← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

ပေါက်ပြဲနေသော ကိုယ်တွင်းအင်္ဂါကို မည်သို့ စစ်ဆေးရမည်နည်းဟူသည်မှာ အသေးစိတ်ဆွေးနွေးမည်ဆိုပါက စာအုပ်တစ်အုပ်လုံး ပြည့်သွားနိုင်သည့် မေးခွန်းတစ်ခုဖြစ်သည်။ X-rays၊ ultrasounds၊ CT scans၊ ဝမ်းဗိုက်ထိုးဖောက်စစ်ဆေးခြင်းတို့ လိုအပ်ပါက စူးစမ်းခွဲစိတ်ခြင်းစသည်ဖြင့် အများကြီးရှိသည်။

ဆေးခန်းသုံး လက်တွေ့လုပ်ငန်းတွင် ဆရာဝန်များသည် ရောဂါရှာဖွေရာ၌ အထောက်အကူဖြစ်စေသည့် နည်းလမ်းပေါင်းစုံနှင့် ကိရိယာများ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် ဤကမ္ဘာမှာတော့ ဤအသက်ကြီး ကုသပေးသူနှင့် ရင်ဆိုင်ရချိန်တွင် ဂါရက်က "ကိုယ်လက်စစ်ဆေးခြင်းပဲ" ဟုသာ ပြန်ဖြေနိုင်ခဲ့သည်။

"ဘယ်လို စစ်ဆေးရမလဲ"

ကုသပေးသူက မေးလိုက်သည်။

"ဂရုစိုက်ပါ။ ဝမ်းဗိုက်စစ်ဆေးရာမှာ အခြေခံဖြစ်တဲ့ လက်နဲ့စမ်းသပ်ခြင်းက အရေးကြီးတယ်။ မတူညီတဲ့ နေရာတွေက မတူညီတဲ့ အတွင်းအင်္ဂါတွေနဲ့ သက်ဆိုင်တယ်... ဘယ်ဘက် အပေါ်ပိုင်းဝမ်းဗိုက်..."

ဂါရက် အသေးစိတ် ရှင်းပြလိုက်သည်။ ဆံပင်ဖြူဖွေးနေသည့် အဘိုးအိုက စူးစိုက်နားထောင်ရင်း မှတ်စုများ ချရေးချင်စိတ် ပေါက်နေပုံရသည်။ ဂါရက်က တမင်တကာ အနှေးကွေးဆုံးနှုန်းဖြင့် သွားပြီး ရှင်းရှင်းလင်းလင်း သရုပ်ပြရင်း ရှင်းပြသည်။

"အသည်းကို စမ်းသပ်တဲ့အခါ ခင်ဗျားရဲ့ ညာလက်သုံးချောင်းကို ပူးထားရမယ်၊ လက်ဖဝါးက ပြားနေရမယ်၊ လက်ညှိုးနဲ့ လက်ခလယ်က ချက်ရဲ့ ညာဘက်နံဘေးအနားနဲ့ ပြိုင်နေရမယ်... အသက်ရှူ... ဟင်း…. နာကျင်မှု သိသိသာသာ မရှိဘူး... သရက်ရွက်ကို ဆက်စစ်ရအောင်..."

အဘိုးအို ခေါင်းညိတ်သည်။ သူ၏ မျက်လုံးများက အာရုံစိုက်နေပြီး သူ့နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားနေသည်၊ ဟောပြောချက်တစ်ခုကို ရွတ်ဆိုနေသကဲ့သို့ပင်။ ဂါရက်က စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားသည်။

"ကနဦး ဆုံးဖြတ်ချက်ကတော့ အတွင်းအင်္ဂါ ပေါက်ပြဲတာ သိသိသာသာ မရှိဘူး၊ ကျောရိုးပုံသဏ္ဌာန်က ပုံမှန်ပဲ၊ သိသိသာသာ ကွေးညွှတ်တာနဲ့ ပုံပျက်တာ မရှိဘူး၊ ဦးခေါင်းဒဏ်ရာ သိသိသာသာ မရှိဘူး၊ သွေးခဲတာ မရှိဘူး၊ ဘယ်လက်... ညာလက်..."

