စစ်ဆေးမှု
Vol. 8 Ch. 75
သိပ်မကြာခင်ပဲ ရှချင်းရီနဲ့ပန်ဟွေ့တို့ နှစ်ဦးသား ထွက်ခွာသွားသည်။ ချန်အန်ကမူ ရတနာခန်းမ မှစစ်ဆေးရေးသမားကို စောင့်နေခဲ့သည်။
တမာရီခန့်ကြာပြီးချိန်မှာတော့ ခန္ဓာကိုယ်ထွား ကြိုင်းပုံရှိပြီး မျက်နှာ၌အဆီများပြည့်နေတဲ့လူ တဦးရောက်ရှိလာတယ်။ ဆိုင်ရှင်လျှူက ဗီရိုထဲ က နံ့သာဖြူသေတ္တာတလုံးကို အလျင်မြန်ဆွဲထု တ်လိုက်ပြီး ထိုသူအနားချဥ်းကပ်သွားတယ်။
“ခေါင်းဆောင်လီ မတွေ့တာကြာပြီနော် ဒါကကျ တော့်ရဲ့လက်ဆောင်လေးပါ”
“ဆိုင်ရှင်လျှူက ယဥ်ကျေးလွန်းနေပါပြီ”
ခေါင်းဆောင်လီက နံသာဖြူသေတ္တာကိုယူပြီး အသာဖွင့်လိုက်တဲ့အခါမှာတော့ မျက်နှာပေါ်ရှိ အပြုံးကပိုပြီးတောက်ပလာတယ်။ ဆိုင်ရှင်လျှူ ကလည်း ထိုအမူအရာကိုမြင်တော့ ကျေနပ်သွာ တယ်။ အမူအရာကိုပြန် ထိန်းလိုက်ပြီး
“ခေါင်းဆောင်လီ ဒါဆိုဒီတခေါက်စစ်ဆေးတာ က….”
“စစ်ဆေးပြီးပါပြီ ငါ့အတွက်ပြဿနာမရှိပါဘူး ဒီတခေါက်ပြန်ရောက်ရင် ဆိုင်ရှင်လျှူရဲ့အားထု တ်မှုကို တင်ပြပေးပါ့မယ် ငါကသစ္စာရှိပြီးတာဝ န်ကျေတဲ့သူတွေကို ဘယ်တော့မှမမေ့ပါဘူး”
ခေါင်းဆောင်လီက ကတိပေးလိုက်တယ်။ သူတို့နှစ်ဦးသား တခဏစကားပြောနေပြီး မ ကြာခင်ပဲ ဆိုင်ရှင်လျှူက ချန်အန်ကိုလက်ယပ် ခေါ်လိုက်တယ်။ ချန်အန်ကို ခေါင်းဆောင်လီနဲ့ မိတ်ဆက်ပေးတယ်။
“ခေါင်းဆောင်လီ ဒါကငါ့မိတ်ဆွေပါ သူကအ ဆင့်တက်တာမကြာသေးတဲ့ ဒုတိယအဆင့်ဆေ ပညာရှင်တဦးပါ ရတနာခန်းမထဲဝင်ချင်နေပါ တယ် နေရာများကျန်နေသေးလား”
ရတနာခန်းမရဲ့ ဆေးပညာရှင်နေရာက နှစ်စဥ် နေရာအနည်းငယ်သာ ထွက်ပေါ်လာတတ်သည် အများအပြားလျှောက်ထားကြသော်လည်း ဝင် ရောက်ခွင့်ရမရ မသေချာပေ။ တခါတရံ၌ခွန် အားထက် ဆက်ဆံရေးကပိုအရေးပါနေပြန်သ ည်။ ဆိုင်ရှင်လျှူအနေဖြင့် ယခုလိုကူညီရခြင်း မှာချန်အန်နဲ့ မိတ်ဖွဲ့ထားလိုခြင်း ဖြစ်သည်။
ချန်အန်သာ ရတနာခန်းမထဲဝင်ရောက်နိုင်ခဲ့ပါ က နောင်တွင်သူ့ကိုအများအပြား ပြန်လည်ကူ ညီနိုင်မည်ဖြစ်သည်။ ခေါင်းဆောင်လီကလည်း ချန်အန်ကို အကြိမ်များစွာ အကဲခတ်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လာသည်။
“မဆိုးဘူးဆေးဆရာချန် မင်းဆံပင်တွေမဖြူ ခင်မှာပဲ မင်းကဒုတိယအဆင့်ဆေးပညာရှင်ဖြစ် နေပြီ ဆေးပညာမှာဒီလိုပါရမီရှိတာ ငါတကယ် အံ့သြမိတယ်”
“ခေါင်းဆောင်လီက မြှောက်လွန်းနေပါပြီ”
ချန်အန်က ယဥ်ကျေးစွာပဲ တုန့်ပြန်လိုက်တယ်။ ခေါင်းဆောင်လီက ဆက်၍
