← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

ဝါးရွက်ဂိုဏ်းချုပ်ဖြစ်တဲ့ ဇူတင်းချိန်တယောက် ရောက်ရှိလာပြီး ရုတ်တရက်ဆန်စွာပဲ သူ့ရဲ့ကျင့် ကြံဆင့်ကိုသုံးပြီး ဖိအားအချို့ ထုတ်လွှတ်လာ တယ်။

အခြားကျင့်ကြံသူတွေလည်း ထိတ်လန့်သွားရ ပြီး ထိုဖိအားက မရည်ရွယ်ပေမယ့် ထိတ်လန့်စ ရာကောင်းနေတုန်းပဲ။

“ချင်းရီ”

ဂိုဏ်းချုပ်ဆီက ဖိအားကို ပန်ဟွေ့တယောက် တောင့်မခံနိုင်ခဲ့ပေ။ သူမရဲ့ခြေထောက်များက အဆတ်မပြတ် တုန်ယင်နေသည်။

“ဂိုဏ်းချုပ်ဇူး နင့်ရဲဖိအားကိုဖယ်လိုက်”

ရှန်းချင်းရီက လက်ထဲက ကိတ်မုန့်ကိုစားရင်း ပြောလိုက်သည်။ ထိုအခါမှ ဂိုဏ်းချုပ်ဇူက မသိနားမလည်ဟန်ဖြင့် အသာပြုံးလိုက်ပြီး တမင်ထုတ်လွှတ်ထားတဲ့ ဖိအားအကုန်လုံးကို ပြန်ရုတ်သိမ်းလိုက်တယ်။

“အားလုံးပဲ တောင်းပန်ပါတယ် ကျုပ်ကဂိုဏ်း ချုပ်ဆိုတော့ ဂုဏ်သိက္ခာပိုင်းအရ တချို့အရာ လေးတွေ လုပ်ပြရတာပါ မင်းတို့နားလည်ပေး မယ်လို့ ကျုပ်ထင်ပါတယ်”

သူ့စကားပြောပုံက ကြီးစိုးတတ်သူမှ အယုံလွယ် ရိုးစင်းသူပုံစံ ချက်ချင်းပြောင်းသွားခဲ့တယ်။

“နင်ဒီကို ဘာအတွက်လာတာလဲ”

ရှန်းချင်းရီက အေးစက်စက်လေသံနဲ့ မေးလိုက် တယ်။ ဂိုဏ်းချုပ်ဇူက ပန်ဟွေကို အကြည့်နဲ့ပဲ ထွက်သွားခိုင်းပြီး သူကတော့ ရှန်းချင်းရီအနား ကပ်ထိုင်လိုက်တယ်။

“ချင်းရီ မင်းဘယ်လိုတောင်ပြောနေတာလဲ ငါတို့ဆိုတာ ငယ်ငယ်တည်းက ရင်းနီးနေကြသူ တွေပါ နင့်ကိုတွေ့ဖို့ ဒီကိုလာတာပဲ ဘာကိစ္စရှိစ ရာလိုသေးလဲ”

“ငါနဲ့ရင်းနီးသလို ပုံစံလာမလုပ်စမ်းနဲ့ အမျိုးသားနဲ့အမျိုးသမီးကြား ရုပ်ပိုင်းဆိုင်ရာ ဘာအထိတွေ့မှ မရှိသင့်ဘူး”

သူမစကားတွေက အလွန်ပြတ်သားပြီး ဂိုဏ်းချုပ်ဇူနဲ့ သူမကြားက အကွာအဝေးတခု ရှိနေတာကို သိသာစေတယ်။ သို့သော်လည်း ဂိုဏ်းချုပ်ဇူက လျစ်လျူရှုလိုက်ပြီး စေ့စပ်ထား သူဆိုတဲ့ ခေါင်းစဥ်ကိုသုံးပြီး ရှန်းချင်းရီနဲ့ ရီရီ မောမော စကားဆိုနေခဲ့တယ်။

