← Chapters

နတ်ဘုရားဆင်းလာလည်း မင်းကို ငါသတ်မယ်

Vol. 21 Ch. 309

နတ်ဘုရားဆင်းလာလည်း မင်းကို ငါသတ်မယ်

Vol. 21 Ch. 309

ချန်ထန်သည် အိမ်ရှေ့လမ်းတွင် ပညာတော်သင် တစ်စုအား ချန်ရှီ နှုတ်ဆက်​​နေသည့် မြင်ကွင်းကို ကြည့်ပြီး သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤမြင်ကွင်းသည် သခင်လေးရဲ့ တမင်သက်သက် လုပ်ဆောင်ချက်နှင့်မတူဘဲ သဘာဝကျသော ရလဒ်တစ်ခု ဖြစ်သည်။

"ဒီလူတွေသာ တစ်ဆယ်လေးကနားမှာ စုရုံးလာရင် ထိန်းချုပ်လို့ မရနိုင်တဲ့ အင်အားစုဖြစ်လာလိမ့်မယ်... အဲဒါကို ကြောက်လို့ ဒီလူတွေကို တရားရုံးက တမင်တကာ လူစုခွဲပစ်ခဲ့ကြတာပဲ"

သို့သော် ထျန်ယွဲ့အာနဲ့ တခြားလူများဟာ လူစုကွဲသွားသော်လည်း တောင်နီခန်းမရဲ့ အဖွဲ့ဝင်များဖြစ်​နေ​သေးကြောင်း တရားရုံးမှ မသိသေးချေ။ သူတို့သည် အနောက်နွားရှင်းကျိုး ပြည်နယ်ငါးဆယ်တွင် အရာရှိများအဖြစ် အမှုထမ်းရန် သွားခဲ့ကြပြီး နေရာအမျိုးမျိုးတွင် တောင်နီခန်းမကို တည်ထောင်ကြမှာပဲ ဖြစ်သည်။

ထိုအချိန်တွင် တောင်နီခန်းမ အဆောင်ဆွဲဆရာအဖွဲ့သည် နေရာတိုင်းတွင် ပွင့်လန်းလာမည်။ ထောင့်တစ်ထောင့်က သေးငယ်သော အင်အားတစ်ခု မဟုတ်တော့ဘဲ ရုတ်တရက် မယုံနိုင်လောက်အောင် ကြီးထွားလာမှာပဲ ဖြစ်သည်။

“အခွန်ဝန်ကြီးဌာနက ငါ့ကို ဖယ်ထားပြီးတော့ အရင်က ထားခဲ့တဲ့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် အစားထိုးသွားမှာပဲ”

ချန်ထန်ဟာ ​​ဒီအရာရှိတွေကို သူ့ရာထူးနေရာမှာ တိုးမြှင့်ပေးထားတယ်လို့ ရုတ်တရက် တွေးမိပါသည်။ သူတို့ဟာ သူနဲ့အတူထ အတူလဲခဲ့သူတွေမို့ သူပြုတ်ကျရင် ဒီအရာရှိတွေက အလုပ်ဆက်လုပ်နိုင်မှာ မဟုတ်တာကြောင့် သူတို့ကို တောင်နီခန်းမမှာ အလုပ်သွားလုပ်ခိုင်းတာကလည်း ကောင်းပါသည်။

တောင်နီခန်းမ တိုးချဲ့လာသည်နှင့်အမျှ ဤလူများကို နေရာထိုင်ခင်းအတွက်သာ သင့်လျော်သည့် လစ်လပ်နေရာများစွာမှာ နေရာတွေ မလွဲမသွေ ရှိနေမှာပဲ ဖြစ်သည်။

"ပြီးတော့ ဘာမှလုပ်စရာမရှိတဲ့ သမားတော်ရုံလု နေရာရယ်...အိမ်မှာ ဘာမှမလုပ်ဘဲနဲ့ ထိုင်နေရင် မြင်ရင် တစ်ဆယ်လေးကတော့ မျက်စိနောက်မှာပဲ... တစ်ခုခုလုပ်ဖို့ တောင်နီခန်းမကို သွားရမယ်..."

ဒါကို သူတွေးပြီး ချန်စံအိမ်ကနေ ချက်ချင်းထွက်လာပြီး တောင်နီခန်းမကို သွားကာ အကြီးအကဲ ယွိထျန်းချန်ကို တွေ့ကာ သူ့အစီအစဉ်ကို ပြောပြလိုက်သည်။

ယွိထျန်းချန်က အံ့သြဝမ်းသာဖြင့် ကြိုဆိုသည်။

"လူကြီးမင်းချန်... ကျွန်တော်တို့ရဲ့ တောင်နီခန်းမမှာ ပါဝင်လိုတဲ့အတွက် တောင်နီခန်းမ တစ်ခုလုံးက ဂုဏ်ယူစွာနဲ့ ကြိုဆိုမှာပါ!"

