← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

“အပျက်မ ဟန်ဆောင်မနေစမ်းနဲ့”

ချန်အန်နဲ့ အဓိကတပည့်အမျိုးသမီးတို့ အိမ်ထဲ ရောက်သွားချိန်၌ ဆဲဆိုသံများကို ကြားလိုက်ရ သည်။ အဓိကတပည့်က တံခါးကိုပြင်းထန်စွာ ကန်ကျောက်ပြီး စူးရှနေသည့်မျက်ဝန်းအစုံဖြင့် အိမ်ထဲ လှမ်းဝင်သွားသည်။

ချန်အန်ကတော့ မည်သည့်စကားမှမပြောပဲ သူ မအနောက်မှ တိတ်တဆိတ်လိုက်ပါသွားသည်။

“ဘယ်သူလဲကွ”

အခန်းထဲမှ အထိတ်တလန့် အသံနဲ့အတူအကူ ညီတောင်းသံပါ ထွက်ပေါ်လာသည်။

“ကယ်ကြပါ ​ကယ်ကြပါဦး ဒီမကောင်းဆိုးဝါး သားရဲကောင်က ကျမကို မုဒိန်းကျင့်နေလို့ပါ”

ချန်အန် အခန်းထဲကိုကြည့်လိုက်လျင် အရပ်ရှ ည်ရှည် ရင်ဘတ်ဗလာဖြစ်နေတဲ့ ကျင့်ကြံသူအ မျိုးသားနဲ့ အဝတ်အစားများစုတ်ပြ၌နေသည့် ချောမောလှပသည့် အမျိုးသမီးကျင့်ကြံသူတစ် ဦးတို့ကို တွေ့လိုက်ရသည်။

“နင်က ခွေးတွေဝက်တွေထက် ပိုဆိုးတာပဲ”

အဓိကတပည့်မှ တင်းမာစွာပြောလိုက်သည်။ ဖြ စ်ပျက်သည့် မည်သည့်အရာကိုမှ မေးမြန်းခြင်း မပြုတော့ဘဲ ထိုမုဒိန်းကောင်အား ရိုက်နှက်ရန် အနားကပ်လိုက်သည်။ ခဏကြာလျင် ထွားကြို င်းသန်မာတဲ့ အမျိုးသားမှာ သေးသွယ်လှပတဲ့ ခြေထောက်အစုံ၏ ကန်ချက်ကြောင့် လွင့်ပျံနေ ပြီး မြေပေါ်လွင့်ကျသွားရသည်။

“ငါမှားပါတယ် ငါ့အမှားပါ ကျင့်ကြံသူ ကျေးဇူး ပြုပြီး ခွင့်လွတ်ပေးပါဦး”

ထိုသူက နာကျင်မှုကိုတောင့်ခံရင်း အဓိကတပ ည့်ခံ အသနားခံနေလေသည်။ လက်ရှိကာလ၌ ပြစ်မှုကျူးလွန်ပါက တိုက်ပွဲမြေပြင်အားပို့တတ် သည်ကို ထိုသူသိရှိထားပြီး ယခုအဖြစ်ပျက်မျာ လုပ်ဆောင်ရဲရသည့် အကြောင်းက ဤအမျိုး သမီးရဲ့အိမ်က တခြားအိမ်များနဲ့ သိသာစွာဝေး ကွာနေသောကြောင့် ဖြစ်သည်။

ယခုတော့ ထိုသို့မဟုတ်တော့ပေ။ သူ့ကိုသာဖမ်း ဆီး၍ ဥပဒေစိုးမိုးရေးခန်းမကိုသာ ပို့ဆောင်လို က်ပါက သေချာပေါက် တိုက်ပွဲမြေပြင်ကိုသွား ရတော့မည်မဟုတ်လော။ အဓိကတပည့်က ထို သူကိုလျစ်လျူရှုလိုက်ပြီး တဖက်မှအမျိုးသမီး အား မေးလိုက်သည်။

