← Chapters

နွေဦးရာသီမှာ ငါအရင်စကားမပြောဘဲ ဘယ်ပိုးကောင်က အသံထွက်ရဲလဲ

Vol. 21 Ch. 305

နွေဦးရာသီမှာ ငါအရင်စကားမပြောဘဲ ဘယ်ပိုးကောင်က အသံထွက်ရဲလဲ

Vol. 21 Ch. 305

အဘွားရှား သူ့ကို ပွေ့ဖက်ချင်ပေမယ့် သူ့လက်တွေက ရှန့်ထျန်းယွီရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားကာ ဘာမှ မပွေ့ဖက်မိချေ။

ဟုတ်တယ်၊ သူ့သားက ဆုံးသွားပြီ။

ခန္ဓာကိုယ်က တဖြည်းဖြည်း အေးစက်လာပြီးပြီ။

သူမ ရှိုက်ကြီးတငင် ငိုကြွေးပြီး သူ့ကို ကယ်တင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ သားဖြစ်သူရဲ့ ဝိညာဉ်က ပြန်လာခဲ့ပါပြီ။

သူမသည် သားဖြစ်သူ၏ ဝိညာဉ်ကို ပွေ့ဖက်ရန် မှော်စွမ်းအားအနည်းငယ်ကို အသုံးပြုလိုက်သည်။ သားက ယခင်ကကဲ့သို့ ကလေးလေးအဖြစ် ရှိနေဆဲဖြစ်သည်။ အဘွားရှား အော်ဟစ်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"ထျန်းယွီ အမေ မင်းအကြောင်း နေ့တိုင်းတွေးနေတာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက မင်းကို တစ်ချိန်လုံး လိုက်ရှာနေတာ... မရဏကမ္ဘာ တစ်ခုလုံးကို လိုက်ရှာတာတောင် မင်းကိုမတွေ့ခဲ့ဘူး!"

သူမနှလုံးသားသည် ဝမ်းနည်း ပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး သူမ ခံစားခဲ့ရသည့် နှစ် ၃၀ နှိပ်စက်ညှဉ်းပန်းမှုများက ယခုအချိန်မှာ လွတ်မြောက်သွားပြီ ဖြစ်သည်။

ချန်ရှီ အခန်းထဲမှ တိတ်တဆိတ် ထွက်သွားပြီး ထိုသားအမိကို ထားခဲ့သည်။ ဒီအချိန်မှာ ခွဲခွာရတဲ့ ဝေဒနာအကြောင်း ပြော​​​ကြပါရစေ။ သူ လှည့်ကြည့်လိုက်တော့ ချန်ထန် အပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

ချန်ထန်က ကြုံတောင့်ကြုံခဲ ပြုံးလာပြီး။

"ဒီစာသင်သားတွေကို မြေအောက်ကမ္ဘာကနေ အသက်ရှင်လျက် ပြန်ခေါ်လာဖို့ အခက်အခဲတွေ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရမှာပဲ..."

ချန်ရှီ ခေါင်းခါလိုက်သည်။

"လုံးဝ မခက်ပါဘူး အန္တရာယ်လည်း မတွေ့ဘူး"

ချန်ထန်သည် ချန်ရှီကိုရှာရန် သွားသောအခါက သူနှင့် အဘွားရှား ကြုံတွေ့ခဲ့ရသော အန္တရာယ်များနှင့် အခက်အခဲများကို တွေးကာ အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ တစ်ခုခု နားလည်မှုလွဲနေသလို ခံစားလိုက်ရ၏။

ချန်ရှီ ကြီးပြင်းလာပြီ။ သူ့လို အဖေအိုကြီးကို စိတ်မပူ​စေချင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့သာ စိတ်ထဲမှာ တွေးလိုက်မိသည်။

"ရှန့်ထျန်းယွီ ပြန်လာတော့ အဖွားအတွက် စိတ်ပူစရာတစ်ခု လျော့သွားတာပေါ့ သူ့သားကိုရှာဖို့ တစ်သက်လုံး အလုပ်ရှုပ်နေခဲ့တာ...ဒါပေမယ့် ရှန့်ထျန်းယွီက သေသွားပြီ သူ မကြာခင် တစ္ဆေဖြစ်သွားလိမ့်မယ် သူမ ဘယ်လိုစီစဉ်မလဲ မသိဘူး"

ချန်ထန်က ပြောပြနေသည်။

"တရုတ်ပြည်မှာ ရွှေကိုယ်ထည်တည်ဆောက်ခြင်းလို့ ဆိုရိုးစကားရှိတယ်... ရှန့်ထျန်းယွီ အတွက် ရွှေရောင်ကိုယ်ထည် တည်ဆောက်နိုင်ရင် လူတွေကို နတ်ဖြစ်ဖို့ နံ့သာပေါင်းကို ရနိုင်မှာပဲ... ကြာပန်းနဲ့ ကြာရွက်ကို သုံးပြီး ကြာပန်းကိုယ်ထည်ကို ဖန်တီးနိုင်တာကလည်း နည်းလမ်းတစ်ခုပဲ... ဒါမှမဟုတ် ရုပ်သေးရုပ်နဲ့ ယန်ရှစ်ရုပ်သေးရဲ့ ခန္ဓာကိုယ်ကို ဖန်တီးရင်လည်း ရတယ်... မင်းအဖိုးက သူ့အတွက် အလောင်းကို ဖန်တီးဖို့ အဆောင်စာလုံးနဲ့ ဖန်ဆင်းတတ်တယ်"

