← Chapters

သမိုင်းကို ဖန်တီးသူ

Vol. 017 Ch. 1628

သမိုင်းကို ဖန်တီးသူ

Vol. 017 Ch. 1628

“ဒါက ဘာလဲ”

ရီဖူရှင်းသည် သူ့ရပ်နေရာ၏ အရှေ့မှ ပုလဲကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ လေဟာနယ်ခန်းမအတွင်းမှ အားလုံးသော အလင်းတို့က ဤတစ်နေရာထဲသို့ စုစည်းလာသည်။ ၎င်းက ထူးခြားဆန်းကြယ်လှသည့် ပစ္စည်းဖြစ်သည်မှာ သေချာနေ၏။ ဤအရာတွင် မည်သည့် လျှို့ဝှက်ချက်တို့ ပါဝင်နေသနည်း။

သူသည် ပခုံးပေါ်မှ လည်ပြန်ကြည့်လိုက်သည်။ ဤခန်းမသည် အမှန်တကယ်ပင် အချို့သော ပုဂ္ဂိုလ်ကြီး၏ ရတနာသိုက်ဖြစ်ခဲ့လျှင် ထိုတံခါးသည် ရတနာအခန်း၏ ဝင်ပေါက်ဖြစ်နိုင်သည်။ ပုလဲသည် တံခါး၏ အရှေ့ဆုံး၌ ရှိနေသည့် အရာဖြစ်သည်။ ၎င်းက လေဟာနယ်ခန်းမတစ်ခုလုံး၏ အဓိကသော့ချက် ဖြစ်နေသည်လား။

နတ်အလင်းသည် သူ၏ မျက်လုံးအတွင်း လင်းလက်လာပြီး သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသကဲ့သို့ ဖြစ်လာသည်။ သူသည် ဤပုလဲက လေဟာနယ်ခန်းမခန်းမတစ်ခုလုံး မည်သို့ဆက်သွယ်ထားသည်ကို မြင်တွေ့ခဲ့သည်။ ရတနာများပေါ်မှ ချိပ်စည်းများအားလုံးက ၎င်းနှင့် တသားတည်း ဖြစ်သည်။ လေဟညနယ်တံခါး ပုံရိပ်ယောင်များသည် နေရာအနှံ့တွင် ပေါ်ပေါက်နေသည်။ ကြည့်ရသည်မှာ ၎င်းတို့က နေရာအနှံ့တွင် ရှိနေပုံပေါ်သည်။ သူသာ ဤပုလဲ၏ သခင်ဖြစ်နိုင်လျှင် သူသည် ဤတံခါးများအားလုံးကို အတွေးတစ်ချက်နှင့် တစ်ခါတည်း ဖွင့်နိုင်ပေလိမ့်မည်။

သူက စိတ်စွမ်းအားတို့အား ပုလဲအတွင်းပို့လွှတ်ကြည့်လိုက်သည်။ ပုလဲမှ လက်လက်တောက်ပနေသည့် အလင်းများ ထုတ်လွှတ်နေသည်အား မြင်တွေ့လိုက်ရပေသည်။ အလင်းသည် ခန်းမအတွင်းမှ အရာအားလုံးကို ဖုံးလွှမ်းထားပြီး လူအများကို နာကျင်၍ မျက်စိဖွင့်ရခက်ခဲလာအောင် ပြုလုပ်နေသည်။

“သတိထား”

ခန်းမတစ်ခုလုံးကို တောက်ပသည့် အလင်းရောင်စဥ်တို့နှင့် ဖုံးလွှမ်းထားပြီး ရာရာသည် အခန်းအတွင်းမှ အားကောင်းသော လေဟာနယ်စွမ်းအားတို့ကို ခံစားမိပေသည်။ ထို့ကြောင့် သူမက ချက်ချင်း ပြောလိုက်သည်။ ထိုအချိန်၌ ရီဖူရှင်းကို လေဟာနယ်စွမ်းအားတို့ဖြင့် ဖုံးလွှမ်းထားခဲ့၏။ အားလုံးသော ပုံရိပ်ယောင် တံခါးများက သူ့၏ အပေါ်တွင် ဖြစ်ပေါ်လာပြီး သူ့ကို ဝါးမျိုပစ်ရန် ကြိုးစားနေ၏။

