← Chapters

လွန်ခဲ့သော ၁၁ နှစ်က တာအိုသန္ဓေသားကို သိမ်းပိုက်သည့်တိုက်ပွဲ

Vol. 21 Ch. 311

လွန်ခဲ့သော ၁၁ နှစ်က တာအိုသန္ဓေသားကို သိမ်းပိုက်သည့်တိုက်ပွဲ

Vol. 21 Ch. 311

ချန်ရှီရဲ့ မျက်လုံးများသည် ကျွမ်းဝူကျို့ရဲ့ မျက်လုံးများနှင့် ဆုံသွားသည်။ ကျွမ်းဝူကျို့က သူ့ကို ပြုံးပြကာ ကျွင်းကျူ ကွမ်းရှောက်ထံမှ ချန်ရှီရဲ့ အချက်အလက်များကို ယူသွားခဲ့သည်။

ချန်ရှီ သူ့အကြည့်ကို လွှဲကာ ဟန့်လင်ကျောင်းတော်မှ ထွက်လာခဲ့သည်။

"ဒီကျွမ်းဝူကျို့က ဘယ်သူလဲ"

သူ ခဏတာလောက်အထိ စိတ်က ငြိမ်သက်လို့ မရသေးချေ။ ကျွမ်းဝူကျို့က သူ့အား စကားအနည်းငယ်သာ ပြောခဲ့သော်လည်း အချက်အလက်များစွာကို ဖော်ပြခဲ့သည်။

ပထမအချက်က ကျွမ်းဝူကျို့ဟာ လွန်ခဲ့သော ၁၁ နှစ်က သူနဲ့ တွေ့ဆုံခဲ့ဖူးသည်။

ဒုတိယအချက် သူတို့ တွေ့သောအခါက ချန်ရှီရဲ့ မွေးရာပါ တာအို​သန္ဓေသားက ရှိနေဆဲဖြစ်ပြီး ချန်ရှီကလည်း မသေဆုံးသေးချေ။

တတိယအချက် ကျွမ်းဝူကျို့သည် ချန်ရှီ၏ မွေးရာပါ တာအိုသန္ဓေသားကို လှီးဖြတ်ပြီး သေဆုံးသွားကြောင်း သိထားသည် ။

စတုတ္ထအချက် ကျွမ်းဝူကျို့ရဲ့ အဆင့်အတန်းသည် ကောင်းကင်နားစွင့်သူ ကျွင်းကျူအထက်တွင်ရှိသည်။

ယခင်အချက် ၃ ချက်က ကျွမ်းဝူကျို့ဟာ ချန်ရှီရဲ့ မွေးရာပါ တာအို​​သန္ဓေသားကို ဘယ်သူ ယူသွားသလဲ သိနိုင်ဖွယ်ရှိကြောင်း ဖော်ပြ​နေသည်။

အဲဒီလူက ကျွမ်းဝူကျို့ ဖြစ်နိုင်သည်ပင်။ ပြီးတော့ ကောင်းကင်နားစွင့်သူနဲ့ သူ့ရဲ့ဆက်ဆံရေးကလည်း ဆန်းကြယ်ပါ၏။ ကောင်းကင်နားစွင့်သူများသည် အခြားကမ္ဘာမှလူများကဲ့သို့ အလွန်လျှို့ဝှက် ဆန်းကြယ်ကြသည်။ ၎င်းတို့သည် အနောက်နွားရှင်းကျိုး၌ နေထိုင်ပြီး လူသားများနှင့်တူသော်လည်း သာမန်လူများနှင့် လိုက်ဖက်မှု မရှိပေ။

သူတို့၏ တည်နေရာများက လျှို့ဝှက်ထားပြီး နေထိုင်မှု အလေ့အထကအစ လျှို့ဝှက်ဆန်းကြယ်နေပါသည်။ စားသောက်ခြင်း၊ အိပ်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းလျှောခြင်းတို့ကို ဘယ်သူမှ မမြင်ဖူးကြပေ။ ဒီလိုအရာတွေက မလိုအပ်ဘူးဟုပင် ထင်ရသည်။

ဒါပေမယ့် နေရာတိုင်းမှာ တွေ့နိုင်လေသည်။

အချို့သော အဆင့်မြင့် အရာရှိများရဲ့ နေအိမ်များအနီးတွင်ပင် ကောင်းကင်နားစွင့်သူများက ရှိတတ်သည်။ သူတို့သည် နားရွက်ကြီးများဖြင့် လေထဲတွင် ပျံဝဲကာ၊ သစ်ပင်ပေါ်တွင် ဇောက်ထိုးထိုင်ကာ၊ ခေါင်မိုးပေါ်တွင် ထိုင်ကာ၊ လူစုလူဝေးတွင် ရပ်ကာ ပစ်မှတ်၏ စကားကို နားထောင်ကာ၊ ပစ်မှတ်၏ လုပ်ရပ်များကို စောင့်ကြည့်ကာ စသဖြင့် သစ္စာရှိရှိ မှတ်တမ်းတင်ကြသည်။