ကောင်းပြီ ကောင်းပြီ…

လာတော့မည့် အတွင်းအင်္ဂါ ထိခိုက်မှုများကို ခေတ္တ စစ်ဆေးမကြည့်နိုင်ဘဲ စောင့်ဆိုင်းရသည်မှလွဲ၍ ဖြေရှင်းရမည့် တစ်ခုတည်းသော ပြဿနာမှာ ဘယ်ခြေထောက်မှ ပွင့်ထွက်သည့်အရိုးကျိုးခြင်းပင်။

ဂါရက် အရမ်းစိတ်လှုပ်ရှားသွားသည်။ မြေပြင်ပေါ်၌ အနည်းငယ် ရွေ့လိုက်ရင်း အရိုးကျိုးနေသည့် အစွန်းနှစ်ဖက်မှ အရေပြားကို စမ်းသပ်ကြည့်ပြီး ထရပ်လိုက်သည်။

"ကောင်းပြီ အခု ဘယ်ခြေထောက်ကိုပဲ ကုသဖို့ လိုတော့တယ်..."

သူ အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ ဆံပင်ဖြူဖွေးနေသည့် အဘိုးအိုကို မြင်သောအခါ သူ၏ မျက်လုံးများတွင် အသက်ဝင်နေပြီး ဝက်ဝံတစ်ကောင်ကိုပင် လဲအောင် ထိုးနိုင်သည့် လက်မောင်းများနှင့် ဂါရက်၏ စိတ်ထဲတွင် တစ်ခုခု ပေါ်လာပြီး သူ ထောက်လှမ်းရေးမှော်ပညာကို သုံးလိုက်သည်။

"အိုး..."

ဂါရက် အံ့ဩစွာ အော်လိုက်သည်။

အရမ်းကို တောက်ပနေတာပဲ။

အထူးသဖြင့် အဘိုးအို၏ လက်ထဲမှ လှံတံက သူ၏ မြင်ကွင်းထဲတွင် ၅၀၀ ဝပ် အားမြင့် ဆိုဒီယမ်မီးအိမ် ကဲ့သို့ တောက်ပနေခြင်းပင်။

ဂါရက်သည် သူ၏ မျက်လုံးများကို ကာရန် အလိုအလျောက် လက်မြှောက်လိုက်သည်။ ဤသို့လုပ်လိုက်စဉ်တွင် သူ ရုတ်တရက် ရပ်တန့်သွားပြီး သစ်သားလှံတံဆီသို့ လက်လှမ်းရင်း သူ၏ လက်ဖဝါးဖြင့် ဖုံးအုပ်လိုက်သည်။ သူ မြင်နေရသည်မှာ သစ်သားလှံတံမှ ထုတ်လွှတ်နေသည့် မှော်ရောင်ခြည်မှတဆင့် သူ့လက်ဖဝါးနှင့် လက်ချောင်းများထဲမှ အရိုးများက တစ်ပိုင်းပြီးတစ်ပိုင်းအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။

နောက်ဆုံးတော့ ငါ ရှာတွေ့ပြီ ဋ

ထောက်လှမ်းရေးမှော်ပညာရဲ့ ပုံစံပြောင်းတစ်ခုဖြစ်တဲ့ X-ray နည်းပညာပဲ…..

ငါ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီဟေ့။

ဂါရက်က သူ၏ လက်ဖဝါးကို အံ့ဩစွာ စိုက်ကြည့်နေသည်။

ယခင်ဘဝကသာ ဤကဲ့သို့ မြင်ကွင်းမျိုးကို သူတွေ့ခဲ့လျှင် အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်ပြေးမိမည်ပင်။ မည်သူမျှ အကြောင်းမဲ့ X-rays များနှင့် ကစားချင်ကြမည် မဟုတ်ပေ။

ဒါပေမဲ့ အခုတော့ သူ၏ လက်ဖဝါးကို ထိုးဖောက်ဝင်ရောက်နေသည့် မှော်ရောင်ခြည်ကို မြင်ရသောအခါ အဖိုးတန်ဆုံး ရတနာကို ရှာတွေ့သကဲ့သို့ ခံစားလိုက်ရသည်။

မှော်ပညာများ ပေါက်ပွားနေသည့် ဤကမ္ဘာ၌ ခွဲစိတ်ဆရာဝန်တစ်ယောက်အတွက် X-rays များသည် တန်ဖိုးဖြတ်လို့မရပေ။

