← Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

အချို့လူများးက ရယ်ကာ အချို့လူများက ငိုကြသည်။ ထိုကဲ့သို့သော မြင်ကွင်းဟာ ဒီနေရာတွင် နေ့စဉ်နေ့တိုင်း ဖြစ်ပွားလေ့ရှိ၏။

ယနေ့တွင် လူသစ်များ ပိုတိုးလာတာသာ ရှိပြီး မြင်ကွင်းက ပိုမိုလေးလံကာ ဇာတ်ကြောင်းများဟာ အနိမ့်အမြင့် ကြီးလှခြင်းသာ ရှိသည်။

ထိုအချိန်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ဟာ ငွေချိတ်ကောက် အလောင်းကစားရုံ၏ အဝသို့ လျှောက်လာကြ၏။

တစ်ယောက်ဟာ အပြာရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်ဟာ အစိမ်းရောင် ဝတ်စုံကို တတ်ဆင်ထားသည်။ သူတို့၏ ရုပ်ရည်များဟာတော့ သေချာပေါက် ရင်သက်ရှုမော်ဖွယ် ကောင်းလှ၏။

“ဂုဏ်သရေရှိ ဧည့်သည်တို့.. ဘာကိစ္စများလဲ မသိဘူး” ခုနက ထောင်လွှားစွာ စကားပြောခဲ့သည့် အလောင်းကစားရုံရှိ လူဟာ ဟန်ကျောက်နှင့် လုယင်ရွှမ်းတို့ကို တွေ့ရပြီးနောက် အမြန်ပြေးလာကာ ဦးညွှတ်သည်။

“ကျွန်တော်တို့တွေ နိုင်ကြေးလာထုတ်တာ”

ဟန်ကျောက်က ပြုံးသည်။

ဒီငွေချိတ်ကောက် အလောင်းကစားရုံဟာ အမှန်တကယ်ကို ယွမ်ကန်းကောင်တီ တစ်ခုလုံးအား ပျံ့နှံ့နေသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။

သူတို့ဟာ ငွေ၂၀၀၀၀၀လျန်ကျော် အနိုင်ရခဲ့၏။ သို့ပေမယ့် တစ်ဖက်လူဟာ အပြုံးတစ်ခုနှင့် ကြိုဆိုဆဲ ရှိသည်။ လုပ်ပုံကိုင်ပုံက မဆိုးလှပေ။

သို့ရာတွင် တံခါးဝရှိ မိဘများအား ဆုံးရှုံးရသကဲ့သို့ ငိုကြွေးနေကြသည့် အလောင်းကစားသမားများကို ကြည့်ကာ ဟန်ကျောက်ဟာ နားလည်သွားသည်။ တစ်ဖက်လူဟာ ရှုံးနိမ့်သည်ထက် အနိုင်က ပိုများမှာပါ။

သူဟာ သူ၏ခွန်အားကို ယုံကြည်ပြီး အစမ်းရှင်သန်မှု ပြုထားခဲ့၍သာ မဟုတ်ပါက လာရောက် လောင်းချမှု ပြုမည်မဟုတ်ပါ။ အဖြေသိသည့် လောင်းချမှုကို အလောင်းကစားဟု မဆိုနိုင်ပေ။

“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”

အလောင်းကစားရုံရှိ လူက အဝင်ဝရှိ လိုက်ကာကို မကာ ပြုံးသည်။

ပြောစကားတစ်ခု ရှိ၏။ အလောင်းကစားသမားဟာ ဒီနေ့နိုင်ပါက နောက်နေ့ပြန်ရှုံးမည်ဖြစ်၏။ ယနေ့တွင် ငွေလျန် ၂၀၀၀၀၀ကျော် အနိုင်ရသူဟာ နောင်တွင် ၄၀၀၀၀၀လောက်ကိုလည်း ပြန်ရှုံးနိုင်ပါသည်။ အနှေးနှင့်အမြန်သာ ကွာ၏။

ခဏအကြာ၌ ဟန်ကျောက်ဟာ နီရဲသော မျက်နှာနှင့် အလောင်းကစား ဒေသမှ လျှောက်ထွက်လာခဲ့သည်။ လုယင်ရွှမ်းက အပြုံးတစ်ခုနှင့် သူ့နောက်မှ လိုက်၏။

