← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

နောက်ရက်များတွင်တော့ ချန်အန်တယောက်မ စားမသောက် နေခဲ့သည်။ သူက အိပ်ပင်မအိပ် ခဲ့ပဲ ရတနာခန်းမအတွင်း ဝင်ရောက်နိုင်ရန်အတွ က် ၂၄နာရီပတ်လုံး အစွမ်းကုန် ကြိုးစားနေခဲ့သ ည် မဟုတ်လော။

ထိုရက်များ၌ ဇနီးများကလည်း သိတတ်စွာဖြင့် နှောင့်ယှက်ခြင်း မပြုပဲ ထိုပုံစံဖြင့် ၂ရက်တိတိ ကုန်ဆုံးသွားခဲ့သည်။ ယနေ့မနက်မှာတော့ တံခါ ဖွင့်သံတခု ထွက်ပေါ်လာပြီး ဆေးဖော်စပ်ခန်းရဲ့ တံခါးက ပွင့်ဟလာသည်။ ထိုအရာကိုဇနီးများ မြင်လျင် အပြေးအလွှားရောက်လာကြတော့သ ည်။

ချန်အန်၏ နွမ်းနယ်နေသည့် အမူအရာကိုကြည့် ၍ ဂုဏ်ပြုစကားဆိုကြသည်။

“ဂုဏ်ယူပါတယ် ယောက်ျား”

“ယောက်ျား ငါတို့အောင်ပွဲခံရင်ကောင်းမလား”

“ယောက်ကျားနင် ဗိုက်ဆာနေရော့မယ် အခုချ က်ချင်း ပြင်ပေးမယ်လေ”

“ယောက်ကျား ရေအရင်ချိုးမလား”

သူမတို့က ရက်အနည်းငယ်ကြာသည်ကိုပင် နှစ် ပေါင်းများစွာ ကြာမြင့်သည့်နှယ် ခံစားနေရပြီး ချန်အန်ကို အပြိုင်အဆိုင်ပြုစုယုယပေးနိုင်ရန် ကြိုးစားလာကြသည်။ ချန်အန်တယောက် နွေး ထွေးမှုကို ခံစားလိုက်ရစဥ် သေးငယ်သည့်အသံ လေးတခုက ကြားဖြတ်ဝင်လာသည်။

“ဖေဖေ…..ချီ”

ချန်အန်က သူ့ခြေထောက်ကိုဆွဲကိုင်၍ တောင်း ဆိုနေသည့် ချန်ယုကျန်းအား ကောက်ချီကာမို့ ဖောင်းနေသည့် ပါးပြင်နုနုလေးများအား မွှေး ကြူလိုက်သည်။

“ဖေဖေတို့ ရက်အတော်ကြာမတွေ့တာ လွမ်းနေ ပြီလား သမီးလေး”

“ဟုတ်.. ဖေဖေ့ကိုအရမ်းလွမ်း”

ချန်ယုကျန်းလေးက လုံးဝဟန်ဆောင်နေခြင်းမ ဟုတ်ပဲ အရိုးခံတိုင်း ပြောနေခြင်းဖြစ်သည်။ သူ မအဖေဖြစ်သူ မရှိချိနိ၌ မိခင်ဖြစ်သူ၏ ရိုးရာအ စဥ်အလာထိန်းသိမ်းနည်းများ သင်ယူနေရသည် မှာ သူမအတွက်တော့ နှိပ်စက်ခံနေရခြင်းနဲ့ပင် တူနေသည်။

သူမက တနှစ်ကျော်သာရှိသေးပြီး ဆော့ကစား ချင်စိတ်သာ ရှိပေသည်။

“ယောက်ျား ဆေးဖော်စပ်ခန်းထဲ ရက်အချို့နေ ထားရတော့ ပင်ပန်းနေမယ် ယောက်ကျားအတွ က်မိန်းမက ချိုးရေပြင်လိုက်ပါ့မယ်”

