လူတယောက် ဓားတချက်
Vol. 8 Ch. 73
ဆိုင်ရှင်လျှူက ချန်အန်ကို မှင်သက်တဲ့ပုံစံနဲ့ငေး ကြည့်နေတယ်။ ဝါးရွက်အိမ်ရာလို စွန့်ပစ်နယ် မြေသေးသေးလေးမှာ ဒုတိယအဆင့်ဆေးပညာ ရှင် ပေါ်ထွက်လာတယ်တဲ့လား။ ဒါမဖြစ်နိုင်ဘူး မဟုတ်လား။ ဆိုင်ရှင်လျှူက မယုံကြည်ဟန်ဖြ င့် မေးလိုက်သည်။
“ဆေးဆရာချန် မင်းအမှန်ပြောနေတာလား”
“လုံးဝ မှန်ပါတယ်”
ချန်အန်က အတိအလင်း ဝန်ခံလိုက်တယ်။ သူက လက်ချောင်းကိုမြှောက်ပြချိန်၌ လက်ချောင်းထိပ်မှာ ဆေးမီးတောက်တခုထွက် ပေါ်နေပြီး ထိုအရာက ဒုတိယအဆင့်ဆေးပညာ ရှင်တွေမှသာ ပြုလုပ်နိုင်ပေတယ်။
ဆိုင်ရှင်လျှူက ချန်အန်ကိုကြည့်ရင်း လေးစားမိ သွားခဲ့တယ်။
“ဒုတိယအဆင့် ဆေးပညာရှင်ဖြစ်သွားလို့ ဂုဏ် ပြုပါတယ်ဆေးဆရာချန် မင်းရဲ့အနာဂတ်ကအ နှိုင်းမဲ့ တောက်ပနေတော့မှာပဲ ဒီပုံစံအတိုင်းဆို မကြာခင် တတိယအဆင့်ကိုလည်း ဖြတ်သန်းနို င်လိမ့်မယ်”
“မင်းရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ပါ တယ်”
ချန်အန်က ပြုံး၍ ပြောလိုက်တယ်။ စကားအန ည်းငယ် အပြန်အလှန်ပြောဆိုရင်း
“ဆေးဆရာချန် ရတနာခန်းမထဲ ဝင်ချင်နေတာ လား”
“ဟုတ်တယ်”
“ရတနာခန်းမထဲဝင်ချင်တယ်ဆိုရင် ဒုတိယအ ဆင့်က အခြေခံလိုအပ်ချက် ဆိုပေမယ့်အခြား အထွေထွေလိုအပ်ချက်အချို့ ရှိနေသေးတယ်”
“ငါသိပ်မသိထားလို့ ရှင်းပြပေးပါဦး”
“ငါက ရတနာခန်းမရဲ့ အောက်ခြေဝန်ထမ်းလေး ဆိုတော့ သိပ်အများကြီးပြောပြနိုင်မှာမဟုတ်ပါ ဘူး”
“ဒါဆို ငါဘာလုပ်ရမလဲ”
“ရတနာခန်းမက နှစ်ဝက်ပြည့်တိုင်း စာ
ရင်းစစ် တဦး စေလွှတ်တတ်တယ် အဲ့အချိန်မှာ ဆေးဆရာချန်က အဲ့စာရင်းစစ်နဲ့တွေ့ဆုံခဲ့နိုင်ရင် အခွင့်အလမ်းရလိမ့်မယ်ထင်တယ် စာရင်းစစ် က ဆေးဆရာချန်ကို ထောက်ပံ့ပေးမှာပါ”
“ခြောက်လတကြိမ်လား”
ချန်အန်တယောက် မျက်မှောက်ကြုတ်လိုက်မိ တယ်။ ခနအကြာငြိမ်သက်ပြီးမှာတော့ ပြန်မေး လိုက်တယ်။
“ဒါဆို ဟိုလူဒီကိုလာဖို့ ဘယ်လောက်ထပ်စောင့် ရမှာလဲ”
“ဆေးဆရာချန် မင်းကံမဆိုးသေးပါဘူး နောက် တလခွဲဆို ရောက်လာတော့မှာပါ”
