← Chapters

ဦးနှောက် ပျက်သွားပြီ

Vol. 21 Ch. 313

ဦးနှောက် ပျက်သွားပြီ

Vol. 21 Ch. 313

ချန်ရှီ အိမ်ပြန်ရောက်တာနဲ့ မိန်းမစိုးလျိုရဲ့ မှတ်စုတွေကို ချက်ချင်းဖွင့်ပြီး သေချာဖတ်ကြည့်သည်။ သူသည် သူ့အဖိုး ထားခဲ့သော စကားစုများကို အဓိကထားပြီး ဖတ်သည်။ သူ့အမြင်အရ ဤမိန်းမစိုးလျိုသည် အမှန်တကယ်ပင် ထိုခေတ်က ပြောင်မြောက်သော အရည်အချင်း ရှိခဲ့သော်လည်း သူ့အဖိုးလောက် မတော်သေးတာတော့ သေချာပါသည်။

သို့သော်လည်း ချန်ယင်တူး ထားခဲ့သော စာလုံးများသည်လည်း သရဲ ပန်းချီကားများနှင့် တူ​ပေသည်။ ချန်ရှီသည် သူအရင်က သင်ယူခဲ့သော အ​ဆောင်စာလုံး အသိပညာကို ပေါင်းစပ်ပြီး သူ့အဖိုးထားခဲ့သော လိုင်းများကို ဖြည်းဖြည်းချင်း ခွဲထုတ်​ကြည့်ခဲ့သည်။

ဆွဲသားထားသော ဆွဲချက်အပေါ် နားလည်မှုအရဆို ဤအရာသည် သူ လေ့ကျင့်ခဲ့သော မိုးကြိုးကျောက်စိမ်း နည်းလမ်းကြီးလို တူညီသော မိုးကြိုးနည်းလမ်း တစ်ခုဖြစ်ပေမည်။ သို့သော် စစ်မှန်သောဘုရင်၏ သင်္ချိုင်းရှိ ရွှေစာကြည့်တိုက်ထဲ၌ အမတကျင့်စဥ်များ ဖတ်ခဲ့ရသကဲ့သို့ ဤစာလုံးများကို ဖတ်ရန် အလွန်ခက်ခဲနေတာ သူတွေ့ခဲ့ရသည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် ခေါင်းတောင် မူးလာသည်။

သူ မေ့လဲလို့ မရသေးပေ။ သူအခု တွေ့လိုက်ရတာက မိုးကြိုးကျောက်စိမ်းကို လေ့ကျင့်ပြီး မိုးကြိုးပစ်နည်းတွေကို နက်နက်နဲနဲ နားလည်ထားနိုင်တာကြောင့် ဖြစ်နိုင်သည်။ သို့သော် ဤအရာသည် သူ့ရဲ့ ဝိညာဥ်စွမ်းအင်ကို လွန်စွာ စုပ်ယူနေသဖြင့် ခဏကြာတော့ ငိုက်မျဉ်းပြီး စားပွဲပေါ်မှာ အိပ်ပျော်သွားပါတော့သည်။

သူ အိပ်ပျော်ပြီး သိပ်မကြာခင်မှာပဲ ဖြူဖွေး လှပတဲ့ ဝတ်စားဆင်ယင်မှု အသွင်ဆောင်တဲ့ မိန်းကလေးတစ်ဦး သူ့ခေါင်းနောက်ဘက် ဘုံကျောင်းငယ်လေးကနေ ထွက်လာသည်။ အစပိုင်းမှာတော့ တစ်လက်မလောက်ပဲ ကြီးပေမယ့် ဆင်းသက်တဲ့အခါမှာတော့ ချစ်စရာကောင်းတဲ့ နတ်သမီးလေး ဖြစ်သွားသည်။

စာဖတ်ခန်းထဲ၌ ဟေးကော်က ထိုအမျိုးသမီးကို ချက်ချင်း ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် ချီးရှာဘုံကျောင်း ကျောက်စိမ်းဖြူလမ်း၏ အဆုံးတွင် ၀တ်စုံဖြူဝတ် နတ်သမီးပဲ ဖြစ်သည်။ သူမက ခေါင်းကိုက်နေသကဲ့သို့ နဖူးကိုထောက်ဖို့ လက်ကို မြှောက်လိုက်သည်။ ထို့နောက် ခေါင်းကို ထပ်ခါထပ်ခါ ယမ်းလိုက်သည်။

ဟေးကော်ရဲ့ အကြည့်ကို သူမ သတိပြုမိသည်။ လက်ရှိမှာတော့ ဟေးကော်သည် ရေကူးနေတဲ့ အိပ်မက်ကို မက်နေသကဲ့သို့ သူ့ရှေ့ခြေထောက်နှစ်ချောင်းကို လေထဲတွင် လှော်နေတာ တွေ့လိုက်ရသည်။

အဖြူဝတ်နတ်သမီးက ခေါင်းကိုက်နေဆဲပင်။ သူမရဲ့ အတွေ့အကြုံကို ပြန်သတိရဖို့ ကြိုးစားခဲ့ပေမယ့် အချိန်အတော်ကြာပြီးနောက် သူမ ဘာမှ မမှတ်မိတော့ပါ။