ဆောင်ဟွာယင်းရဲ့ မျက်လုံးအစုံက စိတ်အားတ က်ကြွမှုများနဲ့ တလက်လက်တောက်ပနေသည်။ ထိုသို့ပြောပြီးနောက် မီးဖိုချောင်သို့ အလျင်အ မြန်ဝင်ရောက်သွားတော့သည်။ ချန်အန်က သူမ ရဲ့စိတ်ကို နားလည်နေပြီး သူ့ကိုအလိုရှိနေပုံရသ ည်။

ချန်အန်က အချိန်မဆွဲတော့ပဲ သစ်သားရေစည် အတွင်း ဝင်ရောက်လိုက်ပြီး ပူနွေးသည်ချိုးရေ ကိုခံစားရင်း ဆောင်းဟွာယင်း၏ ကျောပြင်နုနု လေးအား ပွတ်သပ်ကာ မေးလိုက်သည်။

“ယင်းအာ နည်းလမ်းသုံးမျိုး လေ့လာထားလား”

“ယောက်ျား ယင်းအာကအရည်အချင်းနိမ့်ပါးပါ တယ်အခုထိ တအုပ်ကိုတောင် မကျေညက်သေ ပါဘူး”

ဆောင်ဟွာယင်း၏ လေသံက စိတ်ဓာတ်ကျနေ ပုံပေါ်ပြီး သူမကိုယ်သူမလည်း အပြစ်တင်လို ဟန်ရှိသည်။ ချန်အန်က နှစ်သိမ့်ပေးသည်။

“အလျင်လိုစရာမလိုပါဘူး ကျင့်ကြံရေးလမ်းစ ဥ်ဆိုတာ တဆင့်ပြီးတဆင့် သွားရတာမျိုးပါ ပ ထမဆင့်တွေကို ယင်းအာကျွမ်းကျင်သွားရင် နောက်ထပ်အဆင့်တွေ သင်ပေးပါ့မယ်”

“ယောက်ျား ယင်းအာမစောင့်နိုင်တော့ဘူး အခု ပဲသင်ပေးပါတော့”

ဆောင်ဟွာယင်းရဲ့ လေသံက ပြောင်းလဲသွားသ ည်။ ချန်အန်က ဇနီးဖြစ်သူ၏ တောက်လောင် နေသည့် မျက်ဝန်းအစုံအား ကြည့်၍ သူမသည် ရိုးသားဖြူစင်သည့် ဇနီးမဟုတ်တော့ပဲ တပ်မ က်စိတ်များနေသည့် တကယ့်အိမ်ထောင်သည် စစ်စစ် ဖြစ်သွားမှန်း သိလိုက်သည်။ သူမကိုအ မြဲနုပျိုနေစေရန် ရတနာခန်းမမှ အလှတရားထိ န်းသိမ်းတဲ့ ဆေးလုံးအား ရယူရန်လိုအပ်သည်။

“ယောက်ျား”

ချန်အန်တယောက် မတုန်မလှုပ်ဖြစ်နေသည်ကို မြင်လျင် ဆောင်ဟွာယင်းက နှုတ်ခမ်းပါးအား ကိုက်ရင်း ခေါ်လိုက်သည်။ ထိုအခိုက်အတန့်၌ ချန်အန်က မည်သည့်အရာကိုမှ မစဥ်းစားတော့ ဘဲ အလိုက်သိလွန်းသည့် ဇနီးကိုသာပြုစုပေးရ န် ဆုံးဖြတ်လိုက်ပြီး ရင်ခွင်ထဲဆွဲဖက်လိုက်သ ည်။

သူမရဲ့အလှတရားက အချိန်ကြာကြာ တည်မြဲ နေမတဲ့လား။ သဘာဝတရားသည် လူတိုင်းအ ပေါ်ဖိနှိပ်ထားပြီး မည်သူမှလွန်ဆန်နိုင်ခြင်းမရှိ ချေ။

