← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

“ယောက်ျား ယုကျန်းလေးကိုကြည့်ရတာ အောင်မြင်သွားပြီထင်တယ်”

ဝမ်ကျိယန်က တအံ့တသြပြောလာတယ်။ ဆောင်ဟွာယင်းကလည်း မှင်သက်နေပြီး ခဏတာ တုန်လှုပ်ပြီးချိန်မှာတော့ သမီးဖြစ်သူ ကိုပြေးချီလိုက်တယ်။

“ယုျုန်း သမီးကအရမ်းတော်ပဲ”

“သူ့ကိုမဖက်လိုက်နဲ့”

ဝမ်ကျိယန်က ချက်ချင်းပဲ တားမြစ်လိုက်တယ်။

“ယုျုန်းက ချီဆွဲသွင်းတာကို အခုမှအောင်မြင် တာပါ သူအသားကျပါစေဦး မနှောင့်ယှက်နဲ့”

သမီးဖြစ်သူကို ပွေ့ချီဖို့ကြိုးစားရာက ရပ်တန့် လိုက်ပြီးနောက် ကျေးဇူးတင်စကားပြောလာတယ်။

“အကုန်လုံးကို ကျေးဇူးတင်ပါတယ် ကျွန်မအစ်မဝမ်ကို အရမ်းချစ်တယ်”

“အစ်မဝမ်လည်း ယင်းအာကို ချစ်ပါတယ်”

ဝမ်ကျိယန်ကပြုံးပြီး ဆောင်ဟွာယင်းကို ပွေ့ဖက်လိုက်တယ်။ တဖက်မှာ ဂူရှန်းယုလည်း ပျော်ရွှင်နေပြီး နှုတ်ဆိတ်နေတဲ့ ချန်အန်ကို ပြောလာတယ်။

“ယောက်ျား ယုကျန်းလေးသင်ယူနိုင်ခဲ့ပြီ”

“အိုး အံ့သြသင့်စရာပဲ”

ချန်အန်က စနစ်မှပေးတဲ့ဆေးလုံးကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားတယ်။ သူကသမီးဖြစ် သူအတွက် ပျော်ရွှင်မိပေမယ့် လတ်တလောမှာ တော့ မနှောင့်ယှက်ချင်သေးပေ။

“ငါဆေးဖော်ခန်း ခဏသွားဦးမယ်”

ချန်အန်က အခန်းထဲရောက်တာနဲ့ နေရာတခုရှာ လိုက်ပြီး တင်ပျဥ်ခွေထိုင်ချလိုက်တယ်။ ဆေးလုံးကိုချက်ချင်းပဲ ပါးစပ်ထဲထည့်လိုက်ပြီး သူ့အနေနဲ့ မစောင့်နိုင်တော့ပေ။

သူ့တကိုယ်လုံးပူနွေးသွားပြီး သွေးကြောတွေက အရင်ကထက်ပို ကျယ်ပြန့်လာတယ်။ တကိုယ် လုံးကလည်း တွင်းနက်တခုလိုဖြစ်နေပြီး ပတ်ဝန်းကျင်က ချီဓာတ်ကိုအဆတ်မပြတ် စုပ် ယူနေတယ်။

သူ့ရဲ့ လှုပ်ရှားမှုက ချီဓာတ်ကိုဆွဲသွင်းနေတဲ့ သမီးဖြစ်သူကို ထိခိုက်သွားလေမလား တွေးရင်းစိတ်ထိခိုက်သွားတယ်။ ဒါပေမယ့် ထိုအတွေးကိုချက်ချင်း ဖယ်ထုတ်လိုက်ပြီး အခြေခံတည်ဆောက်ရေးအဆင့်ကို ရောက်ဖို့ပဲ အာရုံစိုက်လိုက်တော့တယ်။