“ဆေးဆရာချန် ရတနာခန်းမထဲဝင်ချင်ရင် ဒုတိ ယအဆင့်ဖြစ်ရုံနဲ့မရဘူး တခြားလိုအပ်ချက်အ နည်းငယ် ရှိပါသေးတယ်”
“ခေါင်းဆောင်လီ ငါ့ကိုအလင်းပြပေးပါဦး”
ခေါင်းဆောင်လီက ပြုံး၍ဆက်ပြောလာတယ်။
“ဆေးဆရာချန် ဆေးပညာနယ်ပယ်ဆိုတာကအ ဆင့်တခုပါပဲ မင်းအနေနဲ့ ထိရောက်တဲ့စွမ်းဆော င်ရည်တွေကို ပြသဖို့လိုတယ် ဒီလိုဆိုရင်ကော ငါက မင်းရဲ့အရည်အချင်းအချင်းတချို့ကိုစစ် ဆေးဖို့ စိတ်အာရုံစူးစိုက်ဆေး အတွက်ကုန်ကြမ် တချို့ထောက်ပံ့ပေးမယ် တလခွဲအတွင်းအလုံး ရေ၂၀၀၀ကို သန့်စင်ပေးနိုင်မလား ဒါဆိုမင်းရဲ့ အရည်ချင်းကို သက်သေပြရာရောက်ပြီ”
တလခွဲအတွင်း အလုံးရေ၂၀၀၀ လား။
ထိုဆေးက အဆင့်၁ ဆေးဖြစ်ပြီး ဝယ်လိုအား မြင့်မားကာ ကုန်ကြမ်းမှာလည်းစျေးပေါသည်။ ထို့အပြင် အဆင့်နိမ့်ဆေးပညာရှင်များ ငွေရှာ ရာ၌ ဖော်စပ်တတ်လေ့ရှိတယ်။ စိတ်လှုပ်ရှားမှု ရပ်တန့်စေတဲ့ဆေး မရခင်ထိုဆေးကိုဖော်စပ်ခဲ့ ဖူးတဲ့အတွက် မည်မျှခက်ခဲကြောင်းကိုလည်း သူကအလေးအနက် သိထားတယ်။
ထို့အပြင် ယခုကာလ၌ ဝါးရွက်ဂိုဏ်းကိုလည်း ဆေးလုံးများပို့ဆောင်နေရ သေးတယ်မဟုတ် လား။ ရိုးရှင်းသော်လည်း ခက်ခဲတဲ့တာဝန်တခု ဖြစ်နေသေးတယ်။ ချန်အန်ရဲ့အမူအရာကိုမြင် လျင် ခေါင်းဆောင်လီကပြုံး၍
“ဆေးဆရာချန် ရတနာခန်းမကိုဝင်ရောက်တာ ကမင်းထင်ထားသလို မလွယ်ကူပါဘူး”
“စိတ်ချပါ ဒီစစ်ဆေးချက်ကို ကျော်ဖြတ်နိုင်မ ယ်လို့ ယုံကြည်ချက်ရှိထားပါတယ်”
ချန်အန်က စဥ်းစားနေတယ်။ ကုန်ကြမ်းများရရှိ မည်ဖြစ်၍ မအောင်မြင်လည်း ဆုံးရှုံးစရာတော့ မရှိချေ။ မသကာ အချိန်ကုန်ရုံသာ ရှိပေမည်။ ထိုအရာကိုကြားတော့ ခေါင်းဆောင်လီကမနက် ဖြန် စစ်ဆေးမှုစတင်မယ်လို့ ပြောလာတယ်။ ဆေးဖော်စပ်တဲ့ဖြစ်စဥ်ကို မှတ်တမ်းတင်ကျော က်များဖြင့် မှတ်တမ်းတင်ထားရန် တောင်းဆိုခဲ့ တယ်။
ချန်အန်လည်း သဘောတူလိုက်ပြီး လက်ဆော င်အနေဖြင့် ဝိဉာဥ်ကျောက်တုံးအချို့ကိုပင် သူ ကလက်ဆောင်ပေးလိုက်သေးတယ်။ ဆိုင်ရှင် လျှူက ချန်အန်ကိုပြုံး၍ ကြည့်ကာ
“ဆေးဆရာချန် ဒီစစ်ဆေးမှုကို မင်းအောင်မှဖြ စ်မယ် အနာဂတ်မှာ မင်းကိုအားကိုးချင်သေး တယ်နော်”
“ကျတော်အကောင်းဆုံး ကြိုးစားပါ့မယ်”
ချန်အန်ကဆက်၍
“ဆိုင်ရှင်လျှူ မှတ်တမ်းတင်ကျောက်တုံးကဘ ယ်စျေးရှိလဲ”
“အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၁တုံးပါ”
“ဒါဆို မှတ်တမ်းတင်ကျောက်တုံး ၃တုံးယူမယ်”