သူမသည် စာကြည့်ခန်းကို ခဏလှည့်ကြည့်ကာ စာသင်ခန်းရှိ စာအုပ်များကို စစ်ဆေးကာ အမြန်လှန်လိုက်သည်။ သူမသည် စာအုပ်များရှိ စကားလုံးများကို တစ်ချက်ကြည့်လိုက်ပြီး မကြာမီ စာအုပ်တစ်ဒါဇင်ကျော်ကို လှန်ကြည့်ပြီးသွားပြီ။

သူမသည် စားပွဲဆီသို့ တစ်ဖန်ရောက်လာပြီး ချန်ရှီရှေ့မှောက်က မိန်းမစိုးလျိုရဲ့ မှတ်စုများကို ကြည့်သည်။ ချန်ရှီ ကူးယူထားသော စာလုံးပေါင်းများကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ခဏအကြာတွင် သူမသည် စုတ်တံကို ကောက်ယူကာ မိန်းမစိုးလျိုရဲ့ မှတ်စုများကို နှိုင်းယှဉ်ကာ ချန်ရှီ ကူးယူထားသော စာလုံးပေါင်းများကို လေးနက်သော အကြည့်ဖြင့် ကူးယူဖော်ပြပြီးနောက် စာလုံး အနည်းငယ်ကို ဆွဲထုတ်လိုက်သည်။

ချန်ရှီ နိုးလာတော့မှာကို ရုတ်တရက် သတိပြုမိလိုက်ရင်ပဲ စာရွက်နှင့် စုတ်တံကို မူလနေရာသို့ ပြန်ထားလိုက်သည်။ မွှေးပျံ့သော လေညင်းများ မှုတ်ထုတ်ပြီး အဖြူရောင်ဝတ် နတ်သမီးသည် ဘုံကျောင်းငယ်လေးတွင် ပျောက်ကွယ်သွားပြီး အိပ်ချင်ယောင်ဆောင်ကာ နတ်ကွန်းပေါ်တွင် လဲလျောင်းနေလေ၏။

ဟေးကော်လည်း သက်ပြင်းတစ်ချက်ချပြီး ရေကူး​နေတာကို ရပ်လိုက်သည်။ ခဏသာ ကူးခတ်ခဲ့ရသော်လည်း ပင်ပန်းလွန်းသဖြင့် ဆယ်မိုင်ကျော်လောက် ကူးခတ်လိုက်ရသလိုပါပဲ။

ချန်ရှီ လန့်နိုးလာပြီး တစ်ရေးတစ်မော အိပ်လိုက်ရသလို လန်းဆန်းသွားသည်။

"ဒီစာလုံးတွေက အမတ မှော်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ခဏလောက်ပဲ ​ကြည့်ရသေးတယ် အိပ်ပျော်သွားတာ အံ့သြစရာတော့ မရှိပါဘူး... ဟမ်?"

ထို့နောက် သူသည် စာရွက်ပေါ်တွင် ကူးယူထားသော စာစယသားများ နောက်ကွယ်တွင် စာလုံး အသစ်များစွာရှိနေတာ သတိထားမိလိုက်သည်။

ဤစာလုံးအသစ်များသည် သူ့အဖိုး ရေးဆွဲထားသော စာလုံးများထက် ပိုမိုရိုးရှင်းပါသည်။ ချန်ရှီ ၎င်းတို့ထဲမှ တစ်ခုကို ကြည့်လိုက်သောအခါ ရုတ်တရက် သူ့စိတ်ထဲတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားများ၏ တီးတိုးသံကို ကြားလိုက်ရသလို ခံစားလိုက်ရ၏။

ဘာသာစကားက မထင်မရှားဖြစ်ပြီး အသံထွက်ရ ခက်သည်။ လူ့လျှာကို လိပ်ရင်တောင် ထိုအသံထွက်ဖို့က ခက်ခဲ​နေသည်။

သို့သော် ချန်ရှီသည် ထိုဘာသာစကားကို နားလည်နေမိသလိုပင်။ ဘာသာပြန်ဆိုပါက "ယန် ထွန်းလင်းနေပြီး ယင်တစ္ဆေများ လျော့နည်းလာပြီ.. နတ်ဘုရားများ တောက်ပပြီး အလင်းရောင်လည်း အားနည်းသွားပါ​ပြီ... မကောင်းမှုမှန်သမျှ ဖျက်ဆီးပြီး သရဲတစ္ဆေအားလုံး ပျက်စီးသွားသည်"

သူ့ခန္ဓာကိုယ်ထဲမှာ လျှပ်စီးလက်နေတဲ့ ဘောလုံးတွေ ပေါက်ကွဲနေပြီး ခြေတွေလက်တွေက လှိမ့်နေသလိုမျိုး သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က တပြိုင်နက် တုန်ခါနေသည်။ ချန်ရှီ အံ့အားသင့်သွားပြီး ဒုတိယမြောက် စာတမ်းဘက်ကို ချက်ချင် းကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ နတ်ဘုရားတွေရဲ့ တိုးတိုးတိတ်တိတ် အသံက ပြောင်းလဲသွားပြန်၏။

"အလင်းဝိုင်း ထိုက်ချီ...အုပ်စိုးရှင် လှုပ်ရှားမှုမှော်... ဖြောင့်မတ်ခြင်း၏ ဒြပ်စင် ငါးပါး၊ အဆုံးမရှိ လှုပ်ရှားမှု... ယွင်ယွမ်ဘိုးဘေး၊ မိုးခြိမ်းသံနဲ့ လေတိုက်သံ၊ ချီအားလုံးက အတူတူပါပဲ"

သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးသည် ထိုက်ချီ ပုံစံတစ်ခုဖြစ်လာပြီး ချီ နှင့် အသွေးကို သန့်စင်စေသည်။ ထို့နောက် ကုသိုလ်တရားငါးပါးသည် သူ့ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာပြီး နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို အားကောင်းလာစေသည်။

သူ အသက်ရှူထုတ်ပြီး စကားပြောလိုက်သည်နှင့် သူ့ပါးစပ်မှ မိုးကြိုးများ ထွက်ပေါ်လာကာ စာဖတ်ခန်းကို ပေါက်ကွဲပစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ချန်ရှီသည် စာဖတ်ခန်းထဲက စာအုပ်တွေကို ကာကွယ်ဖို့ ချီ နဲ့ သွေးတွေကို အလျင်စလို အသက်သွင်းလိုက်ပေမယ့် သူ့ပါးစပ်ထဲက မိုးကြိုးကြောင့် အမှုန့်ဖြစ်သွားလေသည်။

သူ့နှလုံးသားက တဒိန်းဒိန်း ခုန်လာသည်။ ယခုလေးတင်ကမှ သူသည် နတ်ဘာသာစကားကို လေ့ကျင့်ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်ကို မိုးခြိမ်းသံအဖြစ် သန့်စင်သွားသည်ဟု ခံစားလိုက်ရသည်။

ဤခန္ဓာကိုယ်၏ နတ်ဝိညာဥ်သည် အမှန်တကယ်ပင် သန့်စင်သော ယန်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။ သန့်စင်သော ယန်ခန္ဓာကိုယ်နှင့် သန့်စင်သောယန်ဝိညာဉ်တို့သည် အလောင်းသုံးကောင်ဘုံကို ဖြတ်ကျော်ပြီးမှသာ အောင်မြင်မှုရနိုင်သည်မှာပင်။

ချန်ရှီ တတိယမြောက် စာကြောင်း တစ်ချက်ကြည့်လိုက်ရင်ပဲ သူ့စိတ်ထဲတွင် နတ်ဘုရားများ၏ တီးတိုးသံများသည် မိုးခြိမ်းသံကဲ့သို့ လှိမ့်သွားသည်။

"အစွန်းဆယ်ပါးက ဆက်စပ်နေတယ်၊ ​​ဒြပ်စင်သုံးပါးကို ထိန်းသိမ်းထားတယ်၊ အာကာသကို ပျံသန်းတယ်... နတ်ဆိုးတွေကို သတ်ပြီး ကျားနဲ့ နဂါးကို မောင်းထုတ်တယ်... မကောင်းသော အကြံအစည်တွေကို ထာဝစဉ် ဖယ်ထုတ်ပြီး တာအိုကို မြန်မြန်ဆန်ဆန် အောင်မြင်စေတယ်..."

ချန်ရှီသည် မိုးခြိမ်းသံကို လေ့ကျင့်ရန် အသုံးပြုခဲ့ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က အလွန်ပေါ့ပါးသွားတာ ခံစားလိုက်ရသည်။ အတွေးတစ်ခုဖြင့်ပင် စာဖတ်ခန်းမှာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်သွားသည်။ အခန်းအတွင်းရှိ စာအုပ်များနှင့် စာရွက်များ အားလုံးကို မှုတ်ထုတ်ခံလိုက်ရသည်။

ဟေးကော် ကမန်းကတန်း မော့ကြည့်လိုက်တော့ ချန်ရှီ ပျောက်သွားပြီ။ စာသင်ခန်း၏ တံခါးနှင့် ပြတင်းပေါက်များသည် အပေါက်ကြီးတစ်ခုဖြင့် ပွင့်သွားကာ တခြားမိသားစုများ၏ ဆယ်ပေအကွာ ခေါင်မိုးဆီအထိ လွင့်သွားလေသည်။

အခြားတံခါးတစ်ချပ်ကတော့ ဆန့်ကျင်ဘက် နံရံထဲတွင် ရိုက်သွင်းခံထားရသည်။

ဝုန်း!

ချန်အိမ်ဝင်းထဲက ကျောက်တုံးကြီးဟာ ရုတ်တရက် စောင်းပြီး ပြုတ်ကျသွားသည်။ ခြံထဲမှ သဖန်းပင်တစ်ပင်က မိုးကြိုးထိမှန်ပြီး အလယ်မှာ ကွဲသွားသလို သစ်ပင်နှလုံးကလည်း လျှပ်စီးလက်နဲ့အတူ တောက်လောင်နေ၏။

ခြံဝင်းအတွင်းရှိ ငါးကန်ငယ်လေးတွင် ချန်ထန် ခက်ခက်ခဲခဲ မွေးမြူထားရသည့် ငါး ကိုးကောင်လုံးမှာ အဖြူရောင်ဝမ်းဗိုက်များ ဖော်ထုတ်ပြသထားကာ မိုးကြိုးထိမှန်သွားပုံရသည်။ အိမ်အကူ တော်တော်များများမှာ ဖြူကောင်လို ဦးခေါင်းတွေ၊ ချည်ထားတဲ့ ဆံပင်တွေက နေရာအနှံ့မှာ ပြူထွက်နေပြီး ပါးစပ်ထဲက အနက်ရောင်မီးခိုးတွေ ထွက်လာသည်။