ချန်ရှီ : "ကျွန်​တော်တို့ သူ့ကို လူဝင်စားခွင့် ပေးလို့ ရတယ် ဒါမှမဟုတ် သေခါစ ကလေးရဲ့ အလောင်းထဲကို ဝင်ပြီး အသက်ပြန်ရှင် လာနိုင်အောင် လုပ်ပေးလို့ရတယ်... အဖွားရှားက ကျွမ်းကျင်ပါတယ်... ကျွန်တော်တို့တောင် နည်းလမ်းတွေ အများကြီး တွေးနိုင်တာ သူမက ပိုစဉ်းစား နိုင်မှာပါ"

ချန်ထန် ခေါင်းညိတ်လိုက်သည်။

သားအဖနှစ်ယောက် ထွက်သွားပြီး ချန်ထန်က ထပ်ပြောလေသည်။

"ငါဆေးအရင်ချက်မယ် မင်းအနားယူလိုက်... အဘွားရှားက အရမ်းဝမ်းနည်းလိုက် ဝမ်းသာလိုက်နဲ့... သူ့စိတ်ဝိညာဉ်ကို သေချာပေါက် ပျက်စီးစေလိမ့်မယ် ငါဆေးအရင် ပြင်ရမယ်..."

ချန်ရှီက သူ့နောက်မှ လိုက်မေး၏။

"အဖေ... သခင်​လေးကို သတ်ပစ်ပြီး ထိပ်တန်းဆုယူချင်တယ်.. ကျွန်တော့်ကို ထောက်ခံလား"

ချန်ထန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားပြီး ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူ့နှလုံးသားထဲက ရွှင်လန်းမှုများစွာ ထွက်ပေါ်လာကာ သူ့မျက်လုံးများကို စိုစွတ်လာစေသည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက နွေးထွေးမှုတွေ အပြည့်ဖြင့်။

"မင်းက ငါ့သားပဲ.. ငါမင်းကို ထောက်ခံမှာပေါ့!"

ဒီ​နေ့ ထုတ်​​ဖော်​ပြရရင်​​တောင်​ ​ထောက်​ခံမှာပင်။

ရှီးကျင်း၌။

အခင်းဖြစ်ပွားပြီး နှစ်ဆယ်ရက်မြောက်နေ့မှာ ယန်ကုကျစ်သည် မရဏကမ္ဘာထဲကို ကျသွားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေခြင်းအား စွန့်လွှတ်ခဲ့ရပါသည်။ ရှန့်လင်ယွမ်ဌာနက အဆင့်မြင့် အရာရှိ သုံးဦးသည် မောပန်းနွမ်းနယ်နေသော်လည်း အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ နေရာကို ရှာမတွေ့သေးပေ။

အဖြူရောင်ဝတ်နတ်သမီး ဖြစ်ရပ်ကြောင့် ကိုယ်စားလှယ်လောင်း ၆၄၄ ဦးသည် မရဏကမ္ဘာထဲသို့ ကျရောက်ခဲ့ရပြီး မကြာမီတွင် လူ ၄၂၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယန်ကုကျစ် ရှာဖွေမှုကို ရပ်တန့်လိုက်သောအခါ အခြားလူ ၇၆ ဦး သေဆုံးခဲ့ပြီး ၃၅၁ ဦးသာ ကျန်ရစ်ခဲ့သည်။

သို့သော် ရက်ပေါင်း ၂၀ ကျော်လွန်သွားခဲ့ပြီးမလို့ ဤလူ ၃၅၁ ယောက်သည်လည်း အန္တရာယ်ဖြစ်နိုင်ချေ ရှိသည်။

ရှာဖွေခွင့်မရှိတော့ပါ။

ယန်ကုကျစ်ဟာ သာသနာရေး ဝန်ကြီးဌာနကို သတင်းဖြန့်ပေးဖို့ တောင်းဆိုခဲ့သည်။ ရက်ပေါင်း ၂၀ပြီးနောက် ဟဲဝေ အမည်ရှိ ကြောင်တစ်ကောင်ကိုသာ မရဏကမ္ဘာမှ ကယ်တင်ခဲ့သည်။ တပ်ငါးခုရဲ့ ကြောင်တစ်ကောင်ပင်။ ကိုယ်ခံပညာ စမ်းသပ်သည့်နေ့တွင် ၎င်းသည်လည်း အမတတံတားကောင်းချီးမြေထဲ မှားယွင်းဝင်ရောက်ခဲ့ပြီး မရဏကမ္ဘာတွင် အဆုံးသတ်ခဲ့သည်။

အပြစ်ကင်းတဲ့ ဒီကြောင်လေးကို ကယ်ဆယ်ဖို့အတွက် ဓမ္မရေးရာဝန်ကြီးဌာနက အသေးစားအရာရှိ ၁၆ ဦးနဲ့ ကြီးကြပ်ရေးမှူးတစ်ဦးကို ဆုံးရှုံးခဲ့ပြီး နောက်ဆုံးမှာတော့ ကြောင်လေး ဟဲဝေကို မရဏကမ္ဘာမှာရှိတဲ့ သရဲနဲ့ နတ်ဘုရားတွေရဲ့ပါးစပ်ကနေ ကယ်တင်ခဲ့ပါ၏။