လူတစ်စုက သူ့ထံသို့ တိုးဝင်လာသော်လည်း မရေတွက်နိုင်သည့် တံခါးများက သူတို့၏ အရှေ့တွင် ပေါ်ပေါက်လာသည်။ သူတို့၏ အမူအရာက မှောင်မည်းသွားတော့သည်။

“အဲဒါက ဘာလဲ။” သူ့ထံ ပြေးဝင်လာသည့် လူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ ထို ရုတ်တရက်ဆန်သည့် အပြောင်းအလဲက သူတို့ကို ရီဖူရှင်းထံ မရောက်ရှိနိုင်အောင် လုပ်ဆောင်နေသည်။ သူတို့သည် သူက ဤလေဟာနယ်ခန်းမ၏ သခင်ဖြစ်သွားပြီဟု ထင်နေခဲ့ကြသည်။ သူ ထင်မထားမိခဲ့သည်က ဤပုလဲအတွင်း၌ ထိုသို့သော အန္တရာယ်ပုန်းအောင်းနေမည်ဟုပင် ဖြစ်သည်။

မည်သူကမှ ထိုအရာကို မရရှိနိုင်ပေ။ သူတို့ အားလုံးသည် လေဟာနယ်တံခါးများ၏ တားဆီးထားခြင်းကို ခံခဲ့ရသည်။ လက်မအနည်းငယ် ရွေ့လျားရခြင်းကပင် သမုဒ္ဒရာကို ဖြတ်ရသကဲ့သို့ ဖြစ်နေပေသည်။

တစ်ချိန်တ​ည်းမှာပင် ရီဖူရှင်း၏ အသိစိတ်က ပုလဲအတွင်း ရောက်ရှိသွားပြီး အဆုံးမဲ့ တံခါးများက သူ၏ အမြင်အာရုံအတွင်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည်။ ထိုအခိုက်တွင် သူ၏ စိတ်အာရုံတို့က ပိတ်မိနေခဲ့၏။ သူ့အနီးတွင် နတ်လက်နက်တို့ ရှိမနေဘဲ တံခါးများသာ ရှိနေပေသည်။ သူသည် ကြီးမားသည့် လေဟာနယ် အကျဥ်းထောင်တစ်ခုအတွင်း ရောက်နေသကဲ့သို့ပင် ဖြစ်သည်။

သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အနည်းငယ် ဂရုမစိုက်မိဘဲ ဖြစ်သွားခဲ့သည်။ ဤပုလဲသည် လေဟာနယ်ခန်းမအတွင်းမှ နတ်လက်နက်များအတွင်း အလျှို့ဝှက် အဆန်းကြယ်ဆုံး ဖြစ်နိုင်ပေသည်။ ၎င်းကိုယ်တိုင်က ချိပ်စည်းဖြစ်သည့်အတွက် ၎င်းက ချိပ်ပိတ်ခံထားခဲ့ရခြင်း မဟုတ်ပေ။

ဤပုလဲသည် ချိပ်စည်းများအားလုံး၏ မူလအစ ဖြစ်သည်။

အဆုံးမဲ့ လေဟာနယ်အလင်းများက စီးထွက်လာသည်။ ဤတံခါးများ၏ အစီအစဥ်ကို ခံစားကြည့်၍ မရနိုင်သလို ထိန်းချုပ်ထားနိုင်ခြင်းလည်း မရှိပေ။ လေဟာနယ်ခန်းမ၏ သခင်သည် ဤအရာကြောင့် သေဆုံးသွားရခြင်း ဖြစ်နိုင်သလား။

ဤမျှ အန္တရာယ်များလှသည်ဟု ရီဖူရှင်း တွေးလိုက်မိသည်။ လေဟာနယ်အလင်းတို့က ဆက်လက်စီးဆင်းနေသည်။ ၎င်းက သူ့ကို တိုက်ခိုက်လာလျှင် သူက ခံနိုင်ရည်ရှိလိမ့်မဘ် မဟုတ်ပေ။

ထိုသို့ တွေးလိုက်သည်နှင့် သူ့ထံနှ နတ်အလင်းများ စတင် တောက်ပလာခဲ့သည်။ သူ၏ မျက်လုံးများသည် အလွန် ကြောက်မက်ဖွယ် ကောင်းလာခဲ့၏။ သူ၏ နတ်ဝိညာဥ်သည် ရွှေရောင်လွှမ်းသည့် အစစ်အမှန် အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် လောက၏ နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်သည့် အရာများအားလုံးကို စူးစမ်းနိုင်ပေသည်။