ဒါကိုကြားတော့ ချန်အန်လည်း သက်ပြင်းမော ကိုသာချလိုက်ရတယ်။ အကယ်၍ စာရင်းစစ်ဒီ ထက်ပိုကြာသွားပါက သူ့အတွက်အဆင်မပြေ တော့ပေ။ ဝါးရွက်ဂိုဏ်းက အရင်လိုမတည်ငြိမ် တော့ဘဲ ဂိုဏ်းနှစ်ခုတိုက်ပွဲ၌ သံနက်ဂိုဏ်းကအ ပြတ်အသတ် ဖိနှိပ်ထားတယ် မဟုတ်လား။ လာ မည့်တနှစ် ဒါမှမဟုတ် တနှစ်ခွဲကာလအတွင်း ဝါးရွက်ဂိုဏ်းနဲ့ ဝါးရွက်အိမ်ရာက ဖျက်စီးခံရကိ န်းရှိမရှိ အတပ်မပြောနိုင်ပေ။
ချန်အန်လည်း ရတနာခန်းမမှ အိမ်ကိုတန်း၍ပြ န်လာခဲ့တယ်။ တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်ချိ န်မှာတော့ ဇနီး၃ဦးက အတူတကွ ကဗျာရွတ်ဆို နေကြတယ်။ သူတို့က မိသားစုအတွင်းရွတ်ဆိုပွဲ လေးသာဖြစ်ပြီး ချန်အန်အချိန်အနည်းငယ်နား ထောင်ပြီးချိန်မှာတော့ သူမတို့ရဲ့အဆင့်ကသာမ န်ပဲဆိုတာကို သိလိုက်ရတယ်။ သူကတော့သူမ တို့ထက်ပို ညံ့တဲ့သူပါ။
ထိုအထဲကမှ တောက်ပသွားတဲ့သူကတော့ သမီးဖြစ်သူ ချန်ယုကျန်းလေး ဖြစ်နေတယ်။
“ကောင်းကင်ကြီးပေါ်၌ ငှက်တကောင်ရှိပြီးမြေ ကြီးပေါ်တွင် ပိုးကောင်တကောင်ရှိသည် ငှက်တို့ က ပျံတက်ကြပြီး ဘဝကလည်ပတ်နေသည်”
ချန်အန်တယောက် မှင်သက်သွားတယ်။ သူ့သမီးက အသက်တနှစ်ခွဲသာရှိသေးပြီး သူ့ ထက်သာလွန်တဲ့ ကဗျာအရည်အချင်းရှိနေတ ယ်မဟုတ်လား။ ချန်အန်ကို မြင်ရင်ပဲဆောင်ဟွာ ရင်းက လက်ကိုဆုပ်ကိုင်ပြီး အနားခေါ်လိုက်တ ယ်။ သူမက ချန်အန်ကိုပါဝင်လာဖို့ တောင်းဆို နေတာဖြစ်တယ်။ ချန်အန်အနေနဲ့ ဒီအခွင့်အရေ ကိုသေချာပေါက် လက်လွက်မခံခဲ့။
ယခင်ဘဝက အလွတ်ကျက် ကဗျာများစွာကို နှုတ်တိုက်ရေရွတ်ပြလိုက်ပြီး ဇနီးများရဲ့အထင် ကြီးလေးစားမှုတွေကို သိမ်းကြုံးရယူထားလိုက် တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ဆယ်ရက်ကု န်ဆုံးသွားလေပြီ။ ရတနာခန်းမရဲ့ စာရင်းစစ် လာရောက်မယ့်ရက်လည်း နီးနေပြီ။
ထိုနေ့မှာပဲ ချန်အန်တယောက် ဆေးဖော်စပ်ခန်း ထဲ ဆေစဖော်လို့ပြီးပြီးချင်း အခန်းအပြင်ဘက် က ဆောင်ဟွာရင်းရဲ့ အသံကိုကြားလိုက်ရတ ယ်။
“ယောက်ျား ယင်းအာ လေ့ကျင့်မှုအပိုင်းမှာအခ က်ခဲအချို့ရှိနေလို့ လမ်းညွှန်မှုနည်းနည်းလာယူ တာပါ”
“ရပါတယ် ဝင်ခဲ့လေ”
ခရက်ခ်
သူမက တံခါးကိုတွန်းဖွင့်ပြီး ဝင်လာတယ်။သူမ လက်ထဲမှာတော့ “ဘဝအာဟာရ အနုပညာ” ဆို တဲ့စာအုပ် တအုပ်ပါလာတယ်။ သူမက စာမျက် နှာတခုကို လှန်လိုက်ပြီး ဥပမာအနေနဲ့ထောက် ပြလာတယ်။