ဟေးကော် စာဖတ်ခန်းထဲမှ ပြေးထွက်လာပြီး မျှော်ကြည့်လိုက်ရာ ပေတစ်ရာအကွာ ကောင်းကင်ယံ၌ ရပ်နေသော ချန်ရှီ၏ ခြေဖဝါးအောက်တွင် လျှပ်စီးတွေ မှိတ်တုတ်မှိတ်တုတ် လတ်နေတာ တွေ့လိုက်ရသည်။

သူသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လေထဲတွင် ရပ်နေ၏။ ရုတ်တရက် အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ချန်ရှီ၏ ခြေဖဝါးအောက်က နေရာတိုင်းတွင် လျှပ်စီးကြောင်းများ ဖြာထွက်၍ လင်းလက်နေသော အိမ်ဝင်းထဲတွင် ပေါ်လာ​လေသည်။

အိမ်အကူများက ကမန်းကတန်း ရှောင်တိမ်းကုန်ကြပြီး ရေကန်ဟာ အကြိမ်ပေါင်းများစွာ မိုးကြိုးပစ်ခံနေရတာကြောင့် ငါးစွပ်ပြုတ်နံ့ကတောင် ရေကန်ထဲက ထွက်လာနေပါပြီ။

ချန်ရှီသည် ထိုနေရာတွင် လွတ်လွတ်လပ်လပ် ရပ်နေပြီးမှ ရုတ်တရက် အော်ဟစ်ကာ စာသင်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။

နေရာတိုင်းတွင် စာရွက်များက ရှုပ်ပွနေပါသည်။ ပျာပျာသလဲ လှန်လှော ရှာဖွေလိုက်တော့ နောက်ဆုံးတွင် စာလုံးများကို ပုံဖော်ထားသော စာရွက်ကို တွေ့သွားသည်။ သူ့မျက်လုံးများ ပိုတောက်ပလာကာ သေသေချာချာ ထတ်ကြည့်လိုက်သည်။

ဒီစာလုံးတွေက ပိုရှုပ်ထွေး၏။ ချန်ရှီ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံ သူ့စိတ်ထဲတွင် ပေါက်ကွဲသွားသည်။

"မိုးကြိုးပြာနဲ့ အနီရောင်လေ.. တံခါးပေါက်က နန်းတော်ကိုးခုကို ဖိနှိပ်ထားတယ်... အနီရောင်မိုးခြိမ်းသံနဲ့ အဝါရောင်လေ၊ မိုးခြိမ်းသံက အလယ်တွင်ရှိ၏... အဝါရောင်မိုးကြိုးနဲ့ အဖြူရောင်လေ ကောင်းကင်အထက်ပိုင်းသို့ ပျံတက်၏... မိုးကြိုးဖြူနဲ့ အနက်ရောင်လေ မြောက်ဘက် အောက်ပိုင်း... အနက်ရောင်မိုးခြိမ်းသံနဲ့ အပြာရောင်လေ... လေထဲမှာ ပြည့်နှက်နေသည်... ကျိုးထျန်းမီးလောက.. လောင်မြိုက်နေသောလေ"

ကျိုးထျန်းမီးလောကတွင် အပြာ၊ အနီ၊ အဝါ၊ အဖြူ နှင့် အနက်ဟူသော မွေးရာပါ ချီအမျိုးအစားငါးမျိုးသည် သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာပြီး အဆက်မပြတ် သန့်စင်လာသော်လည်း ယင်းမှလွဲ၍ အခြား အစွမ်းသတ္တိတွေ မရှိလာပေ။

ချန်ရှီ အံ့သြသွားသည်။ စွမ်းအင် သုံးခုလုံးမှာ မတူညီတဲ့ မှော်ဆန်တဲ့ သက်ရောက်မှုတွေ ရှိကြသည်။ ပထမတစ်မျိုးမှာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို မိုးကြိုးပစ်နိုင်ကာ၊ ဒုတိယတစ်မျိုးမှာ သန့်စင်သောယန် ဖြစ်ပြီး တတိယတစ်မျိုးမှာ မိုးခြိမ်းသံဖြင့် ပျံသန်းခြင်းအတွက် ဖြစ်သည်။ သို့သော် စတုတ္ထတစ်ခုသည် ပို၍ လျှို့ဝှက် ဆန်းကြယ်သော်လည်း ၎င်းက ဘာအတွက်ကြောင့်ဖြစ်မှန်း ဘယ်လိုမှ မသိနိုင်ပေ။

"ဒါက သန့်စင်တဲ့ နည်းလမ်းတစ်ခုပါပဲ ဒါပေမယ့် အဲဒါက ဘာအတွက်လဲ ဆိုတာတော့ မသိဘူးဖြစ်နေတယ်..."

ချန်ရှီ ခဏ ငြိမ်သက်သွားပြီး နောက်ထပ်မေးခွန်းတစ်ခုကို စဉ်းစားလိုက်သည်။

"ဒီစာရွက်ပေါ်က စာလုံးတွေက ဘယ်က လာတာလဲ... ငါ့အဖေက ငါအလုပ်ကြမ်း လုပ်နေတာကို မြင်တော့ အဖေက မခံနိုင်တော့လို့ ဒီစာရွက်ပေါ်မှာ စာလုံး လေး​ခုဆွဲလိုက်တာလား ဒါပေမယ့် ချန်ထန်က ဒီလိုလုပ်ဖို့အထိ ဉာဏ်မမီလောက်ပါဘူး"

ချန်ရှီ အရမ်းစိတ်လှုပ်ရှားနေသည်။

"အဘိုး မရဏပြည်က ပြန်လာတာ ဖြစ်နိုင်လား... မိန်းမစိုးလျိုရဲ့ မှတ်စုတွေထဲမှာ အဘိုးချန်ထားခဲ့တဲ့ မှတ်သားစရာတွေ ရှိတယ် ဒါပေမယ့် အဘိုး တရားဝင်အရာရှိ ဖြစ်တုန်းက ချန်ထားခဲ့တာ... အခုဆို အဖိုးရဲ့ အသိဉာဏ်က ပိုထက်မြက်နေလောက်ပြီ!"