အချိန်ခဏ ကြာပြီးနောက် ရေချိုးခန်းမှအတူပြ န်ထွက်လာချိန်တွင် ဂူရှန်းယုက အစားအသော က်များ ပြင်ဆင်ပြီးနေလေပြီ။ ထမင်းစားသော က်ပြီးနောက် ချန်အန်က ဇနီး၃ဦးကို မျှတစွာဆ က်ဆံပြီး နှစ်သိမ့်လိုက်သည်။ ချန်အန်က မနက် ခင်းမှ နေ့လည်အထိ ဇနီးများရဲ့လယ်ကွက်များ အား ထွန်ယက်ခြင်းကြောင့် အခန်းတခုလုံးလဲ အနံ့သက်များ မွှန်ထူနေခဲ့သည်။

နာရီအနည်းငယ်ကြာလျင် ချန်အန်တယောက် အခန်းထဲမှထွက်ကာ ရတနာခန်းမအတွင်းဝင် ရောက်သည့် ကိစ္စအားစုံစမ်းရန် စျေးသို့ထွက် လာခဲ့သည်။ လမ်းက မိုးရေများကြောင့်စိုစွတ် နေပြီး ဘဝလုံခြုံရေးအတွက် အကာကွယ်တော င်းခံနေကြသည့် မိန်းမများကို ချန်အန်တွေ့လိုက် ရသည်။

သူတို့က တိုက်ပွဲမြေပြင်၌ သေဆုံးသွားကြသ ည့် ကျင့်ကြံသူများ၏ ဇနီးများဖြစ်ကာ မကြာ ခင်ကပင် သံနက်ဂိုဏ်းနဲ့ ဝါးရွက်ဂိုဏ်းကြားတို က်ပွဲက ပို၍ ပြင်းထန်လာသည်။ သေဆုံးအရေ တွက် တိုးလာသကဲ့သို့ ဝါးရွက်အိမ်ရာတွင်လဲ မု ဆိုးမများ တိုးလာသည်။

ယခင်က ဇနီးတဥိးပင် မရှိသည့် ကျင့်ကြံသူမျာ က ယခုတော့ ဇနီးလေးငါးခြောက်ဦးထိ ပိုင်ဆိုင် လာကြသည်။ ၎င်းတို့အတွက် များစွာလိုအပ်ချ က်မရှိပဲ အစားအစာနဲ့ နေရာထိုင်ခင်းသာပေးအ ပ်ရန် လိုသည်။

တိုက်ပွဲကြီးမဖြစ်ခင်က အနှီမိန်းမများမှာ ဂျေး များခဲ့ကြပြီး ရုပ်မချောပါက လက်မထပ်လိုပေ ထိုသူက ဆေးပညာရှင် ဒါမှမဟုတ်အခြားပညာ ရှင်တဦးဦး မဟုတ်ပါကလည်း မရွေးချယ်ပေ။

အမျိုးသားကျင့်ကြံသူကသာ နိမ့်ပါးနေပါက ဇနီးရှာဖွေရခြင်းကပင် အလွန်ခက်ခဲခဲ့ရသည်။ အခုတော့ ကစားပွဲက အလှည့်ပြောင်းသွားလေ ပြီ။ ယခင်ကမာနကြီးတဲ့ နတ်ဘုရားမများမှာယ ခု သူမတို့ကိုခေါ်ဆောင်ပေးရန် အောက်ကျို့နေ ရတော့သည်။

ချန်အန်တယောက် သက်ပြင်းချလိုက်သည်။ အိမ်၌ ဇနီး၃ဦးရှိထားပြီး ရုပ်ရည်အရလည်းသာ လွန်နေခြင်းမရှိပါက ယခုချိန်ဆိုလျင် ဇနီးတဦး အတွက် သူလည်းလမ်းပေါ်တက်၍ ရှာဖွေနေရ တော့မည်မဟုတ်လား။

အတွေးများဖြင့်လုံးပန်းရင်း စျေးသို့မသိမသာ ဖြင့်ရောက်သွားတော့သည်။ ထိုအချိန်၌ မီတာ ရာဂဏန်းမျှသာဝေးတဲ့ အိမ်တခုမှ အမျိုးသမီး တဦး၏ ရုန်းကန်သံကိုကြားလိုက်ရသည်။