ယခုအချိန်အထိ မြို့တော်ရှိလူတိုင်းသည် ဟဲဝေဟုခေါ်သော ကြောင်အကြောင်းကို သိကြသည်။ မြေအောက်ကမ္ဘာသို့ ကျသွားသော ပညာရှင် ၆၄၄ နှင့် ပတ်သက်လျှင် သူတို့၏အမည်များကို ဘယ်သူက သိပါ့မလဲ။ သူတို့ဟာ ကိန်းဂဏန်းတွေပဲ ဖြစ်နိုင်ပါသည်။

ယန်ကုကျစ်က ဒီကိစ္စကို ပြေလည်စေပြီး ဒီဖြစ်ရပ်မှာ တပ်မှူးငါးဦးကို အပြစ်ရှိကြောင်း ဝန်ခံခိုင်းပြီး ရှမိသားစုရဲ့ လူယုတ်မာနှစ်ယောက်ရဲ့ အပုပ်ချခြင်းကို မခံရစေရဘူးလို့ လျှို့ဝှက်ထားခဲ့ပါသည်။ ဒါပေမဲ့ အပေါ်ယံမှာတော့ ဝေဖန်မှုကို ရှောင်လွှဲနိုင်ဖို့ ဝန်ကြီးဌာနက ဒီကိုယ်စားလှယ်လောင်းတွေကို ဆက်လက်ရှာဖွေနေရဆဲ ဖြစ်ကြောင်း ပြသခဲ့၏။

သို့သော်လည်း နောက်ရက် အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာသည် ယန်ကုကျစ်အား မကောင်းမှု​ဟူသည် အဓိပ္ပာယ်ကို သိလာစေခဲ့သည်။

ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းတို့ ညီအစ်ကိုနှစ်ဦးဟာ ယခုတစ်ကြိမ် စာမေးပွဲကြီးအား တာဝန်ယူ​နေစဉ် အန္တရာယ်များကို ဂရုမစိုက်ဘဲ စီရင်ထုံးများ ချမှတ်ကာ စခန်းငါးခုမှ တပ်သားများနှင့် တပ်သားအများအပြား သေဆုံးစေခဲ့ပြီး ယခင်တပ်မများစွာကို ထိခိုက်စေခဲ့ကာ ရှီးကျင်းကိုလည်း ဘေးဥပဒ် ဖြစ်စေလုနီးပါး ဖြစ်စေခဲ့သည်ဟု ပြောဆိုခဲ့သည်။

တပ်စခန်းငါးခု၏ ရတနာလည်း ပျောက်ဆုံးသွားခဲ့ပြီး ယင်းအတွက် ရိက္ခာဝန်ကြီးဌာနမှာလည်း တာဝန်ရှိလာသည်။

"မင်းတို့ အကုန်လုံး အမှိုက်တွေပဲ!"

ယန်ကုကျစ် ဒေါသ အရမ်းထွက်လာပြီး တုန်လှုပ်သွားသည်။ သူသည် တရားရုံးတွင် စောဒကတက်ကာ ရှမိသားစု၏ ညီအစ်ကိုနှစ်ဦးကို ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှု အကြောင်း ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ကောင်းချီးမြေ၏ ပထဝီဝင် အနေအထားကို ပြောင်းလဲကာ ထိုကဲ့သို့ ကြီးမားသော ဘေးဥပဒ်ဖြစ်စေခဲ့သည့် ချီးရှာဘုံကျောင်း၏ နတ်တစ္ဆေဘုံကို ထိမှန်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းကတော့ ရယ်မောကာ သက်သေပြရန် တောင်းဆိုလာခဲ့ပေမယ့် သဘာဝအတိုင်း ထုတ်မပြနိုင်ခဲ့ချေ။

ထို့နောက် ဟန့်လင်ကျောင်းတော်မှ ဖြောင့်မတ်သော လူတစ်စုသည် လူ့အသက်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး နွေဦး စာမေးပွဲတွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အများအပြားကို သတ်ဖြတ်ခဲ့သော ဝတ်ပြုရေး ဝန်ကြီးဌာနကို ပြစ်တင် တိုက်ခိုက်ခဲ့သည်။ ဝတ်ပြုရေးဝန်ကြီးသည် အရည်အချင်းမရှိ၍ ကယ်ဆယ်ရန် ပျက်ကွက်ခဲ့သည်။ ယန်ကုကျစ် ဒေါသအရမ်းထွက်ပြီး ကျိန်ဆဲလေ၏။

"ဒီရက်ပိုင်းမှာ လူတွေကို ကယ်တင်ဖို့ ငါ့ရဲ့ဓမ္မဌာနကပဲ အလုပ်ကြိုးစားနေရတာ... လူတွေကို ကယ်တင်တုန်းက မင်းတို့ ဘယ်​ရောက်​နေ​ကြလဲ"

ဖြောင့်မှန်သော လူများသည် သူ၏မထိရောက်သော ကယ်တင်မှုနဲ့ သူ၏စရိုက်ကို စတင်တိုက်ခိုက်ကြသည်။ ယခင် မောင်းမမိဿံများစွာနှင့် လက်ထပ်ခဲ့ပြီး မောင်းမမိဿံများအတွက် တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ လူများကို သတ်ပစ်ခဲ့သည်ဟူသော အချက်ကို ဖော်ထုတ်​ပြလာခဲ့သည်။

