လန့်ပြီး နောက်ပြန် ဆုတ်သွားကြသည်။

ကော်တောက်ကျစ်က ရှေ့သို့ တိုးလာကာ ဓားစွမ်းအင်ကို ထုတ်၍ တစ္ဆေဘုန်းကြီး၏ အရေပြားအိတ်ကို ဓားဖြင့် ထိုးလိုက်သည်။ တစ္ဆေရဲ့ အရေပြားအိတ်က ကျွတ်သွားပေမယ့် တကယ်တမ်း သူ့ရဲ့ ဓားစွမ်းအင်ကို ပိတ်ဆို့ထားနိုင်သေးလေသည်။

"ဒီဘုန်းကြီးတစ္ဆေက ရွှေကိုယ်ထည်ကို မွေးမြူထားတာ!"

ကော်တောက်ကျစ် အံ့သြသွားပြီး ချန်ရှီကိုကြည့်ရင်း အနည်းငယ် ထိတ်လန့်စွာဖြင့် နှလုံးခုန်သွားသည်။

"နတ်တစ္ဆေဘုံ... ချန်ရှီက သရဲတစ္ဆေတွေနဲ့ နတ်တွေရဲ့ ဘုံကို နားလည်​နေတယ် သူ... သူက တစ္ဆေလား၊ နတ်လား"

လူတွေက နားမလည်နိုင်တဲ့ နေရာကို နတ်တစ္ဆေဘုံလို့ ခေါ်ဝေါ်ကြပြီး ထူးဆန်းတဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိတဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ ဘုံဖြစ်ပါ၏။

ဤ​နေရာမျိုးသည် ဘီလူးများ၊ သမိုင်းမတင်မီ အကြွင်းအကျန်များ၊ အစွမ်းထက်သော မှော်လက်နက် အပိုင်းအစများ သို့မဟုတ် အချို့သော ဧရိယာအတွင်း လက်တွေ့ကမ္ဘာကို ထိခိုက်စေသည့် အခြားသော နားမလည်နိုင်သော အရာများကြောင့် ဖြစ်လာတတ်သည်။ ချန်ရှီရဲ့ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေက နတ်တစ္ဆေဘုံနှင့် တူညီ​နေသည်။

ကော်တောက်ကျစ်မှာ ဤတစ္ဆေဘုန်းကြီး ဘယ်လို သေဆုံးသလဲတောင် မမြင်နိုင်ခဲ့ပါ။ ဒီတစ္ဆေဘုန်းကြီးဟာ သရဲတစ္ဆေတွေနဲ့ နတ်တွေရဲ့ ဘုံဖြစ်တဲ့ နားမလည်နိုင်တဲ့ နည်းကြောင့် ကွယ်လွန်သွားတာသာ ဖြစ်ပေမည်။

သို့သော် နတ်ဝိညာဥ်ကို မစိုက်ပျိုးသေးဘဲ တာအိုဘုံကို မတည်ထောင်ရသေးတဲ့ သာမန် ကျင့်ကြံသူတစ်ဦးက နတ်တစ္ဆေဘုံကို ဘယ်လိုလုပ် ဖန်တီးနိုင်ပါ့မလဲ။

"သူက လူသားမဟုတ်​ဘူး​လေ!"

ကော်တောက်ကျစ်သည် ချန်ရှီခန္ဓာကိုယ်တွင် အစွမ်းထက်သော နတ်ဆိုးများစွာ ရှိနေကြောင်း ဒဏ္ဍာရီကို တွေးပြီး သူ့နှလုံးခုန်မြန်လာသည်။

"ချန်ရှီ သေသွားတာ ဖြစ်မယ်... ငါတို့ရှေ့မှာရပ်နေတဲ့ ချန်ရှီက နတ်ဆိုးတစ်ကောင်ပဲ သူကိုယ်တိုင်က သက်ရှိလောကထဲကို ခိုးဝင်ဖို့ ချန်ရှီအသွင် ပြောင်းထားခဲ့တာ!"