ဤတံခါးများ၏ နိယာမက အတူတူပင် ဖြစ်သော်လည်း ၎င်းတို့က အလွန်တရာများပြားလှသည်။ မရေတွက်နိုင်သည့် တံခါးများက တခဏအတွင်း ပေါ်ပေါက်လာသောအခါ သူ၏ အာရုံခံစားမှုက ထွေပြားလာသည်။ သို့သော် သူက ဖြေးဖြေးချင်းနှင့် ၎င်းတို့၏ လျှို့ဝှက်ချက်ကို နက်ရှိုင်းစွာ တွေးတောကြည့်လျှင် တစ်ခုချင်း တစ်ခုချင်း ဖြေရှင်းနိုင်ပေလိမ့်မည်။

သူက ထိုအရာကို သတိပြုမိသည့်အခါ တဖြည်းဖြည်း စိတ်သက်သာရာရပြီး သူ၏ ခံစားချက်က တည်ငြိမ်လာသည်။ သူ၏ နတ်ဝိညာဥ်က တံခါးများဆီ စီးဆင်းသွားခဲ့သည်။

“ဖွင့်”

သူ၏ နတ်ဝိညာဥ် ဆင်းသက်လာပြီး လေဟာနယ်တံခါးတစ်ခု ဖွင့်လိုက်ပြီးနောက် ဒုတိယတစ်ခု နောက်ထပ် တတိယတစ်ခုကို ဖွင့်လိုက်သည်။ အဆုံးမဲ့ လေဟာနယ်တံခါးများက လိုဏ်ခေါင်းသဖွယ် ဖြစ်လာပြီး သူ့ကို အတွင်း၌ ပိတ်ဆို့ထား၏။

ရီဖူရှင်းသည် အနည်းငယ်မျှပင် သတိလပ်လွတ်မနေရဲပေ။ သူသည် တံခါးများကို အဆက်မပြတ် ဖွင့်နေခဲ့ပြီး လိုဏ်ခေါင်း၏ အနက်ရှိုင်းဆုံးနေရာထိ ဆက်လက်သွားနေခဲ့သည်။

အချိန်ကုန်ဆုံးလာပြီး အပြင်ဘက်ရှိ လူများမှာ စတင်၍ စိတ်ပူလာကြသည်။ အထူးသဖြင့် ရီဖူရှင်း၏ မိတ်ဆွေများ ဖြစ်၏။ သူတို့သည် ရီဖူရှင်း၏ စွမ်းရည်ကို အလွန် ယုံကြည်ကြသော်လည်း ဤနေရာက သာမန်နေရာမဟုတ်ပေ။ ပုလဲသည် တစ်ခုခုထူးခြားနေပြီး ထိုအတွင်း၌ မည်သည်တို့ ဖြစ်နေသည်ကို မည်သူမှ မသိနိုင်ပေ။

သို့သော် သူတို့ လုပ်နိုင်သည့်အရာ မရှိပေ။ သူတို့သည် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။

လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်ပေါက်လာသည်။ သူတို့က ရှေ့သို့ စတင်သွားလိုက်ကြ၏။

အချိန်က ရွေ့လျားနေပြီး ထိုအခိုက်တွင် အချိန်က အလွန်ပင် ကြာရှည်နေခဲ့သည်။

ထိုအချိန်တွင် လေဟာနယ်ခန်းမတစ်ခုလုံးသည် အလင်းရောင်များ တောက်ပနေသည်။ အားလုံးသော လေဟာနယ်စွမ်းအားတို့ကသူတို့၏ မူလနေရာသို့ ပြန်သွားနေသကဲ့သို့ ပုလဲဆီ စီးဆင်းနေသည်။

“ဘာတွေ ဖြစ်နေတာလဲ။” လူတိုင်းသည် ခန်းမအတွင်း ကြည့်လိုက်ကြသည်။ အဆုံးမဲ့ လေဟာနယ် အလင်းတန်းများက တဖြည်းဖြည်းချင်း ကွယ်ပျောက်နေသည်။ ပုလဲသည် အနန္တလေဟာနယ်စွမ်းအားများ ပါဝင်နေပြီး အရာအားလုံးကို ဝါးမျိုနေသည်ဟု ထင်မှတ်ရသည်။