နှစ်ယောက်သား အသေးစိတ် စကားစမြည်ပြောကြပြီး ချန်ထန်သည် အခွန်ဝန်ကြီးဌာနတွင် အလုပ်လုပ်နေသော စာရေးများအား တောင်နီခန်းမကို မိတ်ဆက်ပေးရန်နှင့် တောင်နီခန်းမဟာ ပြည်နယ်ငါးဆယ်လုံးတွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်နိုင်ကြောင်း ပြောလေသည်။

ယွိထျန်းချန်သည် မျက်လုံးများ တောက်ပလာကာ သူနှင့်စကားပြောရင်း ပို၍ မှန်းဆလာခဲ့သည်။

"လူကြီးမင်း တောင်နီခန်းမက်ု လာနိုင်တာ အရမ်းကောင်းတာပဲ! လူကြီးမင်းရဲ့ အကူအညီနဲ့ဆို တောင်နီခန်းမက တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ...သခင်ကြီးကို မေးလို့ရမလား... ကောင်းကင်ဘုံတရားရုံးမှာ ခင်ဗျားရဲ့ ကုဒ်နာမည်က ဘာလဲ"

"ဘာ?" ချန်ထန် ရှင်းရှင်းလင်းလင်း မကြားရသလိုပင်။

"ကောင်းကင်ဘုံတရားရုံးမှာ သခင်​ကြီးရဲ့ ကုဒ်နာမည်က ဘာလဲ"

ချန်ထန် စိတ်ရှုပ်ထွေးနေခဲ့သည်။

"ကောင်းကင်ဘုံတရားရုံးက ဘာလဲ "

ချန်ထန် ကောင်းကင်တရားရုံးကို မသိကြောင်း ယွိထျန်းချန် သဘောပေါက်သောကြောင့် ကောင်းကင်တရားရုံး၏ မူလအစကို ထပ်မံပြောပြခဲ့သည်။

ချန်ထန်မှာ တုန်လှုပ်သွားသလို ဝမ်းနည်းသွားမိသည်။ အဖေက ကောင်းကင်ဘုံတရားရုံးကို တည်ထောင်ခဲ့တာလို့ ဆိုလိုတာလား။ အဖေဆုံးပါးသွားတော့ သားကို အပ်လိုက်တယ်၊ အဲဒီ့အကြောင်းကို အဖေရော သူ့သားကရော မပြောပြခဲ့ဘူးလေ။

ယွိထျန်းချန်သည် သူစိတ်ဒုက္ခ ပေးမိခဲ့တာကို သိသဖြင့် ထပ်ပြောလိုက်သည်။

"ဒါဆို သခင်ကြီးက အပြင်လူပဲ..."

ချန်ထန် ငြိမ်သက်သွားပြီး: "ကောင်းကင်နန်းတော်မှာ ငါ့အဖေရဲ့ ကုဒ်နာမည်က ဘာလဲ... ငါ့သားရဲ့ ကုဒ်နာမည်ကရော ဘာလဲ?"

"ခင်ဗျားအဖေက နည်းပြ... ခင်ဗျားသားက ဘုရင်အစစ်ပါ"

ချန်ထန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ "မျိုးနွယ်ကိုးခုကို အပြစ်ပေးနေတာပဲ" ဟု ဖြည်းညှင်းစွာ ပြောလိုက်သည်။

ယွိထျန်းချန်လည်း သူ့စိတ်တွေ တည်ငြိမ်နေတာကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားလေသည်။

ချန်ရှီ အိမ်ပြန်ရောက်လာတော့ ချန်ထန်ကို ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တွင် ကော်တောက်ကျစ်နဲ့ ယွိလင်ကျစ်ကလည်း အလည်အပတ် ရောက်လာကြသည်။ ၎င်းတို့နှစ်ဦးသည် ကောင်းကင်ဆရာစံအိမ်နဲ့ ထိုက်ဟွာချင်းနန်းတော်က ဖြစ်သည်။ ဤစာမေးပွဲပြီးသောအခါ ထိပ်တန်းပညာတော်သင် ပြိုင်ပွဲတွင် မပါဝင်ခဲ့ကြပေ။ သူတို့သည် ကျင့်ရှစ်အဆင့် ချီးမြှင့်ခံရပြီး တောက်လု ဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အပန်းဖြေသည့် အလုပ်လည်းဖြစ်သည်။

နှစ်ယောက်သား လေ့ကျင့်ရန် သက်ဆိုင်ရာ ဂိုဏ်းများသို့ ပြန်သွားရန် စီစဉ်ထားကြသောကြောင့် နှုတ်ဆက်ရန် ဤနေရာသို့ ရောက်လာကြသည်။

ချန်ရှီ သူတို့ကို မြင်လိုက်ရတော့ အနည်းငယ် ဝမ်းနည်းကြေကွဲသွားသည်။ ဤလူများ ထွက်ခွာသွားခြင်းကြောင့် စည်ကားနေသော ရှီးကျင်းက ပို၍ တိတ်ဆိတ်လာမှာ သေချာပါသည်။

ထိုအချိန်တွင် ချန်အိမ်ကြီး၏ အရှေ့ဘက်တွင် ဘုန်းကြီးတစ်ပါးသည် ချောမောလှပသော မိန်းကလေးတစ်ဦးနှင့်အတူ ရပ်နေ၏။ မိန်းကလေးက ဘုန်းကြီး၏ဦးခေါင်းကို မှုတ်လျက် ဘုန်းကြီး၏ တောက်ပြောင် ပြောင်လက်နေသော ခေါင်းကို အင်္ကျီလက်ဖြင့် သုတ်ပေးနေတာ မြင်လိုက်ရသည်။