ထျန်ယွဲ့အာက အလွန်ချွေတာတတ်သူပင်။ တစ္ဆေဘုန်းကြီးရဲ့ အရေခွံကို လိပ်ပြီး နောက်ကျောပေါ် ထမ်းလိုက်သည်။

"ဒီအရေခွံက အရမ်း ကောင်းတယ်... မဖြုန်းတီးနဲ့ ကျွိရှန်းမျှော်စင်မှာဆို ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရတယ်!"

လူတိုင်း မနာလိုဖြစ်ကုန်သည်။

ရှေ့ကို ဆက်လျှောက်ကြရာ တစ္ဆေဘုန်းကြီးတွေ တော်တော်များများက သူတို့ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ မျက်လုံးကြီးတွေနဲ့ မွေးဖွားလာပေမယ့် သူတို့အနားမကပ်ခင် မိုးကြိုးပစ်ခံလိုက်ရသည်။ လေသည် သူတို့၏ ခန္ဓာကိုယ်အတွင်း မှုတ်ထုတ်ပြီး သူတို့၏ အတွင်းပိုင်းမှ အသားများကို မှုတ်ထုတ်ပစ်သည်။

သို့တည်းမဟုတ် ရေနှင့်မီး မှုတ်ထုတ်၍ မျက်စိ၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့ကို မကြာခဏ တောက်လောင်စေကာ၊ သို့မဟုတ် ပါးစပ်ထဲမှ ရေများ ထွက်ကျလာပြီး အရိုးများပင် ရေထဲ​တွင် အရည်ပျော်သွားတတ်သည်။

သို့မဟုတ် ၎င်းတို့က မမြင်နိုင်သော စွမ်းအားများဖြင့် ရုတ်တရက် ကြေမွသွား၏။

ဒီတစ္ဆေဘုန်းကြီးတွေဟာလည်း တစ်ခါက ကျင့်ကြံသူ ရဟန်း​တွေ ဖြစ်ခဲ့ပေမည်။ သူတို့သည် ကတုံးတွေ ဖြစ်ကာ ခေါင်းတွင် သစ္စာပြုထားသော အမာရွတ်များရှိပြီး ရွှေကိုယ်ထည်များကို မွေးမြူထားကြသည်။ သူတို့၏ အရေခွံများသည် အလွန်မာကျောပြီး နတ်ပြောင်းလဲခြင်း နယ်ပယ်က စွမ်းအင်ကို တားဆီးနိုင်သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ရွှေခန္ဓာကိုယ်ကြီးလဲ!"

ချန်ရှီသည် ဒီတစ္ဆေဘုန်းကြီးတွေရဲ့ အရေခွံတွေကို လေ့လာရင်း အံ့သြမဆုံးနိုင် ဖြစ်နေသည်။

"ဒီသရဲတစ္ဆေတွေက ရဟန်းဖြစ်နိုင်ပါ့မလား ဒါပေမယ့် မြေအောက်ကမ္ဘာမှာ ဘုန်းကြီးတွေ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ... ဘယ်လိုဖြစ်နေကြတာလဲ... ဘာလို့ ဒီထူးဆန်းတဲ့ မျက်လုံးတွေနဲ့ အသက်ရှင်နေရတာလဲ"

ထိုအချိန်တွင် ကြီးမားသော ဘီလူးအချို့ တိုက်ခိုက်နေသကဲ့သို့ အရှေ့မှ မိုးကြိုးမုန်တိုင်းကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ရှီ လူတိုင်းကို ရပ်တန့်ခိုင်းကာ တိတ်တဆိတ်နဲ့သာ အရှေ့ကို လှမ်း​ဖို့သာ အချက်ပြခဲ့သည်။ တစ္ဆေဘုန်းကြီးနှစ်ပါးက ဘုန်းကြီးတစ်ပါးကို ချောက်ကမ်းပါးပေါ် ဖိ၊ ဘုန်းကြီးကို လက်သီးတစ်ချက်နဲ့ ထိုးသတ်​နေပြီး အဆက်မပြတ် အသေအလဲ ထိုး​နေတာကို တွေ့လာရသည်။