ဆံပင်ဖြူ အဘိုးအိုက ဂါရက်ကို ပြုံးပြုံးလေး ကြည့်နေသည်။

သူ တစ်လှမ်းနောက်ဆုတ်လိုက်သောအခါ ဂါရက် ရှေ့တိုးလိုက်သည်။ သူ သစ်သားလှံတံကို လှည့်သောအခါ ဂါရက်လည်း လိုက်လှည့်သည်။ ဒါပေမဲ့ ဒဏ်ရာရထားသည့်သူကို မနင်းမိအောင်တော့ သတိထားနေတုန်းပင်။

ထောက်လှမ်းရေးမှော်ပညာ ၏ အာနိသင် ကုန်ဆုံးသွားပြီး မှော်ရောင်ခြည် ပျောက်ကွယ်သွားသည့်အထိပင်။ ဂါရက် တုန်ခါသွားပြီး လက်တွေ့ဘဝထဲ ပြန်ဝင်လာသည်။

"ကျွန်တော်..."

"မင်းက သူရဲကောင်းဘာရွန်ကို ကုသပေးခဲ့တဲ့ ကောင်လေးလား"

အဘိုးအိုက သစ်သားလှံတံကို ဝှေ့ယမ်းရင်း ဂါရက်ကို စကားဖြတ်လိုက်သည်။

"မင်းရဲ့ ကုသနည်းတွေက တော်တော်လေး ထူးခြားတယ်လို့ ကြားတယ်"

"ခင်ဗျားရဲ့ ကုသနည်းတွေကမှ ထူးခြားတာပါ" ဟု ဂါရက် စိတ်ထဲက ထင်လိုက်သည်။

သို့သော် အပြင်ပန်းမှာတော့ ပြုံးပြလိုက်ရသည်။

"ဆရာ ဒီအရိုးကျိုးတာကို ကုသတဲ့နေရာမှာ ဆရာ့ဆီက အကြံဉာဏ် တောင်းခံချင်ပါတယ်..."

ဂါရက်က ခေါင်းငုံ့ပြီး မြေပြင်ပေါ်မှ မျက်နှာဖြူဖတ်ဖြူရော် ဒဏ်ရာရထားသည့်သူကို လက်ညှိုးထိုးပြလိုက်သည်။

"အရိုးတွေ တည့်အောင် ပြန်ဆက်ဖို့ ခက်ပါ့မလား။ ပြီးတော့ ဒဏ်ရာကျက်ပြီးရင် သူ လမ်းလျှောက်နိုင်ပါ့မလား"

အဘိုးအို စိတ်လှုပ်ရှားသွားသည်။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောသည်။

"တကယ်တော့ ခက်ခဲတယ်။ အတွေ့အကြုံရှိတဲ့ ကုသပေးသူတွေက ကောင်းကောင်း လုပ်နိုင်ပေမဲ့ အသစ်သမားတွေကတော့ အနာကျက်သွားပေမဲ့ အရိုးတွေက နေရာမကျတာမျိုး မကြာခဏ ဖြစ်တတ်တယ်။ မင်းမှာ ဖြေရှင်းနည်း ရှိလား"

"ကျွန်တော့်မှာ နည်းလမ်းရှိတယ်"

ဂါရက်၏ မျက်လုံးများ တောက်ပသွားတော့သည်။

သူတို့ ဒဏ်ရာရထားသည့်သူနှင့်အတူ ရွာကို ပြန်သွားကြသည်။

ကံအားလျော်စွာပင် ဒဏ်ရာရထားသည့်သူက တာလ်ရွာမှ ဖြစ်သည့်အတွက် ဂါရက်က လူနာနှင့်အတူ ရွာကို ပတ်လိုက်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်သည်။

ရွာအဝင်ဝသို့ ရောက်သောအခါ လယ်မသွားရသေးသည့် ကလေးများနှင့် သက်ကြီးရွယ်အိုများ၊ သတင်းကြား၍ အမြန်ပြန်လာကြသည့် အလုပ်သမားများ စုရုံးရောက်ရှိလာပြီး အဘိုးအိုကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။

"အဘိုးအို"

"အဘိုးအို ရောက်လာပြီလား"

"အဘိုးအို အဘိုးအိုကြောင့် လော်ရင် အသက်ရှင်ခဲ့ရတာ"