ထိုအခိုက် စာရွက်ပေါ်မှ လက်ရေးကို သတိပြုမိသွားသည်။ စာရွက်ပေါ်ရှိ စာလုံး အသစ်များက ပိုမိုတိကျပြီး ၎င်းတို့တွင်ပါရှိသော တာအိုရေးနည်းမှာ ပိုမိုလက်ရာမြောက်သော်လည်း ချန်ယင်တူးလက်ရေ မဟုတ်သည့်အပြင် လက်ရေးက အလွန် လှပသည်။

ချန်ရှီ သံသယစိတ်ဖြင့် ခေါင်းလှည့်ကာ အိပ်ချင်ယောင်ဆောင်နေသော မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဟေးကော်ကို ကြည့်လိုက်သည်။

"ဟေးကော် မင်း... မင်းပဲဖြစ်ရမယ် ဟုတ်တယိမလား?"

ချန်ရှီ ပြေးလာပြီး: "မင်းက ငါ့ကို ကျေးဇူးဆပ်ဖို့ မိန်းမတစ်ယောက် ဖြစ်သွားတာလား ငါသိပါတယ် ညီအစ်ကိုရာ... မိန်းမတစ်ယောက်လို ပြန်မြင်ရအောင် အသွင်ပြောင်းကြည့်ပါဦး"

ဟေးကော် ခုန်ထပြီး ထွက်ပြေးသွားတော့သည်။

"ဟုတ်​တယ်​ ဟေးကော်က ​ယောကျာ်းတစ်​​ယောက်​ပဲ... သူဘယ်​လိုလုပ် မိန်းမဖြစ်​နိုင်​မှာလဲ"

ချန်ရှီ မျက်လုံးကိုမှိတ်ပြီး စဥ်းစားနေသည်။

"ငါ့အိမ်မှာ မိန်းမလှလေး ရှိနိုင်လား"

အမတတံတား ကောင်းချီးမြေတွင် သူ ကယ်တင်ခဲ့သော သွေးစွန်း အမျိုးသမီးကို အနည်းငယ် တွေးမိကာ တုန်လှုပ်သွားတော့သည်။ ဘုံကျောင်းငယ်ထဲသို့ အမြန်ဝင်ကြည့်လိုက်ရာ ထိုအမျိုးသမီးက အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းနေသည့် အဝတ်များက ဘယ်အချိန်က အဖြူဝတ်သွားသလဲ သူ မသိလိုက်ပေ။

ချန်ရှီသည် မယ်မယ်ရှစ်ကျီကို ကြည့်ကာ အဖြူရောင်ဝတ် အမျိုးသမီးကို တိတ်တဆိတ် ညွှန်ပြလိုက်သည်။ မယ်မယ်ရှစ်ကျီက သူမနှာခေါင်းနှင့် နှလုံးသားကို ငုံ့ကြည့်နေသလိုပင် စကားမပြော။

ချန်ရှီသည် ဝတ်ရုံဖြူဝတ် နတ်သမီးအနားသို့ ရောက်လာပြီး ခပ်ဝေးဝေးတွင် ရပ်ကာ သူမပုခုံးကို တိတ်တဆိတ် ဆွဲလိုက်သည်။

တုံ့ပြန်မှုမရှိ။

ချန်ရှီ နှစ်ကြိမ် ထပ်ထိုးလိုက်တော့ အဖြူရောင်ဝတ်နတ်သမီးက မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နတ်ကွန်းထဲမှာ ကွေးကောက်ကာ သူ့ကို နက်မှောင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေ၏။

"မိန်းကလေး နိုးပြီလား"

ချန်ရှီက ဝမ်းသာအားရပြောသည်။

အဖြူရောင်ဝတ်နတ်သမီးက ငြိမ်သက်စွာ ခေါင်းညိတ်သည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

အဖြူရောင်ဝတ်စုံဝတ် နတ်သမီးလေးသည် မျက်မှောင်ကြုတ်ကာ အနည်းငယ် မှတ်မိရန်ကြိုးစားသော်လည်း ဘာမှ မမှတ်မိတော့ပုံပင်။

ချန်ရှီ သူ့နှလုံးသားထဲမှာ အေးစက်သွားသလို ခံစားလိုက်ရပြီး။

"မင်းစကားပြောလို့ရမလား"

အဖြူရောင်ဝတ် နတ်သမီးသည် လျှာကိုချည်ထားပြီး "အာပါ...အာပါ..." ဟု မပြောမီ အချိန်အတော်ကြာအောင် ကြိုးစားနေခဲ့ရသည်။

သူမသည် အလွန်ဝမ်းနည်းသွားပြီး မျက်လုံးထဲက မျက်ရည်များပါ စီးကျလာတော့သည်။

"ငါ သူ့ခေါင်းကို ကျောက်ခဲနဲ့ ရိုက်မိခဲ့လို့များလား" ချန်ရှီ စိတ်ပူပြီး အပြစ်နည်းနည်း ရှိသလိုတောင် ခံစားလာခဲ့ရသည်။

