← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

နောက်ရက်တွေမှာ ချန်အန်က မနက်စောစော ထွက်သွားပြီး နောက်ကျမှပြန်လာတတ်တယ်။

သူကနေ့တိုင်းပဲ ရတနာခန်းမရဲ့ ဆေးဖော်စပ် ခန်းထဲ ပြင်းပြင်းထန်ထန်ကြိုးစားနေခဲ့တယ်။ ပင်ပန်းပေမယ့် စိတ်ကျေနပ်မှု ရနေခဲ့တယ်။ ဤ ကာလမှာ ရှန်းချင်းရီကို ဂိုဏ်းချုပ်ဇူက ကြိမ်ဖန် များစွာလာတွေ့ခဲ့ပြီး အများစုက တိုက်ပွဲမှာကူညီဖို့ အရိပ်ခြေလာပြနေတာပဲ ဖြစ်တယ်။

ဆယ်ရက်ခန့် ဆက်တိုက်ငြင်းပယ်ပြီးနောက် ဂိုဏ်းချုပ်ဇူမလာတော့။ နောင်မှသိရတာက ရှန်းချင်းရီက တည်ဆောက်ရေးအလယ်ဆင့် ဖြစ်တယ်ဆိုတာပဲ။ အတိကျတော့ သူမသိပေ။ သေချာတာက သူမကဝါးရွက်ဂိုဏ်းမှာတော့ ပြိုင်ဘက်ကင်းပါတယ်။ ခွန်အားချင်းယှဥ်ပါက သံနက်အိမ်ယာက အနည်းငယ်သာလွန်တယ်ဆို တာကို ရှေ့မှာဖော်ပြခဲ့ပါပြီ။

မျက်စိတမှိတ်အတွင်းမှာပဲ နောက်ထပ်ရက်အ နည်းငယ်ကုန်သွားခဲ့ပြီး နေ့လည်ခင်းမှာတော့ တာဝန်ပြီးဆုံးသွားတဲ့ ချန်အန်တယောက် ရတနာခန်းမထဲက ထွက်လာတယ်။ သူကထုံးစံ အတိုင်းပဲ မှတ်တမ်းတင်ကျောက်တုံးနဲ့ ဆေးဝါး ကိုထုတ်ပေးလိုက်တယ်။ ဆိုင်ရှင်လျှူက

“ဒီနေ့ ဆေးဆရာချန်ပေးတဲ့အရေတွက်ကို ထပ် ပေါင်းထည့်လိုက်ရင် စုစုပေါင်း 1950 ရပြီးပြီ ဒီတော့မနက်ဖန်မှာ နောက်ထပ်၅၀ ဖော်ပေးတာ နဲ့ စမ်းသပ်မှုအောင်မြင်ပါတယ် ဂုဏ်ယူပါတယ် ဆေးဆရာချန်”

ချန်အန်ကတော့ အဆုံးထိမရောက်သရွေ့ ကျေ နပ်နေမည်မဟုတ်ပေ။ မတော်တဆများဖြစ်နိုင် သေးတယ်မဟုတ်လား။ ထိုချိန် ရတနာခန်းမက ဖြတ်သွားတဲ့ ပန်ဟွေက ချန်အန်ကိုပြုံးပြပြီး

“ဆေးဆရာချန် ငါအချိုပွဲတချို့လုပ်ထားတယ် နင်နည်းနည်းမြည်းဦးမလား”

“မင်းရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့်လုပ်စရာရှိသေးလို့ အိမ်အရင်ပြန်ရဦး မယ်နောက်များမှပေါ့”

ချန်အန်က ပန်ဟွေကိုငြင်းဆိုပြီး လှည့်ထွက်သွာ တော့တယ်။ ရှန်းချင်းရီက ဂိုဏ်းချုပ်ဇူနဲ့စေ့စပ် ထားသည်ကိုသိလျင် ခပ်ကင်းကင်းနေရန်ဆုံး ဖြတ်လိုက်တယ်။

“ချင်းရီ ဆေးဆရာချန်က ငါတို့ကိုတမင်ရှောင် နေသလိုခံစားရတယ်”

ပန်ဟွေက အချိုပွဲကိုအနည်းငယ်စားရင်း မကျေနပ်ဟန်နဲ့ ပြောဆိုတယ်။ ရှန်းချင်းရီက အချိုရည်ကိုတငုံသောက်ပြီး

“သူ့အကြောင်းပြချက်က ငါနဲ့ဂိုဏ်းချုပ်ဇူတို့ စေ့စပ်ထားလို့ပဲ ပန်ဟွေ နောက်တခါသူ့ကိုသွား မနှောင့်ယှက်ပါနဲ့တော့”

“ဆေးဆရာချန်က သတ္တိကြောင်လွန်းတယ်”

သူမကတော့ သူမကိုကူညီခဲ့တဲ့ ချန်အန်နဲ့ချင်းရီ တို့ကိုနီးစပ်စေခဲ့တယ်။ ချန်အန်ရဲ့အပြုအမူက သူမကိုမကျေနပ်ဖြစ်စေတယ်။ ထိုစဥ်ရုတ်တရက်ပဲ ပန်ဟွေက