အန္တရာယ်ရှိတယ်လို့ သူတို့ထင်တဲ့လူတွေကိုလည်း စောင့်ကြည့်ဦးမည်။ ချန်ရှီ၏ ပတ်ဝန်းကျင်တွင် ထိုသို့သော ကောင်းကင်တရားခံများ ရှိတတ်သည်။ ကြီးကြီးမားမား ဖြစ်ရပ်များ ပေါ်ပေါက်ပြီး ဤဖြစ်ရပ်များကို မှတ်တမ်းတင်သည့် နေရာများတွင်လည်း ၎င်းတို့ ပေါ်လာမည် ဖြစ်သည်။

၎င်းတို့သည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုဟု ယူဆကြသည့် အန္တရာယ်ရှိသော လူအချို့ကို လည်ပင်းညှစ်သတ်ရန်ပင် အစပျိုးလုပ်ဆောင်ဦးမည် ဖြစ်သည်။

သူတို့ရဲ့ အချက်အလက်တွေက ရှီးကျင်းက တရားရုံးထက်တောင် ပိုမှန်ကန်သေးသည်။

ပိုထူးဆန်းတာက သူတို့ရဲ့ စွမ်းရည်ပါပဲ။ အနိမ့်ဆုံးအဆင့် တမန်တော်များပင်လျှင် စာသင်သားများစွာကို သာလွန်သော မှော်အတတ်များဖြင့် တိုက်ခိုက်နိုင်ပြီး အထက်တန်းစား မိသားစုများစွာနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

၎င်းတို့သည် ၎င်းတို့၏သွေးများကို မျိုးစုံသောလက်များအဖြစ် ပြောင်းလဲပစ်ဖို့ အသုံးပြုနိုင်သည်။ ဤတိုက်ပွဲဝင် နည်းသည် အလွန် အဖိုးတန်ပြီး ကျင့်ကြံနည်းကို သိသူကလည်း အလွန်နည်းပါးပါသည်။ ဒါပေမဲ့ ၎င်းတို့က မှတ်တမ်းတင်ရတာ ပိုလွယ်ကူအောင် လုပ်ဖို့ပဲ သုံးကြသည်။

၎င်းတို့၏ နားများကို အလိုအလျောက် ချဲ့နိုင်ပြီး အဆောင်စာလုံး ဖန်တီးမှုအမျိုးအစားတွင် ပါဝင်ပါသည်။ ကျင့်ကြံသူ တော်တော်များများက ဖန်တီးမှုအနုပညာကို နားမလည်ကြပါ။ အသားကို ပြောင်းလဲရန် တစ်ခုတည်းသော နည်းလမ်းမှာ တိရစ္ဆာန်ဖန်တီးမှု သို့မဟုတ် ဗုဒ္ဓဘာသာ၏ ခြောက်ပေရှည်သော ရွှေကိုယ်ထည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြုရန်ဖြစ်သည်။

ပို၍အားကောင်းသော ကောင်းကင်နားစွင့်သူ သင်းထောက်များသည် နတ်တစ္ဆေဘုံနှင့် ဆင်တူသည့်စွမ်းရည်များပင် ရှိကာ ၎င်းတို့ကို စောင့်ကြည့်ရန်၊ နားရွက်များ ပေါက်လာစေရန် လုပ်နိုင်သည်။

ကောင်းကင်နားစွင့်သူတွေ ဘယ်ကလာတာလဲ။ ၎င်းတို့က လူသားအစစ်လား သို့မဟုတ် အခြားသတ္တဝါများလား။ ဘယ်သူတွေက အမိန့်ပေးတာလဲ။ သူတို့စုဆောင်းထားတဲ့ အချက်အလက်တွေကို ဘယ်ကနေ ပို့မလဲ။

ချန်ရှီ ဤအရာအားလုံးကို သိရှိရန် နည်းလမ်းမရှိခဲ့ပေ။ ယခု ကျွမ်းဝူကျို့ ပေါ်လာပြီးနောက် ကောင်းကင်နားဆင်သူက ကျွမ်းဝူကျို့ကဲ့သို့ လူတစ်ဦးမှ အမိန့်ပေးခံရနိုင်တာ သူသဘောပေါက်လိုက်သည်။

ဒါပေမယ့် ကျွမ်းဝူကျို့ကရော ဘယ်ကလာတာလဲ။

"ကျွမ်းဝူကျို့... ကောင်းကင်နားစွင့်သူတွေဆီကနေ ငါနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရယူချင်ရင်တော့ အိပ်မက်သာ မက်နေလိုက်!"