ဘုန်းကြီးက လုံးဝ မလှုပ်မယှက်ပါပဲ။ ကောင်မလေးက ဖုန်မှုန့်တွေ သုတ်တဲ့အထိ စောင့်ပြီးမှ ချန်ရှီကို နှုတ်ဆက်လေသည်။

"ဒကာလေးချန်... ဆရာကြီးရင့်နဲ့ ငါ... ငါတို့ အနားယူဖို့ ပြန်သွားကြတော့မယ်"

ချန်ရှီက ဘုန်း​​​ကြီးဝူချန်အနားက ကောင်မလေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရင့်ရူးမုန့်က သူ့ကိုပြုံးပြလာရာ ချန်ရှီရဲ့နှလုံးသားက နတ်ဆိုးတွေနဲ့ ပြည့်နေပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ဘုန်းကြီး ဝူချန်ကို စာတိုက်ကို လိုက်ပို့ရင်း မေးလိုက်သည်။

"ဘုန်းကြီး... ဒီတစ်ခါ ဘုန်းကြီး မှတ်ပုံတင်ရုံးမှာ တရားဝင်ရာထူးရှိလား"

ဘုန်းကြီး ဝူချန်က :"အဋ္ဌမတန်း အရာရှိ... သုတ္တန်တရားဟောဖို့ ခန့်အပ်ခံထားရတယ်.. အခုကစပြီး ဆွမ်းခံထွက်ပြီး နေရာတိုင်းက ဘုရားကျောင်းတွေမှာ နေရတော့မယ်... နံ့သာပေါင်းကိုတော့ လက်မခံဘူး။ တပေါက်ကော် ဘုရားကျောင်းမှာလည်း ဒီထက်မက တိုးတက်အောင် လုပ်နိုင်တယ်"

သူက ပြုံးပြလာသည်။ သူ့အပြုံးက အရမ်း အပြစ်ကင်းပါ၏။

"ဒီတစ်ခါ တောင်ပေါ်ကဆင်းတာ တစ်ခုခုတော့ ရပါပြီ... တကယ်ကောင်းတဲ့ အရာပါ"

ချန်ရှီရဲ့ မျက်လုံးများက ရင့်ရူးမုန့်ဘက်ကို စိုက်ကြည့်လိုက်သည်။

"နတ်ဆိုးမရော ဘာအမြတ်ရသွားလဲ"

ရင့်ရူးမုန့်က ပြုံးပြသည်။

"ဒီတစ်ခါ နတ်ဆိုးသဘော သဘာဝအရ ရှီးကျင်းကို လာဖို့ ဆွဲ​ဆောင်ခံလိုက်ရတယ်... ထိပ်တန်း​နေရာ တိုက်ပွဲအပြီးမှာ ရှီကျင်းရဲ့ နတ်ဆိုးသဘာဝက အရမ်းလျော့ကျသွားပြီ... ဒီနေရာက ကျွန်မရဲ့ ကျင့်စဉ်အတွက် သန့်ရှင်းတဲ့နေရာ မဟုတ်တော့ဘူး ဒါပေမယ့် အများကြီးရလာပါတယ်... အခု ကျွန်မရဲ့ တာအိုဘာသာက ကြီးကြီးမားမား တိုးတက်လာပြီ မဝေးတော့တဲ့ အနာဂတ်မှာ အရွယ်ရောက်လာဖို့ မျှော်လင့်နိုင်တယ်... ဗုဒ္ဓဖြစ်ဖို့ဆိုတာ မဝေးတော့ပါဘူး"

ချန်ရှီ စိတ်ရှုပ်သွားသည်။

"နတ်ဆိုးက ဗုဒ္ဓဖြစ်လာနိုင်လို့လား.."

"နတ်ဆိုးလည်း ဗုဒ္ဓဖြစ်လာနိုင်တယ်... နတ်ဆိုးကို အပြစ်တင်လို့ရမရ ကမ္ဘာကြီးကို မေးကြည့်ရမယ်... ကမ္ဘာကြီးက ငြိမ်းချမ်းတယ်ဆိုရင် နတ်ဆိုးက နတ်ဆိုးရဲ့ စွမ်းအင်နဲ့ နတ်ဆိုးသဘာဝတွေကို မစုပ်ယူနိုင်ဘူးလား... ဘယ်လိုလုပ် ဗုဒ္ဓမဖြစ်လာနိုင်ရမှာလဲ... လူကြီးမင်းချန်... ကျေးဇူးပြုပြီး နေခဲ့ပါတော့..."