ဂါရက်နှင့်အတူပါလာသည့် မှော်ဆရာ၏ အစေခံများက သူ့ကို မကြာခဏ ကြည့်နေကြသည်။ ဂါရက်က မသိချင်ယောင်ဆောင်ပြီး စိတ်အေးအေးထားကာ နောက်မှာသာ နေလိုက်သည်။ သို့သော် ဆံပင်ဖြူ အဘိုးအိုက သူ့ကို လက်လှမ်းဆွဲပြီး ရှေ့သို့ ဆွဲထုတ်လိုက်သည်။

"ဒီတစ်ခါတော့ မင်းတို့ မှားနေပြီ။ ဒီကလေးကပဲ လူနာကို ကယ်ခဲ့တာ။ သူ့ကို ကျေးဇူးတင်သင့်တယ်"

မြေကြီးများပေကျံနေသည့် လက်များစွာ ချက်ချင်း ဂါရက်ဆီသို့ လှမ်းလာပြီး ကျေးဇူးတင်စကား ပြောချင်ကြသည်။ ဂါရက်က အဘိုးအို၏ နောက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး စိတ်ထဲကနေ တွေးလိုက်သည်။

"ငါ ခွဲစိတ်မှု တစ်ခု ထပ်လုပ်ရဦးမှာ အဲဒီညစ်ပတ်နေတဲ့လက်တွေကို ဝေးဝေးထားကြ"

သူ အဘိုးအို၏ ကျောကို တင်းတင်းဖက်လိုက်ပြီး "မြန်မြန် လူနာကို ကယ်တင်ရအောင်။ သန့်ရှင်းပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံး ရှာပြီး လူနာကို အထဲကို သယ်သွား။ ပြီး

င် ရေနွေးတည်။ ပြင်းတဲ့ အရက်နဲ့ ဆပ်ပြာ၊ဓား၊ ချိတ်လိုတယ်"

ရွာထဲ၌ အသန့်ရှင်းဆုံးနှင့် အကြီးဆုံးအိမ်ကတော့ ရွာသူကြီးအိမ်ပင်။ အရာအားလုံး စီစဉ်ပြီးနောက် ဂါရက်က သင်ခန်းစာယူပြီး ပရိသတ်အားလုံးကို ဘေးနားမှာ ဆူညံနေတာမျိုး မဖြစ်ရအောင် မောင်းထုတ်လိုက်သည်။ သူ၏ လက်များအား ဆေးကြောပြီး ဓားနှင့် ချိတ်ကို ယူကာ မှော်ပညာတစ်ခုကို သုံးလိုက်သည်။

"ဒါ ဘာလဲ..."

အဘိုးအို၏ မျက်လုံးများ တောက်ပလာသည်။

"မှော်မျက်လှည့်ပြတာလား"

"ဟုတ်တယ် သန့်ရှင်းရေး မှော်ပညာ အဖြစ် သုံးတာ"

ဂါရက်၏ မျက်လုံးများက တောက်ပနေတော့သည်။

ဒီစွမ်းရည်က တကယ်ကို အသုံးဝင်တယ်။ တစ်နာရီကြာပေမဲ့ စက္ကန့်တိုင်းမှာ တစ်ကုဗပေ ရှိတဲ့ အရာဝတ္ထုတွေကို သန့်ရှင်းနိုင်တယ်။ ဖန်ဘူးတွေ၊ စမ်းသပ်ပြွန်တွေ ဆေးတာ၊ ဒါမှမဟုတ် ခွဲစိတ်ကိရိယာတွေ ပိုးသတ်တာအတွက် ပြီးပြည့်စုံတယ်။ ဒါက ဘယ်အရာနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ ကိရိယာပဲ။

ပိုးသတ်ခြင်း အာနိသင်ကတော့ မသေချာသေးဘူး... နောက်တစ်နေ့ကျရင် ဘက်တီးရီးယား ပိုးမွေးမြူစမ်းသပ်မှု လုပ်ရဦးမယ်...