“ယောက်ျား ဒီပုံထဲကလူလို ခြေထောက်တွေဖြန့် ပြီးမျဥ်းဖြောင့်လို လိုက်မလုပ်နိုင်ဘူး အရမ်းနာ တယ်”
ချန်အန် သူမပြတဲ့ပုံကိုကြည့်ရင်း တဆက်တည် ရွေ့လျားတဲ့သဘောတရားလို့ ချက်ချင်းသိလို က်တယ်။ အရင်ဘဝက အကသမားလုပ်သူတိုင် ဒါကိုလုပ်နိုင်ပါတယ်။
“လာ ယင်းအာ ဘယ်လိုလုပ်ရမလဲ သင်ပြပေးမ ယ်”
“ကေျးဇူးတင်ပါတယ် ယောက်ျား”
“ရိုးရှင်းတယ် မင်းရဲ့ခါးလောက်အမြင့်ရှိတဲ့နေ ရာတခုကိုရှာပြီး ခြေထောက်တင်လိုက် ပြီးရင် အဲ့အတိုင်း မနက် နေ့လည် ည သုံးကြိမ်ဖိထား လိုက်ရင်ရပြီ မင်းရဲ့အဆစ်တွေကြားက အရွတ် နဲ့အကြောတွေကို ဆန့်ထုတ်လိုက်နိုင်ရင်ရပြီ”
“ယောက်ျား အရွတ်ဆိုတာ ဘာလဲ”
ဆောင်ဟွာယင်းက မရင်းနှီးတဲ့စကားလုံးမို့ အန ည်းငယ်စပ်စုလာတယ်။ ချန်အန်လည်း သေချာ ရှင်းပြလိုက်တယ်။
“အရွတ်ဆိုတာ အဆစ်တွေကြားက လူ့ခန္ဓာကို ယ်အရိုးဖွဲ့စည်းပုံဟန်ချက် ထိန်းပေးနိုင်တဲ့ကြား ခံအစိတ်အပိုင်းတခုပဲ အရမ်းအရေးပါတယ်”
ဆောင်ဟွာယင်းက ပို ပိုပြီးစိတ်ဝင်တစားရှိလာ ပြီး ထပ်မေးလာတယ်။
“ယောက်ျား နူးညံ့တဲ့တစ်ရှူးနဲ့ ကြွက်သားစနစ် ဆိုတာကကော ဘာလဲ”
ချန်အန်စိတ်ခုသွားတယ်။ သူမရဲ့ပါးလေးကိုအ နည်းငယ်ညစ်လိုက်ပြီး
“ဘာလို့ မေးနေတာကိုမရပ်တာလဲ ငါပြောတဲ့အ တိုင်းသာလုပ်ပါ ခြေထောက်ကိုအပေါ်ဆန့်ပြီးဖိ ချလိုက်.”
“ယောက်ျား ယင်းအာခြေထောက်တွေက အရမ် လေးတယ်လို့ ထင်နေတယ် ကူညီပေးပါဦး”
ဆောင်ဟွာယင်းက ထိုသို့ပြောနေရင်းစကပ်ကို ဆွဲလှန်လိုက်ပြီး သူမကဲ့ဖြူဖွေးသွယ်လျတဲ့ခြေ ထောက်ကို မြင်သာစေတယ်။ ချန်အန်ကသူမရဲ့ ဆွဲဆောင်တဲ့အပြုအမူကို ရိုးစင်းစွာရိပ်မိပါတ ယ်။ ချန်အန်ကျိတ်ပြီး သက်ပြင်းချလိုက်တယ်။
“ယင်းအာ ဘယ်လိုခံစားရလဲ”
သူမရဲ့ခြေထောက်တွေကို ခါးလောက်အမြင့်ရှိ တဲ့ စားပွဲတခုပေါ်တင်ပေးရင်း မေးလိုက်တယ်။
“ဘာမှမခံစားရဘူး”
“လာအရှေ့နည်းနည်းတိုး ကိုယ်ဟန်အနေထား ကိုပြန်ချိန်ညှိပေးမယ်”
“ယောက်ျား နည်းနည်းနာတယ်”
“နာတာ ထုံးစံပဲ မင်းအခုအသားမကျသေးပေမဲ့ နောင်မှာအဆင်ပြေသွားလိမ့်မယ်”
ချန်အန်က သူမရဲ့ခန္ဓာကိုယ်အနေထားကို ချိန် ညှိပေးရင်း သူမကအရင်ကထက်အနည်းငယ်ပို သွယ်လျနေတာကို သတိပြုမိသွားတယ်။ သို့ပေ မဲ့ ကိုယ်အလေးချိန်ကတော့ တိုးမလာခဲ့။ သူမ ကအရင်ကထက် အနည်းငယ်ပိုပြည့်လာတဲ့သ ဘောကိုလည်း သူမြင်နေရတယ်။