ချန်ရှီလည်း ရပ်လိုက်ပြီး စာတိုက်ထဲသို့ လျှောက်သွားနေတာကို ရပ်ကြည့်လိုက်သည်။

အိမ်အပြန်လမ်းတွင် "လူကြီးမင်းချန် ကျေးဇူးပြုပြီး ခဏ​လောက်ရပ်ပြီး စကားပြောလို့ရမလား" ဟု ရိုသေလေးစားသော အသံတစ်သံကို ကြားလိုက်ရသည်။

ချန်ရှီ သူ့စိတ်ထဲတွင် ကြောက်ရွံ့ ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ချင်စူး၊ တန်းပါ့လင်၊ တောက်ချီ၊ ဖောင်းထန်နဲ့ ဖူကျန့်နန်းဆောင်က သခင်လေးရဲ့နောက်လိုက် တခြား လူများသည် လမ်းပေါ်တွင် မတ်တပ်ရပ်နေကြတာ သူတွေ့လိုက်ရသည်။

လူအုပ်ရှေ့တွင် လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော် အမျိုးသားတစ်ဦးသည် အဖြူရောင် ၀တ်စုံဖြင့် ရပ်နေ၏။ ဒီလူကတော့ ခုနက စကားပြောတဲ့လူပါပဲ။

"ငါက ရွှေရွှမ်းကျစ်... အစကတော့ ဖူကျန့်နန်းဆောင်ရဲ့ အကြီးအကဲပါ"

အဖြူ​ရောင်​အဝတ်အစားနဲ့ လူက ​ရောက်​လာပြီး ဦးညွှတ်​လာသည်။ ချန်ရှီလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောလိုက်ပါ၏။

"ကျနော် ခေါင်းဆောင်ရွှေရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ... ဒီနှစ် ခေါင်းဆောင်ရွှေက အသက် ဘယ်လောက်ရှိပြီလဲ"

"ငါးဆယ့်တစ်..."

"အသက်ငါးဆယ့်တစ်နှစ်မှာ မဟာယာနနယ်ပယ် ရောက်သွားပြီ တောက်ပတဲ့အနာဂတ် ရှိတာပဲ...."

ရွှေရွှမ်းကျစ်က ခေါင်းယမ်းပြသည်။

"မင်းမှားတယ်... ငါ မဟာယာနနယ်ပယ်ကို ရောက်နေပြီ ဒါက ထိပ်တန်းပဲ... ဒီဘဝမှာ တိုးတက်ဖို့ ခက်သွားပြီ"

သူတို့နှစ်ယောက်သည် အတွင်းပိုင်းမြို့ဆီသို့ လျှောက်သွားကြသည်။ ချင်စူး၊ တောက်ချီနဲ့ အခြားသူများကလည်း ၎င်းတို့ကို အနီးကပ်လိုက်နေကြောင်း ချန်ရှီ သတိပြုမိသည်။

"ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး...သခင်လေးက တခြားသူတွေလောက် မကျွမ်းကျင်တဲ့အတွက် နန်းတော်မှာ စာမေးပွဲဖြေပြီး အသတ်ခံလိုက်ရတာ.. အခု သခင်​လေးက သေသွားပြီ ဖူကျန့်နန်းဆောင်ကို ဖျက်သိမ်းပြီး သခင်လေးရဲ့ အရာအားလုံး ပြိုကျသွားတယ်... သတ္တိရှိရင်တောင် တရားရုံးကို မလွန်ဆန်ရဲဘူး။ ကိုယ်ပိုင်စွမ်းအားက တရားရုံးရဲ့ မျက်နှာစာမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာပဲ"

ချန်ရှီရဲ့ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် တောက်ချီနှင့် အခြားသူများကို ပြန်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ဒါဆို ကျ​နော့်ကို ဘာလို့လာတွေ့တာလဲ..."

"အသက်မွေးဝမ်းကြောင်းရှာဖို့!"

ရွှေရွှမ်းကျစ်က ရပ်လိုက်ပြီး သူ့မျက်လုံးတွေက ချန်ရှီကို စိုက်ကြည့်နေလေသည်။

"လူကြီးမင်းချန်ရှီ ငါတို့က အရည်အချင်းရှိပေမယ့် တန်ဖိုးထား မခံရဘူး အဲဒါကြောင့် ငါတို့ မင်းဆီလာပြီး အစွမ်းကုန် ကြိုးစားချင်တယ် ငါတို့ရဲ့ အရည်အချင်းတွေကို အသုံးချပြီး ကမ္ဘာပေါ်က ပညာရှင်တွေ သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချဖို့ နေရာတစ်ခုရအောင် လုပ်ချင်တယ်! ဖူကျန့်နန်းဆောင် မရှိတော့ပေမယ့် လူကြီးမင်ချန်ရဲ့ ရည်မှန်းချက်တွေက ရှိနေတုန်းပဲမလား..."

သူက စိတ်အားထက်သန်ပြီး အရူးအမူးဖြစ်နေပုံရသည်- "လူကြီးမင်းချန်က ထိပ်တန်းပညာရှင်တစ်ဦးယောက် ဖြစ်ရုံတင် မဟုတ်ဘူး... မင်းမှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ရည်မှန်းချက်တွေ ရှိတယ်... မင်းက ငါတို့ရဲ့မင်းသား ဖြစ်နိုင်တယ်... ဖူကျန့်နန်းဆောင်က ဖျက်သိမ်းလိုက်ပေမယ့် ငါတို့ရဲ့ နှလုံးသားတွေကတော့ ရှိနေသေးတယ်.. မင်းခေါင်းညိတ်နေသမျှ ငါတို့က မင်းကို ချောချောချူချူ ရာထူးတက်နိုင်အောင် ကူညီပေးမှာပါ!"