အငယ်အနှောင်းများစွာကို စောင့်ရှောက်လျက်၊ ပထမမယားနှင့် မောင်းမမိဿံတို့သည် အစေအပါးများကို ရိုက်နှက်သတ်ဖြတ်ရန် ခေါ်ဆောင်သွားသည်ဟုလည်း ဆိုကြသည်။

ထို့နောက်တွင် အိမ်ထောင်ရှင် အမျိုးသမီးအချို့နှင့် ဆက်ဆံရေးရှိကြောင်း ပြောဆိုခဲ့ပြီး တရားရုံးတွင် အခြားအရာရှိများနှင့်လည်း ပတ်သက်လာခဲ့သည်။

ယန်ကုကျစ် သူ့စိတ်ထဲတွင် အေးစက်သွားသည်။ ဟန့်လင်ကျောင်းတော်က ပညာရှင်များဟာ ရှမိသားစုမှာ ကြီးပြင်းလာကြတာ ဖြစ်သည်။ ရှမိသားစု၏ ညီအကိုနှစ်ယောက်အတွက် ရှေ့ထွက်ပေးဖို့ အဆင်သင့် ဖြစ်နေသည်မှာ ထင်ရှားသည်။ အပြစ်မှ လွတ်ကင်းရန်အတွက် ဦးစွာ စောဒကတက်ကာ သူ့ကို အပြစ်တင်ရန် ပြင်ဆင်ထားကြသည်။

ညီအစ်ကို နှစ်ယောက်သည် ပထမအဆင့် အရာရှိများ ဖြစ်ကြပြီး သူက ဒုတိယတန်းစား ဖြစ်ခဲ့သည်။ ရှင်းရှင်းပြောရရင် ရှမိသားစုဟာ ပထမအဆင့် အရာရှိနှစ်ယောက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပေမယ့် ယန်မိသားစုကတော့ သူ့ကို စွန့်လွှတ်နိုင်၏။

ဒီရက်ပိုင်း လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာဟာ ရယ်စရာကောင်းပေမယ့် စွန့်ပစ်ခံရမှာကိုတော့ ကြောက်နေမိခဲ့သူပင်။

သေချာသည်မှာ သူ့အား စုံစမ်းစစ်ဆေးရန် ရာထူးမှ ဆိုင်းငံ့ထားကြောင်း တရားရုံး အစိုးရအဖွဲ့မှ ကြေညာခဲ့ပြီး ဝန်ကြီးဌာန၏ လက်ဝဲဒုဝန်ကြီး ရန်ရှောက်ချင်းသည် ဝန်ကြီးရာထူးကို ယာယီတာဝန်ယူကာ စာမေးပွဲ၏ နောက်ဆက်တွဲကို ဂရုစိုက်မည် ဖြစ်သည်။

(TN - ယခင်က အနီးစပ်ဆုံး ယောင်မိသားစု ဟု ဘာသာပြန်ခဲ့ပါတယ်။ ယခု ရန် ဟု ဘာသာပြန်ပါမည်။)

ရန်ရှောက်ချင်း ဝတ်ပြုရေးဝန်ကြီးရာထူးကို တာဝန်ယူကာ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။ မကြာမီ သူသည် စာမေးပွဲကို ထုတ်ပြန်ပြီး လျှောက်ထားသူများ၏ အဆင့်ကို သတ်မှတ်ခဲ့သည်။

သခင်​လေးအား ထိပ်တန်းအဆင့် အဖြစ် ရွေးချယ်ခံရပြီး ကျန်ကိုယ်စားလှယ်လောင်းများသည် အိမ်ပြန်နိုင်သည် သို့မဟုတ် အခြားရာထူးများကို ပေးအပ်နိုင်သည်။

ရန်ရှောက်ချင်းသည် ကျင့်ရှစ် အယောက် ၂၀၀ အား ငါးလပိုင်း ၂၀ ရက်နေ့တွင် ကျုံးကျီခန်းမတွင် နန်းတော်စစ်ဆေးမှု ခံယူရန် နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ ဖူကျန့်နန်းဆောင် တစ်ခုလုံး ဝမ်းသာသွားသည်။

"သခင်လေးက ကံကြမ္မာရှိပြီးသားပါ... ဒီတစ်ခါတော့ ဘုရားသခင်က သခင်လေးကို ကူညီလိမ့်မယ်"

ချောင်ကျိရှစ် : "သခင်လေးရဲ့ အဓိက ပြိုင်ဘက်နှစ်ယောက်ဖြစ်တဲ့ ချန်ရှီနဲ့ ကျန်းယိုးတို့ မရဏကမ္ဘာထဲမှာ ပိတ်မိနေပြီ... သေလားရှင်လား မသိရသေးပါဘူး။ သခင်လေးကတော့ ဒီတစ်ခါ နန်းတော်စာမေးပွဲကို သေချာပေါက် အောင်နိုင်လိမ့်မယ်!"

