← Chapters

တဦးနဲ့တဦး သိရှိသွားခြင်း

Vol. 8 Ch. 74

တဦးနဲ့တဦး သိရှိသွားခြင်း

Vol. 8 Ch. 74

ရတနာခန်းမ။

မနက်ခင်းကို ရောက်ရှိနေလေပြီ။ ရတနာခန်းမ ကတော့ မဖွင့်သေးပေ။ သို့သော်လည်းရတနာ ခန်းမအနား၌ ကျင့်ကြံသူအများအပြား ရောက် ရှိနေကြတယ်။ တချို့က အဆောင်များ တချို့ ကလက်နက်များ တချို့ကဆေးလုံးများရောင်း ချရန်အတွက် ဖြစ်တယ်။ ချန်အန်အတွက်တော့ ဘာမှအထွေအထူး လုပ်စရာမရှိပေ။

စျေးအတွင်းနေရာအချို့ကို ကြည့်မိချိန်မှ​တော့ တဘိုနဲ့ငါးဖမ်းရောင်းချသူ အဘိုးအိုတို့ကငါး ရောင်းချရန် နေရာတခုခင်းကျင်းနေတာကိုတွေ့ လိုက်ရတယ်။ တဘိုလေးက လိမ္မာရေးခြားရှိသူ လေးဖြစ်တယ်။ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ များကို အော်ဟစ်ခေါ်ရင်း ငါးတွေကိုအားပေးဖို့ ပြောလေ့ရှိတယ်။

ချန်အန်လည်း ဇနီးများအတွက် ဝိဉာဥ်ငါးတစ် ကောင်လောက် ဝယ်ရင်ကောင်းမလားလို့တွေး လိုက်တယ်။ ဝိဉာဥ်ငါးက အမျိုးသမီးတွေရဲ့အ သားအရေတွက် သင့်လျော်တယ်။ ထိုစဥ်ရတ နာခန်းမဆီမှ တံခါးဖွင့်သံတခု ထွက်ပေါ်လာတ ယ်။ ရတနာခန်းမ ဖွင့်သွားပြီဟု အထင်ရောက် ချိန်မှာပဲ ရတနာခန်းမရဲ့ ဒုတိယအထပ်ပြတင်း ပေါက်တဲခါး ဖွင့်လိုက်တာဖြစ်နေတယ်။

မော့ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာအ ဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးတဦးရပ်နေတာကို တွေ့လိုက်ရတယ်။ သူမက မျက်လုံးအစုံကိုမှိတ် ထားပြီး လေကိုခပ်ပြင်းပြင်းရှူသွင်းနေတယ်။ ထိုအမျိုးသမီးက သူ့ဇနီးများလိုပဲ အရမ်းလှပ သူတယောက်ဖြစ်တယ်။ ချန်အန်တယောက်ထို အမျိုးသမီးကိုကြည့်ရင်း သွေးဆောင်ခံနေရချိ န်မှာပဲ စိတ်ထဲရင်းနီးတယ်လို့ ခံစားမိတာကြော င့် အသေချာကြည့်လိုက်တယ်။

ရှချင်းရီလား။ သူမက ရွမ်ဝွမ်ဂိုဏ်းအဓိကတပ ည့် ရှချင်းရီပဲ။ အရင်ဆုံချိန် ရှချင်းရီရဲ့ရင်ဘ တ်က ပြားကပ်နေပြီး ယခုတွေ့တော့ သူ့ဇနီးများ ထက်အနည်းငယ်သာ နိမ့်ကျနေတာကို သတိပြု မိသွားတယ်။ ချန်အန်လည်း သူမနဲ့အတူဆက် ဆံရင် ဘာများရမလဲ စိတ်ဝင်စားသွားမိတယ်။

ထိုချိန် ရှချင်းရီက သူမကိုတစုံတယောက်စောင့် ကြည့်နေတယ်လို့ ခံစားမိပုံရပြီး အောက်ကိုငုံ့ ကြည့်လိုက်တော့ ချန်အန်ကိုတွေ့သွားတယ်။ သူမက မျက်မှောက်ကြုတ်လိုက်ပြီး ပြတင်းအ နားက ပျောက်ကွယ်သွားတယ်။