ချန်ရှီ : "ထီးနန်းကို ဘယ်လိုတက်ရမလဲ"

"လူကြီးမင်းချန် ပူးပေါင်းဆောင်ရွက်နေသမျှ မင်းရဲ့မျိုးရိုးနာမည်က ကျူးပဲ၊ မျိုးရိုးချန်က မွေးစားသားပဲလို့ ပြောလိမ့်မယ်.. ငါတို့က အရှိန်အဟုန်နဲ့ တည်ဆောက်ပြီး မိသားစု ဆယ့်သုံးစုရဲ့ အထောက်အပံ့ကို ရယူမယ် နန်းတက်ပြီး တကယ့် ဘုရင်ဖြစ်လာမှာက သဘာဝပဲ မဟုတ်ဘူးလား"

ရွှေရွှမ်းကျစ် အတော်လေး စိတ်လှုပ်ရှားသွားပြီး "ကောင်းကင်မှာ အပြောင်းအလဲတွေ ပိုပြင်းထန်လာနေတယ်... အခုက သူရဲကောင်းတွေ ထွန်းကားလာရမယ့် အချိန်ပဲ အနောက်နွားရှင်းကျိုးမှာ ဘုရင်အစစ်မရှိတာ နှစ်ပေါင်း ၆၀၀၀ ကျော်ပြီ။ စစ်မှန်တဲ့ ဘုရင်ခေတ်ကို ပြန်မြင်ရမယ့်အချိန်ပဲ... စစ်မှန်တဲ့ ဘုရင်ခေတ်မှာ အရာအားလုံးက ပိုကောင်းလာမယ်... လူတွေက စစ်မှန်တဲ့ ဘုရင်ခေတ်မှာ ရှင်သန်နေထိုင်မယ်... မဟာယာန နယ်ပယ် ဆိုတာကလည်း အကန့်အသတ် မဟုတ်တော့ဘူး...."

ချန်ရှီက သူ့ကို တည်ငြိမ်သော မျက်နှာဖြင့် ဝင်နှောင့်ယှက်လိုက်သည်။

"ခေါင်းဆောင်ရွှေ... ကျနော် သခင်​လေးကို ဘာကြောင့်သတ်လိုက်တာလဲ သိလား"

ရွှေရွှမ်းကျစ် အနည်းငယ် ထိတ်လန့်သွားသည်။

"နန်းတက်ဖို့အတွက် သခင်လေးက မင်းရဲ့ပြိုင်ဘက်မို့လို့ မင်းကို ဖြုတ်ပစ်ရမယ်!"

ချန်ရှီ အလွန်စိတ်ပျက်စွာ ခေါင်းယမ်းလိုက်၏။

"သခင်လေးဆီက နှိပ်စက်ညှဉ်းပန်းခံရတဲ့ ကလေးတွေ... သူတို့ကို စာနာလို့ သခင်လေးကို သတ်ပစ်လိုက်တာ... ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ထိုက်ဖျင်ဂိုဏ်းကို မြင်လိုက်ရလို့... ကောင်းကင်အဘွားအဖွဲ့အစည်းမှာ သခင်လေး ပြုခဲ့တဲ့ မကောင်းမှုအားလုံးကို မြင်ခဲ့ရပြီးပြီ.. . ကျနော် ကုံကျိုးနဲ့ ယွိတူးကို ရောက်ဖူးပြီးပြီ သူ ဘာတွေလုပ်ခဲ့လဲ သိတယ်"

ရွှေရွှမ်းကျစ်က မျက်မှောင်ကြုတ်ကာ :"တရားမျှတမှုအတွက်... ကြီးမားတဲ့ အကြောင်းကြောင့်၊ နတ်ဆိုးတွေကြောင့် ကြောက်ရွံ့တာ ညှဉ်းပန်းတာ မရှိဘဲ အနာဂတ်မှာ လူတွေ ပိုကောင်းလာစေဖို့ ငါတို့ ငွေအမြောက်အမြား၊ တန်ခိုးနဲ့ ယဇ်ပူဇော်ရမှာတွေ လိုတယ်"

"ခေါင်းဆောင်ရွှေ... သခင်​လေးကြားက ကွာခြားချက် မရှိပါဘူး... ခင်ဗျားက သခင်လေး ဆိုတော့"

ချန်ရှီ လူတိုင်းကို ပြန်ကြည့်ကာ။

"မင်းတို့အားလုံးက သခင်လေးတွေပဲ ဒါပေမယ့် ငါက​တော့ မဟုတ်ဘူး... မင်းတို့ငါ့ကို ကြောက်နေတယ်ဆိုတာရော မင်းတို့ သိလား?"

“မင်းတို့ ငါ့ရဲ့ နတ်သန္ဓေသားကို ဖြတ်ပြီး ဒါက တရားမျှတစွာ ယဇ်ပူဇော်ရမယ်လို့ ပြောလာမှာကို ငါကြောက်တယ်... မင်းတို့ ငါ့ကို ပြန်ပေးဆွဲမယ်၊ ဒူးဖြတ်မယ်၊ လက်မောင်းကို ဖြတ်မယ်၊ ဒါလိုအပ်တဲ့ ယဇ်ပူဇော် ပစ္စည်းပါလို့ ပြောမယ်..."