ဖူကျန့်နန်းဆောင်က လူအားလုံး အလွန်ပျော်ရွှင်​နေခဲ့ကြသည်။ ရွှေရွှမ်းကျစ်ကတော့ မပြုံးနိုင်ဘဲ။

"တကယ်တော့ ပြိုင်ဘက် တစ်ယောက်ကို နှစ်ယောက် ထားလိုက်တာ ပိုကောင်းမယ်ထင်တယ်... အံ့သြစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ သခင်လေးသာ နိုင်ရင် သူ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးလာလိမ့်မယ်"

ရှီးကျင်း အရပ်ရပ်မှ တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ငါးဦးမှသည် ဝန်ကြီးဌာနခြောက်ခု၏ လက်ထောက် ၀န်ကြီးများနှင့် ဒု၀န်ကြီးများ၊ တလီတရားရုံး၊ ထိုက်ချောင်တရားရုံး၊ ကွမ်းလုတရားရုံး၊ ထုံကျန့်တရားရုံး၊ ဟုန်လူတရားရုံး နှင့် အခြားအစိုးရရုံးများက ရှဲရှို့အိမ်တော်သို့ လာရောက် လည်ပတ်ကြ​လေးသည်။

ချင်စူးသည် ထိုလူများကို ရပ်တန့်ရန် သခင်လေး ကျင့်ကြံနေကြောင်း ပြောဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ရွှေရွှမ်းကျစ်က ခေါင်းယမ်းပြီး။

"အဆင့်က ဆုံးဖြတ်ပြီးသွားပြီ... အခု လူတွေရဲ့စိတ်နှလုံးကို ပြေငြိမ်းစေဖို့ သခင်လေးကို အရာရှိတွေနဲ့ တွေ့ဆုံခွင့်ပေးရမယ့် အချိန်ပဲ"

ထို့ကြောင့် သခင်လေးလည်း အရပ်ရပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ရွှေရွှမ်းကျစ်: "နန်းတော်စစ်ဆေးမှု မလုပ်ခင် အရှိန်ကို အရင်တည်ဆောက်ထားသင့်တယ်"

ထို့နောက် ဖူကျန့်နန်းဆောင်မှ လူများသည် ပူးတွဲစာမေးပွဲတွင် သခင်​လေးရေးသော စာစီစာကုံးကို ထုတ်လွှတ်ကာ ပညာရှင်အချို့ကို လာဘ်ထိုးကာ စာစီစာကုံးစကားလုံး၏ အဓိပ္ပာယ်ကို စကားလုံးဖြင့် ပြန်ဆိုကာ တည်ဆောက်ခဲ့သည်။ ဝါကျတစ်ခုစီအတွက် ဂန္ထဝင်များကို ကိုးကားပြီး စကားလုံးတစ်ထောင်စာစီစာကုံးကို အကြိမ်ကြိမ် ငြင်းခုံရေးသားခဲ့ကြပါသည်။

ထိုပညာရှင်နှင့် ကိုယ်စားလှယ်လောင်း အများစုသည် ဆင်းရဲနွမ်းပါးပြီး တန်ခိုးမရှိကြသဖြင့် ဖရဲသီးအနည်းငယ် သို့မဟုတ် ရက်စွဲအနည်းငယ် ပေးလျှင်ပင် ပျော်ရွှင်စွာ လာကြမှာပင်။ ဤစာစီစာကုံးများသည် အလွန်ပြောင်မြောက်သော ဓမ္မအမှုဆောင် အရာရှိငယ်များ ရေးသော နွားချေးများကိုပင် မယှဥ်နိုင်ပေ။

ဖူကျန့်နန်းဆောင်သည် တာအိုမှတ်တမ်းဌာနမှ ဘုန်းကြီးနှင့် လူတချို့ကို လာဘ်ထိုးကာ ရှီးကျင်းရှိ သခင်လေး၏ ကုသိုလ်ကောင်းမှုများ၊ အကောင်းနှင့် အဆိုးကို ပေးဆောင်ခြင်းအကြောင်း အမျိုးမျိုးသော အရာများ၊ ဒဏ္ဍာရီလာ အတွေ့အကြုံမျိုးစုံနှင့် သခင်လေး မွေးဖွားစဉ်က အမြင်သုံးမျိုးကို ရေးသားစေသည်။

သခင်လေး ဖွားမြင်သောအခါ ရွှေကြာပန်းသည် မြေပြင်မှ ထွက်လာသည်ဟု အချို့က ဆိုကြပြီး အချို့က သခင်​လေး မမွေးမီတွင် ခရမ်းရောင်ကြယ်သည် ကောင်းကင်မှ ဖြတ်၍ ဗိုက်ထဲသို့ ပြုတ်ကျသည်ကို မိခင်က အိပ်မက်မက်သည်ဟု ဆိုကြသည်။

မင်းသားလေး မွေးပြီး သုံးရက်ကြာတဲ့အထိ အနီရောင်မီးတွေ အုံ့ဆိုင်းသွားတယ်လို့ တချို့ကပြောကြသလို မင်းသားလေး မွေးဖွားလာသောအခါတွင် စစ်မှန်သော နတ်တို့၏ အကာအကွယ်၊ ကောင်းကင်ဘုံမှ နတ်ဘုရားများက ကောင်းချီးပေးခြင်းတို့ဖြင့် စောင့်ရှောက်ခံရကြောင်း ဆိုကြသည်။

ထို့နောက် ချန်းဟုမှ လူတစ်ယောက်သည် မင်းသားကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့သည်။ ချန်းဟုသည် ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒရှိခဲ့ပြီး မင်းသားရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့နောက် အစောင့်တပ်ကွပ်ကဲမှုဌာနချုပ်၊ မြို့တော်ကွပ်ကဲမှုဌာနချုပ်၊ ရှီးကျင်းအစောင့်ကွပ်ကဲမှု ဌာနချုပ်၊ စစ်ကွပ်ကဲမှုငါးခု၊ နတ်ယန္တရားစခန်း၊ နတ်မဏ္ဍိုင်စခန်း တို့ကို မင်းသားက စိန်ခေါ်ခဲ့သည်။ ရှုံးသူများကို မင်းသားက ညွှန်ကြားသည်ဖြစ်စေ၊ မညွှန်ကြားသည်ဖြစ်စေ ကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့ကို မသတ်သည့်အတွက် မင်းသားကို ကျေးဇူးတင်ကြသည်။