ပတ်လည်တွင် သံဃာအများအပြား၏ ရုပ်အလောင်းများကလည်း အပိုင်းပိုင်း ကျိုးသွားကာ တစ္ဆေဘုန်းကြီးများက သတ်ခဲ့တာ ဖြစ်ပေမည်။

ဘုန်းကြီးသည် အရပ်ခြောက်ပေ မြင့်၍ အလွန်ချောမောသော ရွှေရောင်ဖြင့် ထွန်းတောက်သော ရွှေရောင်ကိုယ်ထည်ကိုလည်း ပြုစုခဲ့သည်။ သူသည် ချန်ရှီနှင့် အကြိမ်ကြိမ် တွေ့ဆုံဖူးသော ဘုန်းကြီးဝူချန်ပင်။

တစ္ဆေဘုန်းကြီးနှစ်ပါးလောက် သူ့အစွမ်းသတ္တိက သိသာထင်ရှားစွာ မအားကောင်းတော့သဖြင့် ရွှေရောင်ကိုယ်လုံးကြီး ကျိုးတော့မည်။

ချန်ရှီ ရှေ့သို့ ပြေးသွားခဲ့သည်။ ထိုစဥ် တစ္ဆေဘုန်းကြီးတစ်ပါးသည် ဘုန်းကြီးဝူချန်ကို ချက်ချင်း လွှတ်ကာ ချန်ရှီဘက်သို့ အပြေးအလွှား လှည့်လာသည်။ သို့သော် သူနှင့် ငါးပေအကွာတွင် လျှပ်စီးတစ်ချက် လက်သွားကာ မှောင်မိုက်သောလေသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့သည်။

တစ္ဆေဘုန်းကြီးက အရင်တစ္ဆေဘုန်းကြီးထက် အများကြီး အားကောင်းလှ၏။ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ချင်း ပါးစပ်ကို ချက်ချင်းပိတ်ပြီး အပေါက်ကိုးပေါက်ကို ချိတ်ပိတ်ကာ ပြန်လှည့်ပြေးသွားခဲ့သည်။

သို့သော် သူ ထိုသို့ တံဆိပ်ခတ်ထားရုံမျှဖြင့် လေမိုးကြိုးအသွင်ပြောင်းမှုကို မခုခံနိုင်ပေ။ တစ္ဆေဘုန်းကြီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းကားလာပြီး ထိန်းမရတော့ချေ။ ပါးစပ်ကိုဖွင့်ကာ အော်ဟစ်လိုက်ပြီးနောက် ပါးစပ်ထဲမှ သွေးမှုန်များ ဖြန်းကနဲ ပေါက်ထွက်သွားသည်။ ခန္ဓာကိုယ်က ကျုံ့သွားကာ အရေပြားအိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝူချန်ကို ရိုက်နှက်နေတဲ့ တစ္ဆေဘုန်းကြီးလည်း ဒါကိုမြင်တော့ ထိတ်လန့်သွား၏။ သူသည် တစ္ဆေတစ်ကောင်ကို မြင်ရသကဲ့သို့ ရှိုက်ကြီးတငင်နှင့် ခုန်ဆင်းကာ လေထဲတွင် ပွင့်လန်းနေသော မျက်လုံးပန်းပွင့်လေးထဲသို့ ခုန်ဝင်သွားသည်။ ၀တ်ဆံဖိုများသည် ၎င်း၏နောက်ကျောရှိ ကြွက်သားများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ပွင့်ချပ်များကို ပိတ်ကာ ကြီးမားသော မျက်လုံးအဖြစ် ပြန်လည် ပုံဖော်လိုက်သည်။

မျက်လုံးသည် အထက်သို့ လျင်မြန်စွာ ဆုတ်သွားပြီး ဘုရားဆင်းတုတော်၏ မျက်နှာပြင်တွင် ကပ်လျက် မြုပ်သွားကာ မျက်ခွံ​တွေပါ ပြန်မှိတ်သွားဖြင့် မျက်လုံးများ ပျောက်သွား​တော့သည်။