“ယောက်ျား နှိပ်တာကိုရပ်ပေးပါ နာတယ်”
“အဆင်ပြေတယ် ခဏကြာရင်မင်းအသားကျ သွားမှာပါ”
“ယင်းအာ မလုပ်နိုင်တော့ဘူး”
“မင်းမလုပ်နိုင်ရင် မင်းကိုရိုက်ရလိမ့်မယ်”
“ယင်းအာ အရိုက်ပဲခံချင်တယ်”
သူမရဲ့မျက်ဝန်းအစုံက မှုန်ဝါးနေပြီးမကြာခင်ငို ချတော့မယ့်အသွင် ဆောင်နေတယ်။ ချန်အန် လည်းသက်ပြင်းသာ ချလိုက်ပြီးသူမသဘောဆ န္ဒအတိုင်း ခွင့်ပြုလိုက်ရတယ်။ မကြာခင်ဆေး ဖော်စပ်ခန်းထဲ ရိုက်ခတ်သံများအဆက်မပြတ် ပေါ်ထွက်လာတော့တယ်။
@ဘယ်နေရာကိုရိုက်တာလဲတော့မသိပါ😂
နောက်ထပ်ရက်အချို့ ကြာပြီးချိန်မှာတော့ရတ နာခန်းမက စာရင်းစစ်တယောက် စေလွှတ်လို က်တယ်။ ချန်အန်လည်း မနက်စာကိုခပ်သွက် သွက်စားပြီး ရတနာခန်းမမှာ ထိုစာရင်းစစ်ကို တွေ့ဖို့ အစောဆုံးသွားလိုက်တယ်။ လမ်းမှာကျ င့်ကြံသူအများအပြား သွားလာနေကြပြီး ကျင့် ကြံသူအချို့ စကားစမြည်းပြောနေကြတယ်။
“ကြားပြီးပြီလား မကြာခင်က ဝါးရွက်သစ်တော ထဲမှာ နတ်ဘုရားမတပါးပေါ်လာပြီး လူတစ် ယောက်ဓားတချက်နဲ့ သတ်ပစ်တာတဲ့ အိမ်ရာရဲ့ လုံခြုံရေးက လုံးဝအမြင့်ဆုံးအဆင့်ကိုရောက် လာနေပြီလို့ ထင်တယ်”
“ဟမ့် ဝါးရွက်ဂိုဏ်းရဲ့ လူယုတ်မာတွေကနတ်ဘု ရားမသတ်မှာကြောက်လို့ လှည့်ပတ်နေကြတာ မဟုတ်လား။ ဝါးရွက်ဂိုဏ်းရဲ့ အကြီးဆုံးခိုးဆိုး လုယက်တွေက အဲ့ဒီအကြီးအကဲတွေပဲ”
“နတ်ဘုရားမက အရမ်းလှတယ်လို့ ငါကြားထာ တယ် သူမကလှလွန်းလို့ နေတွေလတွေ ကြယ် တွေတောင် ပုန်းနေရတယ်တဲ့ သူမကိုရယူနိုင် လောက်အောင် ဘာ်သူကများကံကောင်းသွားပါ လိမ့် သိချင်လိုက်တာ”
“သူမကို လက်ထပ်မယ် ဟုတ်လား ဟာသပဲကွ သူမက ရွမ်ဟွမ်ဂိုဏ်းရဲ့ အဓိကတပည့်ပါဘယ် လိုလုပ် သူမကိုရနိုင်မှာလဲ ငါ့ကိုမေးရင်တော့ ငါ့ အထင် သူမကိုလက်ထပ်နိုင်မယ့်သူ မရှိဘူး”
လမ်းသွားလမ်းလာများရဲ့စကားကိုကြားတော့ ချန်အန်တယောက် ရှချန်းရီကို နတ်ဘုရားမတ ပါးလို ထင်မိသွားတယ်။ ရတနာခန်းမကိုမဝင် နိုင်ရင်တောင် သူမနဲ့ဆက်ဆံရေးကောင်းအောင် သူကြိုးစားလို့ ရနိုင်သေးတယ်။ အနည်းဆုံးရှ ချင်းရီနဲ့ အဆင်ပြေရင် ဝါးရွက်အိမ်ရာမှာသူဆ န္ဒရှိတာမှန်သမျှ လုပ်လို့ရသေးတယ်လေ။
………………………………………………….