ဝါးရွက်ဂိုဏ်းချုပ်
Vol. 8 Ch. 76
စိတ်စွမ်းအား +3×66
ရွှေလက်ချောင်း +3×9
ဆေးပညာအတွေ့အကြုံ +3×22
ရွှေလက်ချောင်း +3×8
နောက်တနေ့မနက်မှာတော့ ချန်အန်ကစနစ်ရဲ့မျ က်နှာပြင်ကို စစ်ဆေးနေတယ်။ သူကကျေနပ် စွာပြုံးနေခဲ့ပြီး နှစ်မြွာကျင့်ကြံနည်းလမ်းက သူ့ ကိုများစွာအကူညီ ဖြစ်စေခဲ့တယ်။ လွန်ခဲ့တဲ့နှစ် များက ရမှတ်များထက် ဆယ်ဆကျော်မြန်ဆန် လာပါတယ်။ အထူးသဖြင့် ယင်းအာမှာယခင် ဆိုလျင် အကြိမ်ရေများများ အလုပ်ခံရမည်ကို ကြောက်ရွံလေ့ရှိပြီး ယခုတွင်တော့ သူမကပင် အစပြု၍ ရှာလာပြီဖြစ်သည်။
ချန်အန်က တွေးရင်းဘေး၌ နှစ်ခြိုက်စွာအိပ်နေ တဲ့ ဇနီးသည်ကို ကြည့်လိုက်တယ်။ ရှုပ်ယှက်ခ တ်နေတဲ့ ဆံပင်များကို ညင်ညင်သာသာသပ်တ င်ပေးလိုက်တယ်။
“ယောက်ျား”
သူမက ပျင်းရိလေးတွဲ့တဲ့အသံဖြင့် ကြောင်မ လေးတကောင်လို ချန်အန်ရဲ့ပေါင်ကိုတွယ်ဖက် လာတယ်။ ချန်အန်က နာကျင်မှုကိုသက်သာစေ တဲ့ ဆေးပုလင်းကိုထုတ်ယူလိုက်ပြီး သူမကိုလိ မ်းပေးလိုက်တယ်။
“ယောက်ျား နာတယ်”
အဆုံးမှာတော့ ချန်အန်လည်း ထိုအရာများက သူ့အပြစ်များသာဖြစ်၍ တောင်းပန်ရုံသာတတ် နိုင်ခဲ့ပြီး သူမကိုဆေးလိမ်းပြီးချိန်မှာတော့ အခန်းထဲမှ ထွက်ခွာရန်ပြင်လိုက်တယ်။
“ယောက်ကျား ခန”
“ဘာများလဲ”
“မနေ့ညက မှတ်တမ်းတင်ထားတဲ့ ကျောက်တုံး လေး ဘယ်မှာထားလဲ ကြည့်ချင်လို့ပါ”
ချန်အန်က အိတ်ကပ်ထဲမှ ကျောက်တုံးကိုပစ် ပေးလိုက်တယ်။ ပြီးနောက် ကူကယ်ရာမဲ့ဟန် ဖြင့် ဦးခေါင်းကိုခါယမ်းလိုက်ပြီး ဂူရှးန်ယုရဲ့အ ခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ညတုန်းက ချန်ယုကျန်းလေးအား သူနဲ့အတူနေရန်ဆန္ဒမရှိ တဲ့ဝမ်ကျိယန်နဲ့ အတူအိပ်စေခဲ့ရတယ်။
မနက်စာအတွက် ပြင်ဆင်စားသောက်ပြီးနောက် ရတနာခန်မးရှိရာကို ထွက်လာခဲ့တယ်။ သူက ရည်မှန်းချက်အသေးတခုထားလိုက်ပြီး ယနေ့ အလုံး၁၅၀ ရအောင်သန့်စင်မယ်လို့ တွေးလိုက် တယ်။ ရတနာခန်းမကတော့ မနက်ခင်းစောနေ သေး၍ ပိတ်ထားဆဲ ဖြစ်သည်။
တဘိုတို့ထံမှ ဝိဉာဥ်ငါးတကောင် ဝယ်ယူလိုက် ပြန်တယ်။ ထိုငါးကို အိမ်ကိုပို့ပေးရန်လည်းမှာ လိုက်တယ်။ ထိုသို့ဖြင့် ရတနာခန်းမရဲ့တံခါးအ ဖွင့်ကိုစောင့်ရင်း ဇနီးများရဲ့အချက်အလက်ကို စစ်ဆေးလိုက်တယ်။
အမည်……..ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…ကျေးဇူးတရားကိုအဆများစွာပြန် လည်ပေးဆပ်မည်
ဆက်ဆံရေး…ကြယ်သုံးပွင့် 2455/2500