“ကေျးဇူးပြုပြီး အကြောင်းစုံပြောပါ”

ထိုမေးခွန်းကိုကြားတဲ့အခါမှာတော့ အဆိုပါမ တရားကျင့်ကြံခံရတော့မည့် အမျိုးသမီးက

“ကေျးဇူးရှင်ကြီး သူက မကောင်းဆိုးဝါးပါ အ ရင်က ငါ့ယောက်ကျားနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ ပြီး အိမ်ငှားခမပေးနိုင်လို့ ငါ့ယောက်ကျားတိုက် ပွဲမြေပြင်ကိုသွားနေရတဲ့ အချိန်မှာငါ့ကိုနေ့တိုင်း နှောင့်ယှက်ခဲ့တယ် နောက်ဆုံး အခုလိုအတင်း အဓမ္မ လုပ်တော့တာပါပဲ”

ထိုအမျိုးသမီးက ရှက်ရွံစွာဖြင့် အကြောင်းစုံ ရှင်းပြနေလေသည်။ အဓိကတပည့်မှ အမျိုး သားဖြစ်သူကို တချက်ကြည့်လိုက်ရင်း တဖက် သူမှ မငြင်းဆန်နေသည်ကို သတိပြုမိလိုက်သ ည်။

“ဆရာသခင် ငါတို့ဆွေးနွေးလို့ရပါတယ် ငါက အဆောင်စီရင်ပညာရှင်ပါ ငါ့ကိုဥပဒေစိုးမိုးရေး ခန်းမကိုမပို့သရွေ့ ဝိဉာဥ်ကျောက်တုံးတွေပေး ပါ့မယ်”

အဓိကတပည့်၏ ပြတ်သားတဲ့အမူအရာကို သ တိပြုမိတဲ့ အခါမှာတော့ ထိုအမျိုးသားကအသ ည်းအသန် တောင်းပန်တော့သည်။ အဆောင်ဆ ရာတဦးအနေဖြင့် အနာဂတ်မှာ တောက်ပနေပြီး တိုက်ပွဲ၌ အလဟဿ မသေဆုံးချင်ပေ။

“နင့်ကို ဥပဒေစိုးမိုးရေးခန်းမဆီ မပို့စေချင်ဘူး ပေါ့”

သူမက တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်တယ်။ ဝိဉာဥ်ကျောက်တုံးများ၏ သွေးဆောင်ခံလိုက်ရ ပြီဟု တဖက်လူအထင်မှားသွားသည်။ သူကပြုံ ၍ ပြောလိုက်သည်။

“ဟုတ်ပါတယ် မင်းက ငါ့ကိုခန်းမဆီမပို့သရွေ့ မင်းလိုအပ်တာမှန်သမျှ ရနိုင်ပါတယ်”

“ဟုတ်လား… သြော်”

အဓိကတပည့်မှ လက်ထဲရှိဓားအား လျပ်တပြ တ်ဝေ့ယမ်းလိုက်ရင်း ထိုသူရဲ့လည်ပင်းအားခု တ်ပိုင်းလိုက်သည်။ ထို့နောက် ခံစားချက်မဲ့နေ သည့် လေသံဖြင့်

“ငါဘာမှ မလိုချင်ဘူး ငါလိုချင်တာနင့်အသက် ပဲ”

“မင်း…..မင်း”

ထိုသူမှာ တစုံတခုပြောရန် ပြင်နေသော်လည်း အဆုံးသတ်မှာတော့ လည်ချောင်းမှသွေးများအ ဆက်မပြတ်ပန်းထွက်နေခဲ့၍ စကားလုံးများပီပီ ပြင်ပြင် မထွက်လာတော့ပေ။ စက္ကန့်အနည်းင ယ်အကြာ၌ မြေပေါ်လဲကျသွားတော့သည်။

ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ချန်အန်တယောက် မှင်သက်နေသည်။ ဒီတိုင်း သတ်ပစ်လိုက်တာပဲ လား။ ချီစု​ဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ် ဦးကို သတ်ဖြတ်ခြင်းက ရိုးရှင်းလွန်းနေသည်။ ခဏကြာလျင် အိမ်ထဲမှအမျိုးသမီးက အထိတ် တလန့် သတိပေးလာသည်။

“ ကျေးဇူးရှင် အမြန်ထွက်သွားပါ နောက်ဆက် တွဲကို ကျမပဲတာဝန်ယူပါ့မယ်”

“ရတယ် ကိစ္စမရှိဘူး”

အဓိကတပည့်က မတုန်မလှုပ်ဟန်ဖြင့်ပြောရင်း ဓားပေါ်မှသွေးများအား ခါထုတ်လိုက်သည်။

“အဓိကနယ်မြေကလူကို သတ်တာကအရမ်းအ ပြစ်ကြီးပါတယ် ကျေးဇူးရှင် အခုကအရင်ကလို မဟုတ်တော့ပါဘူး ကျေးဇူးပြုပြီး အမြန်သာထွ က်သွားပါတော့”

အဓိကတပည့်မှာ မည်သည့်စကားမှမဆိုပဲ မြေ ပေါ်လဲကျနေသည့် အမျိုးသားရဲ့ခြေထောက်မှ ဆွဲကိုင်ကာ အပြင်ကိုထွက်သွားတော့သည်။

“ ကျေးဇူးရှင် အဲ့လိုမလုပ်ပါနဲ့ ဒုက္ခရောက်လိမ့် မယ်”

“ဒီနေရာတဝိုက်မှာ ဘယ်သူမှငါ့ကိုမသတ်နိုင်ပါ ဘူး”

အဓိကတပည့်က ထိုသို့ပြောရင်း အလောင်းကို သစ်ပင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက်ဓား ဖြင့် သစ်ပင်ရဲ့ပင်စည်မှာ စာရေးထိုးလိုက်သည်

“မိတ်ဆွေရဲ့ ဇနီးမယားကိုပစ်မှားခဲ့မိ၍ သူက သေထိုက်သည်”

အဆိုပါအရာများပြုလုပ်ပြီးနောက် ရှန်းချင်းရီမှ ထွက်ခွာသွားတော့သည်။ သူမရဲ့ပုံစံက မည်သ ည့်အရာကိုမှ ဂရုစိုက်သည့်ဟန် မရှိနေပါဘဲ တ ကယ့်ကိုရဲရင့်တဲ့ ကျားရိုင်းမလေးအသွင်ဆောင် ပေသည်။ ချန်အန်က သူမရဲ့နောက်ကျောပြင် ကိုကြည့်၍ သက်ပြင်းတချက်ချလိုက်ကာ စျေး သို့သွားရန် ပြင်လိုက်သည်။

ရတနာခန်းမအနား ရောက်ခါနီးတွင် ရှေ့မှသွား နေသည့် ရှန်းချင်းရီက ရုတ်တရက်လှည့်၍မေး လာသည်။

“ဒီက ကျင့်ကြံသူ ဘာလို့ကျမနောက်လိုက်နေခဲ့ တာလဲ”

ချန်အန်က ပြုံး၍ ဖြေလိုက်သည်။

“ကျင့်ကြံသူ အထင်မလွဲပါနဲ့ ငါတို့ကတူညီတဲ့ လမ်းကြောင်းပေါ်ရောက်နေလို့ပါ ငါလည်းရတ နာခန်းမကိုလာတာပါ”

“ဟုတ်လား”

