အခန်း (၈၀)
Vol. 8 Ch. 80
နောက်တနေ့မနက်မှာ ချန်အန်တယောက် ဂူရှန်းယုရဲ့အခန်းထဲမှာ နိုးထလာတယ်။
ထူးဆန်းစွာနဲ့ သူကပင်ပန်းတယ်လို့လုံးဝ ခံစားမနေခဲ့ပါဘူး။ တည်ဆောက်ရေးအဆင့်ကို ရောက်ပြီး သူကနောက်တဆင့် မြင့်တက်သွား သူလိုခံစားနေရမှန်း သိလိုက်တယ်။
ရွှေအမြူတေကိုရောက်ရင် အစားစားခြင်းက ရှောင်လွှဒနိုင်မှာ ဖြစ်တယ်။ အဲ့အဆင့်ကကော ဘယ်လောက်တောင်အားကောင်းမလဲ။ သူက မျက်လုံးအစုံကိုမှိတ်လိုက်ပြီး သူ့ဘဝကိုအစက နေတဆင့် ပြန်တွေးနေမိတယ်။ သူသာဆောင်ဟွာယင်းကို လက်မထပ်ပါက စနစ်ရှိမှန်း သိမှာမဟုတ်သေးပဲ သူ့အဆင့်ကလဲ တတိယအဆင့်မှာ ရပ်နေဦးမှာ ဖြစ်တယ်။
သူ့ဇနီးများက သူ့အတွက်တကယ်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးတွေသာဖြစ်တ ယ်။ ကုတင်ပေါ်လဲလျောင်းနေတဲ့ ဂူရှန်းယုကို အသာငုံ့ကြည့်တယ်။ သူမရဲ့ဆံသားများကိုဆွဲ ယူပြီး လက်ပေါ်တင်ကြည့်တယ်။
“ဒါက အတော်လှတာပဲ”
ချန်အန်တယောက် မချီးမွှမ်းပဲ မနေနိုင်တော့ပေ စနစ်ရဲ့မျက်နှာပြင်ကို တချက်စစ်ဆေးလိုက်တယ်။
စိတ်စွမ်းအား 3×77
စိတ်စွမ်းအား… ပထမအဆင့်အဆင့်မြင့် 2488/2500
၁၂မှတ်လောက် လိုနေသေးတာကို တွေ့လိုက်ရတယ်။ ချန်အန်တယောက် စိတ်လှုပ် ရှားသွားရပြီး ချက်ချင်းဖြတ်ကျော်ချင်ပေမယ့် ကုတင်ပေါ်လဲလျောင်းနေတဲ့ ဂူရှန်းယုကိုကြည့် ပြီး မလှုပ်ရှားဖို့ဆုံးဖြတ်လိုက်တယ်။
ချန်အန်တယောက် ဂူရှန်းယုမထနိုင်တဲ့အတွက် သူမတာဝန်ကိုယူဖို့ မီးဖိုချောင်ဝင်နေချိန်မှာပဲ ဝမ်ကျိယန်တယောက် ခြေသံနဲ့အတူရောက်လာ တယ်။
“ယုအာ မထနိုင်ဘူးလား”
သူမက ချန်အန်ကိုမေးလိုက်တယ်။
“ဟုတ်တယ် မနေ့ညကသူအိပ်တာနောက်ကျ သွားတယ်”
“နင်ကငါတို့ကို လုံးဝမသနားဘူးပဲ တကယ်ပဲ မိန်းမတွေကို သနားရကောင်းမှန်း မသိဘူးလား”
ဝမ်ကျိယန်က မကျေမနပ်ဟန်နဲ့ ပြောလာတယ်။
“ဒါနဲ့ ငါနဲ့လက်ထပ်ပြီးမှ ဒီလိုဖြစ်တာလို့ နင်ပြောခဲ့တယ် ဒါပေမယ့်လက်မထပ်ခင်တည်း ကနင်ကဒီလိုမျိုး အဆင့်ဖြတ်ကျော်နေတာလေ နင်ကိုယ်တိုင်က ထူးခြားနေတာမဟုတ်လား”
“အရာအားလုံးက အလေ့ကျင့်ကလာတာပဲ မင်း ကလေးမွေးပြီးရင် ငါပြောပြပေးမယ်”
သူမထွက်သွားပြီးချိန် ချန်အန်ကိုမနက်စာကို စားသောက်ပြီးနောက် လက်ကျန်ဆေးလုံး၅၀ ကိုဖော်စပ်ဖို့ ရတနာခန်းမဆီသွားတယ်။ ရတနာခန်းမမှာတော့ ပန်ဟွေနဲ့ ရှန်းချင်းရီတို့ကို ရင်းရင်းနီးနီးစကားပြောနေတာ တွေ့လိုက်တယ် သူမတို့ဆက်ဆံရေးက တနေ့တခြားပိုကောင်း လာပုံပါပဲ။