“နင်ငါ့ကိုအခုလွှတ်စမ်း”

“ရုန်းမနေစမ်းပါနဲ့ မင်းယောက်ကျားကတိုက်ပွဲ ကနေပြန်မလာတာ တလကျော်ပြီမဟုတ်လား မင်းလည်းအထီးကျန်နေမှာပေါ့ ငါကမင်းယော က်ျားရဲ့ အချစ်ဆုံးသူငယ်ချင်းပါ ငါမင်းကိုအ ဖော်ပြုပေးပါ့မယ်”

“ငါ့ကိုအခုလွှတ်လိုက် မဟုတ်ရင်အော်ဟစ်အကူ ညီတောင်းလိုက်မယ်”

“အော်မလို့လား မင်းအိမ်ကအဝေးကြီးမှာရှိနေ တာလေ ဒီအနီးနားမှာဘာအိမ်နီးချင်းမှမရှိဘူး မင်းဘယ်သူ့ကို အော်ခေါ်ဖို့လဲ”

“ချူဟောင်လုံ နင်ငါ့ကိုထိရဲရင် ငါ့ယောက်ျား ပြန်လာတဲ့အချိန် သေချာပေါက် ပြင်းပြင်းထန် ထန်ပြန်ခံစားစေရမယ်”

“ဟားးးး မင်းယောက်ကျားပြန်လာချိန် မင်းက ဗိုက်ကြီးနေရင်ကော အကျိုးဆက်ကိုဘယ်သူ ခံစားရမယ်လို့ထင်လဲ”

“ ခွေးကောင် ချူဟောင်လုံ”

“ဖတ်!”

“ငါက အခွင့်အရေးပေးနေတာကို ရုန်းကန်နေတ ယ်ပေါ့ မင်းဆက်ပြီးရုန်းနေရင် ငါလည်းမင်းကို ထပ်ထိုးမယ် ဘယ်လောက်ရုန်းနိုင်မလဲ ကြည့်ရ သေးတာပေါ့”

အပြင်းအထန် ရုန်းကန်သံများကိုကြားတော့ ချ န်အန်တယောက် မျက်မှောက်ကြုတ်လိုက်သည် ဒီလောကဆိုးကြီး၌ သူတော်ကောင်းတရားလ က်ကိုင်ထား၍ မရပေ။ သို့သော်လည်း သိမြင် နေသည့်မတရားမှုအားလည်း လျစ်လျူရှုခြင်း ငှာ မစွမ်းသာပေ။

ထိုစဥ် ခြေသံများကြားလိုက်ရပြီး ကြည့်လိုက်စ ဥ်မှာတော့ ဆံပင်အားမြင်းမြီးပုံစံကျစ်ထားပြီး ရဲရင့်သည့်အသွင်ပြင်ဖြင့် သူမအားတွေ့လိုက်ရ သည်။ တခြားသူမဟုတ်ပေ။ ရတနာခန်းမအား စောင့်ရှောက်ပေးရသည့် ရွှမ်းဟွမ်ဂိုဏ်း၏ အ ဓိကတပည့်မ ဖြစ်နေသည်။

ထိုအချိန် သူမက အိမ်လေးရှိရာကို လျှပ်စီးလ က်သည့်နှယ် ပြေးသွားခဲ့သည်။ ထိုအရာကိုမြင် တော့ ချန်အန်တယောက် ဆက်မတွေးတော့ပေ သူမအနောက်မှ ပြေးလိုက်သွားပြီး တည်ဆော က်ရေးအဆင့်ရှိ သူမရှိနေလျင် အခြားတွေးစရာ မလိုဟု သူထင်သည်။ ဆိုးယုတ်သည့်လောကမှ ဆိုးယုတ်သည့် လူများကိုအပြစ်ပေးရပေမည်။

…………………………………………………

All Chapters