ချန်ရှီ သက်ပြင်းချလိုက်သည်။ ချန်အိမ်အပြင်ဘက်တွင် ကောင်းကင်ဘုံနားစွင့်သူ တစ်အုပ်ကြီး ရှိခဲ့သည်။ ချန်ရှီ နေ့တိုင်း အပြင်ထွက်တဲ့အခါ သူ့ပတ်ဝန်းကျင်မှာ ကောင်းကင်က နားထောင်သူတွေ ရှိနေပြီး သူ့ရဲ့ နှုတ်ထွက်စကားနဲ့ လုပ်ဆောင်ချက်တိုင်းကို စောင့်ကြည့်နေ၏။ ဒါပေမယ့် သူတို့မြင်ရ ကြားခဲ့ရတာတွေက ချန်ရှီ သူတို့ကို မြင်ရကြားရအောင် ပြထားတာတွေပဲလေ။

ဟေးကော်က ချန်ရှီနှင့် အမြဲရှိနေသောကြောင့် ကောင်းကင်နားစွင့်သူများ မြင်သမျှ ကြားသမျှ အားလုံးကို ဟေးကော်က ဝင်နှောင့်ယှက်ခဲ့သည်။

ဟန့်လင်ကျောင်းတော်။

ကျွမ်းဝူကျို့ မတ်တတ်ထထိုင်လိုက်ပြီး ရုတ်တရက် သူ့လည်ပင်းက အသံထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့လည်ပင်းကနေ ခေါင်းတွေပေါ်လာပြီး လက်မောင်းတွေက သူ့ချိုင်းကြားကနေ ထွက်လာပြီး စာရွက်တွေကို အမြန်လှန်တော့သည်။

စာဖတ်ရတာ မမြန်သေးဘူးလို့ ထင်တာကြောင့် ခေါင်းတစ်ခြမ်းက အရေပြား အပြင်မှာ ရုန်းကန်ပြီး ခန္ဓာကိုယ်ထဲက ပေါက်ထွက်လာသည်။ ၎င်းက မတ်တပ်ရပ်ပြီး ပင်မကိုယ်ထည်နဲ့ ကွဲသွား၏။

အခြားဦးခေါင်းများကလာ်း လိုက်၍ အသီးသီး မိမိတို့ကိုယ်မှ ထွက်သွားကြပြီး မျက်ခုံး၊ မျက်လုံးများ ပေါက်လာကာ လက်ဖဝါးထဲတွင်ပါ မျက်လုံးများ ပေါက်လာသည်။ လက်ဆယ်ချောင်းထိပ်တွင်ပင် မကျန်ပေ။ သူတို့၏မျက်လုံးများသည် ရွေ့လျားသွားကာ ချန်ရှီနဲ့ ပတ်သက်သော စာများကို အရှိန်အဟုန်ဖြင့် ဖတ်ကြသည်။

ကောင်းကင်နားစွင့်သူသည် ချန်ရှီကို သီးခြား စာအုပ်ဖြင့် စာရင်းပြုစုထားပြီး ၎င်း၏နေ့စဉ် အစားအသောက်၊ ဘယ်သူနဲ့တွေ့ခဲ့ပုံ၊ သူဘာပြောသည်နှင့် မည်သည့်နေရာများကို သတိထားသင့်သည်ကို မှတ်တမ်းတင်ထားသည်။

မကြာခင်မှာပဲ ကျွမ်းဝူကျို့ဟာ ဆယ်ပုံတစ်ပုံကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ အခြား ကျွမ်းဝူကျို့ သုံးယောက်ရောက်လာပြီး သူ့ခန္ဓာကိုယ်နှင့် ​ပြန်ပေါင်းလိုက်ကြသည်။ သူတို့၏ ဦးခေါင်းများသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ တဖြုတ်ဖြုတ် ပျောက်ကွယ်သွားကြသည်။

"မဟုတ်ဘူး... ကောင်းကင်နားစွင့်သူတွေ မှတ်တမ်းတင်ထားတာက လုံးဝ မှား​နေတယ်"

ကျွမ်းဝူကျို့ သူ့လက်ကို မြှောက်လိုက်ရာ စားပွဲပေါ်ရှိ စာရွက်များအားလုံး ချက်ချင်း ပြာသွားသည်။

ကောင်းကင်နားစွင့်သူ၏ မှတ်တမ်းများထဲတွင် အသုံးဝင်သော အရာများစွာ ရှိသော်လည်း အများစုမှာ မှားယွင်းသော အချက်အလက်များ ဖြစ်သည်။ လွှမ်းခြုံထားသော မှားယွင်းသော အချက်အလက်များမှ အစစ်အမှန်များကို ရှာဖွေရန် ခက်ခဲသည်။ ဒီသတင်းအမှန်လို့ ခေါ်တဲ့ အရာက ချန်ရှီ တမင်တကာ ချန်ထားခဲ့တဲ့ ထောင်ချောက် ဖြစ်မယ်ဆိုတာ သူတောင် မသိခဲ့ပါဘူး။ ဒါကြောင့် ဆက်မဖတ်တာက ပိုကောင်းပေဦးမည်။

"ကလေးပညာရှင်က အရမ်းစိတ်ဝင်စားဖို့ ကောင်းလာပြီ... နတ်ဘုရားက မွေးရာပါ တာအိုသန္ဓေသားကို ပေးနိုင်တဲ့သူတွေက တကယ့်ကို ထူးထူးခြားခြားပဲ... သူတို့မှာ တာအိုသန္ဓေသား မရှိရင်တောင်မှ သူတို့က သာမန်လူတွေလို မဟုတ်တာ သေချာတယ်..."