မင်းသားသည် စစ်ဝန်ကြီး ရန့်ရှောင်း၏ သားမဟုတ်ဘဲ မွေးစားသားဖြစ်ကြောင်း ကောလဟာလများစွာ ရှိလာသည်။ မင်းသား၏ မျိုးရိုးအမည်မှာ ရန့် မဟုတ်ဘဲ ကျူး ဖြစ်ကာ စစ်မှန်သော ဘုရင်၏ ဆင်းသက်လာသူဖြစ်ပြီး တရားဝင် မင်းသားဖြစ်သည်။

သခင်လေး ရှီးကျင်းမြို့သို့ အလည်အပတ် လာရောက်ခြင်းက ရှင်ကျိုးအတွက် အမှန်တကယ်ပင် ကံကောင်းခြင်း တစ်ခုဖြစ်ပြီး ရှင်ကျိုးပြည်သားများကို ကံဆိုးခြင်းမှ လွတ်မြောက်စေမယ့် စစ်မှန်သော ဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။

အဲဒီအခါ လမ်းမှာ ဗေဒင်ဆရာတွေက ခရမ်းရောင်လေဟာ အရှေ့ဘက်က ထွက်လာပြီး စစ်မှန်တဲ့ ဘုရင်ကြီး အသက်ရှင်နေသေးကြောင်း ပြောကြပြန်သည်။

ညဉ့်သန်းခေါင်ယံမှာ ရှီးကျင်းအပြင်ဘက်မှာ မြေခွေးတစ်ကောင်က အော်ပြောခဲ့သည်။

"ထိပ်တန်း ပညာရှင်ပေါ်လာပြီး မင်မင်းဆက် တက်လာလိမ့်မယ်!"

ဒါကို လူတော်တော်များများ ကြားလိုက်ရသည်။

ရက်အနည်းငယ် ကြာသောအခါတွင် သခင်လေးရဲ့ အမည်ကို ရှီးကျင်းရှိ လူတိုင်း သိသွားကြသည်။ လူတိုင်းက ထိုအကြောင်းကိုသာ ထိုင်ပြောနေကြသည်။

ငါးလပိုင်း ၂၀ ရက်နေ့တွင် နန်းတော် စာမေးပွဲ စတင်ချေပြီ။

ကျုံးကျီနန်းတော် အတွင်းနှင့် အပြင်ဘက်တွင် အစောင့်အကြပ်များ ထူထပ်စွာ ရှိနေသည်။ နတ်ယန္တရားစခန်းက စစ်သည်များသည် ပန်းကန်လုံးနှုတ်ခမ်းဝ သေနတ်များကို ပြင်ဆင်ထားကြကာ နတ်မဏ္ဍိုင်စခန်းကလည်း တိုက်ပွဲဖွဲ့စည်းကာ ဝူကျွင်းစခန်း အပြင်ဘက်တွင် စောင့်ကြပ်ထားသည်။

ဟန့်လင်ကျောင်းတော်၊ ဧကရာဇ်ကျောင်းတော်၊ ဝန်ကြီးဌာနခြောက်ခု၊ အစိုးရအဖွဲ့၊ မြို့စားသုံးဦး၊ အိမ်ရှေ့စံ ဆရာသုံးဦး၊ အိမ်ရှေ့မင်း၏ သခင်ငယ်သုံးပါးနှင့် အခြားအကြီးတန်း အရာရှိကြီးများ စုဝေးရောက်ရှိလာခဲ့ကြသည်။ အစိုးရအဖွဲ့က အရပ်ဘက်စစ်မေးပွဲနှင့် စစ်မှုထမ်း စာမေးပွဲကို သတ်မှတ်ပေးသည်။

စာမေးပွဲက သုံးရက်ကြာမည်။

ယခင်စာမေးပွဲတွင် သခင်လေးရဲ့ စာစီစာကုံးက ကောင်းကင်သည် တောက်ပနေခဲ့သည်။ စကားလုံးများသည် ကောင်းကင်တွင် လွင့်မျောနေသော ပုလဲများကဲ့သို့၊ ကြယ်များကဲ့သို့ တောက်ပနေကာ ရှီးကျင်းမှ လူအများကို မျှော်ကြည့်ဖတ်ရှုရန် ဆွဲဆောင်နေခဲ့သည်။ ထူးဆန်းသော ဖြစ်စဉ်ကို ဖြစ်စေသော သခင်လေးရဲ့ စာစီစာကုံးဖြစ်ကြောင်း ကြားသိရသောအခါတွင် ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

သုံးရက်မြောက်သော နေ့တွင် သိုင်းစာမေးပွဲတွင် ကျင့်ရှစ်အဆင့် စာသင်သား အများအပြား အံ့သြထိတ်လန့်သွားခဲ့သည်။ ဘယ်သူမှ သခင်လေးနဲ့ မယှဉ်နိုင်ပေ။

ဒုတိယနှင့် တတိယဆု ရရှိသူများအတွက် ကိုယ်ခံပညာ စမ်းသပ်မှုတွင် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ၎င်းတို့သည် လုပ်ငန်းစဉ်အတိုင်းသာ လုပ်ဆောင်သွားခဲ့သည်။

အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျန်းဖူကျန့်က အသက်ပြင်းပြင်းရှူရင်း မတ်တပ်ထရပ်လိုက်ပြီး။

"နန်းတော်စာမေးပွဲ ပြီးသွားပြီ... ဒီနေ့ ပထမဆုံး သိုင်းပညာစာမေးပွဲက ..."