အဆင့်ချိုးဖြတ်တာက အလွန်ခက်ခဲပြီး နာကျင် ရတယ်။ ဓားများစွာနဲ့မွှန်းနေသလို ခံစားရပြီး နာကျင်မှုက တောင့်ခံဖို့တောင် ခက်ခဲနေတယ်။ သူမျက်လုံးပြန်ဖွင့်လိုက်တော့ အပြင်မှာမှောင်စ ပြုနေလေပြီ။ ကံကောင်းစွာနဲ့ အဆုံးမှာတော့ အဆင့်ချိုးဖြတ်နိုင်ခဲ့တယ်။

စနစ်ရဲ့ဆေးလုံးက တကယ်ကိုကောင်းမွန်းလွန်း တယ်။ ချီစုဆောင်းခြင်းအဆင့်၉ကနေ တည် ဆောက်ရေးအဆင့်ကို ချိုးဖြတ်သွားစေတယ်။ သူက တည်တည်ငြိမ်ငြိမ်နဲ့ တကိုယ်လုံးကို အဆတ်မပြတ်စစ်ဆေးနေခဲ့တယ်။

ကိုယ်တွင်းချီဓာတ်တွေက ဆယ်ဆလောက်တိုး တက်လာတာကို တွေ့လိုက်ရတယ်။ ဒါကတည် ဆောက်ရေးအဆင့်ရဲ့ ခွန်အားလား။ နဝမအဆင့်က လူ၉ဦးလောက်ကို အသာလေး ရိုက်သတ်နိုင်တယ်လို့ ခံစားနေရတယ်။

ဇနီးများကိုသတင်းကောင်းပြောဖို့ မစောင့်နိုင် တော့။ ချန်အန်ဆေးဖော်ခန်းကထွက်လာတော့ ဇနီးများက အခန်းအပြင်မှာစောင့်နေကြတယ်။

“ယောက်ျား နင်အခန်းထဲမှာ ဘာလုပ်နေတာလဲ အော်ခေါ်တာလည်းပြန်မထူးတော့ ငါတို့အရမ်း စိတ်ပူနေတာ”

ဆောင်ဟွာယင်းက စိုးရိမ်စွာနဲ့ပြောတယ်။ ဂူရှန်းယုကလည်း သူမနည်းတူ စိုးရိမ်နေပုံပင်။ ဝမ်ကျိယန်တယောက်သာ မတူညီတဲ့ပုံစံနဲ့ ချန်အန်ကို ကြည့်နေတယ်။ ခဏကြာတော့

“နင်… နင်တည်ဆောက်ရေးအဆင့်ကို ရောက်သွားပြီလား”

အမျိုးသမီးများအားလုံး တုန်လှုပ်သွားကြပြီး တခဏကြာတော့ သူ့ကိုတင်းကြပ်စွာပွေ့ဖက် လာကြတယ်။ အကုန်လုံးရဲ့အကြည့်အောက်မှာ ခေါင်းညိတ်ပြလိုက်တယ်။

“ဟုတ်တယ် ငါတည်ဆောက်ရေးပထမအဆင့် ကိုဖြတ်ကျော်သွားနိုင်ခဲ့ပြီ”

ထိုသို့ပြောရင်း ဖိအားတချို့ ထုတ်လွှတ်ပြလိုက် တယ်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဝမ်ကျိယန်တယောက် မှင်သက်နေတယ်။ သူမ သိတာက အဆင့်၉ကနေ တည်ဆောက်ရေးအ ဆင့်ကိုရောက်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်တတ်တယ်ဆိုတာပဲ။ သူမယောက်ျား ကတော့အလွယ်တကူပဲ အဆင့်ချိုးဖြတ်နိုင်ပြီး သူမယောက်ကျားရဲ့ အခြေခံက ဒီလောက်ပင် ခိုင်မာနေတာလားလို့ သူမတွေးမိတယ်။ သူမက တွေးလေ တုန်လှုပ်လေဖြစ်သော်လည်း သူမငြိမ်သက်နေစဥ် ဆောင်ဟွာယင်းက ချန်အန်ကို ပွေ့ဖက်ရင်းပြောတယ်။