“နတ်လက်နက်တွေလည်း အထဲဝင်ကုန်ပြီ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ လူတိုင်းသည် ချိပ်ပိတ်ခံထားရသည့် နတ်လက်နက်များ အားလုံး စုပ်ယူခံနေရသည်ကို မြင်တွေ့လိုက်ရသည်။ ပုလဲသည် စတင်၍ လျင်မြန်စွာ လှည့်ပတ်နေပြီး ခန်းမတစ်ခုလုံးကို တောက်ပသည့် အလင်းများ ထုတ်လွှတ်ပေးနေသည်။ ကြည့်ရသည်မှာ ထိုပုလဲအတွင်းက နေရာသည် မည်သည့်အခါမှ မပြည့်တော့မလိုပင် ဖြစ်သည်။ ပုလဲအတွင်းတွင် အဆုံးမဲ့လေဟာနယ်တို့ ရှိနေသလိုပင် ဖြစ်၏။

ခန်းမအတွင်းမှ လေဟာနယ်စွမ်းအင် အားလုံးစုပ်ယူခံနေရသည်ကို ကြည့်နေရင်း လူတိုင်းသည် သူတို့၏ မျက်လုံးများကို ဖွင့်ရန်ပင် ခက်ခဲလာသည်ကို သိခဲ့ရသည်။ အလင်းက ပျောက်ကွယ်သွားသည့်အခါ လေဟာနယ်ခန်းမသည်လည်း ပျောက်ကွယ်သွားတော့သည်။ ကျယ်ပြောသည့် ခန်းမသည် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားသည်။

ပုလဲသည် လှည့်ပတ်​နေပြီး လေဟာနယ်အလင်းများ ထုတ်လွှတ်ပေးနေသည်။ ရီဖူရှင်း၏ ပုံရိပ်က ၎င်း၏ အရှေ့တွင် ပေါ်ပေါက်လာနေသည်။

ရွှေရောင်အလင်းသည် သူ၏ မျက်ခုံးတန်းကြားမှ ထိုးထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သည့် ပုလဲနှင့် ဆက်သွယ်နေသည်။ သူတို့က တသားတည်းဖြစ်နေသကဲ့သို့ အလင်းသည် သူ့နှင့် ဆက်သွယ်နေခဲ့သည်။

“သူ ဘာမှမဖြစ်ဘူး။”

လူတိုင်းသည် သူ့ကို မြင်သည့်အခါ သက်ပြင်းချလိုက်ကြသည်။ သူသည် ကြောက်မက်ဖွယ် ချိပ်စည်းအတွင်းမှ လွတ်မြောက်လာခဲ့သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ မျက်လုံးများပွင့်လာခဲ့ပြီး  ပုလဲသည် သူ၏ မျက်ခုံးတန်းကြားမှ ထွက်လာသည့် အလင်းများကြား ပျောက်ကွယ်သွားခဲ့သည်။ နတ်လက်နက်များနှင့် ပစ္စည်းများလည်း ပျောက်ကွယ်သွားခဲ့၏။

“ဒါက....”

လူတိုင်း၏ မျက်လုံးများထဲတွင် အံ့အားသင့်ထိတ်လန့်သည့် အကြည့်တို့ ပေါ်ပေါက်လာ၏။ ပုလဲသည် လေဟာနယ်ခန်းမအတွင်းမှ အရာအားလုံးသည် ၎င်း၏ မူလရင်းမြစ်ကဲ့သို့ ဝါးမျိုသွားသည်။

“တစ်ခုခု ဖြစ်လို့လား။” ရှားရှင်းယွန်က မေးလိုက်သည်။

ရီဖူရှင်းက သူ၏ ခေါင်းကို ယမ်းကာ ပြံးလိုက်သည်။ “မှားယွင်းအချက်ပြမှုပဲ။”