"ကိုယ်ခံပညာစာမေးပွဲ ပြီးသွားပြီလို့ ဘယ်သူပြောလဲ"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ရှီးကျင်းရှိ အရာရှိများအားလုံး ထိတ်လန့်သွားကာ သူတို့အားလုံး အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ကျုံးကျီ နန်းတော်သည် မြင့်မားသော အမြင့်တွင် တည်ရှိနေသဖြင့် လူတိုင်းက ခပ်မြင့်မြင့်မှ ငုံ့ကြည့်နေကြသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ ချီစွမ်းအင်ဟာ အဝေးကလာ၍ မိုင်တစ်ရာကျော် ရှည်လျားပြီး ရှီးကျင်းမြို့အထိ သက်တံတစ်စင်းလို ချိတ်ဆက်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်းအဆုံးတွင် လူငယ်တစ်ဦးသည် ကျုံးကျီနန်းတော်ဆီသို့ လမ်းလျှောက်လာနေ၏။

သူ့နောက်တွင် ပညာရှင် ငယ်ရွယ်သူ အမျိုးသားရော အမျိုးသမီးပါ ပါ၀င်ကြပြီး အားလုံးသည် အားမာန်အပြည့်ဖြင့် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်နှင့် မြေကြီး၏ ဖြောင့်မတ်ခြင်းတို့ကို ချိတ်ဆက်ထားကြသည်။

ရာနှင့်ချီသော ပညာရှင်တို့သည် ရှည်လျားသော လမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့ကြသည်။ ထိုအခိုက် လမ်းနှစ်ဘက်ရှိ ရှီးကျင်းမှ လူများသည်လည်း အံ့သြတကြီးနှင့် စူးစူးစိုက်စိုက် ကြည့်နေကြသည်။

လူတွေ အလိုလို တုန်လှုပ်သွားကြသည်။ မရဏကမ္ဘာထဲမှာ တစ်လကြာ ပိတ်မိနေခဲ့တဲ့ ဒီလူတွေဟာ တကယ်ပဲ အသက်ရှင်လျက် ပြန်လာခဲ့ကြပြီ။

တစ်ခါက မရဏကမ္ဘာထဲမှာ ပိတ်မိနေတဲ့ ဒီပညာရှင်တွေက လူတွေရဲ့နှလုံးသားကို လှုံ့ဆော်ပေးခဲ့ပြီး နောက်ပိုင်းမှာ ကြောင်တစ်ကောင်နဲ့ အစားထိုးလိုက်ကြပေမယ့် သေဖို့ ရည်မှန်းထားတဲ့ ဒီလူတွေ ဘယ်လိုလုပ်များ အသက်ရှင်လာနိုင်ကြတာလဲ။

ပညာရှင်တို့သည် ကြီးကျယ်ခမ်းနားပြီး လူအယောက် ၃၀၀ ကျော် လာနေပုံက ထောင်နှင့်ချီသော တပ်များ မြို့တော်သို့ ချဉ်းကပ်လာသကဲ့သို့ လူတို့အား ဖိနှိပ်ချုပ်ချယ်လာသလို ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်။

သူတို့၏ ခြေလှမ်းများသည် ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုနှင့်အညီ လိုက်ဖက်နေကာ ကြောက်မက်ဖွယ်ကောင်းသော လူသတ်တော့မယ့် အသွင်အပြင်တစ်ခု ရှိ​နေသည်။

အတွင်းမြို့ကို စောင့်ကြပ်နေသော တပ်စခန်းငါးခုမှ စစ်သားများသည် ဤပညာတော်သင်များနှင့် ပထမဆုံး ရင်ဆိုင်လာခဲ့ရပြီး လူသတ်နိုင်သော ရောင်ဝါကြောင့် လှုံ့ဆော်ခံခဲ့ရသည်။ သူတို့သည် သူတို့၏ စွမ်းအင်များကို အသင့်ထုတ်လျက် စောင့်မျှော်နေကြသည်။

နတ်ယန္တရားစခန်းက စစ်သားများသည်လည်း ၎င်းတို့၏ ပန်းကန်လုံး သေနတ်များကို ကိုင်မြှောက်ကာ ပညာရှင်များကို ချိန်ထား​လေကြသည်။

ကျင်းဟုန်ရိ ဒေါသတကြီးဖြင့် စစ်သားတစ်ဦးကို ခြေတစ်ချောင်းဖြင့် ရိုက်ချလိုက်ပြီး နောက်တစ်ဦးကို လက်သီးတစ်ချက်ဖြင့် လှဲသိပ်လိုက်သည်။

"သေနတ်ကို ဘာလို့ကိုင်ထားတာလဲ... သေနတ်ကို ကိုင်ထားဖို့ ငါပြောလား... သူတို့က ပညာတော်သင်တွေ! နင်တို့က ပုန်ကန်ချင်တာလား ချလိုက်စမ်း မင်းတို့ အကုန်လုံး ချလိုက်!"