ချွန်ထက်သော ဓားကို ခဏမျှ ကြည့်ပြီး ဂါရက်က ဖြတ်လိုက်သည်။ ဆံပင်ဖြူ အဘိုးအို အံ့အားမသင့်မီ ဂါရက်၏ ဓားက လျင်မြန်စွာ ရွေ့လျားသွားပြီး သွေးကြောများကို ဖော်ထုတ်လိုက်တော့သည်။

လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ မှိန်ဖျော့သော အလင်းရောင်ရှိသည့် တစ်ဝက်တစ်ပျက် ကြည်လင်နေသော ညှပ်တစ်စုံ လေထဲတွင် ပေါ်လာပြီး အနည်းငယ် ကျုံ့နေသော သွေးကြောများကို လျင်မြန်စွာ ညှပ်လိုက်သည်။

"မှော်လက်လား"

အဘိုးအိုက ဒုတိယအကြိမ် အံ့အားသင့်သွားတော့သည်။

"မှော်လက်ကို ဒီလို သုံးတာလား။ ဘာလုပ်နေတာလဲ"

"သွေးကြောတွေကို ညှပ်တာ... ခြေထောက်ဒဏ်ရာပေါ်က သွေးကြောပိတ်ပတ်တီးကို အခု ဖြေလျှော့လို့ ရပြီ..."

ဂါရက်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ သူ ဓားကို ချလိုက်ပြီး စိုထိုင်းသော အဝတ်စဖြင့် တတ်နိုင်သမျှ သန့်ရှင်းရေးလုပ်လိုက်သည်။ ပြီးနောက် အဘိုးအိုကို ပြုံးပြရင်း "နောက်တစ်ခုကတော့ ခင်ဗျားရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်"

"ဘာလုပ်စေချင်လဲ"

အဘိုးအိုက သူ့ရင်ဘတ်ကို ရက်ရောစွာ ပုတ်ပြလိုက်သည်။ ဂါရက်က ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားရဲ့ သစ်သားလှံတံကို ခြေထောက်နောက်မှာ ထားပါ။ ဒဏ်ရာရနေတဲ့ ခြေထောက်ရဲ့ နှစ်ဖက်ကို ကိုင်ထားဖို့ လူနှစ်ယောက် ရှာပါ။ ကျွန်တော် 'ဆွဲ' လို့ ပြောရင် နှစ်ဖက်ကို ဆွဲပါ။ ကျွန်တော် 'ရပ်' လို့ ပြောရင် အရိုးကို နေရာတကျ ပြန်စီဖို့ ကျွန်တော့် ညွှန်ကြားချက်ကို လိုက်နာပေးပါ"

"မင်း... အရိုးလွဲအောင် လုပ်မှာတော့ မဟုတ်ဘူးမလား"

"လုံးဝ မလုပ်ပါဘူး"

ဂါရက်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

" အရိုးတွေ အသားထဲမှာ ဘယ်လိုရှိနေလဲ မြင်နိုင်တဲ့ မှော်ပညာတစ်ခု ကျွန်တော့်မှာ ရှိပါတယ်"

"တစ် နှစ် သုံး ဆွဲ"

ကျွီကျွီ အော်ဟစ်သံများဖြင့် ကြွက်သားများ အတင်းအကျပ် ဆန့်ထုတ်ခံရပြီး အလွန်မနှစ်မြို့ဖွယ် အသံများ ထွက်ပေါ်လာသည်။ ဂါရက်သည် အချိန်မဆွဲဘဲ ထောက်လှမ်းရေးမှော်ပညာကို အသက်သွင်းလိုက်သည်။ သူ၏ မြင်ကွင်းထဲတွင် တောက်ပနေသော အဖြူရောင်အလင်းက ကြွက်သားများကို ထိုးဖောက်ဝင်ရောက်ကာ ကွေးနေပြီး ပေါက်ပြဲနေကာ ကျိုးပဲ့နေသော အရိုးများကို ဖော်ထုတ်ပြသနေသည်။ ဂါရက်က အရိုးကျိုးနေသည့်နေရာကို သေချာစိုက်ကြည့်လိုက်သည်။

"ဆက်ဆွဲ ဆက်ဆွဲ ကောင်းပြီ ရပ်"

သူ ရှေ့သို့ အလျင်အမြန်ပြေးသွားပြီး အရိုးကျိုးနေသည့် အစွန်းတစ်ဖက်စီကို ဆုပ်ကိုင်ကာ သူတို့ကို မှန်ကန်သော နေရာသို့ ပြန်တွန်းပို့ရန် ကြိုးစားလိုကိသည်။

အိုး အရမ်းလေးတာပဲ။

ငါက အရိုးအကြော အထူးကုဆရာဝန်မှ မဟုတ်တာကို….

All Chapters