ထိုသို့ ပြောလိုက်ပြီး သူသည် နဖူးကို ပွတ်ပြီးနောက် ထူးဆန်းသည့် အမူအရာက သူ့ထံသို့ ရောက်ရှိလာသည်။ သူသည် ဤရတနာခန်းမအတွင်းမှ အရာအားလုံးကို လိုချင်နေခဲ့သည်။ အနည်းဆုံးတော့ သူသည် နတ်လက်နက်အနည်းငယ် လိုအပ်နေပေလိမ့်မည်။ ထိုသို့လုပ်ရန် ကိစ္စများက အနည်းငယ် ခက်ခဲပြီး အရင်ဆုံး သူသည် အချိန်နှင့် စွမ်းအားများစွာ သုံးရန် လိုအပ်ပေလိမ့်မည်။ သို့သော် သူသည် အရာအားလုံးကို အနည်းငယ် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းလိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။

သူသည် လေဟာနယ်ခန်းမအတွင်းမှ နတ်လက်နက်ပစ္စည်းများကို ထိန်းချုပ်ထားသည့် ပုလဲကို ရရှိခဲ့သည်။ ယခု သူသည် ၎င်းနှင့် ဆက်သွယ်နေခဲ့ပြီး အလိုရှိသလို အသုံးချနိုင်ပေသည်။

“မင်း အဲဒါကို သန့်စင်လိုက်တယ်လား။” သောကျောက်က ထိတ်လန့်သွားခဲ့သည်။ ဤလူက အမှန်တကယ်ပင် ရူးသွပ်စေလောက်ပေသည်။

သူက ထိုသို့လည်း လုပ်နိုင်သည်လား။

သူသည် မြေအောက်နန်းတော်တွင် တိုက်ခိုက်ရေးစွမ်းအားများဖြင့် လွှမ်းခြုံထားသော လှံကို ရီဖူရှင်း ယူဆောင်လာခဲ့စဥ်ကို ပြန်တွေးလိုက်သည်။ ကြည့်ရသည်မှာ သူ့အတွက် အလွန် လွယ်ကူနေသယောင်ပင် ဖြစ်၏။

သူ မလုပ်နိုင်သည့်အရာ ရှိပါရဲ့လား။

အခြားသူများအတွက် လေဟာနယ်လက်နက်ကို ရရှိရန် အလွန် ခက်ခဲသော်လည်း ရီဖူရှင်းက ထိုအရာများ၌ ကံကောင်းလှသည်။ သူသည် အရာအားလုံးကို အတွေးတစ်ချက်နှင့်ပင် ချိပ်စည်းဖွင့်နိုင်ခဲ့သည်။ ယခုတွင် သူသည် လေဟာနယ်ခန်းမ၏ မူလရင်းမြစ်ကို တိုက်ရိုက်သန့်စင်ခဲ့သည့်အတွက် သူက တစ်ခုချင်း ချိပ်စည်းဖွင့်နေရန် မလိုအပ်တော့ဘဲ နတ်လက်နက်များ အားလုံးကို တစ်ခါတည်း ရရှိသွားပေသည်။

ဤသည်က.....

စစ်ပွဲနတ်ဘုရား တိုက်ခိုက်သည်ကို မြင်ပြီးနောက် သူသည် အနာဂတ်၌ မှားယွင်းစွာ ခံစားခဲ့မိသည်ကို လက်ခံရတော့မည် ဖြစ်သည်။

သူက အလွန် မောက်မာနေရန် အကြောင်းပြချက်မရှိဟု ထင်မှတ်ရသည်။

“မသိဘူး” ရီဖူရှင်းသည် စိတ်မဝင်စားဟန်ဖြင့် ပခုံးတွန့်ကာ ဖြေလိုက်သည်။

သူက ရတနာများကို ရရှိပြီးကြောင်း မပြသလိုခဲ့ပေ။

သောကျောက်က သူ့ကို ကြည့်လိုက်သည်။ သူက မသိဘူးလား။

ရီဖူရှင်း ပြန်လှည့်လာပြီး တံခါးပေါက်ဆီသို့ လျှောက်သွားခဲ့သည်။ နတ်လက်နက်များက ခွဲခြမ်းပေးပြီး ဖြစ်တာကြောင့် ယခု သူတို့က ဆက်လက်ခရီးဆက်၍ ရပြီ ဖြစ်သည်။