ထိုအချိန်တွင် သူသည် နတ်တစ္ဆေ အသွင်ကူးပြောင်းမှု သုံးခုကို နားလည်ပြီး သူ၏ စိတ်ရှုပ်ထွေးမှုမှ နိုးလာခါစ ဖြစ်သည်။ အခြေအနေကို မသိဘဲ အမျိုးသမီးဟာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ထင်ပြီး အမတတံတားမှာ ပြန်လည်မွေးဖွားဖို့ ကြံစည်ပေးမိတာကြောင့် သူမရဲ့ခေါင်းကို ကျောက်တုံးကြီးနဲ့ ရိုက်ခဲ့ပါ၏။

"မင်းဒီလို နာကျင်ခဲ့ရတာကို မှတ်မိသေးလား"

အဖြူရောင်ဝတ်နတ်သမီးက ခေါင်းခါသည်။

ချန်ရှီ သက်ပြင်းတစ်ချက်ချပြီး "မင်း မမှတ်မိတာ ကောင်းပါတယ်... ငါက သူ့ကို လျစ်လျူရှုထားလို့​တော့ မရဘူး" ဟု တွေးလိုက်တော့သည်။

တံခါးဝသို့ ရောက်သောအခါ အဖြူရောင်အ၀တ် နတ်သမီးအတွက် ဆေးအချို့ကို ရွေးယူရန် လုပ်လိုက်သည်။

"အာဘာ... အာဘာ..."

"သူ ငါပြောတာကို နားလည်တယ်!... ဒါကို ယူလိုက်... မင်းပိုကောင်းလာမယ်"

အဖြူရောင်ဝတ်နတ်သမီးက ထထိုင်လိုက်ပြီး သူခူးဆွတ်ထားတဲ့ အသက်ကယ်ဆေးကို ယူစားလိုက်သည်။ ချန်ရှီ သူမကို စိုးရိမ်တကြီးကြည့်ကာ ခဏလောက်စောင့်ကြည့်နေ၏။

"နေလို့ ကောင်းသွားလား"

အဖြူဝတ်နတ်သမီးက ခေါင်းယမ်းကာ :"အာဘာ...."

ချန်ရှီ အနည်းငယ် စိုးရိမ်သွားသည်။

"မယ်မယ်... ဒီသတိမေ့တာကို ဘယ်လိုကုသရမလဲဆိုတာ သိလား"

"ကျွန်မ မသိဘူး.."

မယ်မယ်ရှစ်ကျီရဲ့ အသံက တင်းမာနေသည်။

"လာပါ ငါမင်းကို နယ်ချဲ့သမားတော်ဆီ ခေါ်သွားလိုက်မယ်... ရှီးကျင်းမှာ သမား​တော်ကောင်းတွေ အများကြီးရှိတယ်"

ဒါကို ပြောရုံကလွဲလို့ သူ့မှာလည်း ရွေးချယ်စရာမရှိတော့ချေ။ ၀တ်စုံဖြူဝတ်နတ်သမီးက ခေါင်းယမ်းပြပြီး နတ်ကွန်းထဲမှာ ပိုသက်တောင့်သက်သာရှိသလို ပါးပြင်အောက်မှာ လက်နှစ်ဖက်ထောက်ရင်း နတ်ကွန်းပေါ်မှာ ဆက်အိပ်နေလိုက်သည်။

ချန်ရှီလည်း သူမ ကျေနပ်သလို လုပ်ခွင့်ပေးလိုက်သည်။

"အနားယူပြီး မင်းရဲ့ဒဏ်ရာကို ဂရုစိုက်... မင်း အရိုက်ခံရတာ ပြင်းထန်တယ် မင်းရဲ့ ဦးနှောက်ကို လူဆိုးတွေကြောင့် ပျက်စီးသွားနိုင်တယ်... ဟုတ်သားပဲ... မင်းကိုတွေ့တုန်းက မင်းဒဏ်ရာက ပြင်းထန်နေတာ"

အဖြူရောင်ဝတ်နတ်သမီးသည် နတ်ကွန်းထဲတွင် ခွေခွေလေးလှဲကာ ငြိမ်သက်စွာ နားထောင်နေလေသည်။ ချန်ရှီ ဘုံကျောင်းငယ်ထဲမှ ထွက်သွားကာ ငြိမ်သက်စွာ သက်ပြင်းချရင်း သူ့လက်ထဲရှိ စာရွက်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြန်သည်။

"ဒီစာလုံး လေးလုံးကို သူမ ဆွဲနိုင်တာများလား?"