နတ်ယန္တရားစခန်းက စစ်သားများသည် ၎င်းတို့၏ သေနတ်များကို ပစ်ချလိုက်သည်။

ကြည်းတပ်စခန်းငါးခုမှ အရာရှိအများအပြားသည် ခေါင်းကိုလှည့်၍ တပ်ငါးခု၏ အုပ်ချုပ်မှုးများဖြစ်သော ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းကို လှမ်းကြည့်ကြသည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူး နှစ်ဦးသည် ယခုအချိန်တွင် ကျုံးကျီခန်းမထဲ၌ ရှိနေကြပြီး ဘာညွှန်ကြားချက်မှ မပေးလာပေ။

နှစ်ယောက်သားရဲ့ မျက်နှာများမှာလည်း မသေချာ။ ဒီအချိန်မှာ ဒီပညာတော်သင်တွေကို သတ်ဖို့ အမိန့်ပေးခဲ့ရင် သခင်​လေးအတွက် ဒုက္ခတွေ ရှင်းသွားလိမ့်မည်။ သို့သော် ပညာရှင် ၃၀၀ ကျော်ကို သတ်ရန် အမိန့်ပေးမည်ဆိုပါက သူတို့ရဲ့ ဦးခေါင်းပါ ဆုံးရှုံးသွားရလိမ့်မည်။

ညီအကိုနှစ်ယောက် လုံးလုံးမလှုပ်။ ရွှေရွှမ်းကျစ် သူတို့ကို ကြည့်နေပေမယ့် မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

ချန်ရှီသည် ပညာတော်သင်တပ်ကို ဦးဆောင်ပြီး လူထုမြင်ကွင်း အပြည့်ဖြင့် အလယ်ဂိတ်သို့ တည့်တည့် ချီတက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်းတရားသည် ကောင်းကင်တွင် ဆွဲထားသော နေနှင့်လကဲ့သို့ တောက်ပနေပြီး ထာဝရတည်မြဲနေဟန် လူတို့အား ခံစားလာရစေသည်။

မြို့တွင်း၌ ကာလကြာရှည်စွာ တည်ရှိနေသော မြူခိုးများက လွင့်စင်သွားပုံရသည်။ ချန်ရှီနဲ့ စာသင်သား အယောက် ၃၅၀တို့သည် လှေကားထစ်များပေါ်သို့ တက်ပြီး ကျုံးကျီခန်းမဆီသို့ တစ်လှမ်းချင်း တက်လာခဲ့ကြသည်။

"ကျောင်းသား ချန်ရှီ!"

ကျုံးကျီခန်းမရှေ့တွင် ရှီးကျင်း၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ကျောက်လှေကားထစ်များကို ကြည့်နေကြ၏။ အကြောင်းမှာ ကျောက်လှေကားများမှ ကျယ်လောင်သော အသံကို ကြားနေရလို့ပါပဲ။ အသံက အကျယ်ကြီး မဟုတ်ပေမယ့် ရှီးကျင်း မြို့အတွင်းရော အပြင်မှာပါ ပျံ့နှံ့သွားပြီး ရှင်းလင်းပြတ်သားလှသည်။

"လွန်ခဲ့တဲ့တစ်လက ကျွန်တော်ဟာ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ခံစားခဲ့ရပြီး တခြားသူတွေနဲ့ အတူ မရဏကမ္ဘာထဲကို ရောက်သွားခဲ့တယ်... တောင်တွေ အန္တရာယ်တွေကို ဖြတ်ကျော်ပြီး သရဲတွေနဲ့ နတ်တွေကို တိုက်ခိုက်ခဲ့တယ်... တစ္ဆေဘုန်းကြီးတွေကို သတ်ပြီး နတ်ဆိုးတွေကို ချေမှုန်းခဲ့တယ်... မိုင်ပေါင်းထောင်ချီပြီး တိုက်ပွဲတွေ အပြီးမှာ ဒီနေ့ နန်းတော်စာမေးပွဲမှာ ပါဝင်ဖို့ ရှီးကျင်းကို ပြန်လာခဲ့တယ်..."

ချန်ရှီ၏ မျက်နှာသည် အရာရှိများ၏ မျက်လုံးများထဲသို့ ဝင်ရောက်လာသည်။ ၎င်း၏ အပေါ်ပိုင်း၊ တစ်ကိုယ်လုံး၊ ထို့နောက် ကိုယ်စားလှယ်လောင်းများ၏ မျက်နှာများ၏ နုပျိုပြီး သန်စွမ်းနေသော မျက်နှာများလည်း ပေါ်ထွက်လာ၏။

ချန်ရှီ၏ မျက်လုံးများသည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဖြတ်ကျော်သွားကာ ကျုံးကျီခန်းမရှေ့တွင် ဒူးထောက်နေသည့် လူငယ်လေးအပေါ် အဆုံးသတ်သွားသည်။ သူ့အသံသည် သတ္တုသံများကဲ့သို့ တုန်ခါလျက်ရှိကာ သူ၏ လူသတ်ရောင်ဝါကို ဖုံးကွယ်ထားရန် ခက်ခဲပေသည်။

"ငါနဲ့မတိုက်ဘဲ ဘယ်သူက ထိပ်တန်းအဆင့် ဖြစ်ထိုက်လဲ...."

All Chapters