အမည်…..ဂူရှန်းယု
ဂုဏ်သတ္တိ…သစ္စာရှိပြီး ရိုးသားဖြူစင်သူ
ဆက်ဆံရေး…ကြယ်သုံးပွင့် 2023/2500
အမည်…..ဝမ်ကျိယန်
ဂုဏ်သတ္တိ…သွေးအေးရက်စက်တဲ့အလှတရား မွေးရာပါစွမ်းရည်
ဆက်ဆံရေး….ကြယ်နှစ်ပွင့် 488/500
မသိလိုက်ပါဘဲ ဇနီးများကြားဆက်ဆံရေးက အဆင့်တက်ရန် နီးကပ်နေလေပြီ။ ချန်အန်လဲ စိ တ်သက်သာရာရစွာနဲ့ ခေါင်းညိတ်လိုက်တယ်။ မကြာခင် ဆိုင်ရှင်လျှူက တံခါးကိုဖွင့်လိုက်ပြီး တနေ့တာ လုပ်ငန်းကိုစတင်လိုက်တယ်။
ချန်အန်လည်း ဆေးဖော်စပ်ခန်းကို တိုက်ရိုက် သွားလိုက်ပြီး ဆေးဖော်စပ်ခန်းထဲမှာတော့ ကုန် ကြမ်း အစုံ ၂၂၀၀ ထိရှိနေတယ်။ ချန်အန်လည် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိနေပြီး ကုန် ကြမ်းအရေအတွက်အရ လိုအပ်တဲ့အောင်မြင်မှု က၉၀ ရာခိုင်နှုန်းဖြစ်သည်။
ဟူး….
ချန်အန်က စိတ်ငြိမ်စေဖို့ လေကိုမှုတ်ထုတ်လို က်ပြီး ငြမ်သက်သွားတယ်။ ဆက်၍အချိန်မဖြု န်းလိုတော့။
နောက်ဆုံး မစားမသောက်ပဲ မနက်၅နာရီမှည ၈နာရီထိ ဆေးဖော်စပ်နေခဲ့တယ်။ သူကကုန်ကြ မ်းအစုံ ၁၆၀ကို သုံး၍ အလုံးရေ ၁၅၀ ဖော်စပ် နိုင်ခဲ့တယ်။ သူ့ရဲ့အောင်မြင်မှုနှုန်းက ထင်ထား တာထက်ပို ကောင်းမွန်နေပြီး ရတနာခန်းမကိုဝ င်ရောက်ရန်က ဖြစ်နိုင်ချေတိုးလာတယ်။
ချန်အန်က သူဖော်စပ်ထားတဲ့ဆေးများကိုကြည့် ရင်းယုံကြည်ချက်တွေ တိုးလာတယ်။ သူကမှ တ်တမ်းတင်ကျောက်တုံးနဲ့ ဆေးလုံးများကိုဆိုင် ရှင်လျူထံ အပ်နှံလိုက်တယ်။
“ဆိုင်ရှင်လျှူ ကျတော်ဒီနေ့ကုန်ကြမ်း၁၆၀ကို ဆေးလုံး၁၅၀ ဖော်စပ်နိုင်ခဲ့ပါတယ် မှတ်တမ်း တင်ကျောက်တုံးကို ကြည့်ပြီး စစ်ဆေးနိုင်ပါတ ယ်”
“ထားခဲ့လိုက်ပါ ခေါင်းဆောင်လီအစား ငါကအ သိအမှတ်ပြု စစ်ဆေးပေးမယ်”
မကြာခင်ပဲ ချန်အန်တို့နှစ်ဦးသား စကားစမြည် ပြောနေစဥ် ပန်ဟွေ့ရောက်လာတယ်။
“ဆေးဆရာချန် တာဝန်ပြီးမြောက်တဲ့အတွက်ဂု ဏ်ယူပါတယ်”
သူက ရှချင်းရီကို မုန့်များပေးပို့ရန် ရောက်လာ ခြင်းဖြစ်ပြီး ချန်အန်းတယောက် ရတနာခန်းမ ထဲဝင်ရောက်နိုင်ရန် အစစ်ဆေးခံနေကြောင်းမ နေ့ညက သိလိုက်ခြင်းဖြစ်တယ်။
“ ကျေးဇူးတင်ပါတယ်”
ချန်အန်လည်း ယဥ်ကျေးစွာပဲ ပြန်ဖြေတယ်။
“ဆေးဆရာချန် ငါကချင်းရီအတွက် ကိတ်မုန့် အကြီးကြီးတခု ယူလာပေးတယ် သူကအရသာ အရမ်းကောင်းတော့ နင်လည်းလာမြည်းကြည့် ပါဦး”
ချန်အန်က ရှန်းချင်းရီကို ကြည့်ပြီး