ဆိုင်ရှင်လျှူနဲ့ စကားအချို့ပြောပြီး မှတ်တမ်း ကျောက်တုံးကိုယူ၍ ဆေးဖော်စပ်ခန်းထဲဝင် သွားတယ်။ ချန်အန်က သူမတို့ကို လိုတိုရှင်းပဲ နှုတ်ဆက်စကားပြောလိုက်တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နှစ်နာရီကြာသွားပြီး ဆေးလုံး၅၀ နဲ့အတူ ပြန်ထွက်လာတယ်။ ပြီးတော့ အိမ်အမြန်ပြန်ပြီး ဝါးရွက်ဂိုဏ်းအတွက် ဆေးလုံးဖော်စပ်တယ်။ ဆေးလုံးနောက်တသုတ်ပို့ပြီးတော့ သူ့အတွက် တာဝန်ကပြီးသွားခဲ့ပြီ။
ညစာစားပြီးတော့ ဝမ်ကျိယန်နဲ့အတူ ရေချိုးဖို့ တွေးပေမယ့် သူမကကိုယ်ဝန်ကြောင့် အလှည့် ကျော်လိုက်ပြီး ဆောင်ဟွာယင်းအလှည့်ဖြစ် သွားရတယ်။
“ယင်းအာ မင်းကနည်းစနစ်သုံးမျိုးကို သေချာ လေ့ကျင့်ထားပုံပဲ တော်တော်လေးတိုးတက် လာနေတယ်”
“ယင်းအာခုလိုကြိုးစားမှဖြစ်မှာလေ မဟုတ်ရင် အိပ်ရာပေါ်မှာငိုနေရပြီး မူးမေ့သွားမှာပေါ့”
ချန်အန်က သူမရဲ့ဆံပင်များကို သပ်ပေးလိုက် ပြီး ရုတ်တရက်ပေါ်လာတဲ့ အကြောင်းကြားမှုကို စစ်ဆေးလိုက်တယ်။
ဆေးပညာအတွေ့အကြုံ 3×37
ဆေးပညာ…. ဒုတိယအဆင့် 3229/12500
နောက်ထပ် အချိန်တချို့ထပ်ကြာသွားတယ်။ အပူချိန်ကျဆင်းသွားတဲ့ ရေစည်ထဲကထွက်ပြီး အဝတ်အစားတွေ ဝတ်ဆင်ကြတယ်။
“ယင်းအာ မင်းကပိုလှလာပြီး အရင်ကထက်ပို တောင်ဆွဲဆောင်လာနိုင်တယ် မင်းကနုပျိုလာပုံ ပါပဲ”
ချန်အန်က သူမကိုချီးကျူးစကားဆိုလိုက်ပြီး စေ့စေ့ကြည့်လေ သူမကိုသဘောကျလေဖြစ်နေ သည်။ ဆောင်ဟွာယင်းက
“ယောက်ျားနင့်ကိုဆွဲဆောင်ဖို့ ငါ့မှာနောက်ထပ် ဆယ်နှစ်ပဲ ရှိတော့တယ် ဒီအလှတရားကိုမှတ် တမ်းတင်နိုင်အောင် မှတ်တမ်းတင်ကျောက်တုံး ဝယ်ထားပေးပါဦး”
“ယင်းအာ မင်းဘာစကားတွေပြောနေတာလဲ ဒီအလှတရားကို သေချာပေါက်ထိန်းသိမ်းနိုင် မှာပါ”
ချန်အန်က သူမကိုဆွဲဖက်လိုက်ပြီး
“မတော်တဆသာမရှိရင် ရတနာခန်းမကိုဝင်နိုင် တော့မှာပါ ဒါဆိုအလှတရားဆေးလုံးကိုငါရှာ နိုင်ပြီ မင်းအတွက်နည်းလမ်းတခု ငါရှာမယ်”
“ယောက်ျား..”
ဆောင်ဟွာယင်းက စိတ်ထဲထိသွားပုံရတယ်။
(သင့်ရဲ့အလှတရားဆေးလုံးနဲ့ပက်သက်ပြီး ကတိစကားကြောင့် ဆက်ဆံရေးတိုးမြင့်လာပါ တယ် ဆက်ဆံရေး 1+3+1+4+5+2+)
အမည်… ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…ကျေးဇူးတရားကို အဆများစွာပြန် လည်ပေးဆပ်ပါမည်
ဆကိဆံရေး..ကြယ်လေးပွင့် 2502/2500
(ဆက်ဆံရေး ကြယ်၅ပွင့်ထိ တိုးမြင့်ပြီးနောက် ဇနီးနဲ့ခင်ပွန်းကြား နှောင်ကြိုး အသက်ဝင်လာပါ ပြီသူမတို့ကလည်း အကျိုးကျေးဇူးကိုခံစားနိုင် ပါလိမ့်မယ်)
နှောင်ကြိုးဆိုတာဘာလဲ..။
သူမတို့ကလည်း သူနဲ့ဆက်ဆံရေးကနေ ခံစား ခွင့်အချို့ရှိနေခဲ့တာလား။
………………………………………………..
စာစဥ်၈ ပြီး၏။