ချလက်

အယ်..ဆေးဆရာချန် မင်းကစောရောက်နေတာ ပဲ”

ဆိုင်ရှင်လျှူက ရတနာခန်းမကိုဖွင့်ရင်း ချန်အန် ကိုတွေ့တော့ နှုတ်ဆက်စကား ဆိုလာတယ်။ သူကလည်း ပြုံးပြီး ပြန်နှုတ်ဆက်လိုက်တယ်။

“မဂ်လာမနက်ခင်းပါ ဆိုင်ရှင်လျှူ”

“စာရင်းစစ်က ဒီလောက်စောစောတော့မလာပါ ဘူး မင်းလာတာစောလွန်းနေတယ်”

“နောက်ကျတာထက် စောလာတာပိုကောင်းပါ တယ်မဟုတ်ရင် အချိန်လွဲသွားဦးမယ် ဒါဆိုနော က်ထပ်တနှစ်ခွဲလောက် ထပ်စောင့်နေရမယ်မ ဟုတ်လား”

“အမှန်ပဲ”

ဆိုင်ရှင်လျှုက ခေါင်းညိတ်လိုက်တယ်။ ရတနာ ခန်းမရဲ့ ဝင်ငွေက တကယ်ကောင်းမွန်ပါတယ်။ ဆိုင်ဖွင့်ပြီး မကြာခင်ပဲ ဝယ်ရောင်းသမားတွေ အများအပြား ဝင်ရောက်လာကြတယ်။ ဆိုင်ရှင် ကအလုပ်များနေပြီး မည်သူနဲ့မှစကားမပြောနိုင် တော့။ ချန်အန်လည်း ဆိုင်အတွင်းလှည့်ပတ်ကြ ည့်ရှုနေတယ်။

“ကေျးဇူးရှင် နင်ပဲ”

တံခါးအနားက ကောင်တာကိုရောက်ချိန်သူ့အ နောက်က အမျိုးသမီးအသံတခုကြားလိုက်ရတ ယ်။ သူလှည့်ကြည့်လိုက်​တေ့ ဟိုတနေ့ကသူနဲ့ရှ ချင်းရီတို့ ကယ်ခဲ့တဲ့ အမျိုးသမီးဖြစ်နေတယ်။ သူမနဲ့စကားအနည်းငယ် ပြောဆိုပြီးနောက်အ ချို့အရာတွေ သိလိုက်ရတယ်။ အမျိုးသမီးရဲ့ အမည်က ပန်ဟွေဖြစ်ပြီး အဆင့်၃ ကျင့်ကြံသူ ဖြစ်တယ်။

“စကားမစပ်ဆေးဆရာချန် နင်ကဒီကိုစောပြီး ရောက်နေတာဆိုတော့ မနက်စာမစားရသေးဘူး မဟုတ်လား ငါ့မှာဝိဉာဥ်ယာဂုနည်းနည်းပါလာ တယ်စိတ်မရှိရင် အတူတူစားကြရအောင်ပါ”

သူမကလက်ထဲမှ မြေအိုးကိုမြှောက်ပြလိုက်ပြီး အပြုံးလေးနဲ့ ပြောလာတယ်။ ချန်အန်တယော က်ငြင်းဖို့ ပြင်လိုက်စဥ်မှာပဲ ​ပန်ဟွေက လှေကား နားထွက်သွားပြီး

“ချင်းရီ ငါ့မှာနင့်အတွက် ယာဂုတအိုးပါလာတ ယ် စားဖို့နေရာတခုရှာလိုက်လေ”

ချန်အန်အပေါ်ကိုကြည့်လိုက်တော့ လှေကားမှ ဆင်းလာတဲ့ရှချင်းရီကို တွေ့လိုက်ရတယ်။ ယခု ရှချင်းရီက ကိုယ်ကြပ်ဝတ်စုံကိုပြောင်းလဲဝတ် ဆင်ထားပြီး သူမရဲ့အသွင်က ရဲရင့်တဲ့စစ်သူရဲမ လေးတဦးအသွင် ဆောင်နေတယ်။