ထိုအရာကိုသတိထားမိတဲ့ ချန်အန်တယောက် ဦးခေါင်းကိုသာ အဆတ်မပြတ်ခါယမ်းလိုက်မိ တယ်။ မူလက ရှန်းချင်းရီကို အပြစ်တင်ရန် ဂိုဏ်းချုပ်ဇူရောက်လာမယ်လို့ သူထင်ထားခဲ့ တာဖြစ်ပြီး ယခုမှာတော့ ဂိုဏ်းချုပ်ဇူရဲ့အရှက် မဲကပ်တွယ်နေခြင်းက ရယ်စရာပင်ကောင်းလွန် နေခဲ့သည်။

ချန်အန်က သူမတို့စကားဝိုင်းကိုကြည့်ပြီး စိတ် ထဲနာကျင်သလို ခံစားနေရတယ်။ သူမကနောက်ခံတောင့်တင်းပြီး သူ့လိုဆင်းရဲတဲ့ ဆေးပညာရှင်အဆင့်နိမ့်လေးနဲ့ မည်သို့မှထိုက် တန်ခြင်းမရှိတာကို ခံစားမိလိုက်တယ်။

ရှန်းချင်းရီက ယောက်ကျားနဲ့မိန်းမကြား အထိ တွေ့အကြောင်းပြောပေမယ့် သူနဲ့တုန်းကထိတွေ့မှုကို လက်ခံခဲ့တယ် မဟုတ်လား။ ဒါက သူစိတ်ထင်နေတာလား။ ဘာပဲဖြစ်ဖြစ် လတ်တလောခွန်အားအရ ဝါးရွက်ဂိုဏ်းချုပ်ကို အပြစ်မပြုမိစေရန် အတွက် ရှန်းချင်းရီကို ရှောင်ရှားရန်လိုသည်။

“ဒါနဲ့စကားမစပ်ချင်းရီ လတ်တလောသံနက် အိမ်ရာနဲ့တိုက်ပွဲမှာ ငါ့ဘက်ကခွန်အားနည်းနေ တဲ့အတွက် ငါ့ကိုကူညီပေးနိုင်မလား”

ဂိုဏ်းချုပ်ဇူက ပန်ဟွေသောက်တဲ့ခွက်ကိုပင် ယူလိုက်ပြီး လက်ဖက်ရည်တခွက် ငှဲ့သောက် လိုက်တယ်။ ထိုအရာကိုတွေ့တော့ ပန်ဟွေ့က မျက်မှောက်ကြုတ်သွားသည်။ ဒီလူက ကျင့် ဝတ်မရှိဘူးလား။

ချန်အန်ကလည်း တဖက်သူရဲ့ အကျင့်စရိုက်ကို သိချင်နေသည်။ သူကဝါးရွက်အိမ်ရာမှာ နေနေ တာဖြစ်တဲ့အတွက် အိမ်ရာပိုင်ရှင်ရဲ့စိတ်ဓာတ် ကိုသိရန်လိုအပ်တယ် မဟုတ်လား။

“ဂိုဏ်းချုပ်ဇူ ဒါတွေကနင့်အဖေဖြစ်တဲ့ အကြီးအကဲဇူနဲ့ အကြီးအကဲဟုန်ကြားက ရန်ပွဲ တခုပဲ ငါ့လိုအကြီးအကဲတယောက်ရဲ့တပည့် လေးတဦးက ဝင်ပါလို့မရဘူး ဒါကိုနင်နားလည် မှာပါ”

“မင်းက ငါ့ရည်းစားပဲ ဝင်ပါလို့ရပါတယ်”