"မင်း ငါ့ကို လှောင်အိမ်ထဲမှာ သော့ခတ်ပြီး သရဲတစ္ဆေတွေ အချိန်မရွေး စားသုံးနိုင်တဲ့ အရာလုပ်ပစ်မှာ ကြောက်တယ်... မရဏကမ္ဘာမှာ ကြာဖြူတွေကို ခိုးခိုင်းမှာကိုလည်း ငါကြောက်တယ်။ မင်းကောင်မလေးတွေ ဝယ်ပြီး ပြည့်တန်ဆာအိမ်တွေမှာ လိင်ဆက်ဆံခိုင်းမှာကို ငါကြောက်တယ်... ပြီးရင် ဒါက လိုအပ်တဲ့ စွန့်လွှတ်မှုတစ်ခုလို့ ပြောဦးမယ်....မင်းသိလား... ငါမင်းတို့ကို ကြောက်တယ် အိပ်မက်ထဲမှာတောင် အရမ်းကြောက်တယ်..."

"ဒါဆို ရွှေရွှမ်းကျစ် ငါမင်းတို့ကို သတ်ရမယ်... အခု မင်းတို့ကို မရိုက်နိုင်သေးလို့ အေးအေးဆေးဆေး စကားပြောနေတာ..ာ ဒါပေမယ့် နောင်မှာ မင်းတို့ကို ငါ သေချာပေါက် လာသတ်ပစ်မယ်... မင်းတို့ခြေရာ ဖျောက်ထားသင့်တယ် ငါ အခု မသန်မစွမ်းဖြစ်နေရင် မင်းတို့ ပုန်းနေလေ ပိုကောင်းလေပဲ"

“ဒါပေမယ့် စိတ်မပူပါနဲ့... တောမှာ ပုန်းနေရင် တောထဲမှာ သတ်မယ်... ကျေးလက်မှာဆို ရအောင်ရှာပြီး သတ်ပစ်မယ်”

"စကားလုံးတွေနဲ့ တန်ခိုးကြီးတဲ့ အိမ်တွေမှာ ပုန်းနေရင် ချမ်းသာပြီး တန်ခိုးကြီးတဲ့ အိမ်တွေအထိ လိုက်သတ်မယ်..."

"မင်းတို့ အိမ်သာထဲမှာ ပုန်းနေရင် မင်းတို့ခေါင်းတွေကို အိမ်သာထဲ ဖိချပြီး သတ်ပစ်လိုက်မယ်..."

"ကြွက်တွင်းထဲမှာ ပုန်းနေရင် ကြွက်တွင်းကို ရှာပြီး မင်းတို့ကိုသတ်မယ်... ကြွက်တွေကိုတော့ မင်းတို့ရဲ့အသွေးအသားကို စားခွင့်ပေးရမှာပေါ့"

ရွှေရွှမ်းကျစ်သည် သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး မှိန်ဖျော့တဲ့ လူသတ်တဲ့ အရိပ်အယောင် ထွက်လာလေ၏။

ချန်ရှီက ဂရုမစိုက်ဘဲ။

"ခေါင်းဆောင်ရွှေ... တရားမျှတမှုဆိုတဲ့ နာမည်နဲ့ ဒုစရိုက်တွေ အများကြီး လုပ်ခဲ့ပြီးပြီ မင်းက တခြားသူတွေကို စတေးဖို့ သတ္တိရှိပေမယ့် မင်းကိုယ်မင်းတော့ မစတေးရဲဘူးပဲ"

"ငါ မဟာယာန နယ်ပယ်မှာ ရှိနေတယ်ဆိုတာ မင်းသိလား? မင်းကို သတ်ဖို့ အတွေးတစ်ခုပဲ လိုတယ်!"

"ထိပ်တန်း ပညာရှင်ကို သတ်ပြီး တရားရုံးကို သွားလိုက်ပါ... ခင်ဗျားမှာ သတ္တိရှိရင် အခုလုပ်နိုင်တယ်... ခင်ဗျားကရော သခင်လေးလို ယုတ်ညံ့တဲ့ လူနဲ့ မတူဘူးလား... မင်းကို ရှာတွေ့ပြီး မသတ်မချင်း ကြွက်တစ်ကောင်လို ပုန်းနေလိုက်စမ်းပါ...."

ရွှေရွှမ်းကျစ်၏ လက်များ တုန်ခါသွားပြီး သူ့မျက်နှာမှာ မသေချာသလို ဖြစ်လာသည်။

ထိုအချိန်တွင် အမှုထမ်း​ရေးရာ ဝန်ကြီးဌာနမှ သမားတော် ရှန့်ယွင်ဖေးက ဤနေရာမှ ဖြတ်သွားခဲ့သည်။ သူတို့ကိုမြင်တော့ သူက မျက်မှောင်ကြုတ်ပြီး ဆူပူကြိမ်းမောင်းလေသည်။

"ဖူကျန့်နန်းဆောင်က လူစုကွဲသွားတာ ကြာပါပြီ.... သခင်လေးလည်း သေသွားပြီ မင်းတို့က ဘာအတွက် လာစုသေးတာလဲ?"