ခရမ်းရွှေကြွက်များသည် အပျက်အစီးနယ်မြေ၏ အခြားနေရာများသုံးခုသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူက သူတို့အလွန်နီးကပ်နေပြီကို ခံစားမိပေသည်။ သူတို့ အဝေးမှာ ရှိနေလျှင် သူ၏ အာရုံခံမှုက အလွန် ဝေဝါးနေမည် ဖြစ်သော်လည်း သူတို့ နီးကပ်နေသည့်အခါ အာရုံခံမှုက အလွန် ရှင်းလင်းပါသည်။

သူတို့သည် အရပ်မျက်နှာ လေးခုလုံးတွင် ရှိနေသည်။

ရီဖူရှင်းက တံခါးကို ကြည့်လိုက်ပြီး တောက်ပသည့် နတ်အလင်းတို့က သူ၏ မျက်ခုံးတန်းကြားမှ ထိုးထွက်လာသည်။ ယင်းက တံခါးများဆီ စီးဆင်းသွားပြီး အလင်းများက လင်းလက်လာသည်။

ရီဖူရှင်း၏ နောက်မှ လူများက တုန်ယင်နေကြသည်။ သူသည် တံခါးကို ထိန်းချုပ်သည့် စွမ်းရည်တွင် ကျွမ်းကျင်နေပြီး ဖြစ်နိုင်သည်လား။

ဖြစ်နိုင်သည်မှာ ယခင်က မည်သူမှ ထိုနေရာသို့ မရောက်ဖူးခဲ့၍ ဖြစ်နိုင်ပေသည်။

ယနေ့လို နတ်ဘုရားအမွေအနှစ် များကို ယူဆောင်သွားခြင်းမျိုး မည်သည့်အခါကမှ မဖြစ်ဖူးခဲ့သည် ဖြစ်နိုင်သလား။

ပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာပြီး တံခါးတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အလင်းက ယင်းကို ဖြတ်ကာ သွန်းလောင်းလာသည်။ လူတိုင်းသည် အတွင်းမှ တံခါးဖွင့်နေသည်ကို တုန်လှုပ်နေသည့် အကြည့်များနှင့် စောင့်ကြည့်နေပြီး သူတို့သည် တံခါး၏ အတွင်းဘက်တွင် အမှန်တကယ် ရပ်နေသကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းသည် လက်ကို မြှောက်ကာ မျက်လုံးများကို ကာထားလိုက်သည်။ သူသည် ချိပ်စည်းများကို ချိုးဖျက်ရန် နည်းလမ်းကို ရှာတွေ့ခဲ့ပြီး ၎င်းသည် တံခါးအတွက်လည်း အလုပ်ဖြစ်ပုံရလေသည်။

အထဲ၌ မည်သည်တို့ ရှိနေသနည်း။

...

ရီဖူရှင်းသည် နတ်ဘုရားနယ်မြေ၏ အရှေ့ဘက်ခြမ်းမှ လာခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ အခြားသုံးနေရာတွင်လည်း အမွေအနှစ်တို့ ရှိ​ပေလိမ့်မည်။

တောင်ပိုင်းတွင် နတ်သစ်ပင်အများအပြား ရှိနေပြီး ထူထဲသည့် လမ်းစဥ်စွမ်းအားများ ပြည့်ဝနေသည့် လမ်းစဥ်သစ်သီးများ ရှိသည်။ ရှားပါးသည့် မြက်ပင်များလည်း ကြီးထွားနိုင်ပေသည်။

မြောက်ပိုင်းတွင် စုဆောင်းထားသည့် စာအုပ်များ ရှိနေသည်။ ဤစုဆောင်းထားသည့် အရာများတွင် များစွာအစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းပညာများ ပါဝင်သော မြင့်မြတ်ပြီး တန်ဖိုးရှိသည့် စာပေများရှိနေသည်။

အနောက်ဘက်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် စစ်သည်တော် ရုပ်တုများစွာ ရှိနေပြီး အစွမ်းထက် နတ်သားရဲတို့၏ စွမ်းအားတို့က စောင့်ကြပ်နေသည်။

ထိုအချိန်တွင် လူအများတို့သည် တောင်ဘက်တွင် ရှာဖွေနေဆဲ ​ဖြစ်ပြီး အနောက်ဘက်တွင် တိုက်ပွဲများ ဖြစ်နေကြသည်။ ထိုနေရာ၌ အသေအပျောက်များစွာ ရှိလေသည်။