"မင်း တာအိုသန္ဓေသားနဲ့သာ ဒီနေ့ထိ အသက်ရှင်နိုင်ရင် ဘယ်လောက် သန်မာမယ်ဆိုတာ ငါတကယ် သိချင်မိတယ် မင်းနဲ့ ထပ်တွေ့ချင်ပေမယ့် စီးပွားရေးက ပိုအရေးကြီး​နေတယ်"

ချန်ရှီသည် ချန်အိမ်သို့ ပြန်လာခဲ့သည်။ ထိုအခိုက် ကျန်းယိုးက ချန်အိမ်ကြီးရှေ့တွင် စောင့်နေပြီဖြစ်ပြီး ဟေးကော်က သူ့ဘေးရှိ သစ်သားလှည်းအောက်တွင် လဲလျောင်းနေပါသည်။

ကျန်းယိုးက ပြုံးပြီးမေးလာ၏။

"လူကြီးမင်းလေးချန်... ကျွမ်းဝူကျို့ကိုတွေ့ခဲ့လား"

ချန်ရှီ ဟေးကော်ကို အံ့အားသင့်စွာ တစ်ချက် ကြည့်လိုက်ပြီး။

"လူကြီးမင်းလေးကျန်းက ငါ သူနဲ့တွေ့မယ်ဆိုတာ ဘယ်လိုသိတာလဲ?"

"ဘာလို့လဲဆို​တော့ သူနဲ့ ကြို​တွေ့ဖူးလို့လေ...ငါ မင်းကို အရင်အကြောင်းကြားသင့်ပေမယ့် ကျွမ်းဝူကျို့က မင်းကို အဲဒီမှာပဲ တွေ့နိုင်လောက်အောင် အစွမ်းထက်​နေတယ်... ဒါ့ပြင် မင်း ဟေးကော်ရဲ့ စွမ်းအားကို အားကိုးရဦးမှာပဲ"

ချန်ရှီက သူ့ကို အိမ်ကြီးထဲကို ဖိတ်ခေါ်ဖို့ သူ့လက်ကို မြှောက်ရင်း ပြုံးလိုက်သည်။

"လူကြီးမင်းလေးကျန်းက ဟေးကော်ကို သိတယ်လား?"

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့ဘိုးဘေး ရှီးကျင်းမှာ ရှိနေသေးတယ်... လူကြီးမင်းလေးချန်ရဲ့ ပတ်လည်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သခင်တစ်ယောက်ရှိနေတာကို သတိပြုမိပါတယ်.... ပတ်ဝန်းကျင်က လူတွေရဲ့ခံယူချက်ကို ပြောင်းလဲဖို့ ကြိုးစားတာကို ဟေးကော် လုပ်နေမှန်း သူသိတယ်... အသေးစိတ်ဆွေးနွေးဖို့ ချန်အိမ်ကိုသွား​ပြီးတော့ ချန်အိမ်က မိသားစုတွေနဲ့ စကားပြောရတာ ပိုကောင်းပါတယ်တဲ့... ငါမင်းကိုအများကြီး မပြောနိုင်ပေမယ့် ငါတတ်နိုင်သမျှ ပြောပြပါ့မယ်... လွန်ခဲ့တဲ့ ၁၁ နှစ်က ငါ့ ကျန်းမိသားစုရဲ့ ဘိုးဘေးဟောင်းက နိုးလာပြီး မွေးရာပါ တာအိုသန္ဓေသားလေး မွေးတယ်ဆိုတဲ့သတင်းကို ကြားတော့ ရှစ်နှစ်ပဲရှိသေးတဲ့ ငါ့ကို ရှင်းရှန်ခရိုင်ဆီ တိုက်ရိုက် ခေါ်သွားခဲ့တယ်"

ချန်ရှီ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါကာ တုန်လှုပ်သွားသည်။ သူဘာပြောမယ်ဆိုတာ သိလိုက်ပါ၏။

ဟေးကော် ရုတ်တရက် တက်ကြွလာပြီး လှည်းပေါ်မှ ဆင်းကာ လမ်းပေါ်သို့ ရောက်လာသည်။ သူက ခိုးကြောင်ခိုးဝှက် နားထောင်နေတာတွေကို ကာကွယ်ရန် ပတ်ပတ်လည်ကို သတိကြီးစွာ ကြည့်နေလေသည်။