ရွှေရွှမ်းကျစ်လည်း သူ၏တရားဝင် အမှုထမ်းဝတ်စုံကိုမြင်ပြီး အနည်းငယ် ဦးညွှတ်ကာ နောက်ပြန် ဆုတ်သွားခဲ့သည်။

ရှန့်ယွင်ဖေးက ချန်ရှီရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး အတွင်းမြို့ဆီသို့ လှမ်းသွားလေသည်။

"ဒီစိတ်ပျက်စရာ လူတွေကို မင်းဘာပြောလိုက်တာလဲ... မင်းသေချင်နေတာလား!"

ချန်ရှီသည် ရွှေရွှမ်းကျစ်နဲ့ ဖူကျန့်နန်းဆောင်က အခြားလူများကို ပြန်ကြည့်ကာ ပြုံးလိုက်သည်။

"သူတို့က ကြီးကျယ်တဲ့ အရာတွေအတွက် သူတို့ရဲ့ဘဝကို မြတ်နိုးတယ်... သေးငယ်တဲ့ အမြတ်အစွန်းတွေကို ရှာပြီး ကြီးမြတ်တဲ့မူတွေကို မေ့ပစ်လိုက်တယ်... သူတို့ကိုယ်သူတို့ သူရဲကောင်းတွေလို့ ထင်ကြပေမယ့် တကယ်တော့ သူတို့က ရည်မှန်းချက်ကြီးပေမယ့် အရည်အချင်း မပြည့်မီတဲ့ ငတုံးတွေ ဖြစ်နေတယ်... ဒီလူတွေက ကျွန်​တော့်လိုသခင်အတွက် ဘာမှ မစွမ်းဆောင်နိုင်ကြဘူး"

ရှန့်ယွင်ဖေး ဒေါသတကြီးဖြင့်: "သေချာဖို့ ခက်တယ် လူမိုက်တွေက တကယ် ရှိကောင်းရှိနိုင်တယ် မင်း ကိုယ့်အသက်ကို ဟာသလုပ်နေတာလား... နောက်ဆို မင်းတတ်နိုင်ရင် ဒါမျိုးတွေကို ရှောင်ပါ..."

ချန်ရှီကို မြို့တွင်းသို့ ဆွဲထုတ်ပြီးနောက် ချန်ရှီ၏လက်ကို လွှတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"သခင်​လေးကို သတ်လိုက်တာက မရေမတွက်နိုင်တဲ့ လူတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖျက်ဆီးပစ်လိုက်တာပဲ... လူတော်တော်များများက မင်းအသက်ကို လိုချင်နေကြပြီ မင်းဒီလိုပေါ်လာတာ အဆင်မပြေဘူး... မင်းကို ချန်စံအိမ်ဆီ ပြန်ခေါ်သွား​ပေးမယ်"

သူသည် ချန်ရှီနှင့် ဘေးချင်းကပ်လျက် လျှောက်သွားနေခဲ့သည်။ ထိုအချိန်တွင် အနောက်မှ နူးညံ့ပြီး ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"လောင်ရှန့်... ငါ့သားကို ရှာတွေ့ခဲ့ပြီ..."

ရှန့်ယွင်ဖေး ခန္ဓာကိုယ်သည် ထိတ်လန့်သွားတာကြောင့် ရုတ်တရက် ရပ်တန့်ကာ အေးခဲသွားသည်။ ထိုစဥ် သူ့နောက်က အသံက ဆက်ပြောလာသည်။

"ရှန့်... ကျွန်မ ထျန်းယွီကိုတွေ့ပြီ ပြန်လှည့်ကြည့်စမ်းပါဦး... "

ရှန့်ယွင်ဖေး လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက မျက်ရည်တွေ ချက်ချင်း ပြည့်လာသည်။ သူ့ချစ်လှစွာသော ရှားချိုးထုန်သည် သားဖြစ်သူ ရှန့်ထျန်းယွီလက်ကို ကိုင်ထားပြီး ကန်းယန်လမ်းတွင် ရပ်နေလေသည်။ ရှားချိုးထုန်ဟာ လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်ကကဲ့သို့ လှပနေခဲ့၏။

ရှန့်ထျန်းယွီကလည်း အရွယ်မရောက်သေးပုံရပြီး ကလေးတစ်ယောက်လိုပင်။

"ဖေဖေ.... သား အိမ်ပြန်ရောက်လာပြီ"

ကလေးက မဝံ့မရဲနဲ့ပြော၏။

"ကျွန်တော် မရဏကမ္ဘာမှာ လမ်းပျောက်သွားတာ...အဖေနဲ့အမေအကြောင်း တွေးနေတာ နှစ်တွေကြာနေပြီ..."