“တည်ဆောက်ရေးအဆင့်ကို ရောက်သွားတဲ့အ တွက်ဂုဏ်ယူပါတယ် ယောက်ျား”

ဂူရှန်းယုကလည်း ဂုဏ်ပြုစကားဆိုတယ်။ ချန်အန်က ဝမ်ကျိယန်ကိုပြုံးပြီး​ကြည့်လိုက်ရင်း

“ယန်အာ ငါ့ကိုဂုဏ်မပြုတော့ဘူးလား”

“ဂုဏ်ယူပါတယ် ယောက်ျား”

သူမကပြောရင်း ရှေ့တက်လာကာ ချန်အန်ကို မေးတယ်။

“ယောက်ျားနင်ဘယ်လို လုပ်ခဲ့တာလဲ”

“ခန့်မှန်းကြည့်လေ”

“ငါ့ကိုမမှန်းခိုင်းနဲ့တော့ ငါနင့်စကားကိုနား ထောင်ပါ့မယ် နင်ဘာပဲခိုင်းခိုင်းငါလုံးဝမကန့် ကွက်ဘူး ငါ့ကိုပြောပြပေးပါ”

သူမက တကယ်ကိုသိလိုစွာနဲ့မေးနေတော့ ချန်အန်လည်း မည်သို့ပြန်ဖြေရမှန်းမသိတော့ချေ။ ပြောဖို့က လည်းစနစ်တည်ရှိမှုကို ထုတ်ပြရနိုင်ပြီး မပြော ပါကလည်း လင်မယားကြားဖုံးကွယ်မှုကဆက် ဆံရေးကိုထိခိုက်စေနိုင်တယ်။

အဆုံးမှာတော့ သက်ပြင်းချလိုက်ပြီး

“ယန်အာ ငါမင်းနဲ့ပေါင်းပြီးတည်းက ငါ့ရဲ့အဆင့်ကျော်ဖြတ်မှုတွေ မြန်ဆန်လာတယ် ဒါကမင်းရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြော င့်ဖြစ်နိုင်တယ်”

“ငါ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်လား”

ဝမ်ကျိယန်တယောက် မှင်သက်တိတ်ဆိတ်သွား တယ်။ ဒါကိုအခွင့်ကောင်းယူပြီး ချန်အန်က စကားလမ်းကြောင်းလွှဲတယ်။

“ယုျုန်းဘယ်မှာလဲ”

“အသေးလေးက တနေ့ကုန်လေ့ကျင့်ထားရလို့ ပင်ပန်းပြီး ခုနကပဲ အိပ်ပျော်သွားတယ်လေ”

“ငါအသေးလေးကို သွားတွေ့လိုက်မယ်”

ချန်အန်က လမ်းစရှာပြီး ထွက်လာတော့တယ်။ ခဏကြာတော့ အခန်းထဲမှာအိပ်ပျော်နေတဲ့ သမီးဖြစ်သူကိုကြည့်ပြီး သူမက ဆယ်ရက်တည်းနဲ့ လေ့ကျင်နိုင်တာကိုလည်း အံ့သြသင့်မိတယ်။ ကံဆိုးစွာနဲ့ ဝိဉာဥ်းရင်းမြစ် နိမ့်ကျတာကြောင့် ပထမအဆင့်ကိုရောက်ဖို့ သူမအနေနဲ့ အများကြီးပင်ပန်းရဦးမှာပါ။

ဝါးရွက်ဂိုဏ်းရဲ့ အတွင်းခန်းထဲမှာတော့ ဂိုဏ်းချုပ်ဇူက သတင်းကိုဖတ်နေတယ်။

“ပန်ဟွေ”

“ချန်အန်”

“ငါ့လိုစေ့စပ်ထားသူရှိနေတာတောင် တခြားတ ယောက်နဲ့ စေ့ဆော်ပေးနေတာတဲ့လား”

“မင်းတို့အတွက် အသက်ရှင်ရတာ ပျင်းစရာ ကောင်းနေလို့လား”

………………………………………………..

All Chapters