သူမဟာ ငွေ၃၀၀၀လျန်အား လောင်းခဲ့ပြီး ၃၀၀၀၀လျန်အား ပြန်ရခဲ့လေသည်။ ၂၇၀၀၀လျန် အမြတ်ကျန်၏။

ဟန်ကျောက်ဟာ ယန်ပိုင်ချွမ်နှင့် ဓါးမိုးခြံဝန်းရှိ စီနီယာ၊ ဂျူနီယာများဆီမှ ချေးငှာားသည့် ပိုက်ဆံများနှင့် ပေါင်းကာ ငွေလျန် ၂၄၀၀၀ကို တစ်ခါတည်း လောင်းခဲ့ပြီး ၂၄၀၀၀၀လျန်ကို ပြန်ရခဲ့သည်။

“ဂျူနီယာညီလေးဟန်.. ငါအရမ်းနောင်တရတယ်ကွာ” ယန်ပိုင်ချွမ်က ရှည်လျားသော မျက်နှာနှင့် အလောင်းကစားရုံရှေ့သို့ အပြေးရောက်လာ၏။

“ဘာဖြစ်လို့လဲ အစ်ကိုယန်”

ဟန်ကျောက်က ပဟေဋိဖြစ်သွားသည်။ သူလည်းပဲ ကိုယ်ပွားကို အနိုင်ရမည်ဟု လောင်းခဲ့သည် မဟုတ်ပါလား။

“ငါလန်ဖန်းယွင်ဘက်ကနေ ငွေ၁၀၀လျန် လောင်းပြီးတဲ့နောက်မှာ.. မင်းပြောတဲ့ စကားကို ပြန်အမှတ််ရလိုက်တယ်။ အလောင်းကစားသမားက အသေဆိုးနဲ့ သေတတ်တယ် ဆိုတာလေ.. အဲ့ဒါနဲ့ ဘဲသားဘဲကြေ ဖြစ်သွားအောင် ချန်လော့ဟိုင် အနိုင်ဘက်ကနေ ၁၀၀၀လျန်ကို ပြန်လောင်းလိုက်တယ်။ ငါအရမ်းနောင်တရတာပဲ”

ယန်ပိုင်ချွမ်က သူ၏ပေါင်ကို ပြင်းထန်စွာ ရိုက်ကာ ခုန်ပေါက်နေ၏။

ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ သူက ဘဏ်စာရွက် ၁၁၀ရွက်ကို ထုတ်ကာ သူ့ကို ပေးလိုက်၏။

“ဒီမှာ.. အပို၁၀၀၀လျန်ကို အတိုးအဖြစ် တွက်လိုက်”

“ဒါက.. ငါယူလို့ မဖြစ်ဘူး”

ယန်ပိုင်ချွမ်က လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းသည်။ သူ၏ နောင်တရမှုမှာ သူ့ကိုယ်သူ၏ အစောပိုင်း သုံးသပ်ချက်အပေါ် မယုံမိခြင်းကြောင့် ပိုများ၏။ ပိုက်ဆံကြောင့်ချည်း မဟုတ်ပေ။

“ယူလိုက်ပါ.. ဘာမဟုတ်တဲ့ ပိုက်ဆံလေးကို”

ဟန်ကျောက်က ပိုက်ဆံကို အမှိုက်စက္ကူများကဲ့သို့ တစ်ဖက်လူ၏ လက်ကြားထဲသို့ ထိုးလိုက်သည်။

“ဒါဆိုရင် အားမနာတော့ဘူး”

ယန်ပိုင်ချွမ်ဟာ လက်ခံဖို့သာ တတ်နိုင်၏။

“ဂျူနီယာမောင်လေးဟန်.. ငါကရော.. ငါ့ကိုလည်း အတိုးပေးသင့်တယ်မလား”

လုယင်ရွှမ်းက ပြုံးကာ အနားကပ်လာ၏။

ဟန်ကျောက်၏ သူရဲကောင်းဆန်သည့် ပုံစံနှင့် ပိုက်ဆံကို အမှိုက်သဖွယ် သတ်မှတ်ပုံအား တွေ့ရပြီးနောက် မလောင်းခင်က သူမအပေါ် တောင်းဆိုခဲ့ပုံကို ပြန်လည်အမှတ်ရမိသည်။