"ကျန်းမိသားစုက အနောက်နွားရှင်းကျိုး ပြည်နယ် ငါးဆယ်ရဲ့ နေရာတိုင်းမှာ သြဇာရှိပြီး သူလျှိုတွေ ရှိတယ် အဲဒါကြောင့် ငါတို့ ကျန်းမိသားစုက နတ်ဘုရားက ပထမအကြိမ် အပ်နှင်းထားတဲ့ မွေးရာပါ တာအိုသန္ဓေသားအကြောင်းကို သိခဲ့တယ်"

ကျန်းယိုးက တံတိုင်းဘေးတွင်ရပ်ကာ အတိတ်ကို ပြန်သတိရနေဟန်ရှိသည်။

"ဒါက ကြီးလေးတဲ့ကိစ္စတစ်ခုကြောင့် မျိုးနွယ်စုရဲ့အကြီးအကဲတွေက မျိုးနွယ်စုခေါင်းဆောင်ဟောင်းကို နှိုးလိုက်ကြတယ်... ငါက မျိုးဆက်သစ် ခေါင်းဆောင်အဖြစ် လေ့ကျင့်သင်ကြားထားပြီးသားမို့ ပထမတန်းစား နတ်သန္ဓေသားကို ရခဲ့တာ... ငါအသက်ရှစ်နှစ်မှာ ကျောက်စိမ်းနတ်သန္ဓေသားလေး ရခဲ့တယ်...နတ်သန္ဓေသားကို ဖြတ်ပြီးရင် အကြာကြီး မထိန်းသိမ်းနိုင်လို့ မျိုးနွယ်ခေါင်းဆောင်ဟောင်းက ငါ့ကိုပါ ရှင်းရှန်ခရိုင်ကို ခေါ်သွားတယ်... မိသားစုရဲ့ အသက်ကြီးသူတွေ ခေါ်ဆောင်လာတဲ့ ကလေးတွေ မနည်းတာ တွေ့လိုက်ရတယ်..."

ရှင်းရှန်ခရိုင် အဖြစ်အပျက်အကြောင်း သူ့အမှတ်တရတွေထဲက ပြောပြလာသည်။

ထိုအချိန်တွင် သူသည် ရှစ်နှစ်သာရှိသေးပြီး လူတိုင်းအတွက် တိုက်ပွဲဝင်နေသည့် မွေးရာပါ တာအိုသန္ဓေသားက ဘာကိုဆိုလိုသလဲ မသိပေ။ သူက ဘယ်သူ့ကိုမှ မသိသလို တခြားကလေးတွေက ဘယ်ကလာမှန်း မသိပေမယ့် မျိုးနွယ်စုခေါင်းဆောင်ဟောင်းက အဲဒီကလေးတွေရဲ့ နောက်ကွယ်က လူကြီးတွေနဲ့ အရမ်းရင်းနှီးလေ၏။ သူတို့နဲ့တွေ့တဲ့အခါ ဟာသလေးတွေ လုပ်ပြပြီး လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ရယ်မောပြနေကြသည်။

အခုစဉ်းစားကြည့်တော့ အဲဒီကလေးတွေဟာ တခြားမိသားစုတွေ အရမ်းတန်ဖိုးထားရတဲ့ ပျိုးပင်တွေ ဖြစ်နေ၏။ မျိုးနွယ်ခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များက ၎င်းတို့ကို ရှင်းရှန်ခရိုင်ဆီ ခေါ်ဆောင်သွားပြီး မွေးရာပါ တာအိုသန္ဓေသားကို ဖမ်းယူကာ နေရာတွင် အစားထိုးကုသရန် ကြိုးပမ်း​နေခဲ့သည်။

"အဲဒီတုန်းက အခြေအနေကို ငါ ရှင်းရှင်းလင်းလင်း မမှတ်မိပေမယ့် အခြေခံအားဖြင့်တော့ မိသားစု ဆယ့်သုံးစုလုံးမှာ အစုရှယ်ယာ ရှိတယ်ဆိုတာ သေချာတယ်... မိသားစုဆယ့်သုံစုအပြင် မျိုးနွယ်ဟောင်းခေါင်းဆောင်က ကလေးတစ်ယောက်ကို အရမ်းလေးစားတယ်... ငယ်စဉ်ကလေး ဘဝကတည်းက သခင်​လေး ဖြစ်​နေပြီ မျိုးနွယ်စုခေါင်းဆောင်ဟောင်းက သူ့ကို သခင်​လေးလို့လည်း ခေါ်တယ်..."