မြောက်ပိုင်း စာအုပ်သိမ်းဆည်းရာ နေရာတွင် တန်ခိုးရှင်များ၏ တိုက်ပွဲတို့က ရပ်စဲသွားခဲ့ပြီး အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်၏။

စာအုပ်စင်များကို ကြီးမားသည့် နံရံကြီးက ကာရံထားပြီး တံခါးကြီးတစ်ခုနှင့် တူပေသည်။ ၎င်း၏ အရှေ့တွင် စာအုပ်တစ်အုပ်ရှိနေပြီး ထိုသည်မှာ နတ်စွမ်းအားများ ရှိနေသည်ဟု ထင်ရသည်။ ရွှေရောင်အလင်းများက ၎င်းကို ရစ်ပတ်နေခဲ့သည်။ ၎င်းက အလွန် ကြီးမားပြီး အလင်းများက တစ်ခန်းလုံးကို ထွန်းလင်းနေခဲ့သည်။

ထိုအချိန်တွင် ထူးခြားသာလွန်သည့် လူတစ်စုက ထိုစာအုပ်စင်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ဤလူငယ်လေး၏ ပုံရိပ်သည် တစ်ချက်​ကြည့်ရုံနှင့်ပင် မေ့ပျောက်ရခက်ခဲပေလိမ့်မည်။ သူ၏ မျက်နှာက တောက်ပ သန့်စင်နေကာ သူ့မျက်လုံးများက နတ်အလင်းတို့ဖြင့် တောက်ပနေသည်။ သူ့နောက်တွင် လူအများ ရှိနေပြီး အားလုံးသည် အထက်ကိုးဘုံမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့သည် မတူညီသည့် အင့အားစုများမှ ဖြစ်ကြသည်။

သို့သော် သူတို့အားလုံးသည် ထိုလူငယ်လေး၏ နောက်တွင် ရပ်နေကြ၏။ မည်သူကမှ သူ့ကို မနှောက်ယှက်ကြပေ။

အံ့အားသင့်ဖွယ် အစွမ်းထက်ပုဂ္ဂိုလ်များက မျိုးဆက်တိုင်းတွင် ပေါ်ပေါက်လာတတ်သည်။ ဤတစ်ယောက်ကလည်း ခြွင်းချက်မဟုတ်ပေ။ ဤလူသည် ယခင်လာဖူးသည့် လူများထက် ပို၍ပင် တောက်ပနေသည်။ သူသည် ဗဟိုအင်ပါယာဘုံမှ လာခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအကြာ သူ ဂျူနီယာတစ်ယောက်အဖြစ် ရှိနေစဥ်ကပင် နာမည်တစ်လုံး ရှိနေခဲ့ပြီး ဖြစ်သည်။

ထောင်သောင်းချီသည့် လမ်းစဥ်လျှို့ဝှက်ချက်များအကြားတွင် သူက မည်သည့်အရာကိုမှ မရရှိခဲ့ပေ။ ယခု သူက ဤနတ်စာအုပ်ကို ရယူနိုင်စွမ်းရှိမည်လား။

စာအုပ်သိမ်းဆည်းရာနေရာသည် မူလချိပ်စည်းနေရာ ဖြစ်သော်လည်း ယခုတွင် ၎င်းက ပွင့်နေပြီး လေများက ဖြတ်သန်းတိုက်ခတ်နေကာ လူငယ်၏ ဝတ်ရုံစကို တလူလူလွင့်နေစေသည်။ ရွှေရောင်အလင်းတို့က စာအုပ်ပေါ်တွင် တောက်ပနေပြီး လင်းလက်နေသည့် ရှေးဟောင်းစာလုံးများက တောက်ပလာနေသည်မှာ လူငယ်၏ မျက်လုံးအတွင်း ပုံနှိပ်ထားသကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့က သူ၏ ဦးနှောက်အတွင်း တိုက်ရိုက် ဝင်ရောက်နေသည်ဟု ထင်မှတ်ရသည်။

စာအုပ်စင်က လှုပ်ရှားနေသည့်ဘအသံတို့ ထွက်ပေါ်နေပြီး လူတိုင်း၏ နှလုံးသားများက ပို၍ အခုန်မြန်လာသည်။ သူတို့သည် စာအုပ်စင်က စတင်ပွင့်လာသည်ကို မြင်တွေ့ရပေသည်။

***

All Chapters