“စီနီယာအစ်မ.. အတိုးဘယ်လောက်က သင့်တော်မယ်လို့ ထင်လဲ”

ဟန်ကျောက်က မှင်သက်သွား၏။ လုယင်ရွှမ်းကို ဝင်ရောက်ပျော်မည်ဟု ထင်မထားခဲ့ပေ။

“အဲ့ဒါက.. နင့်ရဲ့ နှလုံးသားထဲမှာ ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်အရေးပါလဲ ဆိုတာကို မူတည်တာပေါ့”

လုယင်ရွှမ်းက ပြုံးကာ မနေနိုင်ပဲ သူ့ကို စနောက်ချင်သွား၏။

“ကျွန်တော်နားလည်ပြီ..”

ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် များပြားလှသည့် ဘဏ်စာရွက်များကို လက်တစ်ဆုပ် ထုတ်သည်။

ပတ်ဝန်းကျင်ရှိ အလောင်းကစားသမား ခွေးသားများဟာ မနာလိုဖြစ်မှုဖြင့် အစိမ်းရောင် ပြောင်းလာခဲ့သည်။ သို့ပေမယ့် ကြည့်နေရုံသာ တတ်နိုင်၏။

လျှင်မြန်စွာ ရေတွက်ပြီးနောက် ဟနကျောက်ဟာ ပိုက်ဆံကို အပုံသုံးပုံ ခွဲလိုက်သည်။ အပုံကြီးနှစ်ခုနှင့် အသေးတစ်ပုံတို့ ဖြစ်၏။ သူက အပုံကြီးတစ်ပုံအား လုယင်ရွှမ်းကို ပေးသည်။

“စီနီယာအစ်မ.. ခြံဝန်းက ဂျူနီယာနဲ့ စီနီယာအစ်မတွေကို ပြန်ပေးဖို့ ငွေ၁၀၀၀၀လျန်ကျော် နှုတ်ပြီးတဲ့နောက်မှာ စုစုပေါင်း ၂၁၈၀၀၀လျန် ကျန်တယ်။ အတူတူ ယူကြတာပေါ့။ ဒီ၁၀၉၀၀၀လျန်ကို ယူလိုက်”

“ဂျူနီယာမောင်လေး.. ငါက နောက်တာပါ”

လုယင်ရွှမ်းက ရှေ့ရှိ ထူထဲသည့် ဘဏ်စာရွက်အထပ်ကို ကြည့်ကာ မှင်သက်သွားသည်။

“ကျွန်တော်ကတော့ နောက်တယ်လို့ မသတ်မှတ်ဘူး။ ဒီပိုက်ဆံကို ယူကိုယူရမယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။ သူမ၏ ကစားကွက်ဖြင့် ပြန်လည်ရိုက်နှက်နိုင်ခြင်း မရှိဟု သူမယုံပါ။

“ဒါက.. ကောင်းပါပြီ.. ငါနင့်အတွက် အရင်သိမ်းထားပေးမယ်။ လိုချင်တဲ့အခါ ပြန်ပေးမယ်”

လုယင်ရွှမ်းဟာ ဟန်ကျောက်၏ လေးနက်သည့် အသွင်ကို တွေ့ရသည်။ ဘေးတွင် လူအုပ်စုလည်း ကြည့်နေရာ ယူလိုက်၏။

“ဂျူနီယာ မောင်ကောင်းလေး တစ်ယောက်ကြောင့် တစ်နေ့မှာ ချမ်းသာလာမယ်လို့ ထင်မထားခဲ့ဘူး”

လုယင်ရွှမ်းက ဟာသလုပ်ကာ ထူထဲသည့် ပိုက်ဆံများကို အဝတ်ကြားထဲသို့ ထိုးလိုက်သည်။ သူမ၏ မို့မောက်နေပြီး ဖြစ်သည့် ရင်ဘတ်ဟာ ပိုမိုသိသာလာခဲ့၏။

“ကျွန်တော့နောက်ကိုလိုက်ရင် နောင်မှာ ကောင်းမွန်တဲ့ ဘဝကို ရလိမ့်မယ်”