အခြားမျက်လုံးများကလည်း ထိတ်လန့်နေပုံရပြီး သူတို့အားလုံးသည် ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်ထဲသို့ ဆုတ်သွားပြီး မျက်ခွံများကို ပိတ်ထညးလိုက်ကြသည်။ တခဏချင်းမှာပဲ အရပ်မြင့်မြင့်နဲ့ မတ်တတ်ရပ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေဟာ မှောင်မိုက်သွားပြီး နီရဲနေတဲ့ မျက်လုံးကြီးတွေ အားလုံး ကွယ်ပျောက်သွားပေ၏။

ချန်ရှီ ရှေ့ကို တိုးလာပြီး ဘုန်းကြီးဝူချန်ကို ထောက်ကူလိုက်သည်။

"ဘုန်းကြီးလေး... မင်း အသက်ရှုနေသေးလား?"

"အင်း..."

ဘုန်းကြီးဝူချန်လည်း လေဖြတ်သွားသလို ခံစားလိုက်ရလေ၏။ ထျန်ယွဲ့အာနဲ့ တခြားလူတွေလည်း ပြေးလာပြီး ကုသပေးကာ ကျိုးသွားသော အရိုးများကို ပြန်လည် ပြုပြင်ပေးကြသည်။ ကော်တောက်ကျစ်သည် ဘုန်းကြီးဝူချန်ကို သူ၏ မှော်စွမ်းအားဖြင့် မြှင့်တင်ရန် နတ်ဝိညာဥ်ကို ထုတ်သုံးခဲ့သည်။

ဘုန်းကြီးဝူချန်က ချန်ရှီကို ကြည့်ကာ ပြောလိုက်သည်။

"မင်းငါ့ကိုဘာမှ အကြွေးမတင်​တော့ပါဘူး"

ချန်ရှီ အံ့သြသွားပြီး သူဘာတွေ ပြောနေလဲ မသိဘဲနေ၏။

လူတိုင်းက ရှေ့ကို ဆက်လျှောက်လာကြသည်။ ဝူချန်သည် လေထဲတွင် လဲလျောင်းနေကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို ကြည့်ရင်း ရုတ်တရက် မျက်ရည်များ ဝဲလာသည်။

ကော်တောက်ကျစ် ပြုံးလိုက်သည်။

"ဘုန်းကြီး ဘာလို့ ငိုနေတာလဲ"

ဘုန်းကြီးဝူချန်ခမျာ ကျယ်လောင်စွာ အော်ဟစ်​နေပြီး သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ခဏကြာတော့ သူနည်းနည်း ပြန်ကောင်းလာသဖြင့် စိတ်ခံစားချက်တွေကို ခွဲထုတ်လိုက်သည်။

"ဒီဗုဒ္ဓရုပ်ပွားတော်တွေက ငါတို့ဗုဒ္ဓဘာသာရဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ... အခု ငါတို့ ဗုဒ္ဓဘာသာ ငရဲမှာ ရောက်နေကြပြီ ငရဲမှာ ရဟန်းနဲ့ ဒကာတွေ ကွဲလွဲမှုတွေ ရှိတယ် ငါတို့ရဲ့ ဗုဒ္ဓဘာသာမှာ ငရဲက အလွှာနှစ်ဆယ်ရှိတယ်... လောကီငရဲက ၁၈ ထပ်ပဲ ရှိတာ"

ချန်ရှီလည်း ဤနေရာက ခြားနားချက်ကို မသိသောကြောင့် ဂရုတစိုက် နားထောင်နေခဲ့သည်။

"ဗုဒ္ဓငရဲရဲ့ ဒဏ္ဍာရီက ဟွာရှရှန်ကျိုးက ဆင်းသက်လာတာ... မတ္တရီဘုရားလောင်း ပြောတဲ့ ကျမ်းမှာဆို သက်ရှိငရဲ၊ ကြိုးနက်ငရဲ၊ ပေါင်းငရဲ၊ ကျောက်ဟွမ့်ငရဲ၊ သောဖော်နငရဲ၊ ဒေါပနငရဲ၊ ဇောတိပါလငရဲ၊ အားပီငရဲ၊ ကျိုးကျိုးလောငရဲ၊ လူသေငရဲ၊ ဓားတိုသစ်တော၊ ဓားရှည်တောငရဲ၊ ဥဇုလငရဲ၊ ခွဲခြမ်းငရဲ၊ ကုမုဒူငရဲ၊ နံ့သာငရဲ၊ ပန္ဒလီငရဲ...."