ဂိုဏ်းချုပ်ဇူက မျက်မှောက်ကြုတ်ထားပြီး ဆက်ပြောလာပြန်တယ်။

“ချင်းရီ ငါတို့ကိုစေ့စပ်ထားပြီး ရင်းနီးမှုလည်းရှိ နေပြီးသားတွေပါ နောင်ဆိုငါတို့ကြား ရင်းနီးမှု ဆိုတာက ဒီထက်ပိုများပြီးတည်မြဲဖို့ပဲရှိတယ် မဟုတ်လား ငါ့ကိုကူညီတာက အကျိုးကြောင်း သင့်လျော်ပါတယ်”

“ငါပင်ပန်းနေလို့ ဂိုဏ်းချုပ်ဇူပြန်သွားလိုက်ပါ”

ထိုသို့ပြောပြီးတာနဲ့ ရှန်းချင်းရီက အပေါ်ထပ်ကို တက်သွားတော့တယ်။ ဂိုဏ်းချုပ်ဇူအပေါ်သူမ ဆက်ဆံတဲ့ပုံစံက ချန်အန်လောက်ကိုပင် မနွေး ထွေးဟု ခံစားနေရတယ်။

“ငါတို့ကြားဆက်ဆံရေးက ပျက်သွားပြီးလား”

ဂိုဏ်းချုပ်ဇူက ညီးတွားရင်းတီးတိုးရေရွတ်လို က်တယ်။ ခနကြာတော့ ရတနာခန်းက လူအနည်းငယ်နဲ့အတူ ပြန်ထွက်သွားတော့တယ်

“ဆေးဆရာချန် ချင်းရီက ဂိုဏ်းချုပ်ဇူနဲ့စေ့စပ် ထားတာပါ”

ချန်အန်က အံ့သြမိပေမယ့် တုန်လှုပ်ဟန်တော့ မပြခဲ့ပေ။ ရှန်းချင်းရီရဲ့ပြောစကားအရ ဒါက အကြီးအကဲတွေကြားက ရန်ပွဲတခုသာဖြစ်ပြီး ထိုအဖြစ်ပျက်က နှစ်ဖက်စလုံးအနေနဲ့ တဖက် ဖက်ကိုအဆုံးထိပျက်စီးသွားအောင်တော့ လုပ် ဆောင်ခွင့်မရှိဟု ဆိုလိုပြန်တယ်။ အဆုံးမှာ ရှုံးနိမ့်သူက မမျှတတဲ့တောင်းဆိုမှုကို လိုက်လျောပြီး လက်မှတ်ထိုးပေးရမှာပဲ။

ချန်အန်က အိမ်သို့အလျင်အမြန်ပြန်လာခဲ့ပြီး အိမ်ရောက်ချိန်မှာတော့ ဝမ်ကျိယန်က ချန်ယု ကျန်းလေးကို ချီသွင်းထည့်တာနဲ့ ပက်သက်ပြီး သင်ပြပေးနေတာကို တွေ့လိုက်ရသည်။

“ဖေဖေ”

ချန်အန်ကိုသတိပြုမိတာနဲ့ ယုကျန်းလေးက ပြေးဝင်လာပြီး ချန်အန်တယော​က် လက်ဗလာ ဖြစ်လာသည်ကိုတွေ့တော့ တောက်ပတဲ့မျက်လုံ အစုံက အရောင်မှိန်ကျသွားတယ်။ ဒီကလေးမ လေးကတော့လေ… ချန်အန်တယောက် ခံစား သွားရတယ်။ ပုံမှန်ဆို ဇနီးများနဲ့သမီးအတွက် အပြန်လက်ဆောင်ပါနေကျ ဆိုပေမယ့်ယနေ့ ဝယ်မလာချိန်မှာတော့ သမီးဖြစ်သူက ပွေ့ဖက် ဖို့တောင်စိတ်မပါတော့ချေ။

“ယောက်ျား အသက်ကြီးကြီးလူအိုတဦးက ဝိဉာဥ်ငါးတကောင် လာပို့သွားတယ် ယောက်ျား မှာထားတာလို့ ပြောသွားတယ်”