“ဆေးဆရာချန် ငါတို့နဲ့အတူလာစားလေ”

ရှချင်းရီနဲ့အတူထိုင်နေတဲ့ ပန်ဟွေက ချန်အန်ကို ခေါ်လိုက်တယ်။ ချန်အန်လည်း မငြင်းပေ။ဒါက သူမနဲ့နီးစပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲမဟု တ်လား။

“ကောင်းပြီ လာခဲ့မယ်”

အဆုံးမှာတော့ တည်ဆောက်ရေအဆင့်အသိမိ တ်ဆွေရှိခြင်းက အဆင်ပြေပါတယ်။ ခဏအ အကြာသုံးဦးသား စကားအချို့ပြောဆိုနေကြပြီ အများအားဖြင့်တော့ ပန်ဟွေက စကားဝိုင်းကိုဦ ဆောင်နေတာဖြစ်တယ်။

ချန်အန်က သူမတို့နှစ်ယောက်ကြားဆက်ဆံရေး ဘလိုကြောင့် ယခုလိုကောင်းမွန်လာတာလဲလို့ မေးလိုက်တယ်။ ယခင်တလခွဲနီးပါးခန့်ကတဦး နဲ့တဦး သိတောင်မသိကြချေ။ ပန်ဟွေကရှချင်း ရီရဲ့ အကူညီအတွက်ကျေးဇူးဆပ်ဖို့ ရတနာခန်း မဆီလာပြီး ရှချင်းရီအတွက် အစားအသောက် အချို့ပို့ပေးပြီး ကျေးဇူးဆပ်လေ့ရှိတယ်။

ရှချင်းရီရဲ့စိတ်ဓာတ်ကိုတဖြေးဖြေးသိလာချိန် ဝါးရွက်ဂိုဏ်းမှ လူယုတ်မာတို့ကို ပြောပြလိုက် ပြီး ရှချင်းရီကိုသုတ်သင်စေတယ်။ အချိန်ကြာ လာတာနဲ့အမျှ သူမတို့ကြားကဆက်ဆံရေးက လည်း တိုးတက်လာတယ်။

“ဆေးဆရာချန် ဝါးရွက်ဂိုဏ်းရဲ့လုံခြုံရေးကအ ခုဆိုငါ့ကြောင့် အတော်ကောင်းနေပြီမဟုတ် လား”

ချန်အန်က သူမကိုချီးကျူးလိုက်တယ်။

“ဟုတ်လား ဒါဆိုပန်ဟွေကိုကျေးဇူးတင်ရတော့ မှာပဲ”

တဖက်တွင် ပန်ဟွေအတွက်စိတ်ပူမိတယ်။ သူမ ရဲ့လုပ်ရက်များက လူယုတ်မာများကိုလက်တုန့် ပြန်စေပြီး နောင်တချိန်သူမရဲ့ အသက်ကိုတော င်ခြိမ်းခြောက်လာနိုင်ပါတယ်။ သို့သော်လည်း သိသာစွာပဲ ချန်အန်ကထုတ်မပြောပေ။ ရှချင်း ရီအတွက် သတင်းပေးလိုအပ်တယ်မဟုတ်လား သူမတို့ကြား ဝင်ရောက်စွတ်ဖတ်ရန်မသင့်ဟု ခံ စားရ၍ မည်သည့်စကားမှမပြောလိုက်တော့ပေ

ပန်ဟွေက မည်သည့်အရာကိုမှဂရုမစိုက်တာမျို လည်းဖြစ်နိုင်တယ်။ သူမက ဝါးရွက်အိမ်ရာရဲ့ လုံခြုံရေးကို တဖက်တလမ်းက ကူညီပေးချင် နေတာလည်း ဖြစ်နိုင်တယ်။

…………………………………………………

All Chapters