“ကျင့်ကြံသူပန် ဒါဆိုငါလည်း တခမ်းတနားလု ပ်မနေတော့ဘူး မနက်ဖန်ကျငါ့ဇနီးလုပ်ထားတဲ့ မုန့်အချို့ ပြန်ယူလာပေးမယ်”
“ဒါဆို ငါစောင့်နေမယ်”
ထိုသို့ပြောရင်း သူမက ချန်အန်ကိုရှချင်းရီရှိရာ ဘက် တမင်လား မရည်ရွယ်ပဲလားမသိစွာဖြင့် တွန်းပို့လိုက်တယ်။ ချန်အန်က ရှန်ချင်းရီနံဘေး ဝင်ထိုင်လိုက်ပြီး
“ကျင့်ကြံသူရှန်း ငါဒီမှာထိုင်တာအနှောင့်ယှက် မဖြစ်စေဘူး မဟုတ်လား”
“အဆင်ပြေပါတယ်”
သူမက ကိတ်မုန့်အပိုင်းအသေးလေးကို ဖဲ့လိုက် ပြီးချန်အန်ကို ပေးတယ်။
“ဒါကပန်ဟွေ့လက်ရာလေ ဆေးဆရာချန်မြည်း ကြည့်ပါဦး အရမ်းအရသာရှိတယ်”
ချန်အန်လည်း သူမလက်ထဲမှ ကိတ်မုန့်အပိုင်း သေးကိုယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။ အရသာ မဆိုးလှပေ။
“ကျင့်ကြံသူပန် မင်းရဲ့ကိတ်မုန့်ကတကယ်အရ သာကောင်းတယ် မုန့်ဆိုင်အချို့က မုန့်တွေထ က်တောင်ပိုကောင်းနေတော့ မင်းသာဆိုင်ဖွင့်ရင် သေချာပေါက် ရောင်းကောင်းမှာပဲ”
ပန်ဟွေ့က ထိုစကားမှာချဲ့ကားထားမှန်းသိပေမဲ့ ကျေနပ်သွားတယ်။
“ဆေးဆရာချန် ငါလည်းအဲ့လိုစိတ်ကူးရှိထား ပါတယ် နင်မကြာမကြာအားပေးရမယ်နော်”
“သေေ ချာပေါက်လာခဲ့မယ်”
ချန်အန်က ပြုံးပြီး ပြောလိုက်တယ်။ ပြီးနောက် ခရမ်းရောင် အပိုင်းတခုကိုယူလိုက်ပြီး ရှန်းချင်း ရီကို ပေးလိုက်တယ်။
“ကျင့်ကြံသူရှန်း ဒါလေးကအရသာပိုကောင်း တယ် မြည်းကြည့်ပါဦး”
ရှန်းချင်းရီလည်း ကိတ်မုန့်အပိုင်းလေးကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
“ဟုတ်တယ် သူကအရသာပိုကောင်းတယ်”
ချန်အန်တယောက် သူမက ယောက်ကျားမိန်းမ ထိတွေ့ဆက်ဆံမှုအပေါ် အလေးအနက်မထားရှိ ကြောင်းသတိပြုမိလိုက်ပြီး ထိုအရာကသူ့အတွ က်အလားအလာကောင်းတခုကို ပြပေးနေခဲ့တာ လို့ မှတ်ယူလိုက်တယ်။ ဟုတ်တယ်လေ သူငယ် ချင်းမိတ်ဆွေကနေတဆင့် အိပ်ရာပေါ်ခေါ်ရမ ယ်မဟုတ်လား။
ထိုစဥ် ဆိုင်ရှင်လျှူရဲ့ ကျယ်လောင်တဲ့အသံတ ခုပေါ်လာတယ်။
“ဂိုဏ်းချုပ်ဇူး မင်းလာမယ်ဆိုတာကိုဘာလို့ကြို မပြောတာလဲ ငါကိုယ်တိုင်ထွက်ကြိုမှာပေါ့ လာ ပါ မင်းအတွက်လက်ဖက်ရည်ကောင်းကောင်းစီ စဥ်ပေးမယ်”
“မလိုပါဘူး ငါတယောက်ယောက်ကို ရှာနေတာ ပါ”
ချန်အန်တယောက်အပြင်ကို ကြည့်လိုက်ချိန် ဝါးရွက်ဂိုဏ်း ယူနီဖောင်းဝတ်ထားတဲ့ကျင့်ကြံ သူအများပြားကို တွေ့လိုက်ရပြီး ဂိုဏ်းချုပ်ဇူး ထန်ချိန်ကတော့ အခြေခံတည်ဆောက်ရေးအ ဆင့်၃ ဖြစ်တယ်။
…………………………………………………