ရတနာခန်းမမှအပြန်၌ အဝတ်အစားဆိုင်တခု သို့သွား၍ ဇနီးသည်များအတွက် လက်ဆောင် အဖြစ်ဝယ်ယူလိုက်တယ်။ ထို့အပြင် ဝိဉာဥ်ကိ တ်မုန့်ဗူးကိုလည်း ချန်ယုကျန်းလေး၏ အာသီ သအတွက် ဝယ်ယူပြန်တယ်။ အကုန်လုံးပြီးဆုံး ပြီးချိန်မှာတော့ အိမ်ကိုသာအမြန်ဆုံး ပြန်လာ တော့တယ်။
ချန်အန်တယောက် အိမ်ထဲဝင်ချိန်မှာပဲ ဇနီးများ က ကြိုဆိုရန်ထွက်လာကြပြီး ချန်ယုကျန်းလေး က ပြေးထွက်လာတယ်။ သူမက ချန်အန်ရဲ့မျ က်နှာကိုမော့ကြည့်လိုက်ပြီး
“ဖေ.ဖေ ချီ”
“ကောင်းပြီ”
ချန်အန်က ကိတ်မုန့်ဗူးကို သူမလေးလက်ထဲထ ည့်ပေးလိုက်ပြီး ကျန်လက်တဖက်ဖြင့် ပွေ့ချီလို က်တယ်။ ချန်ယုကျန်းလေးက ကိတ်မုန့်ဗူးကို ဖွင့်လိုက်ပြီး အထဲကအရာတွေကိုမြင်ချိန်မှာ တော့ မည်သည့်အရာကိုမှ စောင့်ဆိုင်းလိုဟန်မ ရှိတော့ပဲ တိုက်ရိုက်ပင် လက်လှမ်းတော့တယ်။
ထိုစဥ် လျှောက်ဝင်လာတဲ့ ဆောင်ဟွာယင်းက ထိုအရာကိုမြင်ပြီး လက်နဲ့ရိုက်လိုက်တယ်။
“သမီးလေး နင်အိမ်အနောက်မှာတနေကုန်ဆော့ ထားတာ လက်မဆေးရသေးဘူးမလား လက်မ ဆေးပဲ အစားအစာကိုစားချင်နေတယ် ဝမ်းပျ က်ချင်နေတာလား”
“ဖေ.ဖေ”
ချန်ယုကျန်းက ဖခင်လုပ်သူကို သနားစဖွယ် မော့ကြည့်လာတယ်။
“ယု ကျန်းလေး မေမေ့စကားနားထောင်ပါသမီး လက်ဆေးပြီးရင် စားလို့ရတယ်လေ”
[စနစ်ရှင်က ဇနီးဖြစ်သူရဲ့ ဂုဏ်သိက္ခာကိုကာကွ ယ်ပေးခဲ့ပါတယ် လင်မယားဆက်ဆံရေး +1]
“ယောက်ျား ညစာအတွက်ဘာစားချင်လဲ”
ဂူရှန်းယုက မေးလာတယ်။ ချန်အန်က သူမရဲ့ အေးစက်စက်အလှမျက်နှာလေးကို တချက်ကြ ည့်လိုက်ပြီး စနောက်လိုက်တယ်။
“ငါက ယုအာကိုပဲ စားချင်တာ”
ဂူရှန်းယုတယောက် ရှက်ရွံသွားပြီး ဝမ်ကျိယန် က သည်းမခံနိုင်ဟန်ဖြင့် ချန်အန်ကိုလှမ်းရိုက် လိုက်တယ်။
“သမီးရှေ့မှာ ဘယ်လိုစကားတွေပြောနေတာလဲ”
“ငါ..ငါသတိမပြုမိလိုက်ဘူး”
အဆုံးမှာတော့ သူ့အနေဖြင့် သမီးဖြစ်သူကိုပြုစု ပျိုးထောင်ရာ၌ လိုအပ်ချက်များရှိနေသေးသ ည်ကို လက်ခံလိုက်ရတယ်။ ဝမ်ကျိယန်ဆီမှအ ချို့အရာများကို သင်ယူရပေဦးမည်။ မကြာခင် မှာပဲ တနေ့တာကုန်သွားကာ ချန်ယုကျန်းအိပ် ပျော်သွားချိန်မှာတော့ ဇနီးများကိုခေါ်ဆောင်လို က်ပြီး အသစ်ဝယ်လာတဲ့အတွင်းခံများကို ပေး လိုက်တယ်။
မကြာခင်ပဲ ဇနီးများက လက်ဆောင်အတွက် ကျေးဇူးတင်လာကြပြီး ဇနီးသည်များကိုအနား ယူစေတယ်။ ပြီးနောက် မှတ်တမ်းတင်ကျောက် တုံးကို ထုတ်ယူပြီးနောက် မည့်သည့်ဇနီးနဲ့ပထမ ဆုံးစတင်ရမည်ကို တွေးနေခဲ့တယ်။ ငယ်ရွယ်နု ပျိုမှုကို နောင်တွင်ပြန်လည်ကြည့်ရှုကာ အမှတ် တရများကို ပြန်လည်ခံစားနိုင်သည်မဟုတ်လား
………………………………………………..