ရှန့်ယွင်ဖေး၏ မျက်ရည်များသည် ပြတ်ကျလာသော ပုတီးစေ့များကဲ့သို့ လိမ့်ကျဆင်းသက်လာလေသည်။ သူသည် ၎င်းတို့ဆီသို့ တရွေ့ရွေ့ရွေ့လျားသွားကာ လက်တစ်ဖက်က အဖွားရှားနှင့် ကျန်တစ်ဖက်တွင်တော့ ရှန့်ထျန်းယွီကို ပွေ့ဖက်ရင်း ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးနေလေသည်။

ချန်ရှီ ဤမြင်ကွင်းကို ရပ်ကြည့်​နေခဲ့သည်။ ဒီမိသားစုဟာ သေခြင်းတရားနဲ့ တွေ့ကြုံခဲ့ရပြီးနော် တစ်ဖန် ပြန်လည်ဆုံစည်းခဲ့ပါ​ပြီ။ ဤပြန်လည် ဆုံဆည်းမှုက ယာယီမျှသာဖြစ်ကြောင်း သူသိသည်။

အဖွားရှားနဲ့ အဘိုးကြီးရှန့်တို့ဟည လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကို ဘယ်တော့မှ ပြန်မသွားနိုင်​တော့ပါဘူး။

ဟန့်လင်ကျောင်းတော်တွင် ကျန်းယိုးသည် တည်းဖြတ်သူတစ်ယောက် အဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ချန်ရှီထက် အနည်းငယ်နိမ့်ကျသော သတ္တမအဆင့် အရာရှိဖြစ်သည်။

အဲဒီနေ့က ဧည့်သည်ကို ကြိုဆိုရသည်။ ကျန်းယိုးလည်း အဲဒီလူ အလည်လာနေတာကို ကြားလိုက်ရပြီးတောက် သူ့ကို လှမ်းနှုတ်ဆက်လိုက်သည်။

ဧည့်သည်သည် အသက်နှစ်ဆယ်ခန့်ရှိ ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး ရိုးရိုးရှင်းရှင်း အဝါရောင် ၀တ်စုံကို ဝတ်ဆင်ထားခြင်းပင်။ အလှဆင်ခြင်းမရှိသဖြင့် ကော်လာမှာလည်း အရောင်တူပါသည်။ ခေါင်းပေါ်တွင် ရွှေသရဖူ မဆောင်းထားဘဲ ဆံပင်ကို ပိုးဖဲကြိုးဖြင့်သာ ချည်ထားသည်။

"ကျန်းယိုး... မင်းက ယဉ်ကျေးနေစရာ မလိုပါဘူး မင်းဒီမှာ အရာရှိတစ်ယောက်လို့ ငါကြားတယ် အဲဒါကြောင့် မင်းနဲ့ သခင်လေးနဲ့ တွေ့ဖို့ လာခဲ့တာ..."

အဝါရောင်ဝတ် လူငယ်က ဆိုသည်။

"ရှီးကျင်းကို ငါ အခုမှ ရောက်တာ သခင်လေး ဆုံးသွားပြီလို့ ကြားတယ်... စိတ်မကောင်းလိုက်တာ"

ကျန်းယိုးက ဦးညွှတ်ပြီး :"သခင်လေး သေသွားပါပြီ... အစ်ကိုဝူကျို့ကို သူ့သင်္ချိုင်းဆီ ခေါ်သွားပေးပါ့မယ်"

အဝါရောင် ဝတ်ဆင်ထားသော လူငယ်က ညင်သာစွာ ခေါင်းညိတ်ပြသည်။

“ကျေးဇူးတင်ပါတယ်”

ကျန်းယိုးက ရှေ့ကလမ်းကို ဦးဆောင်လေသည်။

"အစ်ကိုဝူကျို့ မင်းတောင်ပေါ်က ထွက်လာတာ ရှားပါတယ်... မင်း စိတ်ပျက်ဖွယ်ကုန်းစောင်းကနေ ဘာကများ ထွက်လာစေတာလဲ... ငါနဲ့ သခင်လေးဆီ အလည်လာဖို့လောက်နဲ့ မင်း ဒီကို မလာလောက်ဘူး"

"ရှီးကျင်းရဲ့ မရဏကမ္ဘာထဲက ရတနာတွေက ရင့်ကျက်ပြီး မွေးဖွားတော့မှာမို့လို့ စုဆောင်းဖို့ လာခဲ့တာလေ..."

သခင်လေး၏ သင်္ချိုင်းသို့ ရောက်သောအခါ အဝါရောင် ၀တ်ထားသော လူငယ်က နံ့သာပေါင်းကို မီးရှို့ပြီး စပျစ်ရည်သွန်းလောင်းကာ တိုးတိုးလေး မေးလိုက်သည်။

“သခင်လေးကို ဘယ်သူသတ်လိုက်တာလဲ”

"ထိပ်တန်းအသစ် ချန်ရှီ...."

အဝါရောင်ဝတ် လူငယ်လေးက ဤစကားကိုကြားတော့ အံ့အားသင့်သွားခဲ့သည်-

"လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်လောက်က ကလေးပညာရှင် ချန်ရှီလား... သူ့မှာ မွေးရာပါ တာအို သန္ဓေသား မရှိဘူးမလား... သူ ဘယ်လို ရှင်ပြန်ထမြောက်ပြီး သခင်လေးကို သတ်ပစ်နိုင်တာလဲ သူ့ရဲ့ ခွန်အားက မင်းနဲ့ ယှဉ်ရင် ဘယ်လိုလဲ"

"သူက ပိုသန်မာတယ်..."

အဝါရောင်ဝတ်လူငယ်က ခဏလောက်စဉ်းစားပြီးတော့ ဆို၏။

"တွေ့သင့်ပြီ"

All Chapters