ဘုန်းကြီးဝူချန်က ခေတ္တ မှိန်းပြီး ရေရွတ်နေသည်။

"မင်စစ်သားတွေ အနောက်နွားရှင်းကျိုး ကျွန်းကို ရောက်တဲ့အခါ မင်မင်းဆက်က လူတွေက ရှင်သန်လာပြီး သရဲတစ္ဆေတွေကျ ဘယ်ကိုမှ သွားစရာ မရှိတော့ဘူး... ဒီသရဲတစ္ဆေတွေ နေထိုင်တဲ့ နေရာကို မရဏကမ္ဘာလို့ ခေါ်တယ်... အဲဒီတုန်းက ယင်နဲ့ယန်က တစ္ဆေတွေ ကွဲထွက်သွားတာမျိုး ခြားနားတာမျိုး မရှိသေးဘူး..."

ထို့ကြောင့် စစ်မှန်သော ဘုရင်သည် လောကီလောက၌ ငရဲ ၁၈ လွှာကို တည်ဆောက်ပြီး ငရဲဘုရင်ဆယ်ပါး၏ ကိုယ်ပွားများကို စောင့်ရှောက်ရန် တောင်းဆိုခဲ့သည်။ ဟွာရှက သရဲတစ္ဆေများနှင့် နတ်ဘုရားများ၊ တရားသူကြီးများနှင့် မရဏတမန်များသည် ယင်နှင့်ယန်ကမ္ဘာကို ခွဲထုတ်ရန် ၎င်းတို့၏ကိုယ်ပွားများကို ဖိတ်ကြားခဲ့သည်။ ထိုအချိန်မှစ၍ လူများနှင့် သရဲတစ္ဆေတို့ ခွဲခွာသွားကြသည်။

"ငါတို့ရဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကလည်း ကမ္ဘာပေါ်က လူသေတွေကို စုဆောင်းဖို့ ငရဲနှစ်ဆယ်ကို ဆောက်ခဲ့တယ်"

ဘုန်းကြီးဝူချန်က ဆိုသည်။

"ငါတို့ တပေါက်ကော် ဘုရားကျောင်းရဲ့ မှတ်တမ်းတွေအရ ဘုရင်ကျန်းခေတ်ရဲ့ မြင့်မြတ်တဲ့နေရာ သုံးခုမှာ တစ်ဝက်တစ်ပျက်နဲ့ ဗုဒ္ဓဘုံထဲကို ခြေတစ်လှမ်းဝင်တဲ့ ဘုန်းကြီးတွေ အများကြီးရှိတယ်... ဗုဒ္ဓဘာသာငရဲကို ဖြတ်ကျော်ဝင်ရောက်ပြီး ငရဲပြည် မရောက်မချင်း ဗုဒ္ဓမဖြစ်ဘူးလို့ ကတိသစ္စာပြုကြတယ်... ဘုန်းကြီးတွေလည်း အဲဒီခေတ်က ကတိသစ္စာကို လိုက်နာကျင့်သုံးကြတယ်။ မြတ်စွာဘုရားနဲ့ နီးစပ်သူတွေနဲ့အတူ ဗုဒ္ဓဘာသာရဲ့ ငရဲနှစ်ဆယ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ငါတို့ ဒဏ္ဍာရီထဲက ဗုဒ္ဓပဲဖြစ်လာတယ်... ဒီဘုံထဲကို ဝင်ခဲ့ကြတဲ့ ဒီဘုန်းကြီးတွေလည်း ငါတို့ရဲ့ ကျောင်းတော်ထဲက ဘုန်းကြီးတွေ မရေမတွက်နိုင်အောင် ရှိတယ်.."