သူ မကူညီနိုင်ဘဲ ရယ်မောကာ ခေါင်းခါလိုက်သည်။ မိုက်မဲစွာ အရိုက်ခံရသော ထိုဆင်းရဲသော မိန်းကလေးသည် ဤအရာများကို ဆွဲငင်နိုင်ဆဲပင်။ ဟေးကော်က သူ့နောက်သို့ ပြေးလိုက်လာကာ သခင်ငယ်ကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေ၏။ အမှန်အတိုင်းပြောရင် နတ်သမီးဆီက အသတ်ခံရမှာ မဟုတ်ပါလား။

ဟေးကော် အဲဒါကို တွေးပြီး သူဟာ အိပ်မက်မက်နေခဲ့ပြီး ဘာမှ မသိဘူးလို့သာ ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ငါ့အိမ် ဘာဖြစ်သွားတာလဲ"

ချန်ထန်ရဲ့ ဒေါသတကြီး အသံက အပြင်ကနေ ထွက်ပေါ်လာသည်။

"ငါ့အိမ် ဘာဖြစ်သွားတာလဲ.. ဘုရားက အပြစ်ပေးတာလား.. ငါ့တောင်၊ ငါ့သဖန်းပင်.. ငါ့ငါး"

ချန်ရှီသည် စာရွက်နှင့် မိန်းမစိုးလျိုရဲ့ မှတ်စုများကို သူ့ရင်ခွင်ထဲသို့ ထည့်ကာ အတွေးတစ်ချက်နဲ့ လန့်သွားခဲ့သည်။ ဟေးကော် ခေါင်းငုံ့ပြီး သူ့နောက်ကို အမြန်လိုက်သွားသည်။

"ငါ့စာဖတ်ခန်း!"

ချန်ထန်ရဲ့ တုန်တုန်ယင်ယင်အသံက ထပ်ထွက်လာ၏။

"ဒီရှားပါးရှေးဟောင်း စာအုပ်တွေကို ဆယ်နှစ်ကျော်ကြာအောင် စုဆောင်းဖို့ ကြိုးကြိုးစားစား လုပ်ခဲ့တာ... ငါ သွားတာ နေ့တစ်ဝက်ပဲရှိသေးတယ်..."

ချန်ရှီက သူ့အရှိန်ကို အရှိန်မြှင့်ကာ ပြေးထွက်သွားသည်။ ချန်ထန်ရဲ့ ဒေါသထွက်နေသော အသံသည်လည်း နောက်ကွယ်မှ ထွက်လာသည်-

"ပုန်ကန်တဲ့ သား... သေပြီ! ပြေးဖို့တောင် မစဉ်းစားနဲ့--"

ချန်ရှီ ထိတ်လန့်စွာ ပြေးထွက်သွားသည်။

"ဟေးကော် ကူညီဦး!"

ဟေးကော်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး အေးစက်တဲ့ လေပြင်းကို ထုတ်လွှတ်ရင်း လူနဲ့ခွေးတစ်ကောင် မရဏကမ္ဘာထဲ ပြေးဝင်သွားကြသည်။

ချန်ရှီသည် လျင်မြန်စွာ ကြီးထွားနေသော ခွေးနောက်ကျောပေါ်သို့ ခုန်တက်သွားသည်။ ဟေးကော် ထွက်ပြေးသွား၏။ မိုးကြိုးနှင့် လျှပ်စီးတို့သည် သူ့နောက်သို့ လျှပ်စီးလက်လာသည်။ ဒေါသကြီးနေသော ချန်ထန်က ယင်နဲ့ယန် ကမ္ဘာကြီးကို ဖြိုခွဲပစ်လိုက်သည်။ ယန်ကမ္ဘာမှ ကြီးမားသော ဦးခေါင်းကြီးတစ်ခု ထွက်လာပြီး ပတ်ပတ်လည်ကို လှမ်းကြည့်နေသည်။

"ပုန်ကန်တတ်တဲ့ သား ဒီနေ့ မင်းကို သီလဆိုတာ ဘာလဲ ငါသင်ပေးမယ်!"

"ဟေးကော်! အမြန် ပြေးဟ!"

ချန်ရှီ ခွေးကို အသည်းအသန် ပြေးခွင့်ပေးလိုက်သည်။

မရဏကမ္ဘာတွင်တော့ ကြီးမားသော အနက်ရောင်သံတိုင်ကြီးရှေ့တွင် ကျွမ်းဝူကျို့သည် သောင်းနှင့်ချီသော ကောင်းကင်နားစွင့်သူများ၏ အကူအညီဖြင့် ဤသံတိုင် မျက်နှာပြင်ပေါ်ရှိ စာလုံး အမှတ်အသားများကို တစ်ခုပြီးတစ်ခု လှုပ်ရှားစေသည်။ ဤရတနာမှ ထုတ်လွှတ်သော နတ်အလင်းသည် ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်ဝင်ရောက်ကာ မရဏကမ္ဘာရဲ့ လောကကို မတည်မငြိမ် ဖြစ်လာစေသည်။

ရုတ်တရက်ဆိုသလို ကျွမ်းဝူကျို့၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ပါးစပ်ထဲတွင် သွေးများ ထွက်ကျလာသည်။ သံတိုင် မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများသည် လျင်မြန်စွာ မှိန်ဖျော့သွားကာ နောက်ပြန်တွန်းအားက ၎င်းတို့ကို ထိမှန်သွားခဲ့သည်။ တခဏချင်းမှာပဲ ကောင်းကင်နားစွင့်သူတွေ ပေါက်ကွဲပြီး သွေးမြူတိမ်တွေ ဖြစ်သွား၏။

ကောင်းကင်နားစွင့်သူ အများစုဟာ သေဆုံးသွားကြပြီး နောက်ဆုံးမှာတော့ အဆင့်မြင့်သူတွေကသာ တုံ့ပြန်မှုကို ခံနိုင်ရည် ရှိခဲ့ကြပါသည်။ ကွမ်းရှောက် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူ့ကိုယ်သူ ဘေးကင်းစေဖို့ ဂရုစိုက်မနေဘဲ ကျွမ်းဝူကျို့ကို ထောက်ခံရန် အလျင်အမြန် ပြေးသွားခဲ့သည်။

"ရတယ်..."