ချန်ရှီ မျက်ခုံးပင့်လိုက်သည်။ ထိုနှစ်က သခင်လေးသည်လည်း ပြိုင်ပွဲတွင် ပါဝင်ခဲ့ပုံပါပဲ။

"သခင်ငယ် ငါ့ထက်အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက် ကြီးတယ်.... မင်း အခုအသက်အရွယ်နဲ့ အတူတူပဲ သခင်လေးအပြင် ဘိုးဘေးဟောင်းက ထူးဆန်းတဲ့အဝတ်အစား ဝတ်ထားတဲ့ လူတချို့ကို စကားစမြည် ပြောပြီး ရယ်မောနေသေးတယ် သူက အဲ့လူတွေကိုလည်း လေးစားတယ်။ လူကြီးတွေ စကားပြောတဲ့အခါ ကလေးတွေက အတူတူ ဆော့ကစားကြတာ... အဲဒီတုန်းက ငါတို့အားလုံး အရွယ်မရောက်သေးတော့ တခြား စိတ်ဆန္ဒတွေ မရှိကြတဲ့အတွက် ပျော်စရာတွေ အများကြီးရှိခဲ့တယ်... လူကြီးတွေကြားက ရန်ပွဲတွေမှာလည်း ရန်ငြိုးတွေတောင် မမေးခဲ့ကြပါဘူး... အဲ့ထဲမှာ ကျွမ်းဝူကျို့လည်း ပါတယ်"

ချန်ရှီ မျက်ခုံးပင့်ကာ အနည်းငယ် ဝင်မေးလိုက်သည်။

"တာအိုသန္ဓေသားကို ဘယ်သူ ယူသွားတယ်ဆိုတာ သူသိတယ်လို့ တစ်ချိန်က သခင်လေးက ပြောဖူးတယ် အဲဒီလူက ကျွမ်းဝူကျို့ ဖြစ်နိုင်လား"

ကျန်းယိုး တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းခါလိုက်သည်။

"မသိဘူး... ငါ့ရဲ့ ကျန်းမိသားစု ဘိုးဘေးဟောင်းတောင်မှ တာအိုသန္ဓေသားကို ဘယ်သူရသွားမှန်း မသိခဲ့ဘူး... အဲဒီတိုက်ပွဲမှာ ဒဏ်ရာရပြီး ငါနဲ့အတူ ကျန်းမိသားစုဆီ ပြန်ပြေးသွားခဲ့ရတယ်...ရှင်းရှန်ခရိုင်က တိုက်ပွဲမှာ လူတွေလည်း သေကုန်ကြတယ်...မိသားစုတွေကြားထဲက သခင်လေးတွေ အများကြီးပဲ။ လုံးဝကို ဖယ်ထုတ်ခံခဲ့ရတာ... အဲဒီအချိန်က ငါက နတ်သန္ဓေသားနယ်ပယ်မှာ ကလေးတစ်ယောက်ပဲ... ဒါပေမယ့် ကျွမ်းဝူကျို့က စိတ်ပျက်ဖွယ်ကုန်းစောင်းက လာတယ်လို့ ပြောခဲ့တယ်..."

ချန်ရှီ၏နှလုံးသည် ပြင်းထန်စွာ နှစ်ခါခုန်သွားခဲ့သည်။ စိတ်ပျက်ဖွယ်ကုန်းစောင်း ဟူသော အသုံးအနှုန်းကို ဖန်တီးခံရှောင်ဝူက သူ့အား ပြောပြခဲ့ဖူးသည်။

ဖန်တီးခံရှောင်ဝူသည် ရှီးကျင်းတွင် မရေမတွက်နိုင်သော လူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး မိသားစု ဆယ့်သုံးစု၏ ဘိုးဘေးများကို အနိုင်ယူခဲ့သည်။ လီမိသားစု၏ ဘိုးဘေးကြီး လီယိရန်၊ လီကန်းဖုန်းတို့အား ချန်ရှီကို သတ်ပြီး တာအိုသန္ဓေသားကို ဖြတ်တောက်ခဲ့သူကို ပြောပြခိုင်းသည်။

ထိုအချိန်တွင် ဆယ့်သုံးစု၏ ဘိုးဘေးများက ချန်ရှီကိုသတ်ပြီး တာအိုသန္ဓေသားကို ဖယ်ထုတ်ခဲ့သူသည် စိတ်ပျက်ဖွယ်ကုန်းစောင်းနှင့် ဆက်နွှယ်ကြောင်း ပြောပြခဲ့သည်။

အဲဒီနောက် ဖန်တီးခံရှောင်ဝူလည်း ထွက်သွားပြီး အဲဒီကတည်းက ဘာသံမှမကြားရတော့ပေ။ ယခု ကျွမ်းဝူကျို့က စိတ်ပျက်ဖွယ်ကုန်းစောင်းမှ ဧည့်သည်တစ်ဦး ဖြစ်လာခဲ့သည်။

"အဲဒီတုန်းက စိတ်ပျက်ဖွယ်ကုန်းစောင်းက ဧည့်သည် ကျွမ်းဝူကျို့ကိုတင်မကဘဲ တခြားကလေးနှစ်ယောက် ပါသေးတယ်... ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်.. ဒါပေမယ့် ငါက ကျွမ်းဝူကျို့၊ သခင်လေးတို့နဲ့ အဆင်မပြေတော့ သူတို့နာမည်တွေကို မသိခဲ့ဘူး"