ဂူရှန်းယုက မီးဖိုချောင်ထဲမှ ထွက်လာရင်းပြော သည်။ ချန်အန်က သူမရဲ့ရှုပ်ပွနေတဲ့ဆံပင်များ ကိုသပ်ရပ်အောင်ပြင်ပေးလိုက်သည်။

“ဟုတ်တယ် ငါမှာထားခဲ့တာ တဝက်ကိုဟင်းချက်ဖို့နဲ့ တဝက်ကိုပေါင်းစား လိုက်ဖို့ စိတ်ကူးထားတယ်”

ထိုသို့ပြောရင်းတဆက်တည်း ဂူရှန်းယုကို လှည့်မေးလိုက်တယ်။

“ယုအာ ဝိဉာဥ်ငါးမချက်ဖူးဘူး မဟုတ်လား”

“ဟုတ်ပါတယ် ယောက်ကျား”

“အကောင်းဆုံးပေါ့ လာခဲ့မီးဖိုချောင်ထဲမှာ သင် ပေးမယ်”

ချန်အန်က ဂူရှန်းယုရဲ့ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားကြတယ်။

စိတ်စွမ်းအား +3×5

တနာရီလောက်ကြာတော့ ညစာအသင့်ဖြစ်သွား ခဲ့ပြီး မိသားစု၅ယောက် အတူစားသောက်ကြ တယ်။ စားသောက်နေရင်း ချန်အန်ကမေးလိုက် တယ်။

“ဒါနဲ့ အိပ်ရာပေါ်ကမှတ်တမ်းတင် ကျောက်တုံး ကောဘယ်လိုလဲ”

ဆောင်ဟွာယင်းက ခေါင်းငုံ့ချလိုက်ပြီး ဂူရှန်းယု ကတော့ရှက်ရွံသွားသည်။ ဝမ်ကျိယန်ကမူ မျက်စောင်းထိုးလာပြီး ချန်အန်ကိုလျစ်လျူရှု ဟန်ဖြင့် ဦးခေါင်းကိုလွှဲလိုက်သည်။ ထိုစဥ် ချန်ယုကျန်းလေးက

“ဖေဖေ သမီးငါးမျက်လုံး စားချင်တယ်”

“လာလာ အဖေကျွေးမှာပေါ့”

ချန်အန်က သမီးဖြစ်သူကို လက်ပြောင်းပြီးပွေ့ ချီလိုက်တယ်။ ညစာစားပြီးနောက် ခြံဝန်းထဲအ စာကြေအောင် လမ်းလျှောက်နေခဲ့ကြတယ်။ အ တွေးတခုနဲ့ စနစ်ရဲ့မျက်နှာပြင်ကို ဖွင့်လိုက်တ ယ်။

အမည်… ချန်အန်

ကျင့်ကြံဆင့်….ချီစုဆောင်းခြင်း အဆင့်၉

ဆေးပညာ… ဒုတိယအဆင့်

စိတ်စွမ်းအား… ပထမအဆင့် အဆင့်မြင့်

ရွှေလက်ချောင်း….ဆရာသခင်

အိပ်ပျော်စေတဲ့မန္တန်…ကျွမ်းကျင်အဆင့်

မီးစွမ်းအား…ပထမအဆင့် အလယ်အလတ်

အိမ်ထောင်ဖက်များ… ဆောင်ဟွာယင်း ဂူရှန်းယု ဝမ်ကျိယန်..

မျိုးဆက်….ချန်ယုကျန်း

အိပ်ပျော်စေတဲ့မန္တန်က သမီးဖြစ်သူကြောင့် အဆင့်မြင့်လာခြင်းဖြစ်ပြီး နောင်တွင်သမီးဖြစ် သူအပေါ်သုံးမရပါက အဆင့်တက်ရန်ခက်ခဲရ ပေတော့မည်။

………………………………………………….

All Chapters