ဟန်ကျောက်က ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်သည်။

လုယင်ရွှမ်းဟာ ပတ်ဝန်းကျင်ရှိ အလောင်းကစားသမားများ၏ လူသတ်ငွေ့ဆန်သည့် အကြည့်များကို သတိထားမိလိုက်သည်။ မျက်ဆံလှည့်ကာ ပြော၏။

“ကောာင်းပါပြီ။ နင်ပဲ တော်ပါတယ်။ မြန်မြန်လေး သွားရအောင်”

နှစ်ယောက်သားဟာ အတူတူ ထွက်သွားကြ၏။

ယန်ပိုင်ချွမ်းသာလျှင် နောက်တွင် ကျန်ရစ်ခဲ့ပြီး သူ၏ပါးစပ်က ပွင့်ဟကာ အချိန်အတော်ကြာအောင် စကားမပြောနိုင်ပဲ ရှိနေပါသည်။

လက်စသတ်တော့ စီနီယာအစ်မလုကဲ့သို့ နတ်သမီးတစ်ယောက်လည်း ပိုက်ဆံကို နှစ်သက်ပါသည်။ အရင်တုန်းက မပြသခဲ့ခြင်းမှာ သူ၏ပိုက်ဆံဟာ မလုံလောက်သောကြောင့် ဖြစ်ပေလိမ့်မည်။

ကံဆိုးစွာပင် သူဟာ မိသားစုကြီးတစ်ခုမှ လာလျှင်တောင် ဒီလောက်များသည့် ပိုက်ဆံများ ရှိမနေပါ။ သူသာ အမှန်တကယ် မိန်းမတစ်ယောက်အတွက် ငွေ၁၀၀၀၀၀လျန်ကို သုံးလိုက်ပါက သူ၏ဖခင်ဟာ သူ့ကို နေရာမှာတင် ရိုက်သတ်လောက်ပါသည်။

ထို့အပြင် သူဖြစ်နေပါက ယခုကဲ့သို့ ကောင်းမွန်သည့် အကြောင်းပြချက်ကိုလည်း ရှာနိုင်မည် မဟုတ်ပေ။ အတူတူ အလောင်းကစားလုပ်ကာ ဝေစုကို ခွဲဝေခြင်းမှာ တစ်ခါတည်း ပေးခြင်းထက် ပိုမို လက်ခံနိုင်စရာ ကောင်း၏။

‘သူတို့က ဘာကိုဆိုလိုတာလဲ.. နင့်အတွက် သိမ်းထားပေးမယ်ဆိုတာက.. ဇနီးမယာားပဲ လုပ်လေ့ရှိတာ မဟုတ်ဘူးလား..’

‘ညီလေးဟန်.. ဒီနေ့မှာ ငါမင်းကို လေးစားသွားပြီကွာ’ ယန်ပိုင်ချွမ်းက လက်မထောင်ကာ နောက်မှ လျှင်မြန်စွာ လိုက်သည်။

“နေ့အချိန်မှာတော့ ဂျူနီယာမောင်လေးကောင်းဖြစ်ပြီး ညအချိန်မှာတော့ မောင်မောင်ကောင်း လုပ်နေမယ့်ရုပ်နဲ့”

“ဒမ်း.. ဒီကောင်လေးက ရုပ်ချောပြီး ကံကလည်း စောက်ရမ်းကောင်းနေတာ”

“ငါသာ ဒီမိန်းမဆိုရင်လည်း ဒီလို လိုက်တာမျိုးကို ဘယ်လိုငြင်းနိုင်မှာလဲ”

“အစကတော့ ငါက ဒီကောင်လေးကို အားကျတာကွ.. ဒါပမေယ့် အခုတော့ ဒီမိန်းကလေးကိုလည်း အားကျလာပြီ”

အလောင်းကစား ဒေသ၏ အဝရှိ အလောင်းကစားများက ပြောဆိုကြသည်။

“မဟုတ်ဘူး.. ငါ့မှာ အသက်တစ်သက် ကျန်သေးတယ်။ ဒါကိုသုံးပြီး ငါ့ကံကို ပြန်ဆယ်ရမယ်”

“သွားရအောင်.. နောက်ဆုံးပွဲကွာ..”

All Chapters