"အဲဒီအချိန်ကစပြီး ငါ ကျွမ်းဝူကျို့နဲ့ မတွေ့ရတော့ဘူး သခင်လေးကလည်း ရန့်မိသားစုကို ထားခဲ့ပြီး ယွိတူးက မင်းသားကျန့်အိမ်တော်ကို ရောက်သွားခဲ့တယ် နောက်ပိုင်းမှာ ရှီးကျင်းမှာ ပြင်းထန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့ပြီး လူတွေအများကြီး သေဆုံးခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်... အဲဒီအချိန်က မင်းအဖိုး ရှီးကျင်းကို ရောက်လာခဲ့တာပဲ... လူကြီးမင်းလေးချန် ဒါက မင်းကို ငါပြောစရာရှိတာပဲ"

ချန်ရှီ သူ့ကို လေးလေးနက်နက် စိုက်ကြည့်ကာ။

"ကောင်းကင်နားစွင်းသူကရော ဘယ်လိုလဲ... အစ်ကိုကျန်း ကောင်းကင်နားစွင့်သူအကြောင်း တစ်ခုခုတော့ သိသင့်တယ် အဟုတ်လား ကောင်းကင်နားစွင်းသူတွေကြားမှာ ကွမ်းရှောက်ကို မြင်လိုက်တယ် သူက ကျွမ်းဝူကျို့ကို ဦးညွှတ်နေတာ..."

ကျန်းယိုး ခဏတုံ့ဆိုင်းသွားပြီး :"ကောင်းကင်နားစွင့်သူတွေရဲ့ မူလအစက အရမ်းရှေးကျတယ်လို့ မျိုးနွယ်စု အကြီးအကဲတွေဆီက ကြားဖူးတယ်... မင်မင်းဆက် လူမျိုးတွေ အနောက်နွားရှင်းကျိုး ကျွန်းပေါ် ခြေချပြီး မကြာဘူး ကောင်းကင်နားစွင့်သူတွေ ပေါ်လာတာ... သူတို့က မင်မင်းဆက် လူမျိုးတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး အပြောအဆိုနဲ့ အပြုအမူတွေကို မှတ်တမ်းတင်ကြတယ်"

ချန်ရှီ အသံပျောက်သွားပြီး "သူတို့က လူသား မဟုတ်ဘူးလား?"

ကျန်းယိုး ခဏတုံ့ဆိုင်းသွားပြန်သည်။

"သူတို့က ငါတို့နဲ့ထပ်တူ လူသားမျိုးတော့ မဟုတ်ဘူး... ဒီကောင်းကင်ဘုံ နားထောင်သူတွေကလည်း စိတ်ပျက်ဖွယ်ကုန်းစောင်းက လာတာ အဲ့ကအမိန့်ကို နာခံကြလိမ့်မယ် လူကြီးမင်းချန် ငါသွားသင့်ပြီ"

အခြားအရာတစ်ခုခုကို သူသိရမည် ဖြစ်သော်လည်း ချန်ရှီကို ပြောပြရန် အဆင်မပြေသည့်အပြင် ချန်ရှီကလည်း ၎င်းအား အတင်းအကြပ် မလုပ်ချင်ပေ။

"အစ်ကိုကျန်း မင်းက ဘာလို့ ငါ့ကို ကူညီနေတာလဲ"

ကျန်းယိုးက ပြုံးပြီးပြောလိုက်သည်။

"ငါ့ရဲ့ ကျန်းမိသားစုက မင်းကို အကြွေးတင်နေလို့ ဖြစ်နိုင်တယ်"

ချန်ရှီက သူ့မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ ကျန်းယိုး ခဏမျှ တုံ့ဆိုင်းသွားပြီး အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။

"ကျန်းမိသားစုက မင်းကို ဘာမှ အကြွေးတင်မယ် မထင်ဘူး ငါ့ရဲ့ကျန်းမိသားစုက မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားကို မယူခဲ့ဘူး ငါပြော​ပြတဲ့ အကြောင်းရင်းက မင်းငါ့ကို ဗုဒ္ဓဘာသာ ငရဲမှာ ကူညီပေးခဲ့လို့ပဲ... မင်း ငါ့ကို ကယ်တင်ခဲ့တာ မဟုတ်ပေမယ့် မင်းငါ့ရဲ့ တာအိုနှလုံးသားကိုပါ ကယ်တင်ခဲ့တာ... ရိုးရိုးသားသား ပြောရရင် ငါက ယွိလင်ကျစ်ကို ကင်စားဖို့ စီစဉ်ခဲ့တာက ငါဗိုက်ဆာလွန်းလို့..."