ကျွမ်းဝူကျို့သည် သူ့အား ရပ်တန့်ခိုင်းရန် လက်ကို ဆန့်ထုတ်လိုက်ပြီး အလွန်ထူထဲသော အနက်ရောင် သံတိုင်ကို မျှော်ကြည့်လိုက်သည်။ မီးခိုးရောင် မရဏကောင်းကင်ကြီးထဲသို့ ထိုးသွင်းနေသည်ကိုသာ မြင်နိုင်သော်လည်း ဤအရာ၏ အဆုံးကို သူ မမြင်နိုင်ပေ။

"ငါ ဒီရတနာကို လျှော့တွက်နေမိတုန်းပဲ... အပြည့်အဝ မပြင်ဆင်ထားတော့ ဒီအရာရဲ့ မျက်နှာပြင်ပေါ်က ဟာတွေကို လုံး၀ မခွဲခြမ်းစိတ်ဖြာခဲ့ဘူး"

ကျွမ်းဝူကျို့ လှည့်၍ ကောင်းကင်ပြင်မှ ပျံထွက်သွားသည်။

"ရက်အနည်းငယ်လောက် အနားယူရအောင်.. နောက်ထပ် ကောင်းကင်နားစွင့်သူ ကျွင်းဝမ်နဲ့ ကျွင်းကျူတွေကို ခေါ်လာပြီး ဒီဘဏ္ဍာကို စုဆောင်းကြမယ်!"

ကွမ်းရှောက်လည်း ကျန်တဲ့ ကောင်းကင်နားစွင့်သူတွေကို ခေါ်သွားခဲ့သည်။ သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ချန်ရှီဟာ ချန်ထန်ကရဲ့ လိုက်ရှာမှုကနေ လွတ်မြောက်ခဲ့သည်။

"ကျွမ်းဝူကျို့နဲ့ ကွမ်းရှောက်တို့ ဒီမှာ မရှိ​တော့ဘူးလား?"

"​ဟေး​ကော် ငါ့အဖေက ငါ့ကို လိုက်မသတ်တော့ဘူး... ထွက်ပြေးစရာ မလိုတော့ဘူး"

ဟေးကော်လည်း ရပ်လိုက်သည်။ ချန်ရှီ၏ ခြေရင်းအောက်တွင် လျှပ်စီးကြောင်းများ လျှပ်တစ်ပြက် လျှပ်လာကာ ကြီးမားသော သံတိုင်ကြီးဘေးသို့ ရောက်ရှိသွားသည်။

သံတိုင်ကို နဂါးနှင့် မြွေများ ရေကူးနေသလို၊ လိမ်ခွေနေသလို၊ ကွပ်ထားသော လက်ရာကလည်း အလွန်ရှုပ်ထွေးသော အသွင်အပြင်များဖြင့် ထွင်းထုထားသည်။ ချန်ရှီ လျှပ်စီးကြောင်းပေါ် နင်းပြီး မြင့်လာသည်နှင့်အမျှ စာရွက်ပေါ်ရှိ စတုတ္ထစာလုံးအသစ်နှင့် တူညီသည့် ရင်းနှီးသော စာသားအမှတ်အသားကို ရုတ်တရက် တွေ့လိုက်ရသည်။

သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားကာ သူ့လက်ကို ဆန့်တန်းကာ ထိုကြီးမားသော အနက်ရောင်တိုင်ပေါ်တွင် ဖိချလိုက်​ပေသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ ကျိုးထျန်းမီးနယ်မြေသည် ရုတ်တရက် ပျံ့သွားကာ ပင်ကိုယ်စွမ်းအင်ငါးခုသည် အရောင်ငါးရောင်ရှိသော နဂါးငါးကောင်ကဲ့သို့ ပျံတက်သွားကာ သံတိုင်ပေါ်ရှိ စာသားအမှတ်အသားထဲသို့ ထိုးသွင်းလိုက်ကြသည်။ စာသားအမှတ်အသား၏ ရုပ်ကြွတစ်လျှောက် လေချွန်သံများ ထွက်လာ၏။

"ဝုန်း!"

တခဏချင်းမှာပဲ သံတိုင်ရဲ့မျက်နှာပြင်ပေါ်ရှိ စာသားအမှတ်အသားတွေ တောက်ပလာပြီး တောက်ပတဲ့ အလင်းရောင်က ကောင်းကင်ကို ထိုးဖောက်သွားပါ၏။

ချန်ရှီသည် နတ်အလင်းရောင်ကြောင့် မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ရုတ်တရက် နတ်အလင်းရောင် ပျောက်ကွယ်သွားပြီး အနက်ရောင် သံချောင်းတစ်ချောင်းက သူ့ရှေ့က လေထဲမှာ ငြိမ်သက်စွာ လွင့်နေချေပြီ။

ကျွမ်းဝူကျို့သည် မရဏကမ္ဘာမှ ပျံထွက်လာပြီးမှ မရဏကမ္ဘာထဲရှိ ကောင်းကင်နှင့် မြေကြီးသည် ပြင်းထန်စွာ တုန်ခါနေတာ သတိပြုမိသွားသည်။ သူပြန်ကြည့်တော့ သူ့လက်တွေ ခြေတွေ အေးစက်သွားသလို ခံစားလိုက်ရတယ်။

ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ဖြူစင်သွားပြီ။ ထာဝရတိုင်ကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပါပြီ။

All Chapters