သူမက ခေါင်းညိတ်ပြီး မည်သည့်အပိုစကားမှ မဆိုတော့ပေ။ သူမက ချန်အန်ရဲ့စကားကိုယုံသ ည်။ ယခင်အကြိမ်အနည်း တွေ့ဆုံစဥ်၌ ချန်အန် ကိုသတိပြုမိထားသည် မဟုတ်လော။ ချန်အန် ကရတနာခန်းမထဲ နှေးကွေးစွာဝင်ရင်း ပျောက် ကွယ်သွားသည့် နောက်ကျောပြင်အား အဆုံး ထိငေးကြည့်နေခဲ့သည်။

ပြီးနောက်…

“ဆိုင်ရှင်လျှူ ရွှမ်းဟွမ်ဂိုဏ်းရဲ့ အဓိကတပည့် အကြောင်းဘယ်လောက် သိထားလဲ”

“ဆေးဆရာချန် မင်းသူမကိုစိတ်ဝင်စားနေတာ လား”

ချန်အန်က မငြင်းလိုက်ပေ။ ရှန်းချင်းရီက တစုံ တဦးအား မကြာသေးခင်ကပင် သတ်ပစ်ခဲ့ကြေ င်း ဆိုင်ရှင်အား အကြောင်းစုံရှင်းပြနေခဲ့ပြီး ဆို င်ရှင်ကတော့ ထိုအရာတွက် အံ့သြမနေခဲ့ပေ။

ထို့နောက် ရှန်းချင်းရီ၏ အတိတ်ကြောင်းအား ပြောပြတော့သည်။ သူမရဲ့အကြောင်းအား ဖော် ပြရန် စကားလုံးအနည်းငယ်သာ လိုသည်​။ ထို အရာက “အမုန်းတရား” ဟူ၍ဖြစ်သည်။

ရှန်းချင်းရီ နေထိုင်သည့်တလအတွင်း ဝါးရွက်ဂို ဏ်းမှ ဆယ်ဦးထက်မနည်းသေဆုံး သွားခဲ့ရပြီး ထိုသူများအားလုံးမှာ မကောင်းသည့်လူဆိုးများ ပင်ဖြစ်သည်။ ပြစ်မှုမှာ သေးသေးကြီးကြီး သူမ ကတော့သတ်ပစ်သည်။

“အဲ့လောက်ပြင်းထန်တာလား”

ချန်အန်တယောက် မထိန်းချုပ်နိုင်စွာပဲ ရုတ်တ ရက်နောက်ပြန် ဆုတ်လိုက်မိသည်။ အစကရှန် ချင်းရီကို လိုချင်သော်လည်း ဆိုင်ရှင်ရဲ့စကား အရခက်ခဲမည် ဟုခံစားလိုက်ရသည်။ သူက အ ဆိုပါအမျိုးသမီးကို မနှောင့်ယှက်ရဲပေ။

“ဆေးဆရာချန် ဒီနေ့ဆေးသေတ္တာပါမလာဘူးပဲ ဒီကနေတခုခုဝယ်မလို့လား”

ချန်အန်က ဆိုင်ရှင်ရဲ့အမေးကိုပြုံး၍ ဖြေလိုက် သည်။

“ဆိုင်ရှင်လျှူ ရတနာခန်းမထဲ ဝင်လို့ရမလား မေးချင်ပါတယ်”

“မင်းက ဒုတိယအဆင့်ကို ရောက်သွားပြ်ီပေါ့”

“ဟုတ်တယ် ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ ကံ ကောင်းပြီး ကျော်ဖြတ်သွားနိုင်ခဲ့တယ်”

“အို.. ကောင်းကင်ဘုံ”

ဆိုင်ရှင်လျှူရဲ့ အမူအရာက လုံးဝမှင်သက်သွား ခဲ့သည်။ ဝါးရွက်အိမ်ရာလေးက ဒုတိယအဆင့် ဆေးပညာရှင်ကို မွေးထုတ်ပေးနိုင်တယ်တဲ့လား တကယ့်ကို ဟာသတခုလိုပင်။

………………………………………………….

All Chapters