သူက ခဏလောက် နှုတ်ဆိတ်နေပြီး :"ဒါပေမယ့် ငါလူတွေကို စားနေသမျှ ငါ့တာအိုနှလုံးသားက ဗုဒ္ဓဘာသာ ငရဲထဲကို တစ်သက်လုံး ကျသွားမယ်ဆိုတာ ငါသိတယ်။ ငါလွတ်မြောက်ရင်တောင် တာအိုနှလုံးသားက ငရဲထဲ နစ်သွားလိမ့်မယ် ငါ ရုန်းမထွက်နိုင်တော့ဘူး မင်း ငါ့ကို ကယ်ခဲ့တယ်"

"ရှစ်နှစ်သားအရွယ်မှာ မင်းကိုငါသိတယ်။ ပြည်နယ်ငါးဆယ်မှာ ပထမအဆင့်ရှိတဲ့ ကလေးပညာရှင်တစ်ယောက် ရှိတယ်ဆိုတာ ငါသိတယ်... သူက အလွန်ထက်မြက်တယ်... မင်းသေတာကိုလည်း ငါသိတယ် နောက်တော့ မင်းရှင်ပြန်ထမြောက်ပြီး ဒီနွေဦးစာမေးပွဲမှာ ပါဝင်ခွင့်ရခဲ့တာကို ကြားတော့ ငါတွေ့ချင်လာတယ်။ နတ်ဘုရားက မင်းကို ထူးထူးခြားခြား ပေးစွမ်းနိုင်တယ် ဆိုတော့ မင်းကိုတွေ့ချင်တယ် ဒါပေမယ့် မင်းငါ့ကို ကယ်တင်ပြီးနောက်ပိုင်း ငါမင်းနဲ့ ယှဥ်ပြိုင်ဖို့ အကြံမရှိတော့ဘူး...."

"ကျန်းမိသားစုရဲ့ မျိုးဆက်သစ် အမွေဆက်ခံသူအနေနဲ့ အနာဂတ်မှာ မျိုးနွယ်စုကို ငါ သေချာပေါက် ချုပ်ကိုင်ထားမယ်။ ကျန်းမိသားစုရဲ့ အကျိုးစီးပွားအတွက် စဉ်းစားရမှာ ဖြစ်ပြီး မင်းနဲ့ ရန်ငြိုး ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာတတ် စိတ်ဓာတ် ရှိနေသေးလို့ မင်းရဲ့ ကယ်တင်ခြင်းအတွက် မင်းကို နည်းနည်းလေး ပြန်ဆပ်တာ... အဲဒီဟာက ငါ့ကျေးဇူးရဲ့ သင်္ကေတလည်း ဖြစ်တယ်"

"အနာဂတ်မှာ မင်းရဲ့ရန်သူ ဖြစ်လာရင် အဲ့ဒီအချိန်မျိုးမှာ မင်း ငါနဲ့ တာအိုနှလုံးသားကို ကယ်တင်ခဲ့တဲ့အတွက် ဆိုပြီး ငါဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး ဆိုတာကိုလည်း မင်း သတိရနေရမယ်...."

သူက ဦးညွှတ်လိုက်သည်။ ချန်ရှီ နှုတ်ခွန်းဆက်စကား ပြန်ပြောပြီး မတ်တပ်ထရပ်လိုက်တော့ ကျန်းယိုးက လှည့်ပြီး ထွက်သွားပြီ။ ချန်ရှီလည်း သူ ထွက်သွားတာကို ကြည့်ပြီး ဟေးကော်ဘက် လှည့်ပြောလိုက်သည်။

"ဟေးကော်... ဒီကောင်က စိတ်ဝင်စားဖို့ကောင်းတယ် သခင်​လေးကို သတ်ဖို့ နန်းတော်ကိုးခုဆီ ပညာတော်သင်တွေကို လိုက်ပို့တဲ့ အခါတုန်းကလည်း သူက ငါ့နောက်မှာ ရပ်နေတာ... မြင့်မြတ်တဲ့ မိသားစုထဲက သားသမီးတွေထဲမှာ လီထျန်းချင်ကလွဲရင် လူကောင်းတွေ ရှိသေးတာပဲ ဟေးကော် အဲဒီကို သွားကြည့်ရအောင်..."

သူ စိတ်ဝင်စားလာပြီး ဟေးကော်နဲ့အတူ ဟန့်လင်ကျောင်းတော်ကို ချက်ချင်း သွားခဲ့သည်။ သို့သော် ဟန့်လင်ကျောင်းတော်ကို ရောက်ပြီးနောက် ကျွမ်းဝူကျို့ကို ရှာမတွေ့သဖြင့် ချန်ရှီ အံ့သြသွားသည်။ ထိုအချိန်တွင် ဟေးကော်က မြေပြင်ကို စိုက်ကြည့်ကာ နှစ်ကြိမ်ဟောင်သည်။

"ကျွမ်းဝူကျို့က မရဏကမ္ဘာမှာ ရှိနေတာပဲ သူဘာလုပ်နေတာလဲ"

ချန်ရှီ အံ့သြသွားသည်။ ဟေးကော် ခေတ္တရပ်လိုက်ပြီး အေးစက်တဲ့ လေက ရုတ်တရက် ဝင်ရောက်လာကာ သူ့ကို မရဏကမ္ဘာထဲကို ခေါ်ဆောင်သွားပါတော့သည်။

All Chapters