“ချင်းရီ ဆေးဆရာချန်ကို ဘယ်လိုမြင်လဲ”

“ခေျာတယ် တည်ငြိမ်တယ် နူးညံ့ပြီး ကြင်နာ တတ်တယ် ငါ့မှာသူနဲ့ပက်သက်ပြီး ဘာအတွေးမှမရှိပါဘူး အထူးသဖြင့်ယောက်ျား တွေနဲ့ပက်သက်ပြီးပေါ့ အရင်ဆုံးငါ့အနေနဲ့ ရွှေ အမြူတေအဆင့်ကို ရောက်ချင်သေးတယ်”

“ငါကတော့ ချီစုဆောင်းခြင်းနှောင်းပိုင်းကိုသာ ရောက်ရင်တောင် ကျေနပ်ပါပြီ ငါ့ခင်ပွန်းအနေ ထားက ပြီးဆုံးသွားလောက်ပြီ ဆေးဆရာချန် ကသာ ငါ့အပေါ်အလေးအနက်ထားဆက်ဆံ ပေးနိုင်ရင် တသက်လုံးအလုပ်အကျွေးပြုဖို့ပဲ စိတ်ကူးထားတယ်”

“ပန်ဟွေ နင့်ကိုနင် အရမ်းမနှိမ့်ချသင့်ဘူး”

“ချင်းရီ ငါတို့လိုအဆင့်နိမ့် ကျင့်ကြံသူတွေနဲ့ ပက်သက်ပြီး နင်နားမလည်ပါဘူး”

ထိုသို့အပြန်အလှန်ပြောနေစဥ် တဖက်ခန်းမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ စကား ပြောဆိုနေကြတယ်။ အမျိုးသမီးက သူလျှိုအ နေနဲ့ မွေးမြူခံထားရသူဖြစ်တယ်။ သူတို့က ရှန်းချင်းရီကို စောင့်ကြည့်ဖို့ ဂိုဏ်းချုပ်ဇူစီမံထာ ခြင်းဖြစ်တယ်။ ရှန်းချင်းရီတို့စကားကြားတာနဲ့ ချက်ချင်းပဲ စာတစောင်ရေးပြီး ခိုကနေတဆင့် ဂိုဏ်ူချုပ်ဇူထံ ပို့လိုက်တော့တယ်။

ထိုအချိန် ချန်အန်ကတော့ အိမ်ကိုရောက်တာနဲ့ ယုကျန်းလေးရဲ့ ရှုံ့မဲ့မဲ့မျက်နှာကို မြင်လိုက်ရတယ်။

“ဖေဖေ”

သူမလေးက ချန်အန်ကိုမြင်တာနဲ့ ပြေးလွှားလာ တယ်။ ဖေဖေလို့ ခေါ်တာက ထွက်ပေါက်ရှာတာ ဖြစ်တယ်။

“ယုျုန်း သမီးက မေမေဝမ့်စကားကိုနားထောင် သင့်တယ်”

ချန်အန်က ယုကျန်းလေးရဲ့ခေါင်းကိုပွတ်သပ် ပေးလိုက်ရင်း ပြောတယ်။

အချိန်အနည်းငယ် ကြာပြီးချိန်မှာတော့ ညစာ အသင့်ဖြစ်နေခဲ့ပြီ။ ညစာစားချိန်တွင်လည်း ဝမ်ကျိယန်က ချန်ယုကျန်းကိုလုံးဝ တင်းကြပ် ထားပြီး ချီဆွဲသွင်းခြင်းကို ကျွမ်းကျင်မှစားရ မည်ဟု အသိပေးခဲ့တာကြောင့် ချန်ယုကျန်းလဲ ဆာလောင်မှုကို တောင့်ခံပြီးလေ့ကျင့်ရတော့တ ယ်။

ချန်အန်တယောက် ချန်ယုကျန်းလေ့ကျင့်နေပုံ ကိုကြည့်နေစဥ်မှာပဲ ဆောင်ဟွာယင်းကတော့ ဝမ်ကျိယန်ရဲ့တင်းကြပ်မှုကို ချန်အန်ဆီလာညီး ညူးနေခဲ့တယ်။

“ယောက်ျား သမီးကိုဘာလို့အစားမစားခိုင်းရ တာလဲ”

သူမကဝမ်ကျိယန်ကို မပြောရဲပေ။ ချန်အန်က တော့ ဇနီးနှစ်ဦးကြားဗျာများရပြီး အကောင်းဆုံ အဖြေတခု အလျင်မြန်ထုတ်နေခဲ့တယ်။ ထိုစဥ်

(သမီးဖြစ်သူက မသေမျိုးလမ်းစဥ်ကိုစတင် လျှောက်လှမ်းနိုင်ပါပြီ ထိပ်တန်းအဆင့် တည် ဆောက်ရေးဆေးလုံးကို ဆုလာဘ်အဖြစ် ချီးမြင့်လိုက်ပါတယ်)

…………………………………………………

All Chapters