ဒီလိုပြောလိုက်​ပြီးတော့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လာပြန်သည်။ သူလည်း စိတ်အားထက်သန်သော ရဟန်းတော်များထဲမှ တစ်ပါးပင်။

ထိုစဥ် ချန်ရှီအနားက ဟူကွမ်ဟန့်က လှမ်းမေး၏။

"ဘုန်းကြီး.. အဲဒီ မြင့်မြတ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေက အဲဒီအချိန်တုန်းက ငရဲမှာ ထိုင်နေတဲ့ ဗုဒ္ဓဘာသာသခင်တွေလို့ ဆိုလိုတာလား။း"

ဘုန်းကြီး ဝူချန်က သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး လှမ်းကြည့်သည်။

"မင်းက ဘယ်သူလဲ"

"ဝမ်ဝူးခရိုင်က ဟူကွမ်ဟန့်ပါ"

"မင်းက အထက်တန်းစား မိသားစုက ဆင်းသက်လာသူ မဟုတ်ဘူးလား"

"မဟုတ်ဘူး"

ဘုန်းကြီးဝူချန်က သူ့မေးခွန်းကို မဖြေတော့ချေ။

"အဲဒီ ဗုဒ္ဓမြတ်စွာဘုရားကြီးရဲ့ အရိုးနဲ့ ကြွက်သားတွေက ကျောက်တုံးကြီး ဖြစ်သွားပြီး သူတို့ရဲ့ အသွေးအသားတွေကလည်း ရွှံ့နွံအဖြစ် ပြောင်းလဲသွားတယ်... သူတို့အသက်ရှင်စဉ်အခါကတော့ တန်ခိုးကြီးလွန်းတာပေါ့... အရှင်ဘုရား ဝါးခါးထက် အများကြီး သန်မာတယ်... သူတို့ရဲ့ ရွှေကိုယ်ခန္ဓာတွေက ချွတ်ယွင်းချက် မရှိလို့ သူတို့ရဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ထိန်းသိမ်းထားနိုင်ခဲ့တာ.."

"သူတို့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးတွေ ရှိတယ် ပန်းတွေလို ထူးဆန်းတဲ့ မျက်လုံးတွေထဲကနေ မျက်လုံးနဲ့တူတဲ့ နတ်ဆိုးတွေ ပေါက်ဖွားလာကြတယ်.... အဲဒီဗုဒ္ဓတစ်ဝက်ကို လိုက်နာကျင့်ဆောင်တဲ့ သူတွေက ပန်းတစ္ဆေတွေ ဖြစ်လာကြတာပဲ... သူတို့ လုံးဝ နိဗ္ဗာန်ဘုံမှာ မရှိနေခဲ့ဘူး!"

ဝမ်းနည်းလွန်းလို့ ကျယ်လောင်စွာ ငိုကြွေးခဲ့ပြန်သည်။ ချန်ရှီ သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတဲ့အတွက် သူ့ပုခုံးကိုသာ ပုတ်လိုက်သည်။ ဘုန်းကြီး ဝူချန်က ပိုလို့တောင် ငိုတော့၏။

ဒါကိုမြင်တော့ ကော်တောက်ကျစ်က ဝင်ဆိုသည်။

"ဒကာလေးချန်... သူ့ကို လက်နဲ့ထိနေတာ ရပ်လိုက်။ သူ့ပုခုံးက အရိုးကျိုးသွားပြီ... မင်း သူ့ကို နာအောင် လုပ်နေသလိုပဲ"

ချန်ရှီလည်း သူ့လက်ကို ရုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

"ဘုန်းကြီး... ဗုဒ္ဓဘာသာ ငရဲကနေ ဘယ်လိုလုပ်ရင် ရုန်းထွက်နိုင်မှာလဲ"

"ငါတို့ အပြင်မထွက်နိုင်ဘူး! ငါတို့သာ ထွက်နိုင်ရင် အဲဒီဗုဒ္ဓတစ်ဝက် သခင်တွေက ဘာလို့ မထွက်နိုင်တာလဲ... ငါတို့ မထွက်နိုင်ဘူး ငါတို့ ဒီမှာ ပိတ်မိနေပြီး သေကုန